StarLight Astrology Research and Consulting

StarLight Astrology Research and Consulting နက္ခတ်ဗေဒင်ပညာတွေနဲ့ သင့်အနာဂတ်ကိုကြိုတင်သိနိုင်ဖို့ StarLight Astrology Group မှ ကူညီပါရစေ။

Starlight Astrology Group သည် မြန်မာနိုင်ငံ၏ အကြီးဆုံး Online နက္ခတ်ဗေဒင် အကြံပေး ၀န်ဆောင်မှုများ ပေးနေသော အဖွဲ့အစည်းဖြစ်သည်။
Starlight Astrology Group သည် နည်းပညာများတိုးတက်ပြောင်းလဲလာ သောခေတ်တွင် နက္ခတ်​ဗေဒင်အကြံပေး ဝန်ဆောင်မှု များကို Website နှင့် Mobile Application မှတစ်ဆင့် လွယ်ကူ လုံခြုံ စိတ်ချစွာ မေးမြန်းနိုင်ရန် စီစဉ်ထားပါသည်။
မိတ်ဆွေတို့ရဲ့ ဇာတာကို အတွေ့အကြုံရင့် ပညာရှင်များက စုပေါင်းသ

ုံးသပ် အဖြေထုတ်ပေးသော စနစ်ကို အသုံးပြုပေးသွားမှာ ဖြစ်ပါသည်။
နက္ခတ်ဗေဒင်မေးသူများ၏ ကိုယ်ရေးအချက်များအား မည်သူတစ်ဦးတစ်ယောက်ကိုမျှဝေမှာမဟုတ်ဘဲ အခြားသို့မပြန့်ပွားစေရန် အထူး လုံခြုံသောစနစ် ထားရှိ၍ ထိန်းသိမ်းပေးထားသောကြောင့် မိတ်ဆွေတို့၏ လျှို့၀ှက်သော ကိုယ်ရေးကိုယ်တာ ကိစ္စများကို ယုံကြည်စိတ်ချစွာ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

StarLight Astrology Group သည် မိတ်ဆွေတို့ ကြုံတွေ့ရနိုင်တဲ့ အိမ်ထောင်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အစရှိတဲ့ အရေးကိစ္စတွေအတွက် မမျှော်လင့်နိုင်တဲ့ စိန်ခေါ်မှုများကို နက္ခတ်ဗေဒင် ပညာရပ်ဖြင့် အကောင်းဆုံး အဖြေရှာပြီး အကြံပေး ဝန်ဆောင်မှုပေးသွားမှာ ဖြစ်ပါသည်။
ဘ၀အောင်မြင်မှု ရရှိရေး အတွက် မိတ်ဆွေတို့ရဲ့ ပညာရေးကဏ္ဍများ၊ အလုပ်အကိုင်ကဏ္ဍများ၊ အရောင်းအ၀ယ် ကဏ္ဍများနဲ့ ရင်းနှီးမြှုပ်နှံမှုများကို နက္ခတ်ဗေဒင်ပညာရပ်ဖြင့် အကောင်းဆုံး အဖြေရှာပြီး အကြံပေး ဝန်ဆောင်မှုများပေးသွားမှာဖြစ်ပါသည်။
အလှူမင်္ဂလာပွဲများ၊ အဆောက်အဦပန္နက်တင် မင်္ဂလာများ၊ အိမ်တက်မင်္ဂလာများ၊ စေ့စပ်၊ ထိမ်းမြားခြင်း မင်္ဂလာများနဲ့ ရင်သွေးရတနာကို ခွဲစိပ်မွေးဖွားရန် ရက်မြတ်နှင့် အချိန်ကောင်း ရွေးချယ်ခြင်း အစရှိတဲ့ ကိစ္စရပ်များကို စကြဝဠာ၏ သဘာဝ စည်းချက်များနှင့် ကိုက်ညီ မွန်မြတ်သော အချိန်ကောင်း အခါမှန်တွေကို ရွေးချယ် အကြံပေးဝန်ဆောင်မှုများ ပြုလုပ်ပေးသွားမှာဖြစ်ပါသည်။

🌿မင်္ဂလာရက်မြတ်အခါသမယမှာ ကမ္ဘာသူကမ္ဘာသားအားလုံး အလိုရှိအပ်သော အမှုကိစ္စတိုင်း ပြည့်ပါစေသား။🌿🌿ဘေးအန္တရာယ်အပေါင်းကင်းပါစေသ...
05/11/2025

🌿မင်္ဂလာရက်မြတ်အခါသမယမှာ ကမ္ဘာသူကမ္ဘာသားအားလုံး အလိုရှိအပ်သော အမှုကိစ္စတိုင်း ပြည့်ပါစေသား။
🌿🌿ဘေးအန္တရာယ်အပေါင်းကင်းပါစေသား။

04/22/2025

🌿🌿တောနေသူငယ်၊ လူမမယ်တို့၊
🌿🌿ဆိုဖွယ်စကား၊ စနည်းကားတောင်၊
🌿🌿 တဘောင်မြောက်‌နှင့်၊ တောက်ကြွားရွတ်ဆို
🌿🌿ရွှမ်းရွှမ်းစိုအံ့၊ ငြိုငြင်သည့်ခေတ် ဆုံးတိုင်စေ။

🌿🌿 #ဒီတခါရွာတဲ့မိုး၊ #ပြည်ရွာအနှံ့၊ #ချိမ့်ချိမ့်သဲလိမ့်မည်၊ #သူ့ထက်ငါအပြိုင် #ချိုးဖြစ်အောင်ချိုးလိုက်ကြပါ

ကိုလတ်(မွန်းတည့်မျဉ်း)
22 April 2025 8:06 a m

04/17/2025

"ငလျင်ဘေးနဲ့ကြုံတွေ့ရသော ပြည်သူအပေါင်း ဗေဒင်မေးလိုပါက အခမဲ့ ဟောပြောပေးပါမည်။"
"သဘာဝ ယတြာများဆောင်ရွက်ပေးခြင်း။ မူလဇာတာအား ချက်ချင်းတွက်ချက်ပေးခြင်း။နုတ်ဖြင့်ဟောကြားပေးခြင်းများဆောင်ရွက်ပေးပါမည်။"

တပတ်လျင် တနင်္လာ၊ အင်္ဂါ (၂) ရက်တည်းသာ။

📞📞09777577779,📞📞09789651459

🌞🌞 "နေကိုကမ္ဘာက လှည့်ပတ်ရာမှ မှတ်သားပုံဖော်လာကြသည့် မြန်မာ့နှစ်သစ်ကူးရာဇဝင်နှင့်မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ အကြောင်း"🌿🌿မြန်...
04/17/2025

🌞🌞 "နေကိုကမ္ဘာက လှည့်ပတ်ရာမှ မှတ်သားပုံဖော်လာကြသည့် မြန်မာ့နှစ်သစ်ကူးရာဇဝင်နှင့်မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ အကြောင်း"

🌿🌿မြန်မာတို့ရဲ့ နှစ်သစ်ကူးခြင်းသည် နက္ခတ္တ ဗေဒင်ပညာရပ်များနှင့်များစွာ ဆက်စပ်ဆက်နွယ်နေသည်။

🌿🌿ကမ္ဘာကြီးက နေကိုလှည့်ပတ်ခြင်းကို မိဿရာသီမှ စတင်၍ ပြိဿ၊ မေထုန်..စသည်ဖြင့် လှည့်ပတ်ခဲ့ရာမှ. မိန်ရာသီသို့ ရောက်သောအခါ သူရိယသိဒ္ဓန္တကျမ်းအရ ၃၆၅ ရက်၊ ၆ နာရီ၊ ၁၂ မိနစ်၊ ၃၇ စက္ကန့်ပြည့်ကာ တနင်္ဂနွေ ရဝိဖုဋ ဂြိုဟ်စင်မှ မိဿရာသီအစ သုညအင်္သာသို့ ဝင်သည်ဟု သတ်မှတ်ခြင်းကြောင့် နှစ်ဟောင်းကုန်ဆုံးကာ နှစ်သစ်သို့ ကူးပြောင်းရောက်ရှိသည်ဟုဆို၏။ သင်္ကြန်ကျသည်ဟု သတ်မှတ်သည်။

🫧🫧သို့သော် နှစ်သစ်သို့ အမှန်တကယ် ကူးသည့် အချိန်မှာ နောက်ထပ် ၂ ရက်၊ ၄ နာရီ၊ ၄ မိနစ်နှင့် ၄၀ စက္ကန့်ကြာမှဖြစ်သည်။ ထိုသို့ နေသွားလမ်းကို (၁၂) ရာသီခွင်နှင့် ညှိနှိုင်းတွက်ချက်ကာ လပြက္ခဒိန်သုံး မြန်မာတို့အတွက် တန်ခူးလအတွင်းတွင် သင်္ကြန်ကျ ရောက်လေ သည်။

🌿🌿သဘာဝကျသည်တစ်ခုမှာ တန်ခူးဟူသည့် ဝေါဟာရမှာ တာကူးမှ ဆင်းသက်လာခြင်းဖြစ်ပြီး တနင်္ဂနွေ ရဝိဖုဋ ဂြိုဟ်စင်မှ မိဿရာသီသို့ ကူးပြောင်းသည်ကိုရည်ရွယ်၍ ရှေးမြန်မာပညာရှိတို့က သတ်မှတ် အမည်ပေး ခဲ့ခြင်း ဖြစ်သည်။

🫧🫧နောက်ယူဆပုံတစ်မျိုးမှာ တန်(ဝါ)တန်းမှာ ထန်းဖြစ်၍ ခူးမှာ ခူးဆွတ်ခြင်းဖြစ်သည်။ ထို့ကြောင့် ထန်းသီးခူးသောလ ဟုလည်း အဓိပ္ပာယ်ရယူကြသည်။

👉👉ဗုဒ္ဓကျမ်းဂန်များအရ ထိုကာလတွင် ဘုရားရှင်၏ မယ်တော်ဘက်မှ အမျိုးများရှိသည့် ဒေဝဒဟပြည်မှ မင်းသားမင်းသမီးများ ရေကစားသည့် ကာလဖြစ်သည်ဟုလည်းဆိုသည်။ (ဒေဝမှာ နတ်ဟူသော အဓိပ္ပာယ်သာမက မင်းသားမင်းသမီးဟုလည်း အဓိပ္ပာယ်ရသည်။) ဘုရားရှင်လက်ထက်မတိုင်မီကပင် ထိုပူပြင်းသော မိန်ရာသီမှ မိဿရာသီသို့အပြောင်းတွင် ရေကစားလေ့ရှိသည်ဟုလည်း ဆိုသည်။

👉👉ယခုဇာတ်လမ်းများတွင်မူ သိကြားမင်းတော့ မပါပေ။ ဗုဒ္ဓဝင်နှင့် ဗေဒင်ကို ညှိနှိုင်းပြီး ရေကစားကြခြင်းသာဖြစ်သည်။မြန်မာပြက္ခဒိန်ကို ၁၉ရာစုအထိ တရားဝင်ပြက္ခဒိန်အဖြစ်အသုံးပြုခဲ့သည့် ထိုင်း၊လာအို၊ ကမ္ဘောဒီးယား၊ ဆစ်ဆောင်ပန္နား တို့တွင်လည်း သင်္ကြန်ပွဲတော်ကို ကျင်းပကြသည်။ အမည်အားဖြင့် ထိုင်းတွင် ဆောင်ခရန် (Songkran )၊ လာအိုတွင် ပီမိုင်( Pimai )၊ ကမ္ဘောဒီးယားတွင် (Chaul Chnam Thmey ) စသည်ဖြင့် အသီးသီးခေါ်ဝေါ်ကြသည်။

🌿🌿 နှစ်ဟောင်းမှ နှစ်သစ်သို့တစ်နှစ်ဟူသော ကာလအပိုင်းအခြား၊ မြန်မာလူမျိုးတို့၏သင်္ကြန်နှင့်၊ သင်္ကြန်အကျ၊ အတက် တွက်ချက်နည်း၊ သင်္ကြန်ကျပြီးဖြစ်သော်လည်း နှစ်သစ်သို့ ချက်ချင်းမကူးသေးသည်မှာ အဘယ်ကြောင့်နည်းဟု မေးခွန်းထုတ်စရာ ရှိနေပေသည်။

🌿🌿အတာပြည့်နှစ်ဟူသည် အဘယ်နည်း???သင်္ကြန်-သင်္ကြန်သည် သင်္ကန္တဟူသော ပါဠိပုဒ်မှလာသည့် သက္ကတရရစ်သံနှင့် သင်္ကြန်ဟူသော မြန်မာစကား ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သင်္ကန္တ၏အနက်မှာ ကူးပြောင်းခြင်း၊ တစ်နေရာမှ တစ်နေရာသို့ ရောက်ရှိခြင်းဟူ၍ ဖြစ်သည်။

🌿🌿 မြန်မာလူမျိုးတို့၏ ကျင်းပမြဲဖြစ်သော (၁၂) ရာသီပွဲတော်များတွင် သင်္ကြန်ရေသဘင်ပွဲတော်သည် အလွန်ကြီးကျယ်စည်ကားသော အမျိုးသားပွဲတော်တစ်ခုဖြစ်သည်။ ဤသင်္ကြန်ရေသဘင်ပွဲတော်သည် မည်သည့်လူမျိုးတို့၏ ယဉ်ကျေးမှုများမှ ဆင်းသက်လာသနည်း၊ အဘယ်ကြောင့် သင်္ကြန်ကျချိန်တက်ချိန်ဟု ဖြစ်လာသနည်း စသောအချက်အလက်များကိုဖြေဆိုရန် သူရိယ သိဒ္ဓန္တကျမ်း၊ သံဒိဋ္ဌကျမ်းစသော ဗေဒင်တွက်ရိုးကျမ်းများကို လေ့လာရန်လိုပေသည်။

🌿🌿မြန်မာဘုရင်များလက်အောက် ဝင်ရောက်အမှုထမ်း၍ သင်္ကြန်တွက်ရိုးကျမ်း၊ ဝေဒင်္ဂကျမ်း၊ အသီတိဓာတ်ကျမ်း စသည်တို့ဖြင့် မဟာသင်္ကြန်စာများထုတ်ကာ စီးပွားရှာခဲ့ကြ၏။

🌿🌿 သင်္ကြန်၊ သက္ကရာဇ် စသောအကြောင်းများနှင့် စပ်လျဉ်း၍လည်း သိကြားမင်းနှင့် ဗြဟ္မာမင်းတို့ အချင်းဖြစ်ပွား၍ ကဝါလမိုင်း ဆရာထံ အဆုံးအဖြတ်ဝင်သည့်အခါ ဗြဟ္မာမင်းရှုံးသဖြင့် သိကြားမင်းက ဗြဟ္မာမင်းဦးခေါင်းကိုဖြတ်၍ နတ်သမီး ခုနစ်ဖော် အား အလှည့်ကျကိုင်ဆောင်စေသည့် အကြောင်းများ ပါရှိသော သင်္ကြန်သမိုင်းများကို ကြံဖန် ပြုလုပ်ခဲ့သည့် အပြင်၊ သက္ကရာဇ်ကိုတည်၍ (၇) ခုနှင့်စား၊ (၈) ခုစား၊ (၁၂) ခုစား သင်္ကြန်ဟောကိန်းများလည်း တီထွင်ခဲ့ကြသည်။

"ဘုရားပိဋကတ်တော်၌ သင်္ကြန်ကျခြင်း၊ တက်ခြင်း အကြောင်းများမပါချေ။"

🌿🌿 သီတင်းကျွတ်၊ တန်ဆောင် မုန်းလများ၌ ကျင်းပလေ့ရှိသော နက္ခတ်ပွဲသဘင်များအကြောင်းသာ ဖော်ပြထားလေသည်။ သို့သော် ကမ္ဘာပေါ်ရှိ လူမျိုးတို့သည် မိမိတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများအရ နှစ်ဆန်းရက်များ သတ်မှတ်ရပေမည်။

သိုးဆောင်း လူမျိုးများ နှင့် ၎င်းတို့၏ အယူဝါဒကိုကျင့်သုံးသော လူမျိုးအပေါင်းတို့သည် ဇန်နဝါရီလ (၁) ရက် နှစ်ဆန်းရက် ဖြစ်၍ ဒီဇင်ဘာလ ၃၁ ရက် ညဉ့်သန်းခေါင်မတိုင်မီ အခါက နှစ်သစ်ကူးရက်ကြို ပျော်ရွှင်ပွဲများ ကျင်းပကြ၏။

အချို့ကလည်း ဘုရားကျောင်းများတွင် နှစ်ကူးအချိန်အခါ၌ ဆုတောင်းမေတ္တာများ ပို့သကြ၏။ ဤသည်ကိုလည်း သိုးဆောင်းနှစ်ကူးသင်္ကြန်ဟု ခေါ်ဆိုနိုင်သည်။ တရုတ်လူမျိုးများလည်း နှစ်သစ်ကူးပွဲတော်ကို ဖေဖော်ဝါရီလအတွင်း အကြီးအကျယ် ကျင်းပသကဲ့သို့ ဟိန္ဒူ-ဗင်္ဂါလီ လူမျိုးတို့လည်း မတ်လအတွင်း မိမိတို့လူမျိုး အချင်းချင်း ဆေးနီရေ များဖြင့် မေတ္တာရေစင်များ လောင်းစားကြ၍ နှစ်ကူးသင်္ကြန်ပွဲတော်များ ပျော်ရွှင်စွာ ကျင်းပကြ၏။

နှစ်ဆန်းတစ်ရက်နေ့မြန်မာလူမျိုးတို့၏ နှစ်ကူးသင်္ကြန်ပွဲသည်လည်း ဟိန္ဒူအယူဝါဒမှ ဆင်းသက်သောဓလေ့အတိုင်း ရှေးယခင် ကာလများ၌ မိဘဆရာသမားများနှင့် သက်ကြီး ဝါကြီးများကို သနပ်ခါးနံသာရေများ၊ သပြေခက် ကလေးများဖြင့် ကန်တော့ကြသည့် အလေ့အထရှိခဲ့ကြသည်။

သို့ရာတွင် ယခုခေတ်၌ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ အလွန်အကြူး အပြန်အလှန် ရေကစားမှုများ၊ အားကစားစိတ်ဓာတ် သဘောမျိုးဖြင့် အပြိုင်အဆိုင် စကားနိုင်သံချပ်များနှင့် ပျော်ရွှင်ပွဲသဖွယ်ဆင်နွှဲမှုများ ဖြစ်လာခဲ့သည်။

ပုဂံခေတ်၊ နရသီဟပတေ့မင်းလက်ထက် မိဖုရားစောလုံနှင့် ရေပက်ကစားရာတွင် ဘုရင်က အကျီစား လွန်သဖြင့် စောလုံစိတ်ဆိုးကာ ဘုရင်ကို သေကြောင်းကြံသောကြောင့် စောလုံကွပ်မျက်ခံရသည်ဟူသော ဖြစ်ရပ်အရ သင်္ကြန်ရေ ကစားသည့်အလေ့သည် ပုဂံခေတ်ကပင်ရှိခဲ့ပြီဟု မှတ်ယူဖွယ်ရှိသည်။

အတာသင်္ကြန်တစ်ကြိမ်မှ နောက်တစ်ကြိမ်ကာလသည် တစ်နှစ်တာအပိုင်းအခြားကာလဖြစ်သည်။ စကြဝဠာအတွင်းရှိ ဂြိုဟ်နက္ခတ်တာရာများတွင် သူရိယနေမင်းကိုဗဟိုပြု၍ လှည့်လည်သွားသည့်အခါ တစ်ပတ်မြောက်ကာလသည် တစ်နှစ်အပိုင်းအခြားကာလဖြစ်သည်။

ထိုကာလအပိုင်းအခြားသည် ၃၆၅ ရက် ၆ နာရီ ၁၂ မိနစ် ၃၇ စက္ကန့်ဖြစ်၏။ ဤသင်္ချာကိန်းသည် သူရိယ သိဒ္ဓန္တကျမ်းတွင် ဖော်ပြချက် စတု ယုဂ်နှစ်ပေါင်း ၄၃၂ဝဝဝဝ တွင် သာဝရရက်ပေါင်း (၁၅၇၇၉၁၇၈၂၈ ) မှတွက်ရသော အချိန်ကာလ ဖြစ်၏။ အနောက်နိုင်ငံ ခေတ်သစ်နက္ခတ်ပညာကျမ်းများအရ ရာသီနှစ်တစ်နှစ်လျှင် ၃၆၅ ရက် ၅ နာရီ ၄၉ မိနစ် ၄၆ စက္ကန့်ဖြစ်၏။

ထိုကဲ့သို့လှည့်လည်ရာ နေသွားလမ်းစက်ဝိုင်းတွင် ရာသီ ၁၂ ပိုင်း ပိုင်းခြား၍ ပထမမိဿရာသီအစ သုညအံသာသည် အဿဝဏီနက္ခတ်နှင့် တနင်္ဂနွေရဝိဖုဋ ဂြိုဟ်ယှဉ်သည့် အချိန်တွင် အတာသင်္ကြန်ကျ၏။ အိန္ဒိယလူမျိုးတို့သည် ဤအချိန်အခါမှစ၍ နှစ်သစ်ဆန်းချိန်ယူလေသည်။ဗေဒင်တွက်ရိုးကျမ်းများတွင် ရဝိမဓျဂြိုဟ်သွန်းနှင့် ရဝိဖုဋဂြိုဟ်စင်ဟူ၍ တနင်္ဂနွေနေမင်း၏ သွားရာလမ်းကို ဌာနအားလျော်စွာ ခွဲခြား၍ခေါ်ဝေါ်ကြ၏။

သူရိယ သိဒ္ဓန္တကျမ်းများကို ကျွမ်းကျင်သူတို့သာလျှင် ခွဲခြားသိနိုင်၏။ သာမန်လူများကား ထိုကျမ်းကိုမလိုက်စားဘဲ သိနိုင်ရန် ခဲယဉ်းပေ၏။ အကျယ်ကိုတော့ ရေးမပြတော့‌ပေ။

လက်ရှိကာလ သင်္ကြန်ပွဲဆင်နွဲကြပုံ
သင်္ကြန်နှင့်ပတ်သက်သော သမိုင်းအချက်အလက်များ မည်သို့ပင်ကွဲပြားစေကာမူ လက်ရှိအချိန်တွင် ပိတောက်ပန်းများပွင့်သည့် တန်ခူးလတွင်ကျင်းပသည့် အတာသင်္ကြန်ရေသဘင်ပွဲတော်ကို မြန်မာနိုင်ငံတွင် အစည်ကားဆုံးနှင့် အကြီးကျယ်ဆုံး အခမ်းနားဆုံး မြန်မာနှစ်သစ်ကူးပွဲတော်တစ်ခုအဖြစ် နှစ်စဉ်ကျင်းပလျက်ရှိသည်။

မဏ္ဍပ်များတွင် သင်္ကြန်ယိမ်းများဖြင့် လှပျိုဖြူများ စည်းဝါးညီကာ လှပစွာ ကပြဖျော်ဖြေကြသည်။ မုန့်လုံးရေပေါ်များကျွေးခြင်း အလေ့အထမှာ ကျေးလက်မြို့ပြမကျန် ကျင့်သုံးလျက်ရှိသည်။ မုန့်လုံးရေပေါ်ထဲတွင် အစာသွတ်ထည့်ထားသော ထန်းလျှက်ခဲအစား ငရုတ်သီးတောင့်များ ထည့်သွင်းကာ စားချင့်စဖွယ် မုန့်လုံးရေပေါ်များထဲတွင် ရောနှောကျွေးတတ်သည်မှာလည်း ချစ်စရာအလေ့အထတစ်ခုဖြစ်သည်။

ရှေးယခင်ကာလများတွင် သပြေခက်နှင့်ငွေဖလားကို အသုံးပြုကာ ရေကစားကြသည်ဟု အဆိုရှိခဲ့သော်လည်း ယနေ့အခါတွင်မူ ရေသေနတ်များနှင့် ရေပိုက်များအသုံးပြုကာ အတာရေဘသင်ပွဲတော်ကို ခေတ်နှင့်အညီ မဏ္ဍပ်များတည်ဆောက်၍ ကြီးကျယ်ခမ်းနားစွာ ကျင်းပဆင်နွဲလျက်ရှိကြသည်။

သင်္ကြန်ရေဘသင်ပွဲတော်သည် တောရောမြို့ပါမကျန် အုန်းအုန်းကျွတ်ကျွတ် ပျော်ရွှင်ကြသည့်ပွဲတစ်ခုလည်းဖြစ်သည်။ အချို့မြို့များတွင် အိုးမည်းသုတ်ခြင်းမှာလည်း ပျော်ရွှင်ဖွယ် ချစ်စရာကောင်းသည့် အလေ့အထတစ်ခုဖြစ်သလို တောရွာများနှင့် အချို့မြို့များတွင် မိန်းကလေးအား ရေလောင်းခွင့်တောင်းကာ ရေလောင်းရေပက်သည့် မြန်မာ့ဟန်ကိုလည်း တွေ့ရသည်။သင်္ကြန်ကာလတွင်း ဥပုသ်သီလဆောက်တည်ကာ တရားဘာဝနာပွားများသူများရှိသကဲ့သို့ ရေကစားသူများကလည်း ရေကစားသူများအလျောက် ရေပက်ခံသူ၊ ရေလောင်းရေပက်သူများနှင့် စည်ကားလှသည်။

ကိုယ်လေးလက်ဝန်နှင့် မပေါ့မပါးအမျိုးသမီးများ၊ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့် ဘာသာရေးပုဂ္ဂိုလ်များ(ဘုန်းကြီး၊ ရဟန်း၊ သီလရှင်၊ ဥပုသ်သည်)ကို ရေပက်ခြင်းမှ ရှောင်ကြဉ်ကြသည်မှာ ချစ်စရာကောင်းသည့် လက်ရှိအချိန် အတာသင်္ကြန်ကာလ ကျင်းပပုံဖြစ်သည်။

အချို့သော မြို့ကြီးများ၌ မဏ္ဍပ်များတည်ဆောက်၍ ရေကစားကြရာတွင် ယခင်က သင်္ကြန်ယိမ်းအကအလှများအစား ခေတ်ပေါ်တေးဂီတများဖြင့် မလုံမခြုံအဝတ်အစားများဝတ်ဆင်ကာ ဖော်ချွတ်ကပြဖျော်ဖြေသည်တို့ကိုလည်း တွင်တွင်ကျယ်ကျယ် တွေ့မြင်လာရသည်။

ခေတ်ဟောင်းငွေဖလားနှင့် သပြေခက်ယဉ်ကျေးမှုများ၊ ခေတ်သစ် ဂီတအကအလှယဉ်ကျေးမှုများဖြင့် ရောထွေးလျက်ရှိသော်လည်း သင်္ကြန်သည် မြန်မာပြည်သူပြည်သားတိုင်း ပျော်ရွှင်ရသည့် အကြီးကျယ်အခမ်းနားဆုံး မြန်မာ့နှစ်သစ်ကူးပွဲတော်တစ်ခုပင်ဖြစ်သည်။

(၂၀၂၄) ခုနှစ် ဒီဇင်ဘာ (၅) ရက်တွင် ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို့၌ ကျင်းပသည့် (၁၉)ကြိမ်မြောက် ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်ညီလာခံက “မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်”ကို ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင်ထည့်သွင်းကြောင်းတရားဝင် ဆုံးဖြတ်အတည်ပြုကြေညာခဲ့သည်။

ကိုးကား-Internet
StarLight Astrology Research and Consulting

🌿🌿အတာရေကြောင့်နွေး။🌿🌿အတာရေကြောင့်အေး။🌿🌿မြန်မာပြည်သူပြည်သား အပေါင်းနှင့်🌿🌿ကမ္ဘာပြည်သူပြည်သားအပေါင်း ဘေးဘယာဝေးကွာ အလိုဆန္ဒ...
04/16/2025

🌿🌿အတာရေကြောင့်နွေး။
🌿🌿အတာရေကြောင့်အေး။
🌿🌿မြန်မာပြည်သူပြည်သား အပေါင်းနှင့်
🌿🌿ကမ္ဘာပြည်သူပြည်သားအပေါင်း ဘေးဘယာဝေးကွာ အလိုဆန္ဒပြည့်ကြပါစေ။
🌿🌿မြန်မာနှစ်သစ်မှာအလိုဆန္ဒအပေါင်းပြည့်စုံလျက်
ငြိမ်းအေးသာယာစည်ပင်သော အရသာအား ပြည်သူပြည်သားအပေါင်းရရှိခံစားကြပါစေ။

     #ငွေလိမ်ယူနေတဲ့ဝက်ဆိုက်တခုလား  #ဟုတ်ခဲ့ပါရင်ကျွန်တော့်ထံမှဘယ်အချိန်လိမ်ညာယူနိုင်ပါသလဲတဲ့။ #အကျိုးလိုလို့ညောင်ရေလောင...
03/29/2025

#ငွေလိမ်ယူနေတဲ့ဝက်ဆိုက်တခုလား

#ဟုတ်ခဲ့ပါရင်ကျွန်တော့်ထံမှဘယ်အချိန်လိမ်ညာယူနိုင်ပါသလဲတဲ့။

#အကျိုးလိုလို့ညောင်ရေလောင်းသတဲ့

✍️✍️✍️"လူတိုင်းရှင်းရှင်းလင်းလင်းသိနိုင်ရန်မှာ မည်သူမှ မိမိအကျိုးစီးပွားမဖြစ်ဘဲ အကြောင်းမဲ့ကူညီမည်မဟုတ်ပါချေ"ဆိုတဲ့စကားတခွန်းကိုမှတ်ထားသင့်ပေ၏။

✍️✍️✍️လွန်ခဲ့သော (၈)နှစ်ခန့်က ကျွန်ုပ်ရဲ့ယခင် ောင့်ဟောင်း messagerမှ နိုင်ငံခြားအကောင့်တခုမှ မိမိသည် အမေရိကန်စစ်မှုထမ်းဟောင်းတဦးဖြစ်ပါတယ်တဲ့ ယခုအခါ မိမိသည် ကျန်းမာရေးမကောင်းသဖြင့် ဆေးရုံးတက်နေရပါတယ်။ မိမိမှာ အသက်အာမခံကြေးငွေ အမေရိကန်ဒေါ်လာ ၁သိန်းစုဆောင်းပိုင်ဆိုင်ထားပါတယ်။

✍️✍️✍️ထိုငွေကို သင်မှတဆင့် အခြား လူမှုရေးအသင်းအဖွဲ့ထံ ထိုငွေပမာဏရဲ့ ရာခိုင်နှုန်း ဘယ်မျှကို လှူဒါန်းပေးရမှာဖြစ်ပြီး ကျန်ငွေကို သင်အကျိုးခံစားရမှာပါတဲ့ ။

✍️✍️✍️ဤအချက်တွေလုပ်ဆောင်ဖို့သင်က အမေရိကန် ဒေါ်လာ💴💴$ ၂၀၀ကို နိုင်ငံခြားနဲ့ချိတ်ဆက်အသုံးပြုရမယ့်ဘဏ်တခုကနေ သူရဲ့ Agent ထံလွှဲပေးရပါမည်တဲ့။...

✍️✍️✍️ကဲသူတို့ဘယ်လောက်ရိုးရှင်းလိုက်ပါသလဲ။
သူငွေဘယ်ဆီမှန်းမသိ ကိုယ့်ငွေကအရင်ပေးရမှာနော်

♂️♂️ဆိုတော့ အခုအမေးပုစ္ဆာကိုလည်း ရိုးရိုးရှင်းရှင်းတွေရင်ကိုပဲ လိမ်လည်နေတယ်ဆိုတာ သိသာထင်ရှားနေပါပေ့။

👉👉👉ဗေဒင်ပညာအရလည်း♂️♂️♂️♂️
ဟူးရားလဂ်သည် အင်္ဂါဂြိုဟ်ရဲ့ နက္ခတ်၊ဘုတ္တိ၊ဝိဘုတ္တိ၊ဝိဝိဘုတ္တိမှာ တည်နေတယ်ဆိုတာကို ထင်ထင်ရှားရှားတွေ့မြင်ရပါလိမ့်မယ်။

👉👉👉စိုးမိုးဂြိုဟ်တွင်လည်း လဂ်စီးနက္ခတ်သခင်သည်
အင်္ဂါနက္ခတ်ပင်ဖြစ်၏။

👉👉👉နောက်အင်္ဂါသည် (၇၊၁၂) တန့်သခင်ဖြစ်ပြီး (၁၂)တန့်ရပ် ကြာသပတေးနက္ခတ်မှာ တည်လေ၏။ကြာသပတေးဂြိုဟ်သည်ကား (၈၊ ၁၁) တန့်သခင် ဖြစ်ရုံမက အင်္ဂါဂြိုဟ်ရဲ့ ဝိဘုတ္တိမှာ တည်နေသည့် တလုံးတည်းသော ဂြိုဟ်ပင်ဖြစ်ပေ၏။ ဤသည်ကား ကာယကံရှင် စိတ်အလိုကျ မက်လုံးပေးခြင်းအတတ်နဲ့ ပြည့်စုံလှပါပေ့။

✍️✍️✍️(၇) တန့် တဘက်Websiteကိုဖော်ပြခြင်း။ (၁၂) တန့် မာယာလှည့်ကွက် (၇)မှရေတွက်လျင် (၆) တန့် ဖျားယောင်းသွေးဆောင်ခြင်း။

✍️✍️✍️နောက် အင်္ဂါဂြိုဟ်သည်(၂) တန့်ရပ်၍ (၁၂) တန့်ရပ်ကြာသပ‌တေးနက္ခတ်ကို စီးထားလေရာ ကာယကံရှင်သည် တဘက် ဲ့အလိုကျ ငွေမြောက်မြားစွာ ရင်းနှီးမြှပ်နှံထားလေသည်ကို ဖော်ပြနေ၏။ထို့အပြင် အင်္ဂါဂြိုဟ်သည် (၁၀) တန့်ရပ် ကြာသ ပတေးနက္ခတ် ပင်စီးထားသည့် စနေဂြိုဟ်ရဲ့ ဘုတ္တိတွင်တည်နေသည်မဟုတ်လား။ ထိုစနေဂြိုဟ်သည် (၇၊ ၁၂) ကို အရှေ့တိုင်း အမြင်ဖြင့်မြင်ထားပေသည်။

#ကလိမ်ကကျစ်ကျနိုင်မှုတို့ရဲ့ကာရကသည်ကား
#စနေထိန်ချန်၊
#အင်္ဂါလိမ်လည်လှည့်စားမာယာများခြင်းပင်မဟုတ်လား။

ဆိုတော့ကား..🍀🍀🍀

♂️♂️♂️ခင်ဗျာကို ရင်းနှီးမြှပ်နှံဖိုးထပ်မံ အဆိုပြုလာပါလျှင် ဤအလုပ်ကို #ချက်ချင်းရပ်တန်းကရပ်လိုက်ပါ။ အလိမ်ခံနေရပြီဆိုတာအသိသာကြီးပါမိတ်ဆွေဟု အကြံပြုလိုက်လေ၏။

♂️♂️♂️ဒီနေ့ အဆိုပါဗေဒင်မေးသူထံ ၎င်းကျားဖြန့်ကဲ့သို့သော
ှ ငွေရင်းနှီးမြှပ်နှံမှုထပ်မံလုပ်ရန်နှင့်ထိုသိုမဆောင်ရွက်ပါရင် အကောင့်ကို ပိတ်ရပါမည်ဟုအကြောင်းကြားလာပါတယ်တဲ့ဗျာ...

♂️♂️♂️ထိုလိမ်လည်သူဝက်ဆိုက်ထံ ကာယကံရှင်မြှပ်နှံထားသည့်ငွေပမာဏမှာ မ‌နည်းလှပါချေ(မြန်မာငွေဖြင့်)။

" #သတိနဲ့အသိသည့်သာအားကိုးအားထားပြုသင့်ရာဖြစ်ပေ၏။"

ကိုလတ်(မွန်းတည့်မျဉ်း)
29/03/2025-Sat 22:05:05

 #အကြွေးကင်းရှင်း  #ဘဝအလင်း 😭😭အကြွေးထူနေလို့ စိတ်ညစ်ရပါတယ်။ 😭😭ဘဝကလည်းခါး၏။👣👣 ရုန်းကန်ရှာဖွေနေရတာက တကြောင်း၊ အကြွေးတင်နေသ...
02/11/2025

#အကြွေးကင်းရှင်း #ဘဝအလင်း

😭😭အကြွေးထူနေလို့ စိတ်ညစ်ရပါတယ်။
😭😭ဘဝကလည်းခါး၏။
👣👣 ရုန်းကန်ရှာဖွေနေရတာက တကြောင်း၊ အကြွေးတင်နေသမျှ အကြေမဆပ်နိုင်ခင် မိမိ ဝင်ငွေများထဲက အတိုး‌နှုန်းတခုကို အမြဲပုံမှန်ပေးဆပ်နေရတာမို့ ရှာဖွေရသမျှ ဝင်ငွေများမှ အကြွေးရှင်အတွက်ရှာနေရသလိုပါပဲ။
🙏🙏🙏ဒီဘဝမျိုးက လွတ်ချင်လှပါပြီလို့ ပြောဆိုနေကြတာကို တွေ့ကြုံရဖူး၏။

✍️✍️ကံအလှည့်အပြောင်းနဲ့ ကြွေးကင်းရှင်းပြီး ဘဝမှာ အေးချမ်းသာယာနိုင်ဖို့အတွက် နက္ခတ္တဗေဒင်ပညာမှာ ဘယ်သို့သော ပညာခန်းတွေ ဖွင့်ဆိုထားပါသလဲပေါ့။

👉👉လူတဦးသည် သူတပါးထံမှ ချေးငှားငွေ ပြန် လည် ပေးဆပ်ခြင်းကို (၁၂) တန့် ဘာဝက ညွှန် ပြသည်။

🍀🍀ချေးငှားငွေ ပြန်လည်ပေးဆပ်ခြင်းအတွက် (၁၂) တန့်ဘာဝအား စိစစ်ဆုံးဖြတ်ရာ၏။ ကြွေးမြီကင်းရှင်းခြင်းကို (၁၂)တန့်ဘာဝကို သာမက (၈)တန့်ဘာဝကိုလည်း ထောက်ရှုဆုံးဖြတ်ရမည်။

🍀🍀ဆုံးဖြတ်မှုပြုရာတွင် (၁၂) တန့်ဘာဝကို ပိုင်သည့်ဂြိုဟ်၊ ရပ်တည်နေသည့် ဂြိုဟ်တို့ထက် (၁၂) တန့် ဘာဝတွင်ရပ်တည်နေသည့်ဂြိုဟ်ပိုင်နက္ခတ်ကိုစီးထားသည့်ဂြိုဟ်ကို ဦးစားပေးစိစစ်ရာ၏။

🍀🍀(၁၂ ) တန့်ဘာဝတွင်ရပ်တည်နေသည့်ဂြိုဟ်မရှိပါက (၁၂) တန့် ဘာဝသခင်ဂြိုဟ်ပိုင်နက္ခတ်ကို စီးထားသည့်ဂြိုဟ်အား စိစစ်ရပေမည်။

🍀🍀(၁၂) တန့်ဘာဝသည် အထက်တန်းကျသော စိတ်ဓာတ်ကို ကာရကပြု၏။ စွန့်လွှတ်သောစိတ် ဓာတ်ကို ကိုယ်စားပြု၏။ ဆိုလိုသည်မှာ အကြွေးဆပ်ရာတွင် #အကြွေးဆပ်ချင်သည့်စိတ်သည်သာ အခရာပင်ဖြစ်သည်။

🍀🍀ထိုထိုအချက်များထက် အဓိကကျသောအချက်မှာ မိမိတင်ရှိနေသော အကြွေးများ ပြန်လည်ဆပ်နိုင်ရန်အတွက် ဝင်ငွေတရပ် ရှိရပေမည်။

✅✅အကြွေးပြန်လည်ဆပ်နိုင်ရန်အတွက် မိမိထံဝင်လာမည့် ဝင်ငွေများ ဝင်လာစေနိုင်သည့်အကြောင်း တရားကိုလည်း နက္ခတ္တပညာရှင်ဗေဒင်ဆရာသည် စိစစ်ဝေဖန်တတ်ရာ၏။

✅✅Professional Software တွေမှာတော့ ကြွေးမြီကင်းရှင်းဖို့ဆိုရင်တဲ့ ဇာတာတစောင်မှာ (၈) တန့်ဘာဝသန္ဓိဘုတ္တိနက္ခတ်သခင်သည် (၄၊ ၅၊ ၈၊ ၁၂) တန့်ဘာဝတွေရဲ့ အကျိုးဆောင်ခဲ့ရင် အကြွေးသံသရာမှလွတ်မြောက် ပါလိမ့်မယ်လို့ ဖော်ပြထားပါတယ်။

ဒီနေရာမှာ အထက်ပါ Event နဲ့ပတ်သက်ပြီး စောဒက တက်စရာ နည်းနည်းတော့ရှိပါတယ်။
🌿🌿(၈) တန့်= အကြွေးရှင်ရဲ့ ဝင်ငွေတရပ်ကို ဖော်ပြခြင်း။
🌿🌿(၅) တန့်= အကြွေးရှင်အတွက် အကြွေးငွေများပြန်လည်ရ၍ စိတ်ချမ်းသာခြင်း။
🌿🌿(၁၂) တန့်= မိမိရဲ့ ငွေများအကြွေးဆပ်ရန်သုံးစွဲခြင်း။
🌿🌿ဆိုတော့ (၄) တန့်ကဘာလို့ပါဝင်ပတ်သက်နေရသလဲပေါ့...စဉ်းစားကြည့်ရလျင် အကြွေးပေးဆပ်သူသည် မိမိဘဝမှာ ဆောင်ရွက်ရန်ကျန်နေတဲ့ အကြွေးဆပ်ခြင်းဆိုတဲ့ တာဝန်တရပ်ကို ကျေပွန်စွာ ဆောင်ရွက်မှုကို ပြသပုံရပါတယ်။

🌿🌿အဘယ်ကြောင့်ဆိုလျင် (၄) တန့်ဘာဝသည်ကား ဇာတာတစောင်တွင်ဖြစ်စေ၊ ကာလပြဿနာဗေဒင် ဟူးရားဇာတာတွင် ဖြစ်စေ ဇာတာရှင် တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းအဆုံးသတ်ခြင်း၊ နိဂုံးချုပ်ခြင်း၊ အပြီးသတ်ဆောင်ရွက်ခြင်းကို ဖော်ပြ၏။

ကိုလတ်(မွန်းတည့်မျဉ်း)
11 February 2025 ( for anniversary of Starlight)
StarLight Astrology Research and Consulting

 #အသက်ရှင်နေပါသလား   #သေဆုံးခဲ့ပြီလား✍️✍️✍️တနေ့သောအခါက ဗေဒင်မေးသူ အမျိုးသမီးတဦးမှ "ဆရာလတ် အပန်းမကြီးရင်" တွက်ပေးစေချင်ပါ...
02/09/2025

#အသက်ရှင်နေပါသလား #သေဆုံးခဲ့ပြီလား

✍️✍️✍️တနေ့သောအခါက ဗေဒင်မေးသူ အမျိုးသမီးတဦးမှ "ဆရာလတ် အပန်းမကြီးရင်" တွက်ပေးစေချင်ပါတယ်ဟုဆိုလာ၍ ဟူးရားဇာတာဖွဲ့ပြီး သကာလ ချက်ချင်းပင် တွက်ပေးခဲ့ပါသည်။

🍀🍀🍀ဆန္ဒဂဏန်း-(၇)
💔💔💔ကျွန်မရဲ့သား အသက်ရှင်လျက် ရှိနေဆဲလား (သို့) သေဆုံးခဲ့ပြီလား ဟုအမေးပုစ္ဆာပေးခဲ့၍ မေးလာပါတယ်။



💎💎💎မေးမြန်းသူ ဆန္ဒမှန်မမှန် စန်းကိုစိစစ်ရပါမည်။ စန်းကိုစိစစ်တယ်ဆိုတာ ဟူးရားဇာတာရဲ့ ဒသာအား စိစစ်ခြင်းပင် မဟုတ်လားလား???

✅✅✅မိခင်မှ သားအကြောင်း မေးမြန်းခြင်းဖြစ်ရာ
👉👉ဟူးရားလဂ်အား (၅)တန့်ဘာဝသို့ လှည့်လိုက် ပါ၏။

👉👉တွက်ချက်ချိန်တွင် စန်းခေါ် တနင်္ဂလာဂြိုဟ်သည်ကား ကန်ရာသီ တနင်္ဂနွေနက္ခတ်၊ ဗုဒ္ဓဟူးဘုတ္တိတွင်တည်နေ၏။

👉👉တနင်္ဂနွေက ၆ တန့်ဘာဝရပ်တည်လျက် (၁၀) တန့် ရှိ ကြာသပတေးမှ အမြင်ကြုံထားသည်။ ဤသည်မှာ အစိုးရဝန်ထမ်း တာဝန်ထမ်းဆောင်နေခြင်းကို ပြ၏။

👉👉နောက်ရန်သူနှင့် ထိပ်တိုက်တွေ့ကြုံရသည်ကိုပြသည်။ ဒီနေရာမှာ စဉ်းစားစရာက ကြာသပတေးသည် (၅၊ ၆၊ ၈) တန့် သခင်ဖြစ်ပေရာ ၅တန့်သည် ကျန်းမာခြင်းသို့ ပုံဖော်မပြဘဲ & ဟု အဓိပ္ပာယ်ဖွင့်ဆိုရမည် ဖြစ်၏။

👉👉မေးမြန်းလာသောမေးခွန်းသည် အသက်ရှင်သန်မှု၊ အသက်ဆုံးရှုံးမှုကို မေးမြန်းထားသဖြင့် ဘာဓက၊ မာရက ဂြိုဟ်တို့ကို စိစစ်ရမည်ဖြစ်၏။

👉👉ကရကဋ်လက်အတွက် ဘာဓကနှင့် မာရကဂြိုဟ်တို့သည် တနင်္ဂနွေ၊ သောကြာနှင့် စနေဂြိုဟ် တို့ဖြစ်သင့်သော်လည်း ဤဟူးရား ဇာတာတွင်မူ (၂၊ ၁၁၊ ၁၂) တန့် ဘာဝတို့သည် ဗုဒ္ဓဟူးဂြိုဟ်ပိုင်ရာသီများ ဖြစ်သော မေထုန်နှင့်ကန်ရာသီတွင် ကျရောက်လျက်ရှိသဖြင့် ဗုဒ္ဓဟူးဂြိုဟ်နှင့် စနေဂြိုဟ်တို့သည်သာ ဘာဓက၊ မာရကဂြိုဟ်အဖြစ်မှတ်ယူရပေမည်။

👉👉ဆိုတော့ ဘာဓက၊ မာရက ဂြိုဟ်ဖြစ်သော ဗုဒ္ဓဟူးဂြိုဟ်သည် သောကြာပိုင်နက္ခတ်ဖြစ်သော ပြုဗ္ဗာသဠ် နက္ခတ်ကိုစီးထားပြီး ကြာသပတေးဘုတ္တိမှာပင် တည်၏။ သောကြာသည် မာရကဂြိုဟ် စနေနှင့်အံသာအလွန် နီးကပ်စွာတည်နေပေ၏။

🍀🍀🍀အထက်ပါဗေဒင်ကိန်းများရဲ့ ဖော်ညွှန်းမှုများအရ ဗေဒင်မေးမြန်းသူမေးခွန်းနှင့်ကိုက်ညီနေတာကို တွေ့ရပါသည်။

👉👉လူတဦးသေဆုံးရသည့် အဖြစ်အပျက်အကြောင်းအရာအား (၈) တန့် ဘာဝသန္ဓိဘုတ္တိနက္ခတ်နှင့် ဆုံးဖြတ်ရမည် ဖြစ်သောကြောင့် (၈)တန့် ဘာဝသန္ဓိဘုတ္တိနက္ခတ် သခင်သည် အင်္ဂါဂြိုဟ်ဖြစ်ပြီး ၎င်းအင်္ဂါဂြိုဟ်သည် ရေရာသီဖြစ်သော (၁၂)တန့်ဘာဝတွင် နိစ်မူလျက် ရပ်တည်နေသည်။

👉👉 ထို့အပြင် အင်္ဂါဂြိုဟ်အား (၈) တန့်ဘာဝကျရောက်ရာ ရေရာသီဖြစ်သော မိန်ရာသီရှိ ရာဟုဂြိုဟ်မှ အရှေ့တိုင်းအမြင် (၅)တန့် အမြင်ဖြင့် မြင်ထားလေသည်။

👉👉အင်္ဂါသည် (၄)တန့်အမြင်ဖြင့် (၃) တန့်ဘာဝ (အနီးခရီး) နှင့် (၈)တန့်အမြင်ဖြင့် (၇) တန့် ဘာဝ (မြစ်ကိုဖြတ်ကျော်ခြင်း) ရှိ စနေဂြိုဟ်၊ သောကြာ ဂြိုဟ်တို့အား အမြင်ကြုံထားပြန်သည်။ ဟူးရားဇာတာတွင် အင်္ဂါဂြိုဟ်သည် (၄)တန့် ဘာဝသခင် ဖြစ်နေပြန်သည်။ (၄)တန့်ဘာဝသည် ရေရာသီတွင်ပင်ကျရောက်နေပြန်သည်။ အင်္ဂါ+သောကြာ=ရေယာဉ်

#စိုးမိုးဂြိုဟ်များ

နေ့သခင်- တနင်္ဂနွေ
စန်းသခင်-ဗုဒ္ဓဟူး
စန်းစီးနက္ခတ်- တနင်္ဂနွေ
စန်းစီးဘုတ္တိနက္ခတ်-ဗုဒ္ဓဟူး
လဂ်သခင်- စနေ
လဂ်စီးနက္ခတ်- ကြာသပတေး
လဂ်စီးဘုတ္တိနက္ခတ်-သောကြာ

🔥🔥🔥ဟူးရားဇာတာ ဆုံးဖြတ်ချိန်ရှိ စိုးမိုးဂြိုဟ်များနှင့်ဒသာဂြိုဟ်များရဲ့ ဖော်ညွှန်းချက်များအရ ကာယကံရှင်အဖို့ အသက်ရှင်သန်နိုင်မှု ကျားကွက်များ ပျောက်ဆုံးနေတာတွေ့ရပါသည်။

StarLight Astrology Research and Consulting
(8/02/2025 20:01)

 #ကောင်းကင်ယံမှာကြယ်တောက်ချိန် #ကြောင်းအင်အမှန်ထီပေါက်ချိန်လော့🍀🍀ထီဆုကြီးပေါက်ရန်ကေပီစနစ်🍀🍀💰💴💸မိမိတို့ရဲ့မူလဇာတာမှာ (၃)တ...
01/07/2025

#ကောင်းကင်ယံမှာကြယ်တောက်ချိန်

#ကြောင်းအင်အမှန်ထီပေါက်ချိန်လော့

🍀🍀ထီဆုကြီးပေါက်ရန်ကေပီစနစ်🍀🍀

💰💴💸မိမိတို့ရဲ့မူလဇာတာမှာ (၃)တန့်ဘာဝသန္ဓိဘုတ္တိနက္ခတ်သခင်ဂြိုဟ်သည် (၃၊ ၅၊ ၆၊ ၈၊ ၁၁)တန့်ဘာဝတို့ရဲ့အကျိုးဆောင် ဂြိုဟ်တလုံး ဖြစ်ခဲ့ရင် မုချမသွေ ထိုဇာတာရှင်သည်ထီပေါက်ကံ အထောက်အပံ့ကောင်းရှိပါသည်တဲ့။

💸💴💰ထီဆုအကြီးအသေးခွဲခြားစိစစ်သော်

💜💜💜(၂)တန့်ဘာဝသန္ဓိဘုတ္တိဒသာသည်ငွေကြေးကဏ္ဍကို ကာရကပြုသည့် ကြာသပတေးဂြိုဟ်ရဲ့ ထူလနှင့်ဘုတ္တိဒသာ စားဝင်ချိန်ကြုံနေခြင်း။

💜💜💜စန်းဒသာနှင့်ဘာဝသန္ဓိဒသာတို့တွင် (၂၊၃) တန့်ဘာဝအကျိုးဆောင် စည်းစိမ်ဓန ဥစ္စာတို့ရဲ့ကာရကဂြိုဟ်ဖြစ်သည့် သောကြာဂြိုဟ်၏ အန္တရဒသာစားဝင်နေခြင်း။

💜💜💜မူလဇာတာတွင် (၃)တန့်ဘာဝသန္ဓိသခင်ဖြစ်သည့် ရာဟုဂြိုဟ်ရဲ့ဘုတ္တိဒသာစားဝင်နေခြင်း။

💜💜💜၎င်းဘုတ္တိဒသာသခင်ဂြိုဟ်သည် (၂)တန့်ဘာဝသခင် ကြာသပတေး(ငွေကြေး)ဂြိုဟ်ရဲ့နက္ခတ်မှာတည်ခြင်း။

💜💜💜ကောဇာသွားခြင်းဖြင့် ကြာသပတေးဂြိုဟ်သည် (၆)တန့်အကျိုးဆောင် အင်္ဂါဂြိုဟ်နှင့်အင်္ဂါဂြိုဟ်ပိုင်စိတြနက္ခတ်ပေါ်တွင်ဖြတ်သန်းနေခြင်း။

💜💜💜စနေ၊ သောကြာ၊ ရာဟုဂြိုဟ်နှင့် တနင်္လာဂြိုဟ်တို့သည် မိန်ရာသီ ကြာသပတေးပိုင် ပြုဗ္ဗာပုရက်ပိုက်နက္ခတ်ပေ့်စုပုံတည်ရှိခြင်း(၅တန့်အကျိုးဆောင်ဂြိုဟ်)။

💜💜💜ဘုတ္တိဒသာသခင်ရာဟုဂြိုဟ်ရဲ့အမြင်ကိုခံထားရသော (၆) တန့်အကျိုးဆောင် အင်္ဂါဂြိုဟ် သည်လည်း
ကရကဋ်ရာသီရှိ (၈၊ ၂၊၅၊ ၁၁) တန့်အကျိုးဆောင်စနေဂြိုဟ်ပိုင်ဖုသျှနက္ခတ်ပေါ်တွင် ကောဇာအားဖြင့်ရောက်ရှိနေခြင်း။

💜💜💜 အကျိုးဆောင်ဂြိုဟ်များသည် ရွှေပဒေသာရာသီတွင်စုပြုံတည်နေခြင်းတို့ကြောင့်ထီဆုကြီးပေါက်ရန် အလွန်တရာ ကောင်းမွန်သော ကံအထောက်အပံ့ကောင်းကိုရရှိနေခြင်းတို့ကြောင့် (၈)လ ၂၀၂၅ အတွင်း
ထီဆုကြီးဆွတ်ခူးကံရှိနေပါတော့သည်။

American Lottery ,Power Ball & Mega Millions ထီထို့ဖို့ အဓိဋ္ဌာန်ဝင်ပါတော့မည်။

ကိုလတ်(မွန်းတည့်မျဉ်)
7Jan2025 21:07

StarLight Astrology Research and Consulting











🌹💴💰💸🌹 ဤဇာတာရှင်သည် ၂၄ရက်၊ ၄လ၊ ၂၀၂၅ ခုနှစ်မှ (၈)လ ၂၀၂၅ အတွင်းထီပေါက်ရန်အထူးအခွင့်ကြုံနေပါသည်။

👉👉သင့်ဇာတာစန်းလဂ်ကိုလည်းစိစစ်နိုင်ပါတယ်။

🍀🍀 #ပညာ့အသီးအပွင့်🍀🍀 #ဗေဒင်ဆရာဆိုတာ #အမှားဒဏ်ကိုကာကွယ်ရင်း #အကြွားသန်လာတတ်ကြတယ်😂😂😂 #အဲအဲယောင်လို့ပါ💜💜💜 #တအားမှန်တယ်လို့💜...
01/06/2025

🍀🍀 #ပညာ့အသီးအပွင့်🍀🍀

#ဗေဒင်ဆရာဆိုတာ
#အမှားဒဏ်ကိုကာကွယ်ရင်း
#အကြွားသန်လာတတ်ကြတယ်😂😂😂
#အဲအဲယောင်လို့ပါ💜💜💜
#တအားမှန်တယ်လို့💜💜💜
#ချီးကျူးခံကြရသည်💜💜💜

👉👉👉ကျွန်ုပ်၏မာစတာပိဟောကွက်ကား အများတကာရဲ့ဟောကွက်မဟုတ်သော ၈၊၆၊၁၂တန့်ဘာဝသခင်တို့ရဲ့ဒသာမှာ (အဆိုးထဲမှအကောင်း) ကောင်းကွက်ရှာ တိတိကျကျ ဟောပြောနိုင်ခဲ့ပေ၏။

👉👉👉 (၈)တန့်ရပ် (၈)တန့်ဘာဝသခင် တနင်္လာရဲ့ထူလဒသာ။
👉👉👉၎င်းထူလဒသာသခင်ရဲ့စီးနက္ခတ်လည်းဖြစ်သည့် (၈) တန့် ရပ် ဗုဒ္ဓဟူးဂြိုဟ်ရဲ့ဘုတ္တိဒသာ။

👉👉👉(၁၂)တန့်ရပ် လဂ်သခင် ကြသပတေးဂြိုဟ်ရဲ့အန္တရဒသာ။

👉👉👉ထူလဒသာသခင်ရဲ့စီးဘုတ္တိနက္ခတ်သခင်စနေရဲ့သုခုမဒသာ။

👉👉👉ထိုထိုဒသာသခင်တို့ရဲ့ဒသာကာလအတွင်းမည်သူက ကောင်းကွက်ရှာဟောပြောမလဲ။

✅✅✅ဟုတ်ကဲ့ ကျွန်တော်လက်ညှိုးတချောင်းထောင်ပြီးတခွန်းတည်းဟောခဲ့ပါတယ်။

✅✅✅သင့်အလုပ်မုချအောင်မြင်ပါလိမ့်မည်ဟု။

ကိုလတ်(မွန်းတည့်မျဉ်း)
Tu-7Jan2025, 02:29 a.m

StarLight Astrology Research and Consulting

🔥🔥 #အချစ်ဆိုတာပူလောင်တဲ့မီးတောက်ငယ်တခု🔥🔥 #ဘယ်သူမပြုမိမိမှုစဉ်းစားကြည့်ပါခု💰💰အချစ်ကို💴💴ဘတ်ငွေ ၇၀၀၀နဲ့ဈေးတန်းဖြတ်ခြင်း🙏🙏🙏မ...
01/06/2025

🔥🔥 #အချစ်ဆိုတာပူလောင်တဲ့မီးတောက်ငယ်တခု

🔥🔥 #ဘယ်သူမပြုမိမိမှုစဉ်းစားကြည့်ပါခု

💰💰အချစ်ကို💴💴ဘတ်ငွေ ၇၀၀၀နဲ့ဈေးတန်းဖြတ်ခြင်း

🙏🙏🙏မနေ့က ကျွန်တော့်ထံ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ ညီငယ်တယောက်သည် Facebook messenger မှ ဗေဒင်မေးလာခဲ့ပါတယ်။

💔💔💔ကျွန်တော်မှာ living together နေထိုင်တဲ့ချစ်သူတယောက်ရှိပါတယ်ဆရာ သူကျွန်တော့်ကိုသူစိမ်းချိုး ချိုးသွားလို့ အခုကျွန်တော့်မှာ ရူးမတတ် ခံစားနေရပါတယ်ဆရာ။

😭😭ကျွန်တော်ရင်တွေ ကွဲအက်ကြေကွဲ အရမ်းလည်းဝမ်း‌နည်းနေရပါတယ်ဗျာ ဆရာကူညီနိုင်မလားခင်ဗျာတဲ့🙏🙏🙏

✍️✍️ကံပါရင်တော့ပြန်ဆုံရမှာပေါ့ ကံကျန်သေးသလား ပြန်လည်ဆုံစည်းနိုင်ခွင့်ရှိမလားကတော့ ညီဇာတာကိုစိစစ်မှ ရလိမ့်မယ်ပေါ့။

✍️✍️ကျွန်တော့်ဘက်က ဖြစ်နိုင်မဖြစ်နိုင်ဇာတာကဖော်ညွှန်းချက်ကိုပဲ ဖတ်ပြနိုင်ပါ့မယ်။ဇာတာစစ်ကြည့်ပေါ့နော်။ ဇာတာစစ်ရင် မွေးရက်၊ လ၊ နှစ် ရယ် မွေးဖွားရာ ဒေသနဲ့ မွေးချိန်တွေလိုပါတယ်။

🙏🙏ကျွန်တော် မွေးရက်၊ လ၊ နှစ်နဲ့ မွေးဒေသသိပါတယ်၊ အချိန်တော့ ခန့်မှန်းပဲသိပါတယ် အဆင်ပြေမလားဆရာတဲ့။

👌👌အိုကေ ဒါဆိုရင်မွေးချိန်ကို ကိုယ်ရှာပေးပါ့မယ်မင်းမှာလည်း ဒုက္ခ သုက္ခတွေများနေတော့ ပညာကြေး ၅၀,၀၀၀ပဲယူပေးပါ့မယ်ကွာ။ အဆင်ပြေလား?

🙏🙏ဟုတ်ကဲ့ကျေးဇူးပါဆရာ

✍️✍️ပေးလာတဲ့ Birthdataအရ ဇာတာဖွဲ့၍ မွေးချိန်မှန်ပြန်လည်ရှာဖွေပြီးသကာလ..လှပသော၊ အသားဖြူသောမိန်းကလေးတဦးဖြစ်ပြီး ညီ့ကို ငွေကြေးအရ လာရောက် နွယ်ခဲ့တာပါ။ ပြန်လာဖို့ အကြောင်းကံမရှိတော့ပါလို့ဟောလိုက်လေသည်။

🍀🍀ပညာခန်း🍀🍀

🍀အချစ်ရေးကိုဖော်ပြပေးသော (၅)တန့်ဘာဝသန္ဓိဘုတ္တိနက္ခတ်သခင်သည် စနေဂြိုဟ်ဖြစ်နေပြီး၎င်းစနေဂြိုဟ်ရဲ့စီးနက္ခတ်သည် သောကြာဂြိုဟ်ဖြစ်၍ ၇၊၉ တန့်တို့ရဲ့ ဘာဝသန္ဓိဘုတ္တိနက္ခတ်သခင်ဖြစ်နေတာတွေ့ရပါပေ၏။

🍀🍀တဖန် စနေဂြိုဟ်၏ ဘုတ္တိနက္ခတ်သခင်မှာ ရာဟုဖြစ်ပြီး ၎င်းရာဟုဂြိုဟ်သည် ၈၊၁၀ တန့်တို့ရဲ့ ဘာဝသန္ဓိဘုတ္တိနက္ခတ်သခင်ဂြိုဟ်ဖြစ်တာကိုတွေ့ရလေသည်။ဆိုတော့ စနေဂြိုဟ်သည် စီးနက္ခတ်အားဖြင့် ၇၊၉တန့်ဘာဝတို့အား link ချိတ်ထားပြီး ၎င်းရဲ့ စီးဘုတ္တိနက္ခတ်အားဖြင့် ၈၊ ၁၀ ဘာဝတို့အား link ချိတ်ထားတာကိုစိစစ်တွေ့ရလေသည်။

🍀🍀စနေဂြိုဟ်က မရိုးဖြောင့်ခြင်း။ အဆင့်အတန်းနိမ့်ကျခြင်းတို့ကိုဖော်ဆောင်ပြီး ၎င်းရဲ့ စီးနက္ခတ်အားဖြင့် အချစ်ရဲ့စွမ်းပကားကို ဖော်ဆောင်ပြသော်လည်း ဘုတ္တိနက္ခတ် ရာဟုအားဖြင့် အချစ်ဇာတ်လမ်းရဲ့ ပြတ်တောက် လမ်းခွဲခြင်းကိုညွှန်ပြနေပါတကား။

✍️✍️ဒသာသခင်တို့သည်လည်း ရာဟုထူလ၊ ရာဟုဘုတ္တိ၊ ကြာသပတေးအန္တရ၊ သောကြာသုခုမ ဒသာတည်း။

🌹🌹 #အချစ်ပန်းတိုင်းမွေးကြိုင်သင်းပျံ့ဖူးပွင့်လန်းဆန်းပါစေသား 🌹🌹

ကိုလတ်(မွန်းတည့်မျဉ်း)
06 Jan 2025 :13:03:00

StarLight Astrology Research and Consulting

 #နက္ခတ်သဘင်  #ကကွက်ဆင်  #ဖြစ်အင်ထူးခြား  #ကမ္ဘာတလွှား။🍀🍀ခရစ်နှစ် ၂၀၂၅ ရဲ့ကောက်ကြောင်းတခုကိုနက္ခတ္တဗေဒင်ပညာရပ်ဆိုင်ရာရှု...
01/04/2025

#နက္ခတ်သဘင် #ကကွက်ဆင် #ဖြစ်အင်ထူးခြား #ကမ္ဘာတလွှား။

🍀🍀ခရစ်နှစ် ၂၀၂၅ ရဲ့ကောက်ကြောင်းတခုကို
နက္ခတ္တဗေဒင်ပညာရပ်ဆိုင်ရာရှုထောင့်မှ ဆွဲထုတ်အဖြေရှာကြည့်မိခဲ့တယ်။

🍀🍀 ကာလချက္ကရ (သို့) သဘာဝ ရာသီစက်ရဲ့ နောက်ဆုံးသောရာသီဖြစ်တဲ့ မိန်ရာသီမှာ Outer planet ဖြစ်တဲ့ နက်ပကျွန်းဂြိုဟ်အပါအဝင် ဂြိုဟ်ကြီး (၇)လုံး ပေါင်းစုမှုကြောင့် ဖြစ်ပေါ်လာမယ့် အကြောင်းပြုမှုတွေရဲ့ ကောက်ကြောင်းကိုဆွဲထုတ်ကြည့်မိနေတာပါ။

🍀🍀 မိန်ဋ္ဌာနေမှာ ရပ်တည်ကြမယ့် ဂြိုဟ်ကြီး (၇)လုံးကတော့
👉နက်ပကျွန်း၊
👉ရာဟု၊
👉စနေ၊
👉သောကြာ၊
👉ဗုဒ္ဓဟူး၊
👉တနင်္ဂနွေနဲ့
👉တနင်္လာဂြိုဟ်လို့ခေါ်တဲ့ စန်းလသော်တာကတော့ ဤရာသီမှာ ၂ရက်ခွဲလောက် လာရောက်ပူးပေါင်းကြပါလိမ့်မယ်။
🍀🍀ထိုဂြိုဟ် (၇) လုံးထဲမှာ သောကြာဂြိုဟ်နဲ့ ဗုဒ္ဓဟူးဂြိုဟ်တိူ့က ဝကြသွား (သို့) နောက်ပြန်သွားနေပါတယ်။
🍀🍀ထိုထိုဂြိုဟ်တို့ မိန်ရာသီမှာ လာရောက်ပူးပေါင်းတွေ့ဆုံကြတဲ့ အချိန်အခိုက်တန့်တွင် ရာသီသခင်ဂြိုဟ်ဖြစ်တဲ့ ဂုရုဂြိုဟ်ခေါ် ကြာသပတေး ကတော့ ပြိဿရာသီမှာ ရပ်တည်နေပါတယ်။
🍀🍀နောက်အင်္ဂါဂြိုဟ်ကလည်း မေထုန်ရာသီမှာ တည်ရှိနေပါတယ်။
🍀🍀ရာဟုရဲ့ဆန့်ကျင်ဘက်မှာ တည်နေတဲ့ကိတ် ဂြိုဟ်ကတော့ ကန်ရာသီမှာပါတဲ့။

🍀🍀အဆိုပါဂြိုဟ်များဟာ ကြာသပတေးပိုင်တဲ့ ပြုဗ္ဗာပုရပိုက်နက္ခတ်ပေါ်မှာတည်ရှိနေတာပါ။ဆိုတော့ ဤကဲ့သို့ စုစည်းရပ်တည်မှုကြောင့် အကြောင်းတရားကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးတရားကို ကောက် ကြောင်းဆွဲအဖြေရှာပါစို့။

🍀🍀မိန်ရာသီမှာ လာရောက်ရပ်တည်တဲ့ စနေဂြိုဟ်ကတော့ ပြောဆိုရအတော့်ကို ခက်ခဲလှပါတယ်ဗျာ။ မိန်ဆိုတာက ရေအပြည့်ရှိတဲ့ရာသီ ပင်လယ်သမုဒ္ဒရာ ကို ကာရကပြုပါတယ်။ ပင်လယ်ရဲ့ စည်းမျဉ်းဥပဒေနဲ့ ကုန်းမြေရဲ့ စည်းမျဉ်းဥပဒေသက အတော့်ကိုခြားနားလွန်းနေတာမို့ပါ။
🍀🍀တောင်မြင့်တောင်ကုန်းထိပ်မှာ စိုးစံပျော်ရွှင်တတ်တဲ့ စနေဂြိုဟ်ကို ပင်လယ်ထဲ ဆွဲချထားသလိုမျိုးပေါ့။

🍀🍀 သဘာဝ ရာသီစက်ရဲ့ (၁၂)တန့်မြောက်ရာသီ ဆိုတော့ လျှို့ဝှက်ခြင်း၊ သုတေသနပြုခြင်း၊ ပုန်ကန်ခြင်း၊ ဖမ်းဆီးချုပ်နှောင်ခြင်း၊ ရင်းနှီးမြှုပ်နှံမှု စသည်တို့ကို ကာရကပြုပါတယ်။ ဆိုတော့

👉👉 ကမ္ဘာ့နိုင်ငံရေးကိစ္စတွေ လျှို့ဝှက်‌ဆွေးနွေးမှုရလဒ်တွေ ကတ်သီးကတ်သတ် နိုင်ပါလိမ့်မယ်။

👉👉ဆေးပညာရပ်ဆိုင်ရာ ကြီးမားတဲ့ အပြောင်း အလဲနဲ့ စိန်ခေါ်မှုတရပ်ဖြစ်ပေါ်လာနိုင်ပါတယ်။ဆေး ဝါးနဲ့သက်ဆိုင်တဲ့ သုတေသန အောင်မြင်မှု ။တော်လှန်မှုကြီးကြီးမားမား ဖြစ်ပေါ်ပါလိမ့်မယ်။

👉👉👉ကျန်းမာရေးစောင့်ရှောက်မှုနှင့် မျိုးရိုးဗီဇဆိုင်ရာ အင်ဂျင်နီယာများတွင် မယုံနိုင်လောက်အောင် ဖွံ့ဖြိုးတိုးတက်လာလိမ့်မည်။

👉👉👉အမျိုးသမီးတို့ရဲ့ပါဝါသည် ကမ္ဘာတစ်ဝှမ်းတွင် ထင်ရှားလာမည်ဖြစ်ပြီး အမျိုးသမီးခေါင်းဆောင်အများအပြားသည်လည်း ကမ္ဘာ့နိုင်ငံရေးတွင်သာမက အားကစား၊ စာရေးဆရာ၊ အနုပညာလောကတွင်ပါ ထွန်းကားလာလိမ့်မည်။

👉👉👉Pisces သည် စိတ်ကူးယဉ်သော virtual စိတ်ကူးယဉ်ကမ္ဘာအကြောင်း ပြောနေသည်။ ထို့ကြောင့် စိတ်ကူးယဉ်စာရေးဆရာများ၊ စိတ်ကူး ယဉ်ဇာတ်လမ်းရေးသူများ၊ ကာတွန်း သို့မဟုတ် စိတ်ကူးယဉ်ရုပ်ရှင်များ အားလုံးသည် အံ့ဩဖွယ်ကောင်းပြီး လာမည့်ဆယ်စုနှစ်အတွက် မှတ်တိုင်ဖြစ်လာလိမ့်မည် (သို့) အရင်က စိတ်ကူးအိပ်မက်များနဲ့ ကာတွန်းဆန်ဆန် ဇာတ်ကွက်များသည် တကယ့်အဖြစ်အပျက်များအဖြစ် ဆယ်စုနှစ်အတွင်း ပေါ်ပေါက်လာလိမ့်မည်။

👉👉👉ပြည်နယ်များ သို့မဟုတ် နိုင်ငံအများအပြားသည် ကျူးကျော်သူများ၏လက်မှ လွတ်မြောက်လိမ့်မည်။

👉👉👉ထို့ကြောင့် 2025 သည် NFT ထွန်းကားသောခေတ်ဖြစ်လိမ့်မည်၊ လူအများ၏ထိတွေ့ဆက်ဆံမှုကို NFT၊ crypto သို့မဟုတ် virtual metaphor ဖြင့်မြင်နိုင်မည်ဖြစ်သည်။

👉👉👉 Jupiter သည် Ta**us တွင်ရှိသော dispositor အားလုံးပြီးနောက် အနုပညာရှင်များ သည်ဤအချိန်အတွင်းသန်းပေါင်းများစွာကိုရရှိလိမ့်မည်။

👉👉👉အဲဒါက ဂရပ်ဖစ်ဒီဇိုင်နာ၊ ဝဘ်ကမ္ဘာ၊ ကာတွန်းအနုပညာရှင်၊ NFT ကုန်သည်၊ ရုပ်မြင်သံကြားပညာရှင် စသဖြင့် ခေတ်ဖြစ်လိမ့်မယ်။

👉👉👉 ကိုယ့်နိုင်ငံအတွက်က‌တော့ တဘက်မှာအေးချမ်းသလောက် တဘက်မှာတော့ ပူလောင်မှု လောင်တိုက်ကျပေလိမ့်မည်။

👉👉👉‌ဩဇာကြီးမားသော အရွယ်လွန်သူ အမျိုး သမီး တဦးရဲ့ ကျန်းမာရေး စိုးရိမ်ရလိမ့်မည်။ နောက် ထိုကဲ့သို့သော အမျိုးသားတဦးရဲ့ကျန်းမာရေးလည်း ရုတ်တရက် ဆိုသလို အညံ့ကြုံလိမ့်မည်။

👉👉👉 Super revolution ...soon!

👉👉👉 Super explosive may be occured behind the 2th WORLD WAR ???

2027 #ရောက်ရင်အထက်ပါဟောပြောချက်ကိုသတိတရ #ပြန်ဖတ်ကြည့်လိုက်ပါလေ။

ကိုလတ်(မွန်းတည့်မျဉ်း)

StarLight Astrology Research and Consulting

Address

202 Bay 43rd Street, 2FL
New York, NY
11214

Alerts

Be the first to know and let us send you an email when StarLight Astrology Research and Consulting posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to StarLight Astrology Research and Consulting:

Share