MoNa’s Films, Folks & Footprints

MoNa’s Films, Folks & Footprints Exploring the world & Living it through films.

Travel + Movies = Life in motion.

ကိုယ်ကြိုက်တဲ့ ရုပ်ရှင်ထဲက နေရာတွေကို လိုက်ပြီး Virtually ခရီးသွားချင်တယ်ဆိုရင် ဒီ Page က perfect spot 🚘🎬

ရုပ်ရှင်ထဲက နေရာတွေကို လျှောက်လည်ကြမယ်
Let’s Go 🏎️⛵️🌏

10/31/2025

🫕ခုရာသီဥတု စအေးလာတော့Forrest Gump ရဲ့ သူငယ်ချင်း Bubba ရဲ့ Bubba Gump restaurant က ဂုံးအာလူးပြုတ်ပူပူလေး စားချင်လာလို့ အိမ်မှာပဲချက်စားနည်းလေးကို သူငယ်ချင်းတို့ကိုပြောပြပေးမယ်နော်

🦪 ဂုံးမကြိုက်ရင် 🍤 ပုစွန်နဲ့လဲချက်လို့ရပါသေးတယ်တဲ့

🦪တကယ်လို့ ကိုယ်က လတ်လတ်ဆတ်ဆတ်ဂုံးနဲ့ချက်မှာဆိုရင်တော့ ဂုံးအခွံကသဲကိုသေချာပွတ်ဆေးပြီး အထဲက သဲတွေထွက်အောင် နာရီဝက်လောက် ဆားရည်စိမ်ထားပေးထားပါမယ်

🦪ပြီးရင် ဂုံအခွံလေးတွေပွင့်တဲ့ထိ ၅-၇မိနစ်လောက် ပေါင်းပေးပါနော် အခွံလေးတွေပွင့်လာရင်တော့ ဂုံးကို အခွံခွါပြီး အတုံးသေးလေးတွေတုံးထားပေးလို့ရပါပြီ

🫕ကြက်သွန်နိနဲ့ အာလူးကိုအတုံးသေးလေးတွေတုံးပြီး ကြက်သွန်လေးတေ ပျော်တဲ့ထိပြုတ်ထားပေးပါ

🫕တကယ်လို့ကိုယ်က Canned Clam ကိုသုံးမယ်ဆိုရင်တော့ အဖတ်ကလေးချန်ပြီး အရည်ကို ခုအာလူးကြက်သွန်ပြုတ်ထဲကိုထည့်ပြုတ်လို့ရပါတယ်

🫕အာလူးနဲ့ကြက်သွန်ပြုတ်တာကိုစောင့်နေတုန်း ထောပတ်ကိုဒယ်ပူပေးပြီးဖျော်ပါမယ်ပြီးရင်ထောပတ်ထဲကို နွားနို့သို့မဟုတ်Half&half cream ထည့်ပြီး ပျစ်လာတဲ့ထိဆက်တိုက်မွှေပေးပါနော်ပျစ်လာပြီဆိုရင် ခုနကပြုတ်ထားတဲ့ အာလူးကြက်သွန်ပြုတ်နဲ့ထည့်ရောပြီး ပျစ်ပျစ်လေးဖြစ်အောင်မွှေပေးပါနော်

🫕ပြီးရင် ဆားနဲ့ငရုတ်ကောင်း ကိုယ်နှစ်သက်သလိုခတ်ပြီး စမုန်ဖြူရှိရင် နဲနဲခတ်လို့ရပါတယ်

🫕အိုးမချခင်မှ ခုနကတုံးထားတဲ့ ဂုံး/ ခုနကသံဘူးထဲမှာချန်ခဲ့တဲ့ဂုံးလေးတွေကိုထည့်ပေးပါနော် ဂုံးကညအကြာကြီးပြုတ်ရင်မာသွားတတ်လို့ပါ

🫕ဂုံးအာလူးပြုတ်ပူပူမွှေးမွှေးလေးရပါပြီခုပုံမှာပြထားတဲ့ အုန်းသီးထိပ်ဖြတ်ထားသလိုပုံ ပေါင်မုန့်ထဲကိုလဲ ထည့်စားကြတာပါပေါင်မုန့်မရှိရင် ဒီတိုင်းပန်းကန်ထည့်ပြီး သုံးဆောင်လို့ရပါပြီyummy 😋



Wings, colors, and good vibes — starring the prettiest cast at the San Diego Zoo 🎥🌈🐦 🦜🦩🦤
10/29/2025

Wings, colors, and good vibes — starring the prettiest cast at the San Diego Zoo 🎥🌈🐦 🦜🦩🦤



10/27/2025

Drive-thru

🤭 photo credit
10/23/2025

🤭

photo credit

🧙
10/20/2025

🧙

Boycott ဆိုတဲ့ အဓိပ္ပါယ်က လွယ်လွယ် ပြောရရင် သပိတ်မှောက်ခြင်းပါဘဲ။လူတစ်ဦး၊ အဖွဲ့အစည်း ဒါမှမဟုတ် နိုင်ငံတစ်ခုကနေပြီးတော့ အ...
10/20/2025

Boycott ဆိုတဲ့ အဓိပ္ပါယ်က လွယ်လွယ် ပြောရရင် သပိတ်မှောက်ခြင်းပါဘဲ။

လူတစ်ဦး၊ အဖွဲ့အစည်း ဒါမှမဟုတ် နိုင်ငံတစ်ခုကနေပြီးတော့ အေးချမ်းစွာ ဆန္ဒပြတဲ့ နည်းလမ်းတစ်ခုအနေနဲ့ (သို့) ဆက်ဆံရေးဖြတ်တောက်တာကို ဆိုလိုတဲ့ သဘောပါ။

Boycott ဆိုတဲ့ စကားလုံးက ၁၈၈၀ ပြည့်နှစ်မှာ အိုင်ယာလန်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကနေ စတင်လာတာ ဖြစ်ပါတယ်။

အဲ့ဒီအချိန်တုန်းက အိုင်ယာလန်မှာ Captain Charles Boycott ဆိုတဲ့ Mayo ကောင်တီမှ မြေယာကိုယ်စားလှယ်တစ်ဦးရှိခဲ့ပါတယ်။

အဲ့ဒီ Captain Boycott က ဒေသခံ လယ်သမားတွေကို အရမ်းဆိုးဆိုးရွားရွား ဆက်ဆံခဲ့ပြီးတော့၊ ချေးငွေကို အတိုးနှုန်းအမြင့်တွေနဲ့ ချပေး၊ ပြီးရင် လယ်သမားတွေကို အတင်း အနိုင်ကျင့် အလုပ်စေခိုင်း၊ လယ်မြေသိမ်းပြီး ဇွတ် နှင်ထုတ်တာမျိုးတွေ လုပ်ခဲ့ပါတယ်။

အဲ့ဒါနဲ့ ဒေသခံ လူမှုအသိုင်းအဝိုင်းက မကျေနပ်တော့… အိုင်ယာလန် မြေယာအဖွဲ့ချုပ်က ဦးဆောင်ပြီး Captain Boycott ကို လုံးဝလျစ်လျူရှုကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဘယ်လိုလုပ်ခဲ့ကြသလဲဆိုတော့ ;
- Captain Boycott အတွက် ဘယ်သူမှ အလုပ်မလုပ် ပေးတော့ပါ။ လယ်သမားတွေက Captain Boycott လယ်ယာမှာ အလုပ်မလုပ်ကြတော့ပါ။ စာပို့သမားတွေက သူ့ဆီကို စာပို့ပေးတာတွေ မလုပ်တော့ပါ။
- ဈေးတန်းထဲကဆိုင်တွေ၊ စားသောက်ဆိုင်တွေဆီရောက်လာရင်လည်း Captain Boycott ကို ဝန်ဆောင်မှု မပေးတော့တာတို့၊ ပစ္စည်းတွေ ရောင်းမပေးတော့တာတို့ ၊ လုံးဝ စကားမပြောတော့တာ၊ အဖတ်မလုပ်တာတို့ လုပ်ပါတယ်။

အဲဒီလို စုပေါင်းပြီး ငြိမ်းချမ်းစွာဆန္ဒပြခြင်း၊ တစ်စုံတစ်ယောက်ကို ရှောင်ကျဉ်တဲ့/ ဝိုင်းပယ်တဲ့ နည်းဗျူဟာကို “Boycott” လုပ်တယ်လို့ သတ်မှတ်ပြီး အင်္ဂလိပ်ဘာသာစကားထဲမှာ စကားလုံးတစ်လုံး အဓိပ္ပါယ် အဖြစ် ထည့်သွင်း သတ်မှတ်ခံရပါတော့တယ်။

ဒါကြောင့် “Boycott” ဆိုတဲ့ စကားလုံးဟာ အိုင်ယာလန်နိုင်ငံမှ စတင် ပေါက်ဖွားခြင်း ဖြစ်တယ် ဆိုပါတယ်။

————-






နောက်ထပ် posts တွေမှာ Wednesday Season (2) နှင့်အတူ အိုင်ယာလန် နိုင်ငံထဲကို လည်ပတ်မှာ ဖြစ်လို့ တူတူ သွားကြ မယ်နော်။

WEDNESDAY ရုပ်ရှင်ရိုက်တဲ့ နေရာတွေဆီကို မသွားခင် အိုင်ယာလန် ကျွန်း နိုင်ငံရဲ့ သူများနဲ့မတူ ထူးခြားတဲ့ အချက်တွေကို ပြောပြ...
10/20/2025

WEDNESDAY ရုပ်ရှင်ရိုက်တဲ့ နေရာတွေဆီကို မသွားခင် အိုင်ယာလန် ကျွန်း နိုင်ငံရဲ့ သူများနဲ့မတူ ထူးခြားတဲ့ အချက်တွေကို ပြောပြရဦးမယ်။

———-

သဘာဝပတ်ဝန်းကျင် နှင့် ရာသီဥတု

🌿 စိမ်းစိုနေတဲ့ သစ်ပင်တွေ တောင်တန်းတွေ အပြည့်ရှိတဲ့ ကျွန်းနိုင်ငံ…

🌦️တစ်ရက်အတွင်းမှာဘဲ နွေမိုးဆောင်းရာသီဥတုအစုံကို ခံစားရနိုင်ပါသတဲ့။
————

အဆောက်အဦး

🏰 ရဲတိုက်ပေါင်း ၃၀,၀၀၀ ကျော်ရှိတယ်

🍻 900 AD ကတည်းက ဖွင့်ခဲ့တဲ့ အရက်ဆိုင်ရှိတာ၊ အဲ့ဒီ အရက်ဆိုင်ရဲ့ သက်တမ်းက နှစ်ပေါင်း ၁၀၀၀ ကျော်ပြီ။ နာမည်က Sean’s Bar

Neolithic passage tomb အမည်ရတဲ့ အုတ်ဂူဟာ BC 3200 မှာ ဆောက်လုပ်ခဲ့တယ် ခန့်မှန်းရလို့ အီဂျစ်က Pyramid တွေ ထက်ကို နှစ်ပေါင်း ပိုကြာတဲ့ အဆောက်အဦးရှိတဲ့ ကမ္ဘာ့အမွေအနှစ်ရှိတဲ့ နေရာပါ။

—————-

အထိမ်းအမှတ် ရက်စွဲ တွေ

☘️ ဒီ emoji လေးကို ရင်းနှီးပြီးသား ဖြစ်ပါမယ်။ အနောက်နိုင်ငံတွေမှာ St. Patrick Day ကျင်းပတာတွေရှိ။ St. Patrick လေ။ သူက အိုင်ယာလန်မှာ သာသနာပြုခဲ့တဲ့ ဘုန်တော်ကြီးတစ်ပါးပါ။ ဒါပေမယ့် Irish လူမျိုးတော့ မဟုတ်ပါ။ အသက် ၅ နှစ်အရွယ်လောက်ကတည်းက အိုင်ယာလန်ကို ရောက်လာတာ ဖြစ်ပါတယ်။

🎃 Halloween ပထမဆုံး စတင် ကျင်းပတဲ့ နိုင်ငံပါ။

💕Valentine’s Day နေ့ရက်အဖြစ် အစွဲပြုခဲ့တဲ့ St. Valentine ကလည်း အိုင်ယာလန်ကပါ။

—————

🐍 နိုင်ငံထဲမှာ မြွေ လုံးဝ မရှိပါတဲ့ နော်။ တိရိစ္ဆာန်ရုံတွေမှာတော့ အိုင်ယာလန်နိုင်ငံသားတွေ မြွေ မြင်ဖူးအောင် ပြထားလောက်ပါရဲ့။

ကမ္ဘာကျော် စာရေးဆရာတွေ မွေးဖွားခဲ့တဲ့ နိုင်ငံပါ… Oscar Wilde တိူ့ Bram Stroker တို့။

“Boycott” ဆိုတဲ့ စကားလုံးက Ireland မှ စပြီး ထွင်ခဲ့တဲ့ စကားလုံးပါ။ ဘာကြောင့် Boycott ဆိုတဲ့ စကားလုံး ဖြစ်လာတာလဲဆိုတာ နောက် လာမယ့် post မှာ ဆက်ဖတ်ကြည့်နော်။

———

ကဲ အားလုံးဘဲ…. Wednesday Season (2) ရိုက်ခဲ့တဲ့ Ireland နိုင်ငံကို သွားလည်ကြဖို့ Ready ဘဲလား။






Let’s Go…
________

Wednesday Season (2) ကို Ireland နိုင်ငံမှာ ရိုက်ခဲ့တာပါ။အရမ်းလှတယ်ဆိုပြီး နာမည်ကြီးတဲ့ အိုင်ယာလန်နိုင်ငံကို Wednesday န...
10/18/2025

Wednesday Season (2) ကို Ireland နိုင်ငံမှာ ရိုက်ခဲ့တာပါ။

အရမ်းလှတယ်ဆိုပြီး နာမည်ကြီးတဲ့ အိုင်ယာလန်နိုင်ငံကို Wednesday နဲ့အတူ ရုပ်ရှင်ရိုက်ခဲ့တဲ့နေရာတွေကို တဝကြီး သွားလည်ကြမယ်နော်။

တခြား နာမည်ကြီး ရုပ်ရှင်တွေလည်း အများကြီး ရိုက်ထားတဲ့ နိုင်ငံဖြစ်တာဆိုတော့ Wednesday season (2) အပြင် အိုင်ယာလန်မှာ ရုပ်ရှင်ရိုက်ခဲ့ပြီး မှတ်မှတ်ရရရှိနေတဲ့ တခြား ရုပ်ရှင်တွေကို သတိရရင်လည်း ပြောပြခဲ့ပေးဦးနော်။

အိုင်ယာလန်ကို သွားလည်ကြစို့ 🎬🚘

Let’s Go…




10/18/2025

📽️ The Monster - Ed Gein နဲ့ ဆက်စပ်မှုရှိတဲ့ နေရာတွေကို သွားကြည့်ကြမယ်။

————

1. 🏠 Wisconsin (WI) ပြည်နယ်က Plainfield မြို့

🌾 လူဦးရေ ၁၃၀၀ လောက်ဘဲ ရှိတဲ့ မြို့လေး

🌾 Tourist center မရှိ၊ ပြတိုက်မရှိ၊ လူရှင်း ကားရှင်း တိတ်ဆိတ်တဲ့ မြို့လေးတစ်မြို့။

🕵️‍♂️ True Crime တွေကို စိတ်ဝင်စားတဲ့ သူတွေကတော့ Plainfield မြို့မှာရှိတဲ့…

🪦 မီးလောင် ပြာကျပြီးသားဖြစ်နေတဲ့ Ed Gein အိမ်ရှိခဲ့တဲ့ Farm နေရာရယ်၊

🪦 လူ-တ်မှုဖြစ်ပွါးခဲ့တဲ့ မြို့ထဲက Hardware စတိုးဆိုင်ရယ်၊

🪦 သင်္ချိုင်းကုန်းတွေရယ်ဆီကို ရောက်အောင် သွားကြတယ်တဲ့။

———

⚠️ နာမည်ကြီး Psychopath/ Serial killer တွေ ရှိခဲ့ဖူးတဲ့ Wisconsin (WI) ပြည်နယ်က safe ဖြစ်လား?

📊တကယ်တော့ WI ပြည်နယ်ရဲ့ Crime Rate ကို US National Data မှာ ကြည့်မယ်ဆိုရင် Violent Crime (လူ-တ်၊ မDaneကျင့်၊ ဓားပြတိုက်၊ ရန်ဖြစ်ခိုက်ရန်ပွါး) တဲ့ case တွေက တခြား Big states ကြီးတွေနဲ့ ယှဉ်ရင် နည်းပါသတဲ့။

‼️ Ed Gein နေခဲ့တဲ့ Plainfield မြို့မှာကတော့ Violent Crime က မရှိသလောက်ဘဲတဲ့။

————

2. 🏛️ Graveface Museum - Georgia ပြည်နယ်၊ Savannah မြို့

🎪 အဲ့ဒီ ပြတိုက်မှာ Ed Gein အသုံးပြုခဲ့တဲ့ ပစ္စည်းတွေကို ပြသထားပါတယ်။

🎪 Ed Gein အသုံးပြုခဲ့တဲ့ ပစ္စည်းတွေ ပြသထားတဲ့ တစ်နေရာတည်းသော ပြတိုက်အဖြစ်လည်း မှတ်တမ်းတင်ခြင်းခံထားရတဲ့ နေရာ ဖြစ်ပါတယ်။

🎪 Ed Gein မှုခင်းဖြစ်တုန်းက Public ကို ပြသထားခြင်း မရှိခဲ့တဲ့

📑 စာရွက်စာတမ်းတွေ၊
📑 Ed Gein ကို မေးမြန်းစစ်ဆေးခဲ့တဲ့ Polygraph (Lie detector- လိမ်ညာခြင်း ဖော်ထုတ်စက်) ကျွမ်းကျင်သူတို့ရဲ့ မူရင်းစာရွက်စာတမ်းတွေ၊
📑 ရာဇဝတ်မှုဖြစ်ပွါးခဲ့တဲ့ နေရာက ဓာတ်ပုံတွေနှင့်
📑 အဲ့ဒီ အမှုကသက်သေခံပစ္စည်းတွေကို ပြတိုက်ထဲမှာ ပြသထားပါတယ်။



3. 🏛️ Waushara County Historical Museum – Wautoma, Wisconsin

🛌 အဲ့ဒီ ပြတိုက်မှာ Ed Gein ကို ဖမ်းဆီးပြီးပြီးချင်း ထားခဲ့တဲ့ ထောင်အခန်းပုံစံလေးကို ပြသထားပါတယ်။

🎣 ပြီးတော့ ထောင်ကျနေတုန်း Ed Gein ပြုလုပ်ခဲ့တဲ့ wood ပစ္စည်းတွေ၊ ချုပ်ခဲ့တဲ့ ပစ္စည်းတွေကို ပြသထားပါတယ်။

——-

MoNa တို့ နဲ့အတူ နောက်ထပ်လည်း Crime Tour တွေသာမက တခြား ရုပ်ရှင်တွေကြည့်ရင်းလည်း Virtual ခရီးတွေ ဆက်ထွက်ကြမှာဖြစ်လို့ လိုက်ခဲ့ကြနော်။
—————-

See you 🥰








Address

San Francisco, CA

Website

Alerts

Be the first to know and let us send you an email when MoNa’s Films, Folks & Footprints posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram