Oasix Clinic

Oasix Clinic ကျန်းမားရေးအတွက် သိလိုရာဆွေးနွေးတိုင်ပင်နိုင်ပါသည်။

အဖြူဆင်းခြင်းနှင့် အမျိုးသမီးကျန်းမာရေး****************အမျိုးသမီးတဦး၏ ဘဝတစ်လျောက် အဖြူဆင်းခြင်း ပြဿနာများကို ရံဖန်ရံခါ ဖ...
07/18/2025

အဖြူဆင်းခြင်းနှင့် အမျိုးသမီးကျန်းမာရေး

****************

အမျိုးသမီးတဦး၏ ဘဝတစ်လျောက် အဖြူဆင်းခြင်း ပြဿနာများကို ရံဖန်ရံခါ ဖြစ်ပေါ်ခံစားရလေ့ရှိသည်။ တခါတရံ အဖြူဆင်းရာတွင် ယားယံခြင်း၊ အချိန်ကြာမြင့်စွာ အဖြူဆင်းတတ်ခြင်းနှင့် ခန္ဓာကိုယ်နုံးချိခြင်းစသည်တို့နှင့်အတူ စိတ်ဓာတ်ကျခြင်းနှင့် စိတ်ဂဏမငြိမ်ဖြစ်ခြင်းစသည့် လက္ခဏာများကိုလည်း ခံစားရတတ်သည်။

မိန်းမကိုယ်တွင် သဘာဝအတိုင်း အရည်အကျိအချွဲများ ရှိနေပြီး မိန်းမကိုယ်စိုစွတ်နေစေရန်နှင့် ချောမွေ့စေရန် ပြုလုပ်ပေးသည်။ အကြောင်းအမျိုးမျိုးကြောင့် အဆိုပါ အရည်အကျိအချွဲများ များလာခြင်းကို အဖြူဆင်းခြင်းဟုခေါ်သည်။

အဖြူဆင်းခြင်းသည် အမျိုးသမီးတစ်ဦး၏ အသက်အရွယ်ကိုလိုက်၍ ကြုံတွေ့ ရတတ်သော ပြသနာတစ်ရပ်ဖြစ်သည်။ အထူးသဖြင့် လစဉ်မျိုးဥမကြွေမီရက်များတွင် သားအိမ်ခေါင်းမှ ပုံမှန်ထက်ပိုသောအကျိအချွဲများ ထွက်သဖြင့် အဖြူဆင်းခြင်းကို ကြုံတွေ့ရလေ့ရှိသည်။ အဆိုပါအဖြူဆင်းခြင်းကို ဆယ်ကျော်သက်အရွယ် အမျိုးသမီးများတွင် ပိုမိုဖြစ်ပွားနိုင်ကာ အခြားမည်သည့်လက္ခဏာမျှ ခံစားရခြင်းမရှိပဲ ရက်အနည်းငယ်အတွင်း ပျောက်ကင်းသွားနိုင်သည်။

သို့သော် အဖြူဆင်းရာတွင် အနံ့နံခြင်း၊ ယားယံခြင်းနှင့် ပူခြင်းကဲ့သို့သော လက္ခဏာများကိုပါ တွဲ၍ ခံစားရလျှင် ရောဂါကြောင့်ဖြစ်သော အဖြူဆင်းခြင်းမျိုး ဖြစ်နိုင်ပြီး အဆိုပါ အဖြူဆင်းခြင်းမျိုးသည် ထိရောက်သော ကုသမှု ခံယူရန်လိုနိုင်သဖြင့် အမျိုးသမီးများအနေနှင့် အဖြူဆင်းခြင်းနှင့် ပတ်သတ်သော သိသင့်သည်များ သိရှိထားရန်လိုသည်။

အဖြူဆင်းခြင်းကို ဖြစ်ပေါ်စေသော အရာများ

-ဟော်မုန်းများပြောင်းလဲခြင်းကြောင့်ဖြစ်သော အဖြူဆင်းခြင်း
လိင်မှတဆင့်ကူးစက်တတ်သော ရောဂါများ (ဥပမာဆီးပူညောင်းကျရောဂါ)
-PID ခေါ် အမျိုးသမီးမီးယပ်ရောဂါများ
-မိန်းမကိုယ်လမ်းကြောင်း ပိုးဝင်ခြင်း (ဥပမာ၊ မှိုရောဂါ)
-သားအိမ်ခေါင်းပိုးဝင်ခြင်းကြောင့် ရောင်ရမ်းခြင်း
-ကိုယ်ဝန်ဆောင်ချိန်အဖြူဆင်းခြင်း
-ဆေးဝါးများကြောင့်ဖြစ်သော အဖြူဆင်းခြင်း (ဥပမာ ပဋိဇီဝပိုးသတ်ဆေးများ)
-အမျိုးသမီး မီးယပ်ဆိုင်ရာ ကင်ဆာများ(မျိုးဥအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ)

အဖြူဆင်းခြင်းပုံစံအမျိုးမျိုး

(၁) အဖြူရောင်အရည်များဆင်းခြင်း

ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ဖြစ်သော အဖြူဆင်းခြင်းမျိုးဖြစ်နိုင်ပြီး တခါတရံ ရေကဲ့သို့ ကြည်လင်ကာ အများအပြား ဆင်းတတ်သည်။ လေ့ကျင့်ခန်းလုပ်သူများနှင့် စိတ်ဖိစီးမှု များသူများတွင် ပိုမိုတွေ့ရတတ်သည်။

(၂) ဖြူပျစ်ပျစ်အရည်များဆင်းခြင်း

မှိူကြောင့်ဖြစ်သော အဖြူဆင်းခြင်းမျိုးဖြစ်နိုင်ကာ ယားယံခြင်းကို တွဲ၍ ခံစားရနိုင်သည်။

(၃) အဝါရောင်(သို့)အညိုရောင်ရှိသော အဖြူဆင်းခြင်း

ရောဂါပိုးကြောင့်ဖြစ်သော အဖြူဆင်းခြင်းမျိုးဖြစ်ပြီး ကုသရန်လိုနိုင်သည်။ တခါတရံ ပူခြင်း၊ နာကျင်ခြင်းနှင့် အနံ့ဆိုးများကိုတွဲ၍ ခံစားရတတ်ပြီး အထူးသဖြင့် ကာလသားရောဂါများတွင် အဆိုပါ အဖြူဆင်းခြင်းမျိုးကို တွေ့ရသည်။

(၄) အဖြူဆင်းရာတွင် သွေးစများပါလာတတ်ခြင်း

ရာသီသွေးပေါ်ပြီးစနှင့် ကိုယ်ဝန်ဆောင်ကာစ ကာလများတွင် သွေးစများပါသော အဖြူဆင်းခြင်းများ ဖြစ်ပေါ်ခံစားရလေ့ရှိသည်။ ကိုယ်ဝန်မရအောင် တားထားခြင်း မရှိသည့် အိမ်ထောင်သည် အမျိုးသမီးများအနေနှင့် ရာသီပေါ်ချိန်တွင် ရာသီသွေး မဆင်းပဲ သွေးစများပါသည့် အဖြူဆင်းခြင်းမျိုးသာ ဖြစ်ပေါ်ပါက ကိုယ်ဝန် ရှိ/မရှိ စစ်ဆေးသင့်သည်။

(၅) သွေးစများနှင့်အတူ အနံ့ဆိုးပါသော အဖြူဆင်းခြင်း

အသက်ကြီး အမျိုးသမီးများတွင်ဖြစ်လျှင် သားအိမ်ခေါင်း ရောင်ရမ်းခြင်းနှင့် သားအိမ်ခေါင်းကင်ဆာကဲ့သို့သော ရောဂါများကြောင့် အဖြူဆင်းခြင်းမျိုး ဖြစ်နိုင်ပြီး သားအိမ်ခေါင်းချွဲမြှေးစစ်ဆေးခြင်း ပြုလုပ်ရန်လိုသည်။

အဖြူဆင်းခြင်းကို စိုးရိမ်ရန်လိုသလား

အဖြူဆင်းခြင်းကို ဖြစ်ပေါ်စေသော အကြောင်းအရာများ များစွာရှိပြီး အချို့သော အဖြူဆင်းခြင်းများသည် အမြန်ဆုံးကုသမှုခံယူခြင်း မရှိပါက ရောဂါပိုမိုဆိုးလာကာ ကုသရန်ခက်ခဲခြင်းနှင့် သားသမီးမရနိုင်ခြင်းကဲ့သို့ ပြင်းထန်သော နောက်ဆက်တွဲ ပြဿနာများ ခံစားရစေနိုင်သဖြင့် ပုံမှန်မဟုတ်သော အဖြူဆင်းခြင်း လက္ခဏာများ ခံစားရခြင်းရှိပါက ဆရာဝန်နှင့် အမြန်ဆုံး တိုင်ပင်ပြီး လိုအပ်သလို ကုသမှု ခံယူရန်လိုသည်။

ပုံမှန်မဟုတ်သော အဖြူဆင်းခြင်းများ
- ရောဂါ တခုခုကြောင့် ဆေးဝါးများ စွဲ၍သောက်သုံးနေရခြင်း၊
- ဆီးချိုရောဂါရှိခြင်း၊
- အဖြူဆင်းရာတွင် ပမာဏများလွန်းခြင်း၊
-ခန္ဓာကိုယ် နုံးချိနေခြင်း၊
- အဖြူပျစ်ပျစ်နှင့် ပမာဏများစွာဆင်းခြင်း၊
-အနံ့ဆိုးထွက်ခြင်း၊
-ယားယံခြင်း၊ နာကျင်ခြင်း၊ ပူခြင်း၊
အညိုရောင် / အစိမ်းရောင် / အဝါရောင် စသည်ဖြင့် အရောင်များပါနေခြင်း စသည်တို့သည် ပုံမှန်မဟုတ်သော အဖြူဆင်းခြင်းမျိုးဖြစ်သည်။

ကိုယ်ဝန်ဆောင်ကာလတွင် အဖြူဆင်းခြင်းကို ရံဖန်ရံခါ ခံစားရနိုင်သော်လည်း အထက်ပါ ပုံမှန်မဟုတ်သော လက္ခဏာများ တွဲ၍ခံစားရလျှင် မိခင်ရော ကလေးပါ အန္တရာယ်ရှိနိုင်သည့်အတွက် ဆရာဝန်နှင့် အမြန်ဆုံးတိုင်ပင်ပြသ ကုသမှုခံယူရမည်။

"ကာလသားရောဂါအကြောင်း သိကောင်းစရာ"ကာလသားရောဂါသည် လိင်ဆက်ဆံရာမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများအနက် တစ်ခုအပါအဝင်ဖြစ်ပါတယ်။ က...
06/30/2024

"ကာလသားရောဂါအကြောင်း သိကောင်းစရာ"

ကာလသားရောဂါသည် လိင်ဆက်ဆံရာမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများအနက် တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ကာလသားရောဂါဖြစ်ရခြင်းမှာ Treponema pallidum ဟုခေါ်သော ဘက်တီးရီးယားပိုး ကူးစက်ခံရခြင်းကြောင့်ဖြစ်ပါတယ်။ ထိုဘက်တီးရီးယားပိုးသည် ခန္ဓာကိုယ်အတွင်းရှိ အရေပြားအနာများ၊ ခန္ဓာကိုယ်တွင်းမှထွက်သော အရည်များ အစရှိသည်တို့တွင် ပုန်းအောင်းနေတတ်ပါတယ်။

ကာလသားရောဂါ ကူးစက်နိုင်သော နည်းလမ်းများကိုလည်း သိရှိစေဖို့ ပြောပြပေးလိုပါတယ်။
– ကာလသားရောဂါပိုးရှိနေသူ၏ သွေးသွင်းမိခြင်း၊
– ရောဂါပိုးရှိသူနှင့်အပ်တစ်ချောင်းတည်း မျှဝေသုံးစွဲခြင်း၊
– ရောဂါပိုးရှိသူ၏ အရေပြားအနာ၊ ခန္ဓာကိုယ်အတွင်းမှ ထွက်သော အရည်များနှင့် ထိတွေ့မိခြင်း၊
– ကာလသားရောဂါရှိသူနှင့် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း အစရှိသည့် နည်းလမ်းများမှတစ်ဆင့် ကူးစက်နိုင်ပါတယ်။ ထို့အပြင် ကာလသားရောဂါပိုးရှိနေသည့် ကိုယ်ဝန်ဆောင်မိခင်မှတစ်ဆင့် ကလေးဆီသို့လည်း ကူးစက်နိုင်ပါသေးတယ်။

ကာလသားရောဂါကူးစက်ခံရသူသည် အချိန်ကာလအတော်ကြာမြင့်သည်အထိ ရောဂါလက္ခဏာမပြပဲ ရှိနေတတ်ပါတယ်။ သို့ဖြစ်ပါသောကြောင့် ကာလသားရောဂါ ကူးစက်ခံရသည်ဟု သံသယရှိလျှင် (သို့) ရောဂါလက္ခဏာများ ခံစားရလျှင် နီးစပ်ရာဆေးရုံ၊ဆေးခန်းသို့ အမြန်သွားရောက်ပြီး ကုသမှု ခံယူသင့်ပါတယ်။

ဆက်လက်၍ ကာလသားရောဂါကူးစက်ခံရသူတွင် တွေ့ကြုံရတတ်သော ရောဂါလက္ခဏာများကိုလည်း ပြောပြပေးပါရစေ။ ကာလသားရောဂါတွင် အဆင့်၄ဆင့်ရှိပါတယ်။ ရောဂါလက္ခဏာများမှာ အဆင့်တစ်ဆင့်ချင်းစီတွင်ရှိပြီး ကွာခြားမှုလေးတွေရှိပါတယ်။

Primary Syphilis (ပထမအဆင့်)
ပထမအဆင့်သည် ရောဂါပိုးစတင်ကူးစက်ခံရပြီး ၁၀ရက်မှ ရက်၉၀အတွင်း လက္ခဏာများ စတင်ပေါ်ပေါက်လာပါတယ်။ ရောဂါပိုးနဲ့ထိတွေ့မိတဲ့အရေပြားမှာ အနာစဖြစ်ပြီး ၎င်းအနာမှာ နာလို့နာမှန်းမသိဘဲ မာမာလေးရှိနေတတ်ပါတယ်။ ဒါကို Chancreလို့ ခေါ်ပါတယ်။ ဒီအနာရဲ့ ဘေးပတ်ဝန်းကျင်တစ်ဝိုက်မှာ အလုံးအကျိတ်ပေါက်တတ်ပါတယ်။ မိန်းမကိုယ်နဲ့ စအိုနားတစ်ဝိုက်တွင် အနာပေါက်ပါက သတိမထားမိဘဲ ရှိနေတတ်ပါတယ်။

Chancreသည် လက်ချောင်းများကြား၊ လက်ထိပ်၊ လျှာ၊ အာခေါင်နှင့် နို့သီးခေါင်းတစ်ဝိုက်တွင်လည်း ပေါက်တတ်ပါတယ်။ chancreသည် ၂ပတ်ကနေ ၆ပတ်အတွင်း ဆေးကုသမှု ခံယူခြင်းမရှိလည်း သူ့အလိုအလျောက်ပျောက်သွားတတ်ပါတယ်။ သို့သော် ပထမအဆင့်တွင် ဆေးကုသမှု မခံယူပါက ၃လအကြာတွင် ဒုတိယအဆင့်သို့ ရောက်ရှိသွားနိုင်ပါတယ်။

Secondary Syphilis (ဒုတိယအဆင့်)
ဒုတိယအဆင့်တွင် ကိုယ်ပူခြင်း၊ မအီမသာဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်းစသည့်ဝေဒနာများ ခံစားရတတ်ပါတယ်။ ၇၅ရာခိုင်နှုန်းသော လူများတွင် အနီကွက်များ ပေါ်လာတတ်ပါတယ်။ များသောအားဖြင့် ခန္ဓာကိုယ်တစ်ဝိုက်တွင် တွေ့ရတတ်ပြီး လက်ဖဝါး၊ ခြေဖဝါး၊ မျက်နှာ အစရှိသည်တို့တွင်လည်း ထင်ရှားစွာတွေ့ရတတ်ပါတယ်။

အနီကွက်တွေဟာ ယားယံခြင်းမရှိပါ။ အရောင်ဖျော့နေတတ်တဲ့အတွက် သတိမပြုမိဘဲ ရှိနေတတ်ပါတယ်။ တခြားသော လက္ခဏာများမှာ ဦးနှောက်အမြှေးရောင်ခြင်း၊ အစာအိမ်ရောင်ခြင်း၊ အသည်းရောင်ခြင်း၊ ကျောက်ကပ်ရောင်ခြင်းစသည့်ရောဂါဝေဒနာများလည်း ခံစားရတတ်ပါတယ်။ ဒုတိယအဆင့်တွင် ဆေးကုသမှုမခံယူလျှင် (သို့) မှန်ကန်သော ဆေးကုသမှုမခံယူလျှင် ၂ပတ်မှ ၄ပတ်အတွင်း ပျောက်ကွယ်ပြီး နောက်တစ်ဆင့်သို့ ရောက်ရှိသွားနိုင်ပါတယ်။

Latent Syphilis (ရောဂါငုပ်နေတဲ့အဆင့်)
ယခုအဆင့်တွင် ရောဂါလက္ခဏာများ မပေါ်ဘဲ နှစ်ပေါင်းများစွာ ကြာရှိနေတတ်ပါတယ်။ ၆၀ရာခိုင်နှုန်းသောလူများတွင် ရောဂါလက္ခဏာမပြဘဲ (သို့) ရောဂါလက္ခဏာများ အနည်းအကျဉ်းမျှသာတွေ့ရတတ်ပါတယ်။ သို့သော် ယခုအဆင့်တွင် သေချာစွာ ဆေးကုသမှုမခံယူပါက အန္တရာယ်ရှိသည့် တတိယအဆင့်သို့ ရောက်ရှိသွားနိုင်ပါတယ်။

Tertiary Syphilis (တတိယအဆင့်)
ရှေ့ကဖော်ပြခဲ့သော အဆင့်များတွင် ဆေးကုသမှုမခံယူခဲ့ပါက ရောဂါပိုးဝင်ရောက်ပြီး ၃နှစ်မှ ၁၀နှစ်အတွင်း အန္တရာယ်ရှိသည့် တတိယအဆင့်သို့ ရောက်ရှိသွားနိုင်ပါတယ်။ တတိယအဆင့်တွင် အရေပြား၊ အရိုး၊ ကြွက်သားများနှင့် ကိုယ်တွင်းကလီစာများပါ ထိခိုက်နိုင်ပါတယ်။ ထို့အပြင် ဦးနှောက်နှင့် အာရုံကြော၊ နှလုံး၊ အသည်း၊ မျိုးပွားအင်္ဂါများအထိ ထိခိုက်နိုင်ပါသေးတယ်။

ကာလသားရောဂါပိုးသည် နှလုံးထဲသို့ ရောက်သွားပါက နှလုံးသွေးလွှတ်ကြောတွင် အလုံးအကြိတ်ဖြစ်ခြင်း၊ ရင်ဘတ်အောင့်ခြင်းစသည်တို့ဖြစ်ပေါ်နိုင်ပါတယ်။ ဦးနှောက်ထဲသို့ ရောက်ရှိသွားပါက ခန္ဓာကိုယ်မလှုပ်ရှားနိုင်ခြင်း၊ အလွန်အမင်းခေါင်းကိုက်ခြင်း၊ သတိလစ်ခြင်းစသည့်ဝေဒနာများခံစားရပြီး အသက်ဆုံးရှုံးနိုင်သည်အထိ အန္တရာယ်ရှိပါတယ်။

ကာလသားရောဂါရှိသည့် ကိုယ်ဝန်ဆောင်မိခင်မှသည်လည်း ကလေးသို့ကူးစက်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် သေချာစွာ ဆေးကုသမှု မခံယူပါက
– ကလေးပျက်ကျခြင်း(သို့) ကလေးအသေမွေးခြင်း၊
– ပေါင်မပြည့်၊ လမစေ့သော ကလေးမွေးဖွားနိုင်ခြင်း၊
– မွေးဖွားလာသော ကလေးတွင်လည်း မွေးရာပါကာလသားရောဂါပိုးပါလာခြင်း (congenital syphilis) စသည့်ဆိုးကျိုးများစွာ ကြုံတွေ့ခံစားရမည်ဖြစ်ပါတယ်။

ထိုကဲ့သို့ ဆိုးရွားလှသော အသက်အန္တရာယ်အထိပါ ဒုက္ခပေးနိုင်သော ကာလသားရောဂါကို မိမိတွင် တွေ့ရှိခံစားရသည်နှင့် (သို့)သံသယရှိသည်နှင့်တစ်ပြိုင်နက် ဆရာဝန်နှင့် သေချာစွာ တိုင်ပင်ဆွေးနွေး၍ ကုသမှုခံယူသင့်ပါတယ်။ ထို့အပြင့် ရောဂါပိုးမကူစက်နိုင်အောင် ကာကွယ်ရန်နည်းလမ်းများကိုလည်း သိရှိသင့်ပါတယ်။

– လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ပါ။ တစ်လင်တစ်မယားစနစ်သာ ကျင့်သုံးပါ။ မရှောင်နိုင်ပါက ကွန်ဒုံးကို စနစ်တကျအသုံးပြုပါ။
– ရောဂါအခြေအနေတစ်ခုခုကြောင့် သွေးသွင်းဖို့လိုအပ်ပါက ကာလသားရောဂါ/ HIV အစရှိသည့် ရောဂါပိုးများ ရှိ/မရှိ သေချာစစ်ဆေးထားသော သွေးကိုသွင်းရန် အထူးသတိပြုပါ။
– တစ်ခါသုံးဆေးထိုးအပ်ကိုသာ အသုံးပြုပါ။
– ကာလသားရောဂါပိုးရှိသည့် ကိုယ်ဝန်ဆောင်မိခင်မှ ကလေးသို့ မကူးစက်အောင် ကိုယ်ဝန်ဆောင်စဉ်ကာလတွင် ကာလသားရောဂါ၊ HIV အစရှိသည့်ရောဂါပိုးများ ရှိ/မရှိ ဆေးစစ်ပါ။ အကယ်၍ ရောဂါပိုးကူးစက်ခံရပါက တတ်ကျွမ်းနားလည်သော ဆရာဝန်များနှင့်တိုင်ပင်ဆွေးနွေးကုသမှုခံယူပါ။

ကာလသားရောဂါ၊ ခုခံအားကျဆင်းမှုကူးစက်ရောဂါအစရှိသည်တို့သည် အတူစား၊ အတူသွား၊ အလုပ်အတူတူလုပ်ရုံမျှဖြင့် မကူးစက်နိုင်ပါ။ အထက်ပါဖော်ပြခဲ့သော ကာလသားရောဂါ၏ လက္ခဏာများ၊ ဆောင်ရန်၊ ရှောင်ရန်နည်းလမ်းများကို သိရှိပြီး အချိန်မီ ဆေးကုသမှု ခံယူကြပါရန် တိုက်တွန်းလိုက်ရပါသည်။

ကျန်းမာပျော်ရွှင်၍ ရောဂါကင်းစင်သောဘဝများ ပိုင်ဆိုင်နိုင်ကြပါစေ

အရေးပေါ်ကိုယ်ဝန်တားဆေး ကို မှားယွင်းစွာ သောက်နေကြတာ တွေ့နေရပါတယ်။ဒါကြောင့် အရေးပေါ်တားဆေး နဲ့ ပတ်သက်ပြီး သိထားသင့်သည့် အ...
06/30/2024

အရေးပေါ်ကိုယ်ဝန်တားဆေး ကို မှားယွင်းစွာ သောက်နေကြတာ တွေ့နေရပါတယ်။ဒါကြောင့် အရေးပေါ်တားဆေး နဲ့ ပတ်သက်ပြီး သိထားသင့်သည့် အချက်လေးတွေကို တင်ပေးလိုက်ပါတယ်။မဖြစ်ခင် ကာကွယ်ပါ။ဖြစ်ပြီးသွားရင် အချိန်မီ ဆေးသောက်ပါ။ကိုယ်ဝန်မလိုချင်သေးတဲ့ အခြေအနေမှာ ကိုယ်ဝန်မရရှိစေရန်အတွက် ဂရုပြုပါ။

ဆီးချိုဝေဒနာရှင်တွေ က ဘာစားလို့ရလဲ ခဏခဏ အမေးများလာလို့ ထပ်တင်ပေးလိုက်ပါတယ်။ဆီးချိုရောဂါ ဝေဒနာရှင်အများစု က ဘာမှမစားရဘူးပ...
05/11/2024

ဆီးချိုဝေဒနာရှင်တွေ က ဘာစားလို့ရလဲ ခဏခဏ အမေးများလာလို့ ထပ်တင်ပေးလိုက်ပါတယ်။

ဆီးချိုရောဂါ ဝေဒနာရှင်အများစု က ဘာမှမစားရဘူးပဲ သိထားတော့ ထင်ရာတွေစားပြီး ဆီးချိုမထိန်းနိုင်တာတွေ ဖြစ်တတ်ပါတယ်။ အဓိကကတော့ စားတဲ့အချိန်မှာ အာသာပြေရုံ နည်းနည်း စားပေးနိုင်ရင် မိမိစားချင်တာလည်း စားနိုင်သလို ဆီးချိုကိုလည်း ထိန်းနိုင်ပါဖြစ်ပါတယ်။ စားချင်တာကို အလွန်အကျွံ ယစားပြီး ဆီးချို level တွေ အရမ်းတက်နေတာကတော့ ရေရှည်အတွက် မကောင်းပါဘူး။ဒါကြောင့် ချင့်ချိန်ပြီး စားခြင်းအားဖြင့် ဆီးချို ကောင်းကောင်းထိန်းနိုင်ပြီး ကျန်းမာပျော်ရွှင်သော ဘဝ ကို ပိုင်ဆိုင်နိုင်ပါစေ။

မှတ်ချက် - ပုံမှန်ထမင်းစားတာအပြင် တစ်မျိုးကနေ နှစ်မျိုးအထိ စားနိုင်ပါတယ်။ ဆီးချိုပမာဏ ပေါ်မူတည်ပြီး ချင့်ချိန်စားဖို့လိုပါတယ်။ ပြောထားတဲ့ ပမာဏ အတိုင်း စားဖို့တော့လိုပါတယ်။

ဒေါက်တာ ညီညီကျော်

11/08/2023

အဖြူဆင်းခြင်းနှင့် အမျိုးသမီးကျန်းမာရေး

****************

အမျိုးသမီးတဦး၏ ဘဝတစ်လျောက် အဖြူဆင်းခြင်း ပြဿနာများကို ရံဖန်ရံခါ ဖြစ်ပေါ်ခံစားရလေ့ရှိသည်။ တခါတရံ အဖြူဆင်းရာတွင် ယားယံခြင်း၊ အချိန်ကြာမြင့်စွာ အဖြူဆင်းတတ်ခြင်းနှင့် ခန္ဓာကိုယ်နုံးချိခြင်းစသည်တို့နှင့်အတူ စိတ်ဓာတ်ကျခြင်းနှင့် စိတ်ဂဏမငြိမ်ဖြစ်ခြင်းစသည့် လက္ခဏာများကိုလည်း ခံစားရတတ်သည်။

မိန်းမကိုယ်တွင် သဘာဝအတိုင်း အရည်အကျိအချွဲများ ရှိနေပြီး မိန်းမကိုယ်စိုစွတ်နေစေရန်နှင့် ချောမွေ့စေရန် ပြုလုပ်ပေးသည်။ အကြောင်းအမျိုးမျိုးကြောင့် အဆိုပါ အရည်အကျိအချွဲများ များလာခြင်းကို အဖြူဆင်းခြင်းဟုခေါ်သည်။

အဖြူဆင်းခြင်းသည် အမျိုးသမီးတစ်ဦး၏ အသက်အရွယ်ကိုလိုက်၍ ကြုံတွေ့ ရတတ်သော ပြသနာတစ်ရပ်ဖြစ်သည်။ အထူးသဖြင့် လစဉ်မျိုးဥမကြွေမီရက်များတွင် သားအိမ်ခေါင်းမှ ပုံမှန်ထက်ပိုသောအကျိအချွဲများ ထွက်သဖြင့် အဖြူဆင်းခြင်းကို ကြုံတွေ့ရလေ့ရှိသည်။ အဆိုပါအဖြူဆင်းခြင်းကို ဆယ်ကျော်သက်အရွယ် အမျိုးသမီးများတွင် ပိုမိုဖြစ်ပွားနိုင်ကာ အခြားမည်သည့်လက္ခဏာမျှ ခံစားရခြင်းမရှိပဲ ရက်အနည်းငယ်အတွင်း ပျောက်ကင်းသွားနိုင်သည်။

သို့သော် အဖြူဆင်းရာတွင် အနံ့နံခြင်း၊ ယားယံခြင်းနှင့် ပူခြင်းကဲ့သို့သော လက္ခဏာများကိုပါ တွဲ၍ ခံစားရလျှင် ရောဂါကြောင့်ဖြစ်သော အဖြူဆင်းခြင်းမျိုး ဖြစ်နိုင်ပြီး အဆိုပါ အဖြူဆင်းခြင်းမျိုးသည် ထိရောက်သော ကုသမှု ခံယူရန်လိုနိုင်သဖြင့် အမျိုးသမီးများအနေနှင့် အဖြူဆင်းခြင်းနှင့် ပတ်သတ်သော သိသင့်သည်များ သိရှိထားရန်လိုသည်။

အဖြူဆင်းခြင်းကို ဖြစ်ပေါ်စေသော အရာများ

-ဟော်မုန်းများပြောင်းလဲခြင်းကြောင့်ဖြစ်သော အဖြူဆင်းခြင်း
လိင်မှတဆင့်ကူးစက်တတ်သော ရောဂါများ (ဥပမာဆီးပူညောင်းကျရောဂါ)
-PID ခေါ် အမျိုးသမီးမီးယပ်ရောဂါများ
-မိန်းမကိုယ်လမ်းကြောင်း ပိုးဝင်ခြင်း (ဥပမာ၊ မှိုရောဂါ)
-သားအိမ်ခေါင်းပိုးဝင်ခြင်းကြောင့် ရောင်ရမ်းခြင်း
-ကိုယ်ဝန်ဆောင်ချိန်အဖြူဆင်းခြင်း
-ဆေးဝါးများကြောင့်ဖြစ်သော အဖြူဆင်းခြင်း (ဥပမာ ပဋိဇီဝပိုးသတ်ဆေးများ)
-အမျိုးသမီး မီးယပ်ဆိုင်ရာ ကင်ဆာများ(မျိုးဥအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ)

အဖြူဆင်းခြင်းပုံစံအမျိုးမျိုး

(၁) အဖြူရောင်အရည်များဆင်းခြင်း

ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ဖြစ်သော အဖြူဆင်းခြင်းမျိုးဖြစ်နိုင်ပြီး တခါတရံ ရေကဲ့သို့ ကြည်လင်ကာ အများအပြား ဆင်းတတ်သည်။ လေ့ကျင့်ခန်းလုပ်သူများနှင့် စိတ်ဖိစီးမှု များသူများတွင် ပိုမိုတွေ့ရတတ်သည်။

(၂) ဖြူပျစ်ပျစ်အရည်များဆင်းခြင်း

မှိူကြောင့်ဖြစ်သော အဖြူဆင်းခြင်းမျိုးဖြစ်နိုင်ကာ ယားယံခြင်းကို တွဲ၍ ခံစားရနိုင်သည်။

(၃) အဝါရောင်(သို့)အညိုရောင်ရှိသော အဖြူဆင်းခြင်း

ရောဂါပိုးကြောင့်ဖြစ်သော အဖြူဆင်းခြင်းမျိုးဖြစ်ပြီး ကုသရန်လိုနိုင်သည်။ တခါတရံ ပူခြင်း၊ နာကျင်ခြင်းနှင့် အနံ့ဆိုးများကိုတွဲ၍ ခံစားရတတ်ပြီး အထူးသဖြင့် ကာလသားရောဂါများတွင် အဆိုပါ အဖြူဆင်းခြင်းမျိုးကို တွေ့ရသည်။

(၄) အဖြူဆင်းရာတွင် သွေးစများပါလာတတ်ခြင်း

ရာသီသွေးပေါ်ပြီးစနှင့် ကိုယ်ဝန်ဆောင်ကာစ ကာလများတွင် သွေးစများပါသော အဖြူဆင်းခြင်းများ ဖြစ်ပေါ်ခံစားရလေ့ရှိသည်။ ကိုယ်ဝန်မရအောင် တားထားခြင်း မရှိသည့် အိမ်ထောင်သည် အမျိုးသမီးများအနေနှင့် ရာသီပေါ်ချိန်တွင် ရာသီသွေး မဆင်းပဲ သွေးစများပါသည့် အဖြူဆင်းခြင်းမျိုးသာ ဖြစ်ပေါ်ပါက ကိုယ်ဝန် ရှိ/မရှိ စစ်ဆေးသင့်သည်။

(၅) သွေးစများနှင့်အတူ အနံ့ဆိုးပါသော အဖြူဆင်းခြင်း

အသက်ကြီး အမျိုးသမီးများတွင်ဖြစ်လျှင် သားအိမ်ခေါင်း ရောင်ရမ်းခြင်းနှင့် သားအိမ်ခေါင်းကင်ဆာကဲ့သို့သော ရောဂါများကြောင့် အဖြူဆင်းခြင်းမျိုး ဖြစ်နိုင်ပြီး သားအိမ်ခေါင်းချွဲမြှေးစစ်ဆေးခြင်း ပြုလုပ်ရန်လိုသည်။

အဖြူဆင်းခြင်းကို စိုးရိမ်ရန်လိုသလား

အဖြူဆင်းခြင်းကို ဖြစ်ပေါ်စေသော အကြောင်းအရာများ များစွာရှိပြီး အချို့သော အဖြူဆင်းခြင်းများသည် အမြန်ဆုံးကုသမှုခံယူခြင်း မရှိပါက ရောဂါပိုမိုဆိုးလာကာ ကုသရန်ခက်ခဲခြင်းနှင့် သားသမီးမရနိုင်ခြင်းကဲ့သို့ ပြင်းထန်သော နောက်ဆက်တွဲ ပြဿနာများ ခံစားရစေနိုင်သဖြင့် ပုံမှန်မဟုတ်သော အဖြူဆင်းခြင်း လက္ခဏာများ ခံစားရခြင်းရှိပါက ဆရာဝန်နှင့် အမြန်ဆုံး တိုင်ပင်ပြီး လိုအပ်သလို ကုသမှု ခံယူရန်လိုသည်။

ပုံမှန်မဟုတ်သော အဖြူဆင်းခြင်းများ
- ရောဂါ တခုခုကြောင့် ဆေးဝါးများ စွဲ၍သောက်သုံးနေရခြင်း၊
- ဆီးချိုရောဂါရှိခြင်း၊
- အဖြူဆင်းရာတွင် ပမာဏများလွန်းခြင်း၊
-ခန္ဓာကိုယ် နုံးချိနေခြင်း၊
- အဖြူပျစ်ပျစ်နှင့် ပမာဏများစွာဆင်းခြင်း၊
-အနံ့ဆိုးထွက်ခြင်း၊
-ယားယံခြင်း၊ နာကျင်ခြင်း၊ ပူခြင်း၊
အညိုရောင် / အစိမ်းရောင် / အဝါရောင် စသည်ဖြင့် အရောင်များပါနေခြင်း စသည်တို့သည် ပုံမှန်မဟုတ်သော အဖြူဆင်းခြင်းမျိုးဖြစ်သည်။

ကိုယ်ဝန်ဆောင်ကာလတွင် အဖြူဆင်းခြင်းကို ရံဖန်ရံခါ ခံစားရနိုင်သော်လည်း အထက်ပါ ပုံမှန်မဟုတ်သော လက္ခဏာများ တွဲ၍ခံစားရလျှင် မိခင်ရော ကလေးပါ အန္တရာယ်ရှိနိုင်သည့်အတွက် ဆရာဝန်နှင့် အမြန်ဆုံးတိုင်ပင်ပြသ ကုသမှုခံယူရမည်။


ကျန်းမားရေးအတွက် သိလိုရာဆွေးနွေးတိုင်ပင်နိုင်ပါသည်။

11/02/2023

ရိုးရိုးမွေးခြင်းနှင့် ခွဲမွေးခြင်းတို့၏ အားသာချက်၊ အားနဲချက်များ

=========================

ကလေးတွေအတွက် လူ့လောကကို ၀င်လာဖို့ နည်းလမ်း၂သွယ်ရှိပါတယ်။ ကိုယ်၀န်ဆောင် အမျိုးသမီး အနေနဲ့ကျန်းမာရေးကောင်းမွန်နေရင် ရိုးရိုးမွေးလို့ရသလို ကျန်းမာရေး အားနဲချက် ရှိနေ ရင်တော့ ခွဲမွေး ရလေ့ရှိပါတယ်။ အဓိကကတော့ မိခင်ရော ကလေးပါ ကျန်းကျန်းမာမာနဲ့ အသက်ရှင် သန်နေဖို့ပါပဲ။ ဒါပေမယ့် အခုနောက်ပိုင်း မှာတော့ ရိုးရိုးမွေးနိုင်တဲ့ အနေအထားမှာ ရှိနေပေမယ့်လည်း အလှမပျက်ချင်လို့ ခွဲမွေးကြတဲ့ အမျိုးသမီးဦးရေဟာ များသည်ထက်များလာပြီး ခွဲမွေးတာကိုက ဖက်ရှင်လိုဖြစ်နေတဲ့အတွက် ပညာရှင်များက ရိုးရိုးမွေးခြင်းနဲ့ ခွဲမွေးခြင်း တို့ရဲ့ အားသာချက်၊ အားနဲချက်တွေကို နှိူင်းယှဉ်ဖော်ပြထား ပါတယ်။

အမွှာပူးမွေးမယ်၊ ဆီးချို၊ သွေးတိုးတွေလို ကျန်းမာရေး အားနဲချက်ရှိမယ်၊ HIV ဝေဒနာသည်ဖြစ်နေမယ်၊ ဒါမှမဟုတ် အချင်းနဲ့ပါတ်သက်တဲ့ပြဿနာတွေ ရှိနေမယ်ဆိုရင် ခွဲမွေးရလေ့ရှိပြီး ကာယကံရှင်ကိုလည်း သူခွဲမွေးမှ ရမယ်ဆိုတာကို ကြိုတင်အသိပေးထားလေ့ ရှိပါတယ်။ ကလေးအရွယ် ကြီးလွန်းပြီး မိခင် တင်ပဆုံ ကျဉ်းလွန်းရင်လည်းကောင်း၊ ကလေးက မွေးလမ်းကြောင်းကို ခေါင်းမတည်ထားသလို အဲဒီ လိုခေါင်းတည်လာအောင် အပြင်ကနေလှည့်ပေးတာ ကလည်း မအောင်မြင်ရင်လည်းကောင်း ခွဲမွေးရပါ တယ်။ တစ်ခါတလေ မွေးခန်းထဲကိုရောက်ပြီးမှ ကလေးအောက်စီ ဂျင် မရတော့တဲ့ ပြဿနာမျိုးဖြစ်ပြီး အရေးပေါ်ခွဲမွေး လိုက်ရတာလည်း ရှိပါတယ်။ အခုနောက်ပိုင်း မှာတော့ လိုအပ်လို့ခွဲမွေးရတဲ့အပြင် မွေး လူနာရဲ့တောင်းဆိုချက်နဲ့ခွဲမွေးပေးရတာတွေ ပိုများလာ တာပဲ ဖြစ်ပါတယ်။

ကျန်းမာရေးရှုထောင့်ကနေကြည့်မယ်ဆိုရင် ခွဲမွေးတာဟာ ရိုးရိုးမွေးတာထက်ပိုပြီး ဘေးအန္တရယ် ကင်း တယ်လို့ထင်ရပေမယ့် ခွဲမွေးခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်အန္တရယ်တွေ ရှိနေတာ အမှန်ပဲဖြစ်ပါတယ်။

ခွဲမွေးတယ်ဆိုတာ လူနာရဲ့၀မ်းဗိုက်ကို ဖွင့်ရပါတယ်။ သားအိမ်ကို ဆက်ပြီးဖွင့်ရပါတယ်။ ကလေးကို ဆွဲထုတ်ရပါ တယ်။ ပြီးရင် သားအိမ်နဲ့၀မ်းဗိုက်ကို ပြန်ပိတ်ရပါတယ်။ ဒါဟာ အကြီးစားခွဲစိပ်မှု တစ်ခုဖြစ် ပါတယ်။ တခြား အကြီး စား ခွဲစိပ်မှုတွေလိုပဲ လူနာကိုအသက်အန္တရယ်ဖြစ်စေနိုင်ပြီး ဒီနေရာမှာ အသက် ၂ချောင်းကိစ္စကို ပြောနေတာဖြစ်ပါ တယ်။

ရိုးရိုးမွေးရတာ ပိုပြီးမိခင်ဆန်တယ်လို့ ခံစားရပါတယ်။ ကိုယ်နဲ့အတူ ၉လလုံးလုံးအတူရှိနေတဲ့ကလေးကို ကိုယ့်ရဲ့ အားနဲ့ပဲ လူ့လောကထဲ ကိုရောက်အောင် တွန်းပို့ပေးရတာ တစ်ကယ်ပဲ ပီတိဖြစ်စရာပါ။ မိခင်နဲ့ကလေးရဲ့သံယောဇဉ်ကိုလည်း အများကြီး ပိုစေနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်ဟု ရိုးရိုးမွေး ဖွားခြင်းကိုသာ ဦးစားပေး ရွေး ချယ်ခဲ့သူ ကလေး ၆ ဦး မိခင်တစ်ဦးက ပြောပြပါတယ်။

ကိုယ့်ကလေးကိုယ် ဘယ်လိုမွေးမယ်ဆိုတာ မိခင်လောင်းရဲ့ကိုယ်ပိုင်အခွင့်အရေးပဲ ဖြစ်သင့်ပါတယ်။ အသက် ၂ချောင်းနဲ့ ဆိုင်တဲ့ဆုံးဖြတ်ချက်ကို ကျွန်မတို့ကိုယ်တိုင်ပဲ ချမှတ်ချင်ပါတယ်။ ခွဲမွေးတဲ့အခါ မိခင် တစ်ခုခုဖြစ်သွား တယ် ထားအုံးတော့၊ ကလေးကတော့ အသက်ရှင်မှာ အမှန်ပါပဲ။ ကျွန်မတို့ခွဲမွေး ဖို့ရွေးချယ်တယ် ဆိုတာ ကလေးကို အမှန်တစ်ကယ်ချစ်လို့ပါ။ အလှအပနဲ့ မဆိုင်ပါဘူးလို့လည်း မိမိ ကျန်းမာရေးအခြေအနေကို စိတ်မချလို့ သားဦး ကို ခွဲမွေးထားတဲ့ မိခင်အသစ်စက်စက် တစ်ဦးက လည်း ပြောပြပါတယ်။

နှစ်ဦးနှစ်ဖက် မိသားစုအသိုင်းအဝိုင်း ဘယ်လောက်ပဲကြီးကြီး၊ တစ်နေ့တာကုန်ဆုံးသွားပြီး ညအမှောင် ဖုံးလွှမ်းသွား တဲ့အခါ ကျွန်မရဲ့ခင်ပွန်းသည်ပဲ ကျွန်မအနားမှာ ရှိပေးနိုင်တာပါ။ သူ့အတွက် ကျွန်မ တာ၀န်ကျေချင်ပါတယ်။ ဒါကြောင့် ကျွန်မရဲ့ ခန္ဓာကိုယ်အလှကို ထိန်းသိမ်းတဲ့အနေနဲ့ ကိုယ်ပဲအနာခံပြီး ခွဲမွေးဖို့ရွေးချယ်တာဖြစ်ပါတယ်လို့တမင်တကာ ခွဲမွေးဖို့ရွေးချယ်ခဲ့တဲ့ အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦး ကလည်း ပြောပြပါတယ်။

ရိုးရိုးမွေးခြင်း၏ အားသာချက်များ။ ဆေးရုံတက်ချိန် တိုတောင်းပြီး အနာကျက်ချိန် အများကြီးပိုမြန်ပါ တယ်။ နိုင်ငံ တကာမှာ ရိုးရိုးမွေးလူနာကို ဆေးရုံပေါ်မှာ ၂၄နာရီကနေ ၄၈နာရီအထိပဲ ထားပါတယ်။ ခွဲမွေးထားသလိုမျိုး သွေးထွက်လွန်ခြင်း၊ ၀မ်းဗိုက်မှာ ခွဲဒဏ်ရာကြောင့်ဖြစ်တဲ့ အမာ ရွတ်ဖြစ်ပေါ်ခြင်း၊ မေးဆေး ဒဏ်ကြောင့် မေ့တတ် လာခြင်း၊ မေ့ဆေးထိုးတားတဲ့နေရာမှာ အမြဲနာနေခြင်း တို့ကို ခံစားရမှာမဟုတ်တဲ့အပြင် ခွဲလူနာ လုပ်နိုင်မှာမဟုတ်တဲ့ ကိုယ့်ရင်သွေးလေးကိုရင်ခွင်ပိုက်ပြီး နို့ချိုတိုက်ကျွေးတာကိုလည်း ချက်ခြင်းပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

ရိုးရိုးမွေးခြင်း၏ အားနဲချက်များ။ မိန်းမကိုယ် ပတ်ပတ်လည်က အရေပြားနဲ့တစ်ရှုးတွေ စုတ်ပြဲသွားနိုင်ပါ တယ်။ ဒါတွေကို ပြန်ချုပ်ရတဲ့အခါ တင်ပဆုံကြွက်သားမှာ ဒဏ်ဖြစ်သွားနိုင်ပြီး ဆီး၊ ၀မ်းထိန်းရ ခက်သွားနိုင် ပါတယ်။ ချောင်းဆိုးလိုက်တိုင်း၊ ရယ်လိုက်တိုင်း ဆီးထွက်ကျတဲ့အမျိုးသမီးအများဟုဟာ ရိုးရိုးမွေးပြီး မိန်းမကိုယ်ကို ပြန်ချုပ် ထားရသူများ ဖြစ်ပါတယ်။ ဒါ့အပြင် မိန်းမကိုယ်နဲ့စအိုအကြား ကာလရှည်ကြာ နာကျင်နေတတ်တဲ့အတွက် မိမိ ခင်ပွန်းအပေါ် သိပ်စိတ်မရှည် ချင်တော့ပါဘူး။

ရိုးရိုးမွေးခြင်း၏ ကလေးအပေါ်သက်ရောက်သော အကျိုးအပြစ်များ။ မိခင်က ချက်ခြင်းဆိုသလို ထွေးပွေ့ ယုယ နို့ချိုတိုက်ကျွေးနိုင်ပါတယ်။ ညှစ်ပြီးမွေးတဲ့အခါ ကလေးရဲ့အဆုပ်ထဲရောက်နေတဲ့ ရေတွကိုလည်း ညှစ်ထုတ်ပေး လိုက်ပါတယ်။ ဒီတော့ မွေးပြီးတာနဲ့ကလေးက မွန်းမနေဘဲ အောက်စီဂျင်ချက်ခြင်း ရှူနိုင်မှာဖြစ်လို့ဦးနှောက်ကို ထိခိုက်မှု နဲစေနိုင်ပါတယ်။ မိခင်ရဲ့မွေးလမ်းကြောင်းတစ်လျှောက်ကနေ ခန္ဓာကိုယ် အတွက်လိုအပ်တဲ့ ဘက်တီးရီး ယား တွေ ကူးစက်လာတာမို့ ပြင်ပကမ္ဘာကို ခံနိုင်ရည်ရှိတဲ့ ခုခံအား တစ်ခါတည်း ပါလာလေ့ရှိပါတယ်။ ဒါပေမယ့် မွေးဖွားချိန် ကြာမြင့်နေမယ်ဆိုရင် ကလေးကို ညှပ်နဲ့ဆွဲထုတ်ရတာ ရှိတတ်ပြီး ဦးခေါင်းခွံပုံပျက်တာ၊ အခန့်မသင့်ရင် ကိုယ်လက် အင်္ဂါထိခိုက်တာ တို့ ဖြစ်နိုင်ပါတယ်။

ခွဲမွေးခြင်း၏အားသာချက်များ။ ရိုးရိုးမွေးနိုင်ရဲ့သားနဲ့ ခွဲမွေးမယ်ဆိုရင် အားသာချက် အထွေအထူး မရှိပါဘူး။
ခွဲမွေးခြင်း၏အားနဲချက်များ။ ဆေးရုံမှာ ရက်ပေါင်းများစွာ ကုသခံရပါတယ်။ အနဲဆုံး ၄ရက်ပါပဲ။ နာကျင် မှု၊ ယောင် ရမ်းမှုတွေကို လနဲ့ချီ ခံရနိုင်ပါတယ်။ သွေးထွက်များတဲ့အတွက် သွေးသွင်းရတာဖြစ်လို့မလို လားအပ်တဲ့ ကူးစက်မှု တွေ ဖြစ်နိုင်ပါတယ်။ အစာအိမ်၊ ဆီးအိမ်တွေကို ထိမိရှမိတတ်တဲ့အတွက် အသက် အန္တရယ်မဖြစ်တောင် တစ်သက် လုံး တမြေ့မြေ့နဲ့လောင်နေမယ့် အတွင်းမီးကို ငြိမ်းနေရနိုင်ပါတယ်။ ကလေးကိုလည်း နို့ချက်ခြင်းတိုက်နိုင်မှာ မဟုတ်ပါဘူး။ ၀မ်းဗိုက်မှာ ခွဲဒဏ်ရာ အမာရွတ်ကြီး ဖြစ်ကျန်နေ ပါလိမ့်မယ်။ ဒဏ်ရာလုံးဝပျောက်ကင်းဖို့ ၂လအနဲဆုံး ကြာမြင့်မှာဖြစ်ပြီး ခင်ပွန်းသည်အပေါ် တော်တော်နဲ့ တာ၀န်ကျေနိုင်အုံးမှာ မဟုတ်ပါဘူး။ ရိုးရိုးမွေးတာထက် ခွဲမွေး တဲ့အခါမှာ မိခင်သေဆုံးနိုင်ချေ ၃ဆပိုများ ပါတယ်။

တစ်ခါခွဲမွေးပြီးရင် နောက်အခေါက်တွေလည်း ခွဲမွေးရတာ့မှာပါ။ ဒါ့အပြင် ဒုတိယကလေးကို ကိုယ် ၀န်ဆောင် ထားတဲ့အခါ သားအိမ်ချုပ်ရိုးပြေ သွားနိုင်ပါသေးတယ်။ မိခင်ရောကလေးပါ အသက် အန္တရာယ်ရှိပါတယ်။

ခွဲမွေးခြင်း၏ ကလေးအပေါ် သက်ရောက်သော အကျိုးအပြစ်များ။ မွေးပြီးပြီးခြင်း အဆုပ်ထဲ မှာရေရှိနေ တဲ့အတွက် အသက်မရှူနိုင်ပါ။ အများစုမှာ အဆုပ်အအေးပတ်ရောဂါ ရသွားပါတယ်။ ခွဲမွေးထားတဲ့ ကလေးတွေဟာ အ၀လွန် တတ်ကြပါတယ်။ အကြောင်းရင်းကို မသိရသေးပါဘူး။ အကျိုးကတော့ တစ်ခုပဲ ရှိပါတယ်။ ခွဲမွေးတဲ့အခါမှာလို အခန့်မသင့်လို့ဆိုပြီး ညှပ်နဲ့ဆွဲထုတ်ခံရမှာ မဟုတ်တဲ့အတွက် ဦးခေါင်းမှာ ဒဏ်ရာဒဏ်ချက်တွေ ကင်းနေပါလိမ့် မယ်ဆိုတာကို လေ့လာရေးသား တင်ပြလိုက်ရပါသည်

ကျန်းမားရေးအတွက် သိလိုရာဆွေးနွေးတိုင်ပင်နိုင်ပါသည်။

10/29/2023

" ဗိုက်"ဘယ်နေရာက ဘာကြောင့်နာ အောင့်တာလဲ "
သတိပြုမိစေဖို့

ဝမ်းဗိုက်နဲ့ ပတ်သက်ပြီးတော့
အပိုင်း (၉) ပိုင်းရှိတယ်။ ပုံပါအတိုင်း။

အပိုင်း (၁)
•••••••••••
ဒီအပိုင်းမှာ ဆိုရင်တော့ အသဲ၊ သဲခြေအိတ် နဲ့ အသဲနှင့်ကပ်လျက်
အူမအကွေးပိုင်း ၊ ညာဘက် အဆုတ် အောက်ခြေအနား တို့ရှိပါတယ်။

ဒီပိုင်းနဲ့ ပတ်သက်ပြီး အောင့်တယ် ၊ နာတယ်ဆိုရင် တော့ (Virus) ပိုးအသဲထဲဝင်တာ ကြောင့် အသဲရောင်ခြင်း ၊ ဝမ်းကိုက်ပိုး အသဲထဲရောက်ခြင်း ၊ သည်းခြေအိတ်ရောင်ခြင်း ၊ သည်းခြေလမ်းကြောင်း ရောင်ရမ်းခြင်း ၊ အရက်ကြောင့် အသည်းရောင်ခြင်း ၊ အူမကြီးရောင်ခြင်း ၊ အူပိတ်ခြင်း ၊ အသည်းကင်ဆာ စတဲ့ လက္ခဏာတွေ ကြောင့်ဖြစ်နိုင်ပါတယ်။

အပိုင်း (၂)
••••••••••
ဒီအပိုင်းမှာ ဆိုရင်တော့ အစာအိမ် ၊ မုန့်ချိုအိတ် ၊ ကန့်လန့်ဖြတ်အူမ ၊ အသဲရဲ့အမွှာနုအပိုင်း တို့ရှိပါတယ်။

ဒီပိုင်းနဲ့ ပတ်သက်ပြီး အောင့်တယ် ၊ နာတယ်ဆိုရင်တော့ အစာအိမ် ရောင်ခြင်း ၊ အစာအိမ်အနာ နှင့်အတူ သွေးအန်ခြင်း ၊ သွေးဝမ်းသွားခြင်း ၊ အစာအိမ်ပေါက်ထွက်ခြင်း ၊ အူသိမ်ဦး ပေါက်ထွက်ခြင်း ၊ အစာအိမ်ကင်ဆာဖြစ်ခြင်း ၊ အူသိမ်ပိတ်ခြင်း စတဲ့ လက္ခဏာတွေ ကြောင့်ဖြစ်နိုင်ပါတယ်။

အပိုင်း (၃)
•••••••••••
ဒီအပိုင်းမှာ ဆိုရင် သရက်ရွက် (ဝါ) ဘယ်လုံးလုံး ၊ သရက်ရွက်နှင့်ကပ်လျက်အူမ အကွေးပိုင်း ၊ ဘယ်ဘက် အဆုတ် အောက်ခြေအနား တို့ရှိပါတယ်။

ဒီပိုင်းနဲ့ ပတ်သက်ပြီး အောင့်တယ် ၊ နာတယ်ဆိုရင် သရက်ရွက် (ဝါ) ဘယ်လုံးလုံး စုတ်ပြတ်ဒဏ်ရာ ၊ အူရောင်ခြင်း ၊ အူမကြီးပိတ်ခြင်း ၊ အူမကင်ဆာ ၊ အူမကြီးပေါက်ထွက်ခြင်း ၊ ဓါးထိုး ဒဏ်ရာ စတဲ့ တွေ ကြောင့်ဖြစ်နိုင်ပါတယ်။

အပိုင်း (၄)
••••••••••
ဒီအပိုင်းမှာ ဆိုရင် ညာဘက် ကျောက်ကပ် ၊ အပေါ်သို့တက်သော
အူမ အပိုင်း တို့ရှိပါတယ်။

ဒီအပိုင်းမှာဆိုရင် အူရောင်ခြင်း ၊ ကျောက်ကပ်ရောင်ခြင်း ၊ ကျောက်ကပ်ကွဲထပ်ခြင်း ၊ ကျောက်ကပ် ကင်ဆာ ၊ ကျောက်ကပ်ထဲသို့ ရေဝင်ခြင်း စတဲ့ တွေ ကြောင့် အောင့်တာ ၊ နာတာတွေ ဖြစ်တက်ပါတယ်။

အပိုင်း (၅)
•••••••••••
ဒီအပိုင်းမှာ ဆိုရင် အူသိမ် (ဝါ) အူသေး ရှိပါတယ်။ ဒီအပိုင်းမှာဆိုရင် သန်းထိုးခြင်း ၊ လေထိုးခြင်း ၊ အူသိမ် (ပိတ်ခြင်း ၊ ပေါက်ခြင်း) ၊ အူတစ်ခု နှင့် တစ်ခု ထပ်ခြင်း ၊ အူလိမ့်ခြင်း ၊ အူခေါက်သွားခြင်း ၊
သန်ကောင်ပိတ်ခြင်း ၊ ပြင်ပ ပစ္စည်းတစ်ခုခုပိတ်ဆို့နေခြင်း
(ဥပမာ - ဂေါ်လီ) စတာတွေ ကြောင့် ဗိုက်နာခြင်း ၊
အောင့်ခြင်း ဖြစ်တက်ပါတယ်။

အပိုင်း (၆)
•••••••••••
ဒီအပိုင်းမှာ ဆိုရင် ဘယ်ဘက် ကျောက်ကပ် ၊ အောက်သိုဆင်းသော အူမအပိုင်း တို့ရှိပါတယ်။ လက္ခဏာတွေကတော့ အထက်ဖော်ပြပါ အပိုင်း (၄) အတိုင်း ဖြစ်ပါတယ်။

အပိုင်း (၇)
•••••••••••
ဒီအပိုင်းမှာ ဆိုရင် အူအတက်ပိုင်း ၊ အူမရဲ့ အစပိုင်း ၊ ညာဘက်မျိုးဥအိမ် နဲ့ ညာဘက် သားဥပြွန် တို့ရှိပါတယ်။

ဒီအပိုင်းမှာ ဖြစ်တက်တာတွေက အူအတက်ရောင်ခြင်း ၊ အူတက်လုံးခဲခြင်း ၊ အူတက်ပြည်တည်ခြင်း ၊ အူအတက်အဖုံးမြှေးရောင်ခြင်း ၊ အူတက်ပေါက်ခြင်း ၊ အူမ ကင်ဆာ ၊ အူမကြီးပိတ်ခြင်း ၊ အူသိမ်ပိန်ခြင်း ၊ အူမ ရောင်ရမ်းခြင်း ၊ ဆီကမ် ပိုးဝင်ခြင်း ၊ မျိုးဥအကြိတ် ၊ မျိုးဥအိမ် ရောင်ရမ်းခြင်းတွေ ကြောင့် အောင့်ခြင်း ၊ နာခြင်း တွေ ဖြစ်တက်ပါတယ်။

အပိုင်း (၈)
•••••••••••
ဒီအပိုင်းမှာ ဆိုရင်တော့ ဆီးအိမ် ၊ သားအိမ် ၊ မစင်အိမ် တို့ရှိပါတယ်။

ဒီအပိုင်းမှာ ဘာတွေဖြစ်တက်လဲဆိုရင် ကိုယ်ဝန်ပျက်ချခြင်း ၊ အရိုးကွင်းတွင် ကျောက်တည်ခြင်း ၊ ဆီးအိမ်ကင်ဆာ ၊ ဆီးကြိတ် ကင်ဆာ ၊ ဆီးအိမ် မူမမှန်ခြင်း ၊ ဆီပြွန် မှာ ကျောက်တည်ခြင်း ၊ သားအိမ်ပေါက်ထွက်ခြင်း ၊ ဆီပြွန်ပေါက်ခြင်း ၊ ဆီးအိမ်ပေါက်ခြင်း ၊ ဆီးအိမ်ရောင်ခြင်း ၊ သားအိမ်ရောင်ခြင်း ၊ မစင်အိမ်ရောင်ခြင်း ၊ သားအိမ်မှာ အကြိတ်ဖြစ်ခြင်း ၊ ဆီးအိမ်တင်ခြင်း ၊ ကိုယ်ဝန်ရှိခြင်း စတာတွေ ကြောင့် ဖြစ်တက်ပါတယ်။

အပိုင်း (၉)
•••••••••••
ဒီအပိုင်းကတော့ ဝမ်းပိုက်ရဲ့ နောက်ဆုံး အပိုင်းလဲ ဖြစ်ပါတယ်။ ဒီအပိုင်းမှာဆိုရင် အူမအဆုံးပိုင်း ၊ မျိုးဥအိမ် ၊ ဘယ်ဘက် သားဥပြွန် တို့ရှိပါတယ်။

ဒီအပိုင်းမှာ အူမကင်ဆာ အူမရောင်ရမ်းခြင်း ဂရင်ဂျီနာ ၊ သားဥအိမ်ကင်ဆာ ၊သားဥပြွန်ရောင်ရမ်းခြင်း ၊ ဆီးခုန်ရောင်ရမ်းခြင်း တို့ကြောင့် ဗိုက်နာ ၊ ဗိုက်အောင့်ခြင်းကို ဖြစ်စေတတ်ပါတယ်။

ကျန်းမားရေးအတွက် သိလိုရာဆွေးနွေးတိုင်ပင်နိုင်ပါသည်။

နှလုံးကျန်းမာ​စေရန် ဂရုပြုရမည့်အချက်များ❗
10/28/2023

နှလုံးကျန်းမာ​စေရန် ဂရုပြုရမည့်အချက်များ❗

Address

Seattle, WA
98040

Website

Alerts

Be the first to know and let us send you an email when Oasix Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Oasix Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram