𝑫𝒊𝒗𝒊𝒏𝒆 𝑵𝒂𝒕𝒊𝒐𝒏 𝐎𝐟 Jᴜɴᴏ & Mɪʀᴇʟʟᴇ

  • Home
  • 𝑫𝒊𝒗𝒊𝒏𝒆 𝑵𝒂𝒕𝒊𝒐𝒏 𝐎𝐟 Jᴜɴᴏ & Mɪʀᴇʟʟᴇ

𝑫𝒊𝒗𝒊𝒏𝒆 𝑵𝒂𝒕𝒊𝒐𝒏 𝐎𝐟 Jᴜɴᴏ & Mɪʀᴇʟʟᴇ We're going to talk about Astrology, Tarot and Spirituality.

🎐 𝐏𝐢𝐜𝐤 𝐀 𝐏𝐢𝐥𝐞 𝐅𝐨𝐫 𝓙𝓾𝓵𝔂 𝓟𝓻𝓮𝓭𝓲𝓬𝓽𝓲𝓸𝓷𝓼 🎐        Hello, everyone! ဒီလအတွက် တစ်လစာဟောစာတမ်းလေးနဲ့အတူ Juno ပြန်လာပါပြီနော်။ အား...
07/07/2025

🎐 𝐏𝐢𝐜𝐤 𝐀 𝐏𝐢𝐥𝐞 𝐅𝐨𝐫 𝓙𝓾𝓵𝔂 𝓟𝓻𝓮𝓭𝓲𝓬𝓽𝓲𝓸𝓷𝓼 🎐

Hello, everyone! ဒီလအတွက် တစ်လစာဟောစာတမ်းလေးနဲ့အတူ Juno ပြန်လာပါပြီနော်။ အားလုံးအတွက် ပျော်ရွှင်စရာ July ဖြစ်ပါစေရှင်။ 🩵

မနေ့ကတင်ခဲ့တဲ့ content က အရမ်းအရေးကြီးတယ်၊ သိထားသင့်တယ်ထင်လို့ တင်ခဲ့တာပါ။ တကယ်တော့ ပိုစောပြီးတင်ခဲ့ရမယ့် content တစ်ခုပ...
30/03/2025

မနေ့ကတင်ခဲ့တဲ့ content က အရမ်းအရေးကြီးတယ်၊ သိထားသင့်တယ်ထင်လို့ တင်ခဲ့တာပါ။ တကယ်တော့ ပိုစောပြီးတင်ခဲ့ရမယ့် content တစ်ခုပေါ့လေ။ အခုတော့ Neptune transit အကြောင်းလည်းတင်ပြီးပြီဆိုတော့ တခြားဟောကိန်းတွေထပ်မတင်သေးပါဘူး။

လူပျောက်ကိစ္စ၊ ကျန်းမာရေးကိစ္စ၊ ကယ်ဆယ်ရေးကိစ္စနဲ့ပတ်သက်ပြီး tarot မေးမယ်ဆိုရင် Juno အခမဲ့ဖြေပေးပါ့မယ်။ content မတင်လည်း page messenger မှာ လာမေးလို့ရပါတယ်။ လျှပ်စစ်မီးလည်းမရတော့ အမြဲတမ်းတော့ online ဖြစ်မနေနိုင်ပေမဲ့ တွေ့တဲ့အချိန် တတ်နိုင်သလောက်ဖြေပေးပါ့မယ်။ မန္တလေးကလူတွေအတွက် အစားအသောက်၊ ရေ လှူဖို့လည်းပြင်ဆင်နေပေမဲ့ Juno ကိုယ်တိုင်မရောက်နိုင်တဲ့နေရာကလူတွေကို တတ်နိုင်သလောက်ကူညီချင်လို့ပါ။ ကယ်ဆယ်ရေးကိုစွမ်းစွမ်းတမံလုပ်ပေးနေတဲ့သူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ 🪷

🪐 𝗠𝗮𝗿𝗰𝗵 30𝘁𝗵 : 𝗧𝗵𝗲 𝗖𝗼𝗹𝗹𝗲𝗰𝘁𝗶𝘃𝗲 𝗦𝗵𝗶𝗳𝘁 🪐🩵 Neptune ဆိုတဲ့အပြာရောင်ဂြိုဟ်ဟာ water element စိုးမိုးတဲ့ဂြိုဟ်ပေါ့။ ဒါကြောင့်ပဲ ...
29/03/2025

🪐 𝗠𝗮𝗿𝗰𝗵 30𝘁𝗵 : 𝗧𝗵𝗲 𝗖𝗼𝗹𝗹𝗲𝗰𝘁𝗶𝘃𝗲 𝗦𝗵𝗶𝗳𝘁 🪐

🩵 Neptune ဆိုတဲ့အပြာရောင်ဂြိုဟ်ဟာ water element စိုးမိုးတဲ့ဂြိုဟ်ပေါ့။ ဒါကြောင့်ပဲ ပင်လယ်သမုဒ္ဒရာတွေကိုအုပ်စိုးတဲ့ ရောမနတ်ဘုရား Neptune ( Greek အခေါ် Poseidon) ကိုစွဲပြီး အမည်မှည့်ပေးထားတာ။ Neptune ဟာ water sign ဖြစ်တဲ့ Pisces ကိုစိုးမိုးအုပ်ချုပ်တဲ့ဂြိုဟ်ပါ။ Neptune နဲ့ Pisces ဟာ သဘောတရားခြင်းအတူတူပဲ။ သိပ်ပြီးနူးညံ့တယ်၊ ထိရှလွယ်တယ်၊ အိပ်မက်ဆန်တယ်၊ ဝေဝါးရောထွေးနေတဲ့ သဘောတရားရှိတယ်။ နားလည်လွယ်အောင်ပြောရရင် Neptune ကိုယ်စားပြုတဲ့အရာတွေက လူတွေရဲ့စိတ်ကူးအိပ်မက်တွေ၊ ခံစားချက်တွေ၊ မျှော်လင့်ချက်တွေ၊ ရပ်တည်ချက်တွေပါပဲ။ နောက်ထပ် Neptune ကိုယ်စားပြုတဲ့အရာက သမုဒ္ဒရာ၊ ပင်လယ်ရေ၊ မြစ်ရေ၊ ရေနဲ့ဆိုင်သမျှအရာအားလုံးနဲ့ earthquake ပါပဲ။

🩵 Neptune ဂြိုဟ်က Aries ရာသီခွင်ထဲဝင်လာတဲ့အခါ Neptune ရဲ့ ရေဓာတ်၊ နူးညံ့ပျော့ပျောင်းမှုတွေဟာ Aries ရဲ့ မီးဓာတ်၊ အပူဓာတ်၊ ကြမ်းတမ်းမှု၊ ရန်လိုမှုတွေနဲ့ တွေ့ရတော့တယ်။ Aries ဟာ ရောမစစ်နတ်ဘုရား Mars ကိုယ်စားပြုတဲ့ ( Mars ဂြိုဟ်စိုးမိုးတဲ့ ) fire sign တစ်ခုပါ။ ရာသီခွင် 12 ခုပါတဲ့ Zodiac cycle ကြီးမှာ Pisces ဟာ နောက်ဆုံးရာသီခွင်ဖြစ်ပြီး Aries ဟာ ပထမဆုံးရာသီခွင်ဖြစ်တာကြောင့် အခု Neptune ဂြိုဟ် Aries ရာသီခွင်ထဲဝင်ခြင်းက သူ့ရဲ့ zodiac cycle အသစ်စတင်ခြင်း၊ တစ်နည်းပြောရရင် era တစ်ခု၊ ခေတ်တစ်ခုရဲ့အစပါပဲ။

🩵 Neptune ဂြိုဟ်ဟာ နေကိုတစ်ပတ်ပြည့်အောင်ပတ်ဖို့ နှစ်ပေါင်း 165 နှစ်လောက်ကြာတယ်။ အခု Neptune ဂြိုဟ်က Aries ရာသီခွင်ထဲကိုဝင်တော့မယ်ဆိုတော့ ဘာတွေဖြစ်မလဲခန့်မှန်းချင်ရင် လွန်ခဲ့တဲ့ 165 နှစ်ကိုပြန်ကြည့်ခြင်းအားဖြင့် အကြမ်းဖျဉ်းခန့်မှန်းလို့ရနိုင်တယ်။ လွန်ခဲ့တဲ့ Neptune in Aries years တွေ ( 1861-1875 ) အတွင်း ကမ္ဘာနဲ့အဝှမ်းမှာ စစ်ပွဲတွေအမျိုးမျိုးဖြစ်ခဲ့တယ်။ နေရာတိုင်းမှာ ဆုံးရှုံးမှုတွေ၊ ပျက်စီးမှုတွေရှိခဲ့ပြီး ပြန်လည်စတင်မှုတွေလည်းရှိခဲ့တယ်။ ဆွီဒင်လူမျိူး Alfred Nobel က Dynamite ကို စပြီးတီထွင်တယ်။ နောင်တစ်ချိန် Politics ပိုင်း၊ လူသားတွေရဲ့အကျိုးစီးပွားအရေးမှာဦးဆောင်လာမယ့် ခေါင်းဆောင်ကောင်းတွေမွေးဖွားခဲ့တယ်။ အားကစားမှာ ထူးချွန်ပြောင်မြောက်တဲ့ကစားသမားတွေ အများကြီးပေါ်ထွက်ခဲ့တယ်။ ဒါတွေဟာ Aries ရဲ့ ဂုဏ်သတ္တိတွေပါပဲ။

🩵 America မှာဆိုရင် Lincoln ကရွေးကောက်ခံရပြီး ကျွန်စနစ်ဖျက်သိမ်းဖို့လုပ်ဆောင်ရာကနေပဲ American civil war စဖြစ်ခဲ့တဲ့အချိန်ပေါ့။ ငါးနှစ်အတွင်း Lincoln လုပ်ကြံခံလိုက်ရပေမဲ့ သူမျှော်မှန်းခဲ့သလို ကျွန်စနစ်ကြီးပျက်သွားခဲ့တယ်။ လူတိုင်းဟာလွတ်လပ်ခွင့်ရသွားတယ်။ လူ့အခွင့်အရေးတွေရသွားတယ်။ အခြားနိုင်ငံတွေမှာလည်း ကျွန်ဈေးကွက်တွေ ဖျက်သိမ်းလာကြရတယ်။ 1870 နောက်ပိုင်း ပြန်လည်ပြုပြင်တည်ဆောက်ရေးတွေစခဲ့ကြတယ်။ Aries ရဲ့သဘောတရားဖြစ်တဲ့ အကြမ်းဖက်မှုတွေ၊ ရန်လိုမှုတွေ၊ စစ်မက်တွေပါခဲ့ပေမဲ့ Aries ရဲ့ အခြားသော quality တွေဖြစ်တဲ့ ခေါင်းဆောင်ကောင်းတွေ၊ လွတ်လပ်မှုတွေ၊ ပြန်လည်စတင်ခြင်းတွေ မြင်ခဲ့ရတယ်။

🩵 ဥရောပဖက်မှာ Germany ပေါင်းစည်းရေးကိုဖြစ်လာစေမယ့် Franco-Prussian war ဖြစ်တယ်။ ဒုတိယပြင်သစ်အင်ပါယာ ပြိုလဲသွားတယ်။ ဂျပန်နိုင်ငံမှာတော့ Meiji restoration လို့ခေါ်တဲ့ revolution တစ်ခု စတင်ပေါ်ပေါက်ခဲ့တယ်။ ဒီအပြောင်းအလဲဟာ ဂျပန်နိုင်ငံကို နိုင်ငံရေး၊ စီးပွားရေး၊ စက်မှုလုပ်ငန်းတွေမှာ အများကြီးတိုးတက်ပြောင်းလဲမှုတွေဖြစ်စေခဲ့တယ်။ ဒီကာလတွေအတွင်း စတေးရ၊ဆုံးရှုံးရ၊တိုက်ပွဲပေါင်းစုံလည်း ကြုံခဲ့ကြရတယ်။ ဘာကိုပြောချင်တာလဲဆိုတော့ အကြာကြီးလက်ခံကျင့်သုံးလာကြတဲ့ အယူဝါဒဟောင်း၊ စနစ်ဟောင်းတွေ ပြိုလဲသွားကြရတယ်၊ လူတွေမှာ မျှော်လင့်ချက်အသစ်၊ အနာဂတ်အသစ်တွေ ပေါ်ထွန်းလာတယ်၊ ပေးဆပ်ရတဲ့အရာတွေလည်းရှိပေမဲ့ ပေါင်းစည်းခြင်းတွေ၊ ညီညွတ်မှုတွေ၊ အချင်းချင်းကာကွယ်ရပ်တည်ပေးမှုတွေ ရှိလာတယ်ဆိုတာပါပဲ။

🩵 လွန်ခဲ့တဲ့ 165 နှစ်ဝန်းကျင် မြန်မာနိုင်ငံမှာဘာတွေဖြစ်ခဲ့သလဲဆိုတော့ မြန်မာလူမျိုးတို့ရဲ့နောက်ဆုံးမင်းဆက် ကုန်းဘောင်ခေတ်ကြီးအဆုံးသတ်ခါနီး မင်းတုန်းမင်းအုပ်စိုးနေတုန်းကာလတွေပေါ့။ ပဉ္စမအကြိမ်သင်္ဂါယနာတင်ခြင်း၊ ကုသိုလ်တော်ဘုရားတည်ပြီး ပိဋကတ်သုံးပုံကို ကျောက်ထက်အက္ခရာတင်ခြင်း၊ ရွှေတိဂုံစေတီတော်ကို ထီးတော်အသစ်တင်လှူခြင်းများပြုလုပ်ခဲ့တာကြောင့် ဘာသာရေး၊သာသနာရေးဖက်မှာ တိုးတက်ပြောင်းလဲမှုတွေ၊ ထူးခြားမှုတွေတွေ့ခဲ့ရတယ်လို့ဆိုနိုင်ပါတယ်။

🩵 တစ်ဖက်မှာလည်း မြင်းကွန်း-မြင်းခုန်တိုင်ပုန်ကန်မှုကြောင့် ကနောင်မင်းသားကြီးဇီဝိန်ကြွေခဲ့ရပြီး နန်းရေးမငြိမ်သက်မှုတွေရှိခဲ့တယ်။ ဒေဝီမိဖုရားခေါင်ကြီးလည်းတိမ်းပါး၊ မင်းတုန်းမင်းရဲ့ကျန်းမာရေးကလည်းမတည်ငြိမ်တော့တာနဲ့အမျှ အလယ်နန်းမိဖုရားဖြစ်သူဆင်ဖြူမရှင်ဟာ နိုင်ငံရေးမှာခြယ်လှယ်မှုများစွာပြုခဲ့ပြီး သူ့သမီးနဲ့သူ့သားမက်ဖြစ်သူ ထီးနန်းဆက်ခံရရေးအတွက် အခြားသောတော်ဝင်မင်းသား၊မင်းသမီး အပါး 100 ကျော်‌ကို လုပ်ကြံစေခဲ့တာလည်းဖြစ်တယ်။ သူနန်းတင်ခဲ့တဲ့ သီပေါမင်းနန်းတက်ပြီး 7 နှစ်အကြာမှာပဲ မြန်မာ့နောက်ဆုံးမင်းဆက်ဟာ ဇာတ်သိမ်းနိဂုံးချုပ်သွားခဲ့တာပါပဲ။

🩵 အားလုံးကိုခြုံငုံကြည့်ရင် ဒီအချိန်အပိုင်းအခြားဟာ ခေတ်အပြောင်းအလဲတစ်ခုပါပဲ။ Aries ရဲ့ကိုယ်စားပြုဖြစ်တဲ့ မီးဘေး၊ရန်ဘေး၊လက်နက်ဘေးတွေကိုလည်း မကြုံချင်ပေမဲ့ကြုံကြရဦးမယ်။ Neptune ကိုယ်စားပြုတဲ့ငလျင်ဟာလည်း ကြီးကြီးမားမားပဲ ရန်ပြုခဲ့ပြီးပါပြီ။ ကောင်းခြင်းနဲ့ဆိုးခြင်း၊ အဆုံးသတ်ခြင်းနဲ့စတင်ခြင်းတွေဟာ ဒွန်တွဲနေကြတာဖြစ်လို့ လူသားတွေမတားဆီးနိုင်တဲ့အရာတွေပါပဲ။ ဒီအချိန်မှာဘာလုပ်နိုင်မလဲမေးရင် စိတ်ကိုအေးချမ်းအောင်ထား၊ ကုသိုလ်သာပြု၊ အကုသိုလ်ကို စိတ်နဲ့တောင်မတွေးမိပါစေနဲ့လို့ပဲ မှာချင်ပါတယ်။ ကံဆိုတာမမြင်ရတဲ့အရာပါ။ အပြစ်တင်ရမယ့်အရာတော့မဟုတ်ဘူး။ အတိတ်ကံဆိုတာလည်း ကိုယ်ပြုခဲ့တာ၊ အနာဂတ်မှာကောင်းဖို့လည်း လက်ရှိမှာကောင်းတာလုပ်မှ။ အခုချိန်မှာဘေး‌ကင်းနေတာဟာ အင်မတန်မှ အံ့ဩစရာ၊ ကျေးဇူးတင်စရာကောင်းတဲ့အရာပါပဲ။ အဖြစ်အပျက်တွေကကြောက်စရာကောင်းလွန်းတော့ နှစ်သိမ့်အားပေးစရာစကားလုံးက အများကြီးမကျန်ပါဘူး။ အချင်းချင်းကူညီရင်း၊ဖေးမရင်း ကိုယ့်ကိုယ်ကိုယ်လည်း သတိရှိပါ၊စောင့်ရှောက်ပါ။

🩵 အများကြီးဆုံးရှုံးကြရပေမဲ့ မျှော်လင့်ချက်တွေတော့ အဆုံးရှုံးမခံကြပါနဲ့။ အပျက်အစီးတွေပြီးရင် အသစ်ပြန်လည်ထူထောင်ခြင်းတွေလာမှာပေါ့။ ဒါဟာလောကဓမ္မတာပဲ။ ရှင်သန်နေသရွေ့တော့ ပိုကောင်းတဲ့နေ့တွေရောက်လာမှာပါ။ Neptune in Aries အပြောင်းအလဲဟာ မျှော်လင့်ချက်ရောင်ခြည်အသစ်တွေလည်း ယူလာပေးဦးမှာပါ။ လောကအသစ်၊ အနာဂတ်အသစ်တွေပေါ့။ ပိုကောင်းမွန်တဲ့အရာတွေပဲလာပါစေလို့ ဆန္ဒပြုပါတယ်။ နောက်ထပ် 14 နှစ်အတွင်း Juno တို့ဟာ Neptune in Aries ဂြိုဟ်အလှည့်အပြောင်းနဲ့ အသားကျအောင်ကြိုးစားကြရဦးမှာပါ။

( အရင်ကတော့ မအားရင် content မရေးဘူး၊ စိတ်မပါရင်မရေးဘူးနဲ့ နေ့ရွှေ့ညရွှေ့လုပ်နေပေမဲ့ အခုတော့ရေးသင့်တယ်ထင်လို့ တခြားအလုပ်တွေဘေးဖယ်ပြီး ရေးလိုက်ပါတယ်။ ကယ်ဆယ်ရေး post တွေကြားမှာ အနှောက်အယှက်မဖြစ်စေချင်ပေမဲ့ ဖတ်ရမယ့်သူတွေလည်း internet ပြဿနာတွေရှိလာနိုင်တာမို့လို့ အခုပဲတင်လိုက်တာပါ။ 28 ရက်နေ့လည်ကတည်းက Juno တို့ဆီမှာ လျှပ်စစ်မီးမရတော့သလို ဖုန်းလိုင်းလည်း ကောင်းကောင်းမမိပါဘူး။ wifi ကလည်း မီးမလာရင်မရတာမို့လို့ ဘယ်နှ‌ရက်လောက် content မတင်နိုင်ဘဲပျောက်သွားမလဲတော့ မသိသေးဘူး။ အရင်လည်းပျောက်နေကျဆိုပေမဲ့ ဒီတစ်ခါတော့ မတွေ့ရတဲ့အတောအတွင်း followers တွေ၊ client တွေ၊ စာဖတ်သူတွေအားလုံး အန္တရာယ်ကင်းကင်းနဲ့ လုံခြုံအေးချမ်းစွာရှိကြဖို့ မျှော်လင့်ပါတယ်။ မြန်မာတစ်ပြည်လုံးရော၊ ကမ္ဘာတစ်ဝှမ်းလုံးရော သတ္တဝါအားလုံး အန္တရာယ်ကင်းပါစေ။ 🪷 )

ဒီနေ့ နေကြတ်မှာဆိုပေမဲ့ Eclipse ဖြတ်သွားမယ့်လမ်းကြောင်းက မြန်မာနိုင်‌ငံပေါ်မကျလို့ ဒီကနေမြင်ရမှာတော့မဟုတ်ပါဘူး။ မြင်ရမယ့...
29/03/2025

ဒီနေ့ နေကြတ်မှာဆိုပေမဲ့ Eclipse ဖြတ်သွားမယ့်လမ်းကြောင်းက မြန်မာနိုင်‌ငံပေါ်မကျလို့ ဒီကနေမြင်ရမှာတော့မဟုတ်ပါဘူး။ မြင်ရမယ့်နေရာကသူတွေလည်း နေကြတ်တာကို naked eye နဲ့မကြည့်ကြပါနဲ့။ မျက်ကြည်လွှာထိခိုက်တတ်လို့ပါ။

နေကြတ်တယ်ဆိုတိုင်းလည်း အယူအဆမှားတွေနဲ့ အရမ်းမလန့်ကြစေချင်ပါဘူး။ တစ်နှစ်ကိုနှစ်ကြိမ်အနည်းဆုံး နေကြတ်ပြီး၊ နှစ်ကြိမ်လကြတ်တာက ပုံမှန်ပါပဲ။ နှစ်တိုင်းဖြစ်နေကျပါပဲ။

ငလျင်နောက်ပိုင်း အကုန်အထိတ်တလန့်ဖြစ်နေကြပြီး နေကြတ်မယ့်သတင်းတွေကလည်း ဘာမှအကျယ်တဝင့်ရှင်းထားတာမပါဘဲ အကြောက်တရားကိုပဲထပ်လှုံ့ဆော်ပေးနေတဲ့သဘောတွေ ခဏခဏတက်နေတာတွေ့ပါတယ်။ အခုအချိန်မှာ စိတ်အေးအေးထားပြီး ကယ်ဆယ်ရေးကိစ္စတွေမှာ နှောင့်နှေးမှုမရှိ၊ အတားအဆီးမရှိစေဖို့ အရေးကြီးပါတယ်။

အားလုံးပဲ အန္တရာယ်ကင်းစေဖို့ ထပ်ပြီးမေတ္တာပြုလိုက်ပါတယ်ရှင့်။ 🤍

မနက်ဖြန်က နေကြတ်မယ့်နေ့ပါ။ Mercury Retrograde ကလည်း ရာသီခွင်ပြောင်းမှာပါ။  March 30 မှာ Neptune ဂြိုဟ်အပြောင်းအလဲရှိလို့...
28/03/2025

မနက်ဖြန်က နေကြတ်မယ့်နေ့ပါ။ Mercury Retrograde ကလည်း ရာသီခွင်ပြောင်းမှာပါ။ March 30 မှာ Neptune ဂြိုဟ်အပြောင်းအလဲရှိလို့ ထူးခြားမှုတွေဖြစ်မယ်လို့ တစ်လစာ Predictions မှာကြိုပြောထားခဲ့ပေမဲ့ ထင်ထားတာထက်တောင်စောပြီး သက်ရောက်မှုတွေကြုံတွေ့ခဲ့ရတာပါ။ များစွာသောဆုံးရှုံးမှုတွေအတွက်လည်း စိတ်မကောင်းဖြစ်ရတာ အမှန်ပါပဲ။

အခုအချိန်မှာ လုံလုံခြုံခြုံနဲ့ရှိနေရတဲ့သူတွေက တကယ်ကံကောင်းတဲ့သူတွေပါပဲ။ ဆက်ပြီး သီလလုံအောင်စောင့်ထိန်းကြပါ။ စိတ်တွေအေးချမ်းအောင်ထားပါ။ ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်ကြပါ။ 🤍

ဒီရက်ပိုင်းအတွင်း Neptune transit အကြောင်းတင်ပေးနိုင်ဖို့ Juno ကြိုးစားပါဦးမယ်။ ဒီထက်စောပြီးတင်ပေးဖို့စိတ်ကူးခဲ့ပေမဲ့ တခြားကိစ္စလေးတွေနဲ့ မအားလပ်လို့မရေးနိုင်သေးတာပါ။ အကျဉ်းချုပ်ကြိုပြောရရင်တော့ Neptune transit ဟာ ခေတ်တစ်ခေတ်ရဲ့အဆုံး၊ နောက်ခေတ်တစ်ခေတ်ရဲ့ အစပါပဲ။ အားလုံးလုံခြုံအေးချမ်းစွာရှိကြဖို့ မျှော်လင့်ပါတယ်။ 🪷

🌷 𝘼𝙨𝙩𝙧𝙤𝙡𝙤𝙜𝙞𝙘𝙖𝙡 𝙋𝙧𝙚𝙙𝙞𝙘𝙩𝙞𝙤𝙣𝙨 𝙁𝙤𝙧 𝙈𝙖𝙧𝙘𝙝 🌷🌷 𝙈𝙖𝙧𝙘𝙝 လက ဘာလို့ထူးခြားတဲ့လဖြစ်တာလဲဆိုတော့ retrograde တွေများတဲ့လဖြစ်သလို နေကြတ်ခ...
09/03/2025

🌷 𝘼𝙨𝙩𝙧𝙤𝙡𝙤𝙜𝙞𝙘𝙖𝙡 𝙋𝙧𝙚𝙙𝙞𝙘𝙩𝙞𝙤𝙣𝙨 𝙁𝙤𝙧 𝙈𝙖𝙧𝙘𝙝 🌷

🌷 𝙈𝙖𝙧𝙘𝙝 လက ဘာလို့ထူးခြားတဲ့လဖြစ်တာလဲဆိုတော့ retrograde တွေများတဲ့လဖြစ်သလို နေကြတ်ခြင်း၊လကြတ်ခြင်းဖြစ်စဉ်တွေလည်း ကြုံတွေ့ရမယ့်လဖြစ်ပြီး 30 ရက်နေ့မှာတော့ အရမ်းအရေးကြီးတဲ့ ဂြိုဟ်အပြောင်းအလဲရှိတာကြောင့်ပဲဖြစ်ပါတယ်။

🌷 𝙈𝙖𝙧𝙘𝙝 တစ်ရက်နေ့မှာတင်ပဲ 𝙑𝙚𝙣𝙪𝙨 𝙍𝙚𝙩𝙧𝙤𝙜𝙧𝙖𝙙𝙚 နဲ့ စတင်ခဲ့တာဖြစ်ပြီး 15 ရက်နေ့ လဝက်ကျိုးရင်တော့ 𝙈𝙚𝙧𝙘𝙪𝙧𝙮 𝙍𝙚𝙩𝙧𝙤𝙜𝙧𝙖𝙙𝙚 ပါ ထပ်ပြီးစတင်မှာဖြစ်တယ်။ ဘာတွေသတိထားရမလဲဆိုရင်တော့ မေတ္တာရေး၊ လူမှုရေး၊ မိသားစုနဲ့ အပေါင်းအသင်းတွေကြား ပေါင်းသင်းဆက်ဆံရေးမှာ နားလည်မှုလွဲတာမျိုး miscommunication တွေရှိတတ်တယ်။ ငွေရေးကြေးရေး၊ သတင်းအချက်အလက် မီဒီယာကိစ္စတွေ၊ ပို့ဆောင်ဆက်သွယ်ရေး၊ အင်တာနက်၊ အလှအပ၊ အနုပညာ စတဲ့နယ်ပယ်တွေမှာ အခက်အခဲ၊ ကြန့်ကြာမှု၊ မတော်တဆလေးတွေရှိတတ်တယ်။

🌷 𝙍𝙚𝙩𝙧𝙤𝙜𝙧𝙖𝙙𝙚 တွေရဲ့ energy ကတော့ 𝙋𝙞𝙨𝙘𝙚𝙨 𝙖𝙣𝙙 𝘼𝙧𝙞𝙚𝙨 မှာရှိနေတဲ့အတွက် အလိမ်အညာ၊ လှည့်ဖျားမှု၊ အသုံးချခံရတာ၊ violent ဖြစ်တဲ့ ‌accident တွေ၊ နိုင်လိုမင်းထက် ဒေါသကြီးတာတွေ၊ ကျူးလွန်သူနဲ့ နစ်နာသူ energy မျိုးတွေဖြစ်နေတော့ ကိုယ်ကဘယ်ဖက်မှမပါအောင် မှန်ကန်မျှတစွာနေဖို့အရေးကြီးပါတယ်။ ဒီဂြိုဟ်နှစ်ခု 𝙍𝙚𝙩𝙧𝙤𝙜𝙧𝙖𝙙𝙚 အပြင် အခြားသော asteroid လေးတွေရဲ့ 𝙍𝙚𝙩𝙧𝙤𝙜𝙧𝙖𝙙𝙚 တွေကလည်းရှိနေသေးပါတယ်။

🌷 𝙈𝙖𝙧𝙘𝙝 20 မှာ 𝙎𝙥𝙧𝙞𝙣𝙜 𝙀𝙦𝙪𝙞𝙣𝙤𝙭 ရောက်ပြီဖြစ်ပြီး 𝘼𝙧𝙞𝙚𝙨 𝙎𝙚𝙖𝙨𝙤𝙣 စတင်ပြီဖြစ်တယ်။ 𝙕𝙤𝙙𝙞𝙖𝙘 𝙘𝙮𝙘𝙡𝙚 အသစ်စတင်တဲ့အချိန်ဖြစ်လို့ နှစ်သစ်၊ chapter အသစ်က အခုမှစတင်တာလို့ပြောလို့ရပါတယ်။ ဒီအချိန်မှာလူတွေက ပိုပြီးစိတ်မြန်လက်မြန်နဲ့ impulsive ဖြစ်လာကြမယ်။ ပိုပြီးရည်မှန်းချက်တွေကြီးလာတယ်။ အပြိုင်အဆိုင် အနိုင်လိုချင်လာကြမယ်။ 𝙍𝙚𝙩𝙧𝙤𝙜𝙧𝙖𝙙𝙚 ကာလတွေဖြစ်လို့ ဘာကိုမှ အလျင်စလိုဆုံးဖြတ်တာ၊ စိတ်လိုက်မာန်ပါပြောမိလုပ်မိတာတွေ မဖြစ်ပါစေနဲ့။

🌷 𝙈𝙖𝙧𝙘𝙝 14 ရက်နေ့မှာလကြတ်ပြီး 29 ရက်နေ့မှာ နေကြတ်မှာဖြစ်ပါတယ်။ ဒီအချိန်တွေမှာ မြွေအရေခွံလဲသလို အလေ့အကျင့်ဟောင်း၊ အပြုအမူဟောင်းတွေကို ကောင်းတဲ့ဖက်ကိုပြောင်းလဲယူကြရမှာပါ။ ပြီးခဲ့တဲ့နှစ်နှစ်စာ energy တွေကို ဒီနေရာမှာချန်ထားခဲ့ပြီး နှစ်နှစ်အတွင်းသင်ယူခဲ့ရတာတွေကိုပညာယူပြီး chapter အသစ်ရှေ့ဆက်ရမယ့်ကာလဖြစ်ပါတယ်။ အရေးကြီးတဲ့ပြောင်းလဲမှုတွေ လုပ်ကြရလိမ့်မယ်။

🌷 𝙈𝙖𝙧𝙘𝙝 မှာ သိပ်ကိုအရေးကြီးတဲ့ရက်စွဲကတော့ 30 ရက်နေ့ပဲဖြစ်ပါတယ်။ အဲဒီနေ့မှာ 𝙉𝙚𝙥𝙩𝙪𝙣𝙚 ဂြိုဟ်ဟာ 𝘼𝙧𝙞𝙚𝙨 ရာသီခွင်ထဲကိုစတင်ဝင်ရောက်မှာဖြစ်ပါတယ်။ 𝙉𝙚𝙥𝙩𝙪𝙣𝙚 ဆိုတာက ဂြိုဟ်ကြီးတစ်လုံးဖြစ်ပြီး သူ့ရဲ့လှည့်ပတ်ချိန်က သိပ်ကိုကြာပါတယ်။ အခု 𝘼𝙧𝙞𝙚𝙨 ရာသီခွင်ထဲမှာတော့ 14 နှစ်ဝန်းကျင်ကြာပါလိမ့်မယ်။ ဒီလိုဂြိုဟ်တွေအပြောင်းအလဲဖြစ်တဲ့အခါ လူသားတွေကြုံရတဲ့အလှည့်အပြောင်းတွေက သိပ်ကိုကြီးမားတယ်။ နောက်တစ်ခုသတိထားစရာက 𝙉𝙚𝙥𝙩𝙪𝙣𝙚 ရဲ့မူလ energy ဟာ 𝙋𝙞𝙨𝙘𝙚𝙨 စွမ်းအင်သဘောတရားဖြစ်ပြီး အခုသူဝင်ရောက်လာမယ့်ရာသီခွင်က 𝘼𝙧𝙞𝙚𝙨 ဖြစ်နေတာမို့လို့ အလွယ်ပြောရရင် မီးနဲ့ရေ၊ ဆန့်ကျင်ဖက်သဘောတရားဖြစ်နေတယ်။

🌷 𝙉𝙚𝙥𝙩𝙪𝙣𝙚 အပြောင်းအလဲဟာ တစ်ကမ္ဘာလုံးဆိုင်ရာအနေနဲ့ပြောရရင် spiritual နဲ့ political ပိုင်းမှာ အများကြီးသက်ရောက်လိမ့်မယ်။ လူတွေရဲ့ consciousness ဟာ အများကြီးပြောင်းလဲလာကြမှာဖြစ်ပြီး ဒီ shift က 2039 ခုနှစ်ထိကြာမြင့်မှာဖြစ်တယ်။ ဒီအပြောင်းအလဲဟာဘယ်လောက်အရေးကြီးသလဲဆိုတာကို နောက်ထပ်အသေးစိတ်ထပ်ရေးပေးပါ့မယ်။ အခုလောလောဆယ်သိထားဖို့လိုတာကတော့ 𝙈𝙖𝙧𝙘𝙝 30 ရဲ့နောက်ပိုင်းကိုရောက်လာတဲ့အခါ လူတွေအားလုံးသိထားကြတဲ့ကမ္ဘာကြီးဟာ ပုံစံအသစ်အဖြစ်ပြောင်းလဲလာပြီး လူတွေသိမထားသေးတဲ့အရာတွေ အများကြီးရှိတာကိုလည်း သိလာကြရမှာဖြစ်တယ်။

🌷 𝙎𝙥𝙧𝙞𝙣𝙜 𝙀𝙦𝙪𝙞𝙣𝙤𝙭 ဟာ Astrological year ရဲ့ နှစ်သစ်ဖြစ်တယ်ဆိုရင် 𝙉𝙚𝙥𝙩𝙪𝙣𝙚 ဂြိုဟ်ရဲ့ 165 နှစ်စာ cycle ရဲ့အစဟာ 𝙈𝙖𝙧𝙘𝙝 30 ပါပဲ။ လူ့သက်တမ်းမှာ တစ်ကြိမ်ပဲကြုံရမယ့်အပြောင်းအလဲမျိုးဖြစ်ပြီး သိပ်ကိုအရေးကြီးတဲ့အချိန်ပဲဖြစ်ပါတယ်။

🪷 Mᴏʀɴɪɴɢ Mᴇssᴀɢᴇ 🪷- အေးချမ်းမှုကိုလိုလျှင် စိတ်ရှည်ပါ‌။ ရောင့်ရဲပါ။ - ဘာပဲလုပ်လုပ်၊ ဘာပဲပြောပြော နှစ်ဖက်မျှတစေဖို့ အလေး...
04/02/2025

🪷 Mᴏʀɴɪɴɢ Mᴇssᴀɢᴇ 🪷

- အေးချမ်းမှုကိုလိုလျှင် စိတ်ရှည်ပါ‌။ ရောင့်ရဲပါ။

- ဘာပဲလုပ်လုပ်၊ ဘာပဲပြောပြော နှစ်ဖက်မျှတစေဖို့ အလေးထားပါ။

- စိတ်ထဲကအကြံဉာဏ်ပေါ်ရာကို လက်တွေ့လုပ်ဆောင်ပါ။ မနှောင့်နှေးပါစေနဲ့။

- စီးပွားကိုလိုလျှင် အနီရောင်၊ မေတ္တာကိုလိုလျှင် အပြာရောင်အဝတ်များ ဝတ်ဆင်ပါ။

🐦 𝗣𝗶𝗰𝗸 𝗔 𝗣𝗶𝗹𝗲 𝗙𝗼𝗿 𝐅𝐞𝐛𝐫𝐮𝐚𝐫𝐲 𝐏𝐫𝐞𝐝𝐢𝐜𝐭𝐢𝐨𝐧𝐬 🐦တင်နေကျ Monthly predictions လေးဖြစ်ပါတယ်။ အားလုံးအတွက် လှပတဲ့ 𝐅𝐞𝐛𝐫𝐮𝐚𝐫𝐲 ဖြစ်ပါစေရ...
03/02/2025

🐦 𝗣𝗶𝗰𝗸 𝗔 𝗣𝗶𝗹𝗲 𝗙𝗼𝗿 𝐅𝐞𝐛𝐫𝐮𝐚𝐫𝐲 𝐏𝐫𝐞𝐝𝐢𝐜𝐭𝐢𝐨𝐧𝐬 🐦

တင်နေကျ Monthly predictions လေးဖြစ်ပါတယ်။ အားလုံးအတွက် လှပတဲ့ 𝐅𝐞𝐛𝐫𝐮𝐚𝐫𝐲 ဖြစ်ပါစေရှင်။ 🩵

Astrological predictions ။ ။ ဒီလမှာဖြစ်မယ့်အပြောင်းအလဲတွေအများကြီးကြားမှာ ငွေကြေးနဲ့ပတ်သက်တဲ့အတက်အကျ၊အပြောင်းအလဲတွေကိုလည်း သိသိသာသာတွေ့ရလိမ့်မယ်။ 4 ရက်နေ့နောက်ပိုင်းမှာ mutable signs ( Gemini, Sagittarius, Virgo, Pisces) တွေ ငွေရေးကြေးရေးကံတက်လာလိမ့်မယ်။ ပညာရေး၊ သင်ယူသင်ကြားမှု၊ သတင်းအချက်အလက်ဆိုင်ရာကိစ္စ ( social media ) တွေမှာ positive ဖက်ကိုသွားတဲ့ အပြောင်းအလဲတွေ၊ ချဲ့ထွင်မှုတွေ တွေ့နိုင်တယ်။ 23 ရက်နောက်ပိုင်းမှာ လူတွေက ကိုယ့်လူ၊ကိုယ့်မိသားစု၊ကိုယ်ပိုင်တဲ့အရာတွေအပေါ် ပိုပြီးအစွဲအလမ်းထား ကာကွယ်စောင့်ရှောက်လာကြသလို အားနည်းတဲ့သူတွေကိုဝိုင်းဝန်းကူညီကြတာတွေ ပိုပြီးမြင်လာရမယ်။ Mars Retrograde ပြီးဆုံးတဲ့အချိန်ဖြစ်ပြီး ဒီအချိန်မရောက်ခင်ထိ သတိကြီးကြီးနဲ့နေထိုင်သွားလာသင့်ပါတယ်။ 27 နောက်ပိုင်းမှာ ကျန်းမာရေးနဲ့ လမ်းအသွားအလာ၊ ကားမောင်း၊ဆိုင်ကယ်မောင်းတာတွေ ပိုဂရုစိုက်သင့်တယ်။

✨ ғᴏʀ ᴀsᴛʀᴏʟᴏɢɪᴄᴀʟ ʀᴇᴀᴅɪɴɢs ✨

https://www.facebook.com/share/p/nQeduZWsZCD4ENGa/?mibextid=oFDknk

✨ ғᴏʀ ᴘᴇʀsᴏɴᴀʟ ᴛᴀʀᴏᴛ ʀᴇᴀᴅɪɴɢs ✨

https://www.facebook.com/share/p/djF25SEFN7fp7pgU/?mibextid=oFDknk

🪷 Message Of The Day 🪷
28/01/2025

🪷 Message Of The Day 🪷

❦︎ 𝐆𝐫𝐚𝐭𝐢𝐭𝐮𝐝𝐞 𝐈𝐬 𝐓𝐡𝐞 𝐌𝐨𝐬𝐭 𝐏𝐨𝐰𝐞𝐫𝐟𝐮𝐥 𝐅𝐨𝐫𝐜𝐞 ❦︎

"𝓑𝓮 𝓰𝓻𝓪𝓽𝓮𝓯𝓾𝓵 𝓯𝓸𝓻 𝓮𝓿𝓮𝓻𝔂𝓽𝓱𝓲𝓷𝓰 𝔂𝓸𝓾 𝓱𝓪𝓿𝓮 𝓪𝓷𝓭 𝓮𝓿𝓮𝓻𝔂𝓽𝓱𝓲𝓷𝓰 𝔂𝓸𝓾'𝓵𝓵 𝓻𝓮𝓬𝓮𝓲𝓿𝓮"

❦︎ ကျေးဇူးတင်စိတ် ( Gratitude ) အကြောင်းကို နေရာစုံမှာကြားဖူးကြပေမဲ့ လက်တွေ့ကျင့်သုံးကြတဲ့ဦးရေက တကယ်နည်းပါးလွန်းပါတယ်။ ကျေးဇူးတင်စိတ်ဆိုတာက concept ကလည်း ရိုးရိုးရှင်းရှင်းလေး။ ကိုယ့်မှာလက်ခံရရှိလာတဲ့အရာတွေအပေါ် ကျေးဇူးတင်တဲ့စိတ်ကလေးဖြစ်တာ။ "ကျေးဇူးတင်ပါတယ်"လို့ တစ်ဖက်သားကိုထုတ်ပြောလိုက်တာ။ ကိုယ့်ဖက်က သူ့ကျေးဇူးကိုအသိအမှတ်ပြုပြီး ကိုယ်တတ်နိုင်တာလေးနဲ့ ကျေးဇူးတုံ့ပြန်တာ။ ဒီလောက်ထိလွယ်ကူတဲ့အမူအကျင့်လေးကို လူတွေကတန်ဖိုးလျှော့တွက်ထားကြပြီး ပေါ့ပေါ့တန်တန်ပဲသဘောထားကြတယ်။ ဒါပေမဲ့ ဒီလောက်ထိလွယ်ကူရိုးရှင်းတဲ့ အမူအကျင့်လေးကပဲ ဘဝတစ်ခုလုံးကိုပြောင်းလဲစေနိုင်တဲ့ တွန်းအားတစ်ခု၊ positive force တစ်ခုဖြစ်နေတယ်။

❦︎ ကျေးဇူးတင်စိတ်က စိတ်‌ကျန်းမာရေးကိုလည်းကူညီပေးနိုင်တယ်။ ကိုယ့်မှာရှိမနေတဲ့အရာတွေကို focus လုပ်ပြီး အလိုမကျဖြစ်နေမဲ့အစား ရှိနေတဲ့အရာလေးတွေအပေါ် အသိအမှတ်ပြုတတ်တဲ့ positive mindset မျိုးက စိတ်ကို motivated ဖြစ်စေရုံတင်မကဘဲ စိုးရိမ်ပူပန်မှုတွေကိုပါ လျော့ကျလာစေတယ်။ ကိုယ်ထိန်းချုပ်လို့မရတဲ့အခြေအနေတွေအပေါ်မှာ ဒေါသထွက်နေမဲ့အစား အဆိုးထဲကနေအကောင်းကိုရွေးထုတ်တတ်ခြင်းက ရှေ့ဆက်လျှောက်ဖို့လွယ်ကူစေတယ်။

❦︎ ဘာသာကြီးတော်တော်များများမှာ ကျေးဇူးတင်စိတ်ကိုသင်ကြားပေးသလိုပဲ ကျေးဇူးတင်စိတ်ဟာ ဘာသာရေး၊ geography တွေနဲ့မဆိုင်တဲ့ universal law တစ်ခုဖြစ်တယ်။ မတူညီတဲ့လူတွေကြားက ကွဲပြားချက်တွေကို သေးငယ်သွားစေတယ်။ ကမ္ဘာပေါ်ကအရာအားလုံးဟာဆက်စပ်နေတယ်ဆိုတဲ့အမှန်တရားကို သင်ကြားပေးတယ်။ ‌လူတွေအားလုံးသာ တစ်ဦးနဲ့တစ်ဦးကျေးဇူးတင်ပြီး၊ အသိအမှတ်ပြုပြီးနေထိုင်သွားကြရင် မလိုအပ်တဲ့အမုန်းတရားတွေ၊ ယှဉ်ပြိုင်မှုတွေလည်း ရှိလာမှာမဟုတ်တော့သလို နေရာတိုင်းဟာအရောင်အသွေးစုံစုံလင်လင်နဲ့ ငြိမ်းချမ်းလှပနေမှာပါ။ ကျေးဇူးတရားလွှမ်းမိုးတဲ့ကမ္ဘာမြေကသာ သတ္တဝါအားလုံး အန္တရာယ်ကင်းကင်းရှင်သန်နိုင်မယ့်ကမ္ဘာမြေပါ။

❦︎ ကျေးဇူးတရားက Spirituality ရဲ့ အခြေခံအုတ်မြစ်ဆိုရင်လည်း မမှားပါဘူး။ ဘယ်လောက်ထိသေးငယ်တဲ့အရာလေးပဲဖြစ်ပါစေ၊ ကိုယ့်မှာရရှိလာတာကို အသိအမှတ်ပြုလိုက်တဲ့စိတ်ဟာ အေးချမ်းမှု၊ ပျော်ရွှင်မှုလေးကို ယူလာပေးတယ်။ ကိုယ့်ရဲ့ ဘဝတစ်ခုလုံးကို ကျေးဇူးတင်စိတ်နဲ့ကြည့်တတ်လာတဲ့အခါ လိုအပ်ချက်တွေအစား ပြည့်ဝမှုကိုပဲမြင်လာပြီး ပျော်ရွှင်အောင်နေထိုင်တတ်လာတယ်။ Positive energies တွေများလာပြီး Vibration frequency က မြင့်မားလာတယ်။ High vibe ဖြစ်နေတဲ့သူတစ်ယောက်က ကောင်းမွန်တဲ့အရာတွေကိုရလာတာ မဆန်းတော့ပါဘူး။

❦︎ အတွေးတွေ၊ စကားလုံးတွေဟာ reality အဖြစ် manifest လုပ်တတ်တဲ့သဘာဝရှိပါတယ်။ ဒါဟာ "Law of Attraction" ရဲ့ နိယာမဖြစ်ပါတယ်။ ကျေးဇူးတင်စိတ်နဲ့နေတဲ့သူဟာ ရရှိထားတဲ့အရာတွေအပေါ်၊ နောက်ထပ်ရလာမယ့်အရာတွေအပေါ် ကျေးဇူးတင်စိတ်ဖြစ်နေတဲ့အတွက် Constant state of gratefulness မှာရှိနေပါတယ်။ ဒါကြောင့်ပဲ blessings တွေကို တောက်လျှောက်ဆွဲငင်ယူနေတာပါ။

❦︎ လောကဓံရဲ့ အလှည့်အပြောင်းတွေက ကိုယ်ထိန်းချုပ်လို့မရနိုင်ပေမဲ့ ကိုယ့်ရဲ့ တုံ့ပြန်မှုတွေကတော့ ကိုယ်တိုင်ထိန်းချုပ်ပဲ့ကိုင်လို့ရပါတယ်။ ဖန်ခွက်ထဲကရေတစ်ဝက်ကို ကိုယ်ကဘယ်လိုကြည့်မလဲ။ တစ်ဝက်လိုနေတာကို focus လုပ်ရင် စိတ်ကအလိုမကျမှုတွေနဲ့ပဲပြည့်နေပြီး ရှိနေတဲ့ရေတစ်ဝက်ကိုတောင် enjoy လုပ်နိုင်မှာမဟုတ်ပါဘူး။ လိုအပ်မှုကိုပဲတွေးနေမိတဲ့ စိတ်ထဲကလှိုင်းတွေကလည်း နောက်ထပ်လိုအပ်မှု၊ မပြည့်စုံမှုတွေကိုသာ ဆွဲငင်နေတော့မှာပါ။ ရေတစ်ဝက်ပြည့်နေတယ်လို့တွေးရင်တော့ ရှိနေတဲ့အရာအပေါ်ကျေးဇူးတင်စိတ်က ကိုယ့်စိတ်ကိုပါအေးမြစေသလို ပြည့်ဝမှုအပေါ် focus လုပ်နေတဲ့စိတ်က ပြည့်ဝမှု၊ ပြည့်စုံမှုတွေကို ဆွဲငင်ပေးပါတယ်။

❦︎ ဘယ်လိုအရာလေးပဲဖြစ်ဖြစ် ငါရသင့်ရထိုက်လို့ရတာဆိုတာမျိုးထက် ကျေးဇူးတင်ပါတယ်ဆိုတဲ့စိတ်ကလေးက အတ္တကင်းတယ်၊ လောဘကိုလျော့စေတယ်၊ ရောင့်ရဲတတ်စေတယ်။ ရှူနေရတဲ့လေ၊ သောက်နေရတဲ့ရေ၊ အရာအားလုံးအပေါ် ကျေးဇူးတင်စိတ်ကလေးနဲ့ကြည့်တတ်တဲ့အခါ ကိုယ့်ရဲ့ကံကောင်းမှုကို မြင်လာပါလိမ့်မယ်။ ကောင်းခြင်းတွေအပေါ်အာရုံပြုတဲ့သူဟာ ကောင်းတာတွေကိုပဲ ဆွဲငင်နိုင်မယ်။ သူတစ်ပါးကိုလည်း ကောင်းတာတွေပဲ ဝေမျှချင်လာမယ်။ ကောင်းမွန်တဲ့ပတ်ဝန်းကျင်မျိုးကို တည်ဆောက်ချင်လာမယ်။ တည်ဆောက်နိုင်လာမယ်။ သူကိုယ်တိုင်ဆီက ကောင်းမွန်တဲ့ကိုယ်ရောင်ကိုယ်ဝါတွေထွက်နေမယ်။

❦︎ ဒါကြောင့်မို့ Spirituality ဖက်မှာ ကျေးဇူးတင်စိတ်ကို လေ့ကျင့်ယူကြတဲ့သူတွေက ကြည်လင်တဲ့ Energy အဝန်းအဝိုင်းလေးအတွင်းမှာ ရှိနေတတ်ကြတယ်။ ခက်ခဲတဲ့ challenge တွေကိုကျော်ဖြတ်ကြရရင်တောင် ရလာမယ့်သင်ခန်းစာအတွက်၊ maturity အတွက် ကျေးဇူးတင်တတ်ကြတယ်။ သူတို့ရဲ့စိတ်ကလေးတွေဟာအေးမြကြသလို သူတို့ရဲ့ energy ၊ သူတို့ရဲ့ အေးမြမှုဟာလည်း ဘေးနားကလူတွေအပေါ် ကူးစက်တတ်တယ်။ ကိုယ်ကရော ဘယ်လို energy မျိုးကို ထုတ်လွှတ်ချင်သလဲ။ ကိုယ်ကြိုက်ရာပုံစံအတိုင်း ဖန်တီးယူခွင့်ရှိတဲ့ဘဝမှာ ဘာတွေကို ဖန်တီးယူချင်ပါသလဲ။ အဖြေကို ကိုယ်တိုင်ရှာကြည့်ပါ။

🫧 𝗣𝗶𝗰𝗸 𝗔 𝗣𝗶𝗹𝗲 𝗙𝗼𝗿 2025 𝐅𝐢𝐫𝐬𝐭 𝐐𝐮𝐚𝐫𝐭𝐞𝐫 𝐏𝐫𝐞𝐝𝐢𝐜𝐭𝐢𝐨𝐧𝐬 🫧သုံးလတစ်ဖြတ် 𝐏𝐫𝐞𝐝𝐢𝐜𝐭𝐢𝐨𝐧𝐬 လေးတွေတင်ပေးမယ်လို့ပြောထားပြီး အခုမှပဲတင်ပေးဖ...
26/01/2025

🫧 𝗣𝗶𝗰𝗸 𝗔 𝗣𝗶𝗹𝗲 𝗙𝗼𝗿 2025 𝐅𝐢𝐫𝐬𝐭 𝐐𝐮𝐚𝐫𝐭𝐞𝐫 𝐏𝐫𝐞𝐝𝐢𝐜𝐭𝐢𝐨𝐧𝐬 🫧

သုံးလတစ်ဖြတ် 𝐏𝐫𝐞𝐝𝐢𝐜𝐭𝐢𝐨𝐧𝐬 လေးတွေတင်ပေးမယ်လို့ပြောထားပြီး အခုမှပဲတင်ပေးဖြစ်ပါတယ်။ January, February, March သုံးလစာကြည့်ထားတာဖြစ်ပါတယ်။ Pick a pile reading တွေက ထုံးစံအတိုင်းယေဘုယျဖြစ်တာမို့လို့ တိတိကျကျသိချင်ရင် Transit Chart ပဲဖြစ်ဖြစ်၊ Personal package ပဲဖြစ်ဖြစ်လာမေးနိုင်ပါတယ်။ 🩵

https://www.facebook.com/share/p/1DGw4GBjg2/

🪶 2025 𝐀𝐬𝐭𝐫𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐏𝐫𝐞𝐝𝐢𝐜𝐭𝐢𝐨𝐧𝐬 🪶𝘑𝘢𝘯𝘶𝘢𝘳𝘺 ။     ။ အချစ်ရေးမှာ အခက်အခဲတွေရှိတဲ့အချိန်ပါပဲ။ အထူးသဖြင့် romantic relationshi...
13/01/2025

🪶 2025 𝐀𝐬𝐭𝐫𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐏𝐫𝐞𝐝𝐢𝐜𝐭𝐢𝐨𝐧𝐬 🪶

𝘑𝘢𝘯𝘶𝘢𝘳𝘺 ။ ။ အချစ်ရေးမှာ အခက်အခဲတွေရှိတဲ့အချိန်ပါပဲ။ အထူးသဖြင့် romantic relationship တွေမှာ အပြောအဆိုအဆင်မပြေတာတွေရှိပြီး မေတ္တာကိုဖော်ထုတ်ပြသပုံခြင်းမတူကြဘူး၊ လိုချင်တဲ့အရာတွေမတူကြဘူး။ အတွေးအမြင်ကွဲလွဲမှုတွေကနေ ကတောက်ကဆလေးတွေရှိတတ်တယ်။ မိသားစုဝင်အချင်းချင်းကြားမှာလည်း ဒီပြဿနာလေးတွေရှိတတ်တယ်။ မဖြေရှင်းရသေးဘဲရှိနေတဲ့ပြဿနာတွေ ပြန်ပေါ်လာတတ်တယ်။ ( Mars Retrograde က Cancer ရာသီခွင်ထဲကျရောက်နေတာကြောင့် နေအိမ်၊ပိုင်ဆိုင်မှုတွေ ဆုံးရှုံးမှုအများကြီးကြုံနေရတာလည်းဖြစ်တယ်။ ) 26 ရက်နောက်ပိုင်းမှာ ကိုယ်ကြောက်နေတဲ့အရာတွေ၊ မလုပ်ချင်တဲ့အရာတွေ၊ ရှောင်ပြေးနေမိတဲ့အရာတွေကို ရင်ဆိုင်ကျော်ဖြတ်ရတတ်တယ်။ ဒါတွေကိုကျော်ဖြတ်မှပဲ ကိုယ်လိုချင်နေတဲ့တိုးတက်မှုကို မြင်ရမှာဖြစ်တယ်။

𝘍𝘦𝘣𝘳𝘶𝘢𝘳𝘺 ။ ။ ဒီလမှာဖြစ်မယ့်အပြောင်းအလဲတွေအများကြီးကြားမှာ ငွေကြေးနဲ့ပတ်သက်တဲ့အတက်အကျ၊အပြောင်းအလဲတွေကိုလည်း သိသိသာသာတွေ့ရလိမ့်မယ်။ 4 ရက်နေ့နောက်ပိုင်းမှာ mutable signs ( Gemini, Sagittarius, Virgo, Pisces) တွေ ငွေရေးကြေးရေးကံတက်လာလိမ့်မယ်။ ပညာရေး၊ သင်ယူသင်ကြားမှု၊ သတင်းအချက်အလက်ဆိုင်ရာကိစ္စ ( social media ) တွေမှာ positive ဖက်ကိုသွားတဲ့ အပြောင်းအလဲတွေ၊ ချဲ့ထွင်မှုတွေ တွေ့နိုင်တယ်။ 23 ရက်နောက်ပိုင်းမှာ လူတွေက ကိုယ့်လူ၊ကိုယ့်မိသားစု၊ကိုယ်ပိုင်တဲ့အရာတွေအပေါ် ပိုပြီးအစွဲအလမ်းထား ကာကွယ်စောင့်ရှောက်လာကြသလို အားနည်းတဲ့သူတွေကိုဝိုင်းဝန်းကူညီကြတာတွေ ပိုပြီးမြင်လာရမယ်။ Mars Retrograde ပြီးဆုံးတဲ့အချိန်ဖြစ်ပြီး ဒီအချိန်မရောက်ခင်ထိ သတိကြီးကြီးနဲ့နေထိုင်သွားလာသင့်ပါတယ်။

𝘔𝘢𝘳𝘤𝘩 ။ ။ ဒီလမှာ retrograde တွေများပြီးတော့ 1 ရက်နေ့မှာတင် Venus retrograde နဲ့စတင်မှာဖြစ်လို့ အချစ်ရေးပြဿနာတွေလည်းများသလို connection အသစ်တွေမှာ စိတ်ရောကိုယ်ပါ commit လုပ်တာမျိုးတွေဆင်ခြင်ပါ။ အချိန်ယူပါ။ ငွေကြေးကိစ္စတွေနဲ့ စာချုပ်စာတမ်းကိစ္စတွေလည်း အတူတူပါပဲ။ အလျင်စလိုဆုံးဖြတ်တာမျိုးတွေမလုပ်သင့်တဲ့အချိန်ပါ။ ဒီလက ex တွေ၊ ဇာတ်လမ်းဟောင်းတွေပြန်လာတတ်သလို အလိုလိုနေရင်းတောင် delusional ဖြစ်ပြီး red flags တွေကိုမမြင်မိဖြစ်နေတတ်ပါတယ်။ တစ်ဖက်ကပြောသမျှကိုယုံမိလိုက်ရင် သူတို့လှည့်စားတာခံရတတ်သလို ကိုယ်ကလည်းသွားပြီး manipulate လုပ်တာမျိုးတွေ မလုပ်သင့်ဘူး။ Water signs တွေ ( အထူးသဖြင့် Pisces ) တွေ ပုံမှန်ထက်ပိုပြီး အယုံလွယ် delusional ဖြစ်နေတတ်တယ်။ နောက်ထပ်သတိထားစရာက ဒီလမှာ Eclipse နှစ်ခုရှိပါတယ်။ ဒီတစ်ခေါက် Eclipse တွေက ကိုယ့်ကိုယ်ကိုယ်တည်ဆောက်မှုအပိုင်း၊ action ယူတဲ့အပိုင်းတွေကိုသက်ရောက်မှာဖြစ်ပြီးတော့ အသေးစိတ်ကိုတော့ နီးမှထပ်ပြောသွားပါမယ်။ 30 ရက်မှာ Neptune ဂြိုဟ်က Aries sign ထဲဝင်ပြီဖြစ်ပြီး နောက်ထပ်လာမယ့် 14 နှစ်စာ chapter တစ်ခုရဲ့အစပါပဲ။ ဒီဂြိုဟ်အနေအထားကလည်း တော်တော်လေးအရေးကြီးတဲ့ထဲပါပြီး သတိထားစရာတွေများလို့ နီးမှသပ်သပ်ထပ်ပြောပါမယ်။

𝘈𝘱𝘳𝘪𝘭 ။ ။ Retrograde တွေပြီးဆုံးပြီဖြစ်လို့ Pisces တွေ ပြန်ပြီးအသက်ရှူချောင်မယ့်ကာလပါပဲ။ ရက် 20 ကျော်ရင် တိုးတက်ရာတိုးတက်ကြောင်းတွေလုပ်ဖို့ ဖိအားပေးလာမယ့်အရာတွေရှိတယ်။ Discipline ရှိလာရင် ကိုယ်ဖြစ်ချင်တဲ့အရာတွေ၊ destined ဖြစ်နေတဲ့အရာတွေက အကောင်အထည်ပေါ်လာလိမ့်မယ်။ 18၊19 နောက်ပိုင်းမှာ အပျော်အပါး၊ဝါသနာတွေနောက်လိုက်ပြီး အနုပညာ၊ artistry ဖက်မှာလုပ်နေတဲ့သူတွေအတွက် နာမည်ပိုရလာတာ၊ recognition ရလာတာတွေရှိတတ်တယ်။ ပုံမှန်ထက် ငွေသုံးပိုများနေတတ်တဲ့အချိန်လည်းဖြစ်လို့ ကိုယ့်ဖာသာသတိထားပါ။

𝘔𝘢𝘺 ။ ။ 4 ရက်နေ့မှာ Pluto retrograde ထပ်ဖြစ်ပါလိမ့်မယ်။ တော်တော်များများ karmic lessons တွေကြုံရတတ်တယ်။ karmic debt တွေရှိရင် ပြန်ဆပ်ရလိမ့်မယ်။ ကုသိုလ်ဟောင်းတွေရှိရင်လည်းအကျိုးပေးတတ်ပြီး အခွင့်အလမ်းတွေရတတ်တယ်။ ဒီလက ဘာသာရေးနဲ့ကုသိုလ်ကောင်းမှုများများလုပ်သင့်တဲ့အချိန်ပါ။ လူတွေကြားမှာ သဘောထားကွဲပြားမှုတွေအမျိုးမျိုးကြုံရပြီး အငြင်းပွားရတာတွေရှိတတ်တယ်။ တစ်ဖက်လူတွေကိုပြောင်းလဲဖို့ကြိုးစားမယ့်အစား ကိုယ့်ကိုယ်ကိုယ်ပိုပြီးကောင်းအောင်၊ တိုးတက်ပြောင်းလဲအောင်နေပါ။ ကိုယ့်အတွက်ကိုယ်ရပ်တည်ပြီး ကိုယ့်ဟာကိုယ်ကြိုးစားရမယ့်ကာလပါ။ Self-love ( မိမိကိုယ်ကိုချစ်ခြင်း ) နဲ့ selfishness ( တစ်ကိုယ်ကောင်းဆန်ခြင်း ) ကိုကွဲပြားပါစေ။

𝘑𝘶𝘯𝘦 ။ ။ ဒီလမှာ စိတ်ထဲကအရှုပ်တွေနဲ့၊ အိမ်မှာရှိတဲ့အရှုပ်တွေကို အရင်ရှင်းပါ။ ဒါဆိုရင် ကိုယ်၊စိတ်ကျန်းမာရေးနဲ့ စီးပွားရေး၊ မေတ္တာရေးတွေ အဆင်ပြေပါလိမ့်မယ်။ မိသားစုဝင်တွေတိုးတာ၊ နေအိမ်ပြန်လည်ပြုပြင်တာတွေ၊ ရွှေ့ပြောင်းတာတွေများမယ့်ကာလပါ။ 24 နောက်ပိုင်းမှာ ယုံကြည်လွန်းတာ၊ အကောင်းမြင်လွန်းတာ၊ လက်တွေ့မဆန်တဲ့အတွေးအမြင်တွေကြောင့် တိုးတက်မှုမရှိဘဲဖြစ်နေတတ်တယ်။ Cardinal signs ( Aries, Cancer, Libra, Capricorn ) တွေ ပိုသတိထားပါ။

𝘑𝘶𝘭𝘺 ။ ။ ဒီလကလည်း Retrograde တွေများပြီး Neptune, Saturn တို့လိုဂြိုဟ်ကြီးတွေသာမက Mercury retrograde လည်းရှိပါတယ်။ လူတွေရဲ့အပေါ်ယံမျက်နှာဖုံးတွေကွာကျမယ့်အချိန်ပါ။ ဟန်ဆောင်လိမ်ညာထားတာတွေပေါ်လာပြီး တချို့အမှန်တရားတွေကလည်း ထင်ထားတာထက်ကြောက်စရာကောင်းနေနိုင်ပါတယ်။ ကိုယ်မမြင်လို၊မကြားလိုတာတွေ မြင်ရ၊ကြားရလိမ့်မယ်။ နေရာတိုင်းမှာ drama ပေါင်းစုံ၊ အကြောင်းအရာပေါင်းစုံကို တွေ့နေရလိမ့်မယ်။ ရိုးရိုးရှင်းရှင်းနဲ့ တိတ်တိတ်ဆိတ်ဆိတ်သာနေပါ။ ဘယ်အရာကိုမှဝင်မပါဘဲ ကိုယ့်အေးချမ်းမှုကိုယ်ထိန်းသိမ်းပါ။ Chiron retrograde လည်းရှိတာမို့လို့ ကျန်းမာရေးကိုဂရုစိုက်ပါ။ Healing လုပ်ပါ။ ကိုယ့်ရင်ထဲမှာမျိုသိပ်ထားတာတွေများလေလေ ပိုပြီးမွန်းကြပ်ခက်ခဲလေလေဖြစ်နေမှာပါ။ ဒီအချိန်မှာ ဘာကိုမှ မစွန့်စားပါနဲ့။ risk မယူပါနဲ့။ အလျင်စလိုဆုံးဖြတ်ချက်တွေမချပါနဲ့။

𝘈𝘶𝘨𝘶𝘴𝘵 ။ ။ Mercury retrograde ပြီးဆုံးပြီဖြစ်ပြီး Leo season ဖြစ်တာမို့ ကိုယ့်ကိုယ်ကိုယ်အာရုံစိုက်ရမယ့်လပါ။ ဖောက်ထွက်ဖို့မကြောက်ပါနဲ့။ တောက်ပဖို့မကြောက်ပါနဲ့။ ဒီကာလမှာ ကျန်းမာရေး၊ lifestyle ၊ physical beauty တွေမှာ တိုးတက်မှုတွေရှိတတ်သလို confidence ပိုရှိလာတာမျိုးတွေတွေ့ရတယ်။

𝘚𝘦𝘱𝘵𝘦𝘮𝘣𝘦𝘳 ။ ။ Uranus retrograde ရှိတဲ့အပြင် Eclipse နှစ်ခုရှိပါတယ်။ အဟောင်းတွေ၊ မလိုအပ်တော့တာတွေ၊ အတိတ်တွေ အများကြီးချန်ထားခဲ့ရလိမ့်မယ်။ Filter နဲ့ စစ်ချလိုက်သလိုမျိူး အရေးမပါတာတွေအကုန်လုံးဖယ်ချထားခဲ့ပြီး ပုံစံအသစ်နဲ့ဆက်သွားရမှာပါ။ Karmic relationship တွေ အဆုံးသတ်သွားပြီးတော့ ပိုပြီးရင့်ကျက်သန်မာလာလိမ့်မယ်။ အစမှာမလွယ်ကူပေမဲ့ အတတ်နိုင်ဆုံးကုစားဖို့ကြိုးစားပါ။ Materialistic ဖြစ်နေတာတွေ၊ အစွဲအလမ်းကြီးနေတာတွေရှိရင် သေချာပြန်သုံးသပ်ပြီး အလယ်အလတ်လမ်းစဉ်လေးနဲ့သွားပါ။ ဒီအချိန်မှာတချို့က ပညာရေးတွေ၊ အောင်မြင်မှုတွေမှာ ရပ်တန့်နေရာကနေပြန်ပြီးအရွေ့ရှိလာလိမ့်မယ်။

𝘖𝘤𝘵𝘰𝘣𝘦𝘳 ။ ။ Pluto retrograde ပြီးဆုံးပြီးတော့ technology ၊ science နဲ့ social media တွေဖက်မှာ တိုးတက်ပြောင်းလဲမှုတွေ၊ ရှာဖွေတွေ့ရှိချက်အသစ်တွေ တွေ့ရတတ်တယ်။ Society ကြီးတစ်ရပ်အနေနဲ့ ဥပဒေသတွေ၊ norms တွေ အပြောင်းအလဲရှိတတ်တယ်။ လူတွေက လူသားအချင်းချင်းစာနာတဲ့လုပ်ရပ်တွေ ပိုလုပ်လာကြလိမ့်မယ်။ ဒီလမှာ reality check တွေကြုံရလိမ့်မယ်။ ကိုယ်ဖြစ်ချင်တာနဲ့ ဖြစ်နေတာနဲ့ကြားမှာ ကွာခြားချက်တွေရှိနေတာ သတိပြုမိလာတဲ့အခါ အားမလျော့သွားဘဲနဲ့ လက်တွေ့ကျတဲ့အစီအစဉ်တွေတည်ဆောက်ပြီး ဆက်ကြိုးစားပါ။ ကိုယ့်ကိုယ်ကိုယ်ပွင့်လင်းမှ ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာကိုသိရလိမ့်မယ်။

𝘕𝘰𝘷𝘦𝘮𝘣𝘦𝘳 ။ ။ Retrograde နှစ်ခုရှိပြီး Mercury retrograde ကတော့ ရက်ပိုင်းအတွင်းပြီးဆုံးမှာပါ။ စာနာစိတ်၊ ကရုဏာစိတ်တွေက မိမိကိုယ်တိုင်နဲ့ အခြားလူတွေအပေါ် ကုစားမှုတွေဖြစ်စေလိမ့်မယ်။ နာကျင်မှုတွေကို ပြေလျော့စေလိမ့်မယ်။ မိမိကိုယ်ကိုကူညီခြင်းကလည်း လူသားအားလုံးကိုကူညီခြင်းပါပဲ။ ဒီကာလမှာ အရာရာကိုမေတ္တာထားပါ။ စိတ်ရှည်ပါ။ Jupiter retrograde ကြောင့် ငွေကြေးကိစ္စတွေ၊ ဆေးပညာနဲ့ကျန်းမာရေးနယ်ပယ်တွေမှာ အခက်အခဲတွေဖြစ်တတ်တယ်။ ဆုံးဖြတ်ချက်တစ်ခုခုမချခင် သေချာ research လုပ်ပါ။

𝘋𝘦𝘤𝘦𝘮𝘣𝘦𝘳 ။ ။ ဒီလမှာ စိုးရိမ်စရာတွေအများကြီးမရှိဘူး။ သူများတွေကိုဝေမျှချင်စိတ်၊ ကူညီချင်စိတ်တွေနဲ့ လုပ်သင့်တာထက်ပိုလုပ်ပေးမိတာတွေရှိတတ်တယ်။ ကိုယ်ဖြစ်ချင်တာတွေကိုလည်း လျစ်လျူမရှုပါနဲ့။ ရည်မှန်းချက်တွေအတွက် ပြန်ပြီးအစီအစဉ်ချတာမျိုးတွေရှိမယ်။ Neptune retrograde ပြီးသွားတာကလွဲရင် ဂြိုဟ်ခွင်အပြောင်းအလဲ ကြီးကြီးမားမားမရှိဘူး။

⭐ အကုန်လုံးကိုအသေးစိတ်မပြောထားပေမဲ့ ဂြိုဟ်ကြီးတွေအပြောင်းအလဲဖြစ်တဲ့အခါ သဘာဝဘေးအန္တရာယ်တွေ၊ ကျန်းမာရေးပြဿနာတွေရှိတတ်ပါတယ်။ အထူးသဖြင့် အခုလို Chiron က Aries sign ထဲရောက်နေတဲ့အခါ နေရာတိုင်းမှာ တစ်ခုမဟုတ်တစ်ခုကြုံနေရတာပါပဲ။ 2027 April ကျမှ Chiron ရာသီခွင်ပြောင်းပါလိမ့်မယ်။ Natal Chart မှာ Chiron Aries ပါတဲ့သူတွေဂရုစိုက်ပါ။ ( အသက် 49 ကနေ 57 အတွင်းကလူတွေဖြစ်လိမ့်မယ်။ ) ကျန်းမာရေးကိုပိုဂရုစိုက်ပေးပါ။

⭐ ဒါတွေကတော့ Astrology ပညာရပ်ကိုသုံးပြီး တစ်နှစ်စာကြိုတင်ခန့်မှန်းထားတာပါ။ ကမ္ဘာနဲ့အဝှမ်းသက်ရောက်မယ့်အခြေအနေတွေဖြစ်ပြီးတော့ personal တစ်ယောက်ချင်းစာသိချင်တဲ့သူတွေက Transit Chart service ယူနိုင်ပါတယ်။

https://www.facebook.com/share/p/nQeduZWsZCD4ENGa/?mibextid=oFDknk

🐚 𝖯𝗂𝖼𝗄 𝖠 𝖯𝗂𝗅𝖾 𝖥𝗈𝗋 𝙅𝙖𝙣𝙪𝙖𝙧𝙮 𝙋𝙧𝙚𝙙𝙞𝙘𝙩𝙞𝙤𝙣𝙨 🐚Monthly predictions တင်ဖို့ အရမ်းနောက်မကျသေးဘူးထင်လို့ တင်လိုက်ပါတယ်။ စောစောတင်မလ...
07/01/2025

🐚 𝖯𝗂𝖼𝗄 𝖠 𝖯𝗂𝗅𝖾 𝖥𝗈𝗋 𝙅𝙖𝙣𝙪𝙖𝙧𝙮 𝙋𝙧𝙚𝙙𝙞𝙘𝙩𝙞𝙤𝙣𝙨 🐚

Monthly predictions တင်ဖို့ အရမ်းနောက်မကျသေးဘူးထင်လို့ တင်လိုက်ပါတယ်။ စောစောတင်မလို့လုပ်ထားပေမဲ့ Juno အခုမှအချိန်ရလို့ပါ။ တစ်နှစ်စာသိချင်ရင်လည်း အရင်တင်ထားတဲ့ post မှာ သွားဖတ်လို့ရပါတယ်နော်။ 🤍

တစ်နှစ်စာ personal predictions အတွက်တော့ အောက်မှာ link ထည့်ပေးထားပါတယ်။

https://www.facebook.com/share/p/1DGw4GBjg2/

Address


Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Website

Alerts

Be the first to know and let us send you an email when 𝑫𝒊𝒗𝒊𝒏𝒆 𝑵𝒂𝒕𝒊𝒐𝒏 𝐎𝐟 Jᴜɴᴏ & Mɪʀᴇʟʟᴇ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to 𝑫𝒊𝒗𝒊𝒏𝒆 𝑵𝒂𝒕𝒊𝒐𝒏 𝐎𝐟 Jᴜɴᴏ & Mɪʀᴇʟʟᴇ:

  • Want your practice to be the top-listed Clinic?

Share