RFC Royal Fertility Clinic Toungoo

  • Home
  • RFC Royal Fertility Clinic Toungoo

RFC Royal Fertility Clinic Toungoo Fertility Centre

တိုးတက်ကုန်ကြပီ... ပြောင်းလဲကုန်ကြပီနော်...   မျိုးဆက်သစ်လေးလိုချင်လို့ RFC မှာလာပြရင်း ပြောင်းလဲမှုလေးတွေဖြစ်သွားတဲ့ မေ...
30/10/2020

တိုးတက်ကုန်ကြပီ... ပြောင်းလဲကုန်ကြပီနော်...
မျိုးဆက်သစ်လေးလိုချင်လို့ RFC မှာလာပြရင်း ပြောင်းလဲမှုလေးတွေဖြစ်သွားတဲ့ မေမေတို့ရဲ့ ပုံရိပ်လေးတွေ💜💜💜

❓ဘာ့ကြောင့် ရင်သွေးလေးမရတာလဲ???
❓ ဘယ်လိုအတားအဆီးတွေရှိပီး
❓ဘယ်လို အချိန်တွေကိုက်ညီမှုမရှိလဲ ဆိုတာကို .... 🤔🤔🤔
ဝိုင်းဝန်းအဖြေရှာကူညီပေးရင်း ဖေဖေ၊မေမေ တို့အတွက် မျိုးဆက်သစ်လေးတွေကိုမွေးထုတ်ပေးနိုင်ခဲ့ပါပီ🥰🥰🥰

🤱အတားအဆီးဖြစ်နေတဲ့ Dermoid cystကိုခွဲထုတ်ပေးပီး မျိုးဆက်သစ်လေးပိုင်ဆိုင်ခွင့်ရခဲ့တဲ့ မေမေနဲ့👼

🤱လိုအပ်တဲ့ ကုသရှာဖွေမှုဖြစ်တဲ့ ဆေးဓါတ်မှန်ရိုက်ပီး ဘေဘီလေးပိုင်ဆိုင်ခွင့်ရတဲ့ မေမေတို့နဲ့အတူ...👼
(ဆေးဓါတ်မှန်ရိုက်ခြင်းဆိုင်ရာအတွက် 👉:; https://www.facebook.com/107276414339790/posts/156078476126250/?d=n)

နောက်ထပ် မေမေလောင်းများစွာရဲ့ အခက်ခဲများကို ကူညီဖြေရှင်းပေးဖို့အတွက် ကျွန်မတို့ Royal Fertility Center မှနွေးထွေးစွာကြိုဆိုလျက်ရှိပါတယ်ရှင့်🤗🤗🤗

Royal Fertility Center
နံပါတ်(၁)လမ်း၊ တော်ဝင်ဆေးရုံ၊ တောင်ငူမြို့။
📞📞📞- 0542823656

ဝ လည်းချစ်မှာပါဘဲ, ဒါပေမဲ့---- #  အတောင်၂၀ ဝတ် ယွကျားများသည် မိမိ၏ချစ်သူ ဝလည်း သစ္စာရှိစွာ ချစ်ကြပါသည်။ ဤကဲ့သို့ ကြွေးကြ...
04/09/2020

ဝ လည်းချစ်မှာပါဘဲ, ဒါပေမဲ့----

# အတောင်၂၀ ဝတ် ယွကျားများသည် မိမိ၏ချစ်သူ ဝလည်း သစ္စာရှိစွာ ချစ်ကြပါသည်။ ဤကဲ့သို့ ကြွေးကြော်ကြလေ၏။
“လှတာက ချက်စားလို့မရဘူး,ဝတာကမှ ဖက်ထားလို့ရ”
“ လှလို့ဝလို့ဘဲရှိတယ်,လှလို့ပိန်လို့ဆိုတာမရှိဘူး”ဟူ၍
ဟို နံမည် ၄ လုံးနဲ့ ရှမ်းရက်ပ်ပါလေးကလည်း သီချင်း ဆိုထားသေးတယ်၊
“ ဝိတ်မချပါနဲ့အချစ် “ တဲ့

Fat shaming/ body shaming ဆိုတာကလည်း လူကြီး လူကောင်း ယွကျား မလုပ်သောအရာတစ်ခုပါ။

# # ဝတယ်/မဝဘူးဆိုတာကို ဘယ်လိုသိမလဲ !!!!
Body Mass Index ( BMI ) နဲ့ တိုင်းတာကြပါတယ်၊
- ၁၇.၅နဲ့ အောက်- အလွန်ပိန်( စားသောက်မှု ပြဿနာရှိ)
- ၁၇.၅ -၁၈.၅ - နဲနဲပိန်
- ၁၈.၅-၂၄.၉ - ပုံမှန် အလေးချိန်
- ၂၅-၂၉ - overweight ( နဲနဲဝ )
- > ၃၀ obesity ( တော်တော်ဝ )
- > ၄၀ morbid obesity ( အလွန်ဝ )
)
# # # ဝပြီးကျန်းမာနေတဲ့သူတွေ အများကြီးပါဘဲ၊ ဒါပေမဲ့ ဝပြီး ဖြစ်နိုင်ချေရှိလာတဲ့ ပြဿနာ ရောဂါများလည်းရှိပါတယ်၊ ဥပမာ-
- သွေးတိုး
- ဆီးချို
- နှလုံးသွေးကြောကျဉ်း
- အသဲအဆီဖုံး စသည်ဖြင့်ပေါ့။

# # # ဒါဆို အဝလွန်ခြင်းကြောင့် မျိုးဆက်ပွားကျန်းမာရေးကို ဘယ်လို အကျိုးသက်ရောက်နိုင်သလဲ ??
ဝတဲ့ဇနီးမောင်နှံတွေလည်း သားသမီးရကြပေမဲ့လည်း တချို့မှာ သားသမီးရရန် ခက်ခဲကြန့်ကြာနေတတ်ပါတယ်၊

ဘာကြောင့်ဖြစ်နိုင်တာလဲဆိုတော့-
- ဝတဲ့အမျိုးသားတချို့မှာ သုတ်ပိုးအားနည်း
- ဝတဲ့အမျိုးသမီးတချို့မှာ-
မမျိုးဥမကြွေခြင်း၊
ရာသီမမှန်ခြင်း၊
ကြွေသောမမျိုးဥမှာလည်း ကွာလတီမကောင်းခြင်း။

အကယ်၍ ကိုယ်ဝန်ရခဲ့မယ်ဆိုရင်လည်း ပုံမှန်အလေးချိန်
ရှိတဲ့မိခင်တွေထက် ပိုပြီး သားလျှောခြင်း၊ စောမွေးခြင်း၊ သေးငယ်လွန်း/ကြီးထွားလွန် ကလေးတွေမွေးဖွားနိုင်ခြင်း၊
ထိုကလေးငယ်များသည်လည်း ကြီးလာသည့်အခါ အဝလွန်ခြင်း၊
ဆီးချို/သွေးတိုး စသည့် ရောဂါများ ဖြစ်နိုင်ချေများခြင်း စသည့် ပြဿနာများကြုံတွေ့ရနိုင်ပါတယ်။

# # # #ကိုယ်အလေးချိန် ထိန်းသိမ်းနိုင်ရန်အတွက် ဆောင်ရွက်ရန်
နည်းလမ်း (၃)ခုရှိပါတယ်။
၁) အစားအသောက်နဲ့ လေ့ကျင့်ခန်း
၂) ပိန်ဆေး
၃) ခွဲစိတ်ခြင်း

# # # # ဒါဆို မိမိ၏ချစ်သူ ဝဝလေးကို ပိုကျန်းမာစေရန်၊ သားသမီး ရတနာကောင်းကောင်းလေးမွေးဖွားနိုင်ရန် ပြောရပေတော့မည်။
ဒါပေမဲ့ အပြောမတတ်လျှင် အရစ်ခံရနိုင်သည်၊
“ ဘာလဲ,ရှင်က ဝရင်မချစ်နိုင်တော့ဘူးပေါ့ “
“ အခုတော့အချိုးတွေ ပြောင်းကုန်ပီပေါ့” စသည်ဖြင့် 😜😜

ဒီတော့ ပူးပေါင်းဆောင်ရွက်ခြင်းနည်းနဲ့ ခံသာအောင် ပြောဆို သိမ်းသွင်းရပေတော့မည်၊
“ ချစ်ရေ, ဒီနေ့တော့ အရွက်ပြုတ်လေးတူတူစားရအောင်@
“ Gym မန်ဘာအတူဝင်ပြီး ပုံမှန် အတူတူသွားရအောင်”
စသည်ဖြင့်😜😜😜

# # # #ကိုယ်ခန္ဓာအလေးချိန် ထိန်းသိမ်းဖို့အတွက် အစားအသောက်မှန်ကန်စွာ ရွေးချယ်စားသောက်မှုက ၆၀-၇၀%
ကိုယ်လက်လေ့ကျင့်ခန်းက ၃၀-၄၀% အရေးကြီးလှပေသည်။
အလေးချိန် ၅-၇% လျှော့ နိုင်လျှင်ပင် အလွန်ထိရောက်လှပေသည်၊ ဥပမာ- ပေါင် ၁၄၀ ရှိသော အမျိုးသမီးသည် ၇-၁၀ ပေါင် လျှော့ချနိုင်ရုံမျှဖြင့် ---
- အထွေထွေကျန်းမာရေးပိုကောင်းလာခြင်း၊
- ဓမ္မတာ ပိုမှန်လာခြင်း၊
- မမျိုးဥကြွေ မှန်လာခြင်း
- သားသမီးရရန် ပိုလွယ်ကူလာခြင်း
- ကိုယ်ဝန်ဆောင်စဉ် ကျန်းမာရေးပြဿနာများ နည်းပါးခြင်း
- မွေးဖွားရ လွယ်ကူခြင်း
- ကလေးတွင် မွေးရာပါချို့ယွင်းချက်ပါနိုင်ချေနည်းပါးခြင်း
စသည့် အလွန်ကောင်းမွန်သော အကျိုးကျေးဇူးများ ရရှိနိုင်ပေသည်။

# # #အကယ်၍ လိုအပ်လို့ ဖြန်ပြွန်သန္ဓေသားနည်း(IVF) သုံးရမည် ဆိုရင်လဲ ကိုယ်ခန္ဓာအလေးချိန်မှန်ကန်တဲ့အတွက်-
- မမျိုးဥနှိုးဆွဆေး လျော့ထိုးရခြင်း
- မမျိုးဥ ပိုထွက်ခြင်း
- ကိုယ်ဝန်ရရှိအောင်မြင်နိုင်ချေ ပိုများခြင်း
- ကုန်ကျစားရိတ်ပိုသက်သာခြင်း စတဲ့ အကျိုးများရရှိနိုင်မှာ
ဖြစ်ပါတယ်။

# # # # ဒုတိယနည်းဖြစ်တဲ့ ပိန်ဆေးကတော့ ဘေးထွက်ဆိုးကျိုးများ ရှိနိုင်တဲ့အတွက် ကျွမ်းကျင်ဆရာဝန်နဲ့တိုင်ပင်ပီးမှ သောက်သင့်ပါတယ်။

# # # # တတိယနည်းကတော့ BMI >40ကျော်သွားတဲ့ ခင်သန္တာသက်ချိုပြုံး အတွက်ကတော့ Bariatric Surgery လို့ ခေါ်တဲ့ နည်းနဲ့ခွဲစိတ်ကုသနိုင်ပါတယ်။

# # # # # အချုပ်အားဖြင့် တဖက်က “ဘယ်လောက်ဝဝ ချစ်ပါတယ် လို့” ပါးစပ်က တသွင်သွင်ပြောပီး တဖက်ကလည်း နည်းပရိယာယ် ကြွယ်ဝစွာဖြင့် မဟာပုရိသ ယွကျားများက ကိုယ်တိုင်ပူးပေါင်း ဆောင်ရွက် ဝိတ်ချစေခြင်းဖြင့် ပျော်ရွှင်ချမ်းမြေ့သော မိသားစုဘဝ
ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါကြောင်း😍😍😍😍😍😍

ဖိုတို- အင်တာနက်

ကလေးလေးရဖို့ ကြိုးစားနေကြတဲ့အိမ်ထောင်ရှင်လေးတွေကို မပြောသင့်တာလေးတွေမပြောရင်း အားပေးကူညီလိုက်ကြရအောင်နော်...👩‍❤️‍👨💙👩‍❤️‍...
19/08/2020

ကလေးလေးရဖို့ ကြိုးစားနေကြတဲ့အိမ်ထောင်ရှင်လေးတွေကို မပြောသင့်တာလေးတွေမပြောရင်း အားပေးကူညီလိုက်ကြရအောင်နော်...👩‍❤️‍👨💙👩‍❤️‍👨

ကလေးရဖို့ ကြိုးစားနေတဲ့သူတွေကို မပြောသင့်တဲ့ စကားတွေက?

ကင်ဆာရောဂါကြောင့် ခံစားရတဲ့ စိတ်ဖိစီးမှုနဲ့ ကလေးရဖို့ ခက်ခဲလို့ ခံစားရတဲ့ စိတ်ဖိစီးမှုက တူညီတာကို တွေ့ရပါတယ်။ နောက်ပြီး စုံတွဲ( ၆ )တွဲမှာ ( ၁ )တွဲက သားသမီးရဖို့ ခက်ခဲတဲ့ ပြသနာနဲ့ ရင်ဆိုင်ကြုံတွေ့ နေရပြီး ကိုယ့်ရဲ့ အကြောင်းကို အခြားသူတွေ မသိစေချင်လို့ ဖွင့်မပြောချင်ကြတဲ့ သူတွေလည်း အများကြီးရှိပါတယ်။ အဲ့ဒါကို ကျွန်မတို့က မရည်ရွယ်ဘဲ သူတို့ရဲ့ ဒါဏ်ရာကို စကားလုံးနဲ့ သွားဆွမိတဲ့ အချိန်တွေ ရှိတတ်ပါတယ်။

ကျွန်မတို့ အနေနဲ့ လူမှုရေးအရ၊ ယဥ်ကျေးမှုအရ သားသမီးရဖို့ ခက်ခဲနေတဲ့ သူတွေကို မပြောသင့်တဲ့ စကားတွေက

၁-ဘာလို့ ကလေးမယူသေးတာလဲ?
နင် ထူးခြားပြီလား?
ကျွန်မတို့တွေက အိမ်ထောင်ကျ ပြီးသား သူငယ်ချင်းနဲ့ တွေ့ရင် အာလာပသလာပ အနေနဲ့ တခါတလေ မေးမိတဲ့ မေးခွန်းတွေက ကလေး မယူချင် သေးတဲ့ သူတွေ အတွက် ဘာမှ သက်ရောက်မှု မရှိပေမဲ့ ကလေးရဖို့ ကြိုးစားနေရတဲ့ သူအတွက်တော့ ရင်ဘတ်ထဲကို ဓါးနဲ့ စိုက်လိုက်သလိုဘဲ နင့်ခနဲ နာကျင်စေနိုင်လို့ သတိထားဖို့ လိုပါ တယ်။

၂-ငါ့ကလေးပေးမယ်လေ။ မွေးစား လိုက်ပါလား။
တကယ်တမ်းကိုယ်က အားပေးချင်ပြီး စချင်နောက်ချင်တဲ့ သဘောနဲ့ ပြောလိုက်ပေမဲ့ သူ့ဘက် မှာတော့ စိတ်ထိခိုက်စရာကြီး ဖြစ်ပြီး ကိုယ်တွေ ၂ယောက်ကြားက ဆက်ဆံ
ရေးမှာ အဖုအထစ် ဖြစ်သွားစေနိုင်ပါ တယ်။ နောက်ပြီး ကိုယ့်ကလေး ရှေ့မှာသာ အဲ့လိုတွေ ပြောမိမယ်ဆိုရင် ကလေးက ငါ့ကိုမချစ်လို့၊ မလိုချင်လို့ သူများကို ပေးချင်နေတယ်ဆိုပြီး စိတ်မလုံခြုံမှုနဲ့ စိတ်ဒါဏ်ရာတွေ ဖြစ်စေနိုင်လို့ မပြောခင် သေချာ စဥ်းစားသင့်တဲ့ စကားလုံးလေးပါ။

၃-အလုပ်ကြီးပဲ ဖိလုပ်နေတာကိုး အဲ့ဒီတော့ ကလေးဘယ်ရတော့မလဲ။
ကျွန်မတို့ အနေနဲ့ ကလေးမရနိုင်တာကို ပြစ်ချက်ရှာပြီး ပြောတာမျိုး လုံးဝ မလုပ်သင့်ပါဘူး။ အထူးသဖြင့် အသက်ငယ်တုန်းက ကလေးမယူဘဲ အလုပ်ကြီးပဲ ဖိလုပ်နေတာကိုး ဆိုတဲ့ စကားမျိုးက အမှန်ဆိုရင်တောင် ကိုယ်က သူမဟုတ်တဲ့ အတွက် သူလိုချင်တဲ့ ဘဝပုံစံနဲ့ သူတိုက်နေရတဲ့ ဘဝတိုက်ပွဲကို လုံးဝ နားလည်နိုင်မှာ မဟုတ်ပါဘူး။ အဲ့ဒါအပြင် တစ်ယောက်နဲ့ တစ်ယောက်ချထားတဲ့ ဘဝပန်းတိုင်တွေ ကလေးယူဖို့ အစီအစဥ်တွေကလည်း မတူကြဘူးဆိုတာ သတိထားဖို့ လိုပါတယ်။ နောက်ပြီး ဝင်ငွေ ကောင်းကောင်းရှိကြတဲ့ သူတွေ က မိဘဖြစ်လာတဲ့ အချိန်မှာ ယုံကြည်ချက်ရှိရှိနဲ့ ကလေးကို ပိုပြီး ကောင်းကောင်း ပြုစုပျိုးထောာင်ပေး နိုင်တာကို တွေ့ရပါတယ်။

၄-ဘယ်သူ့ကြောင့် ကလေးမရတာလဲ?
ကိုယ်သာ ဒီလို အမေးခံရမယ်ဆိုရင် ဘယ်လိုဖြစ်သွားမလဲ ဆိုတာတွေးကြည့်လို့ ရပါတယ်။ အမေးခံရတဲ့သူအတွက် ကသိက အောက်ဖြစ်ပြီး အကျပ်ရိုက်စေမဲ့ မေးခွန်းမျိုးကို အစထဲက မမေးမိတာက အကောင်းဆုံးဖြစ်ပြီး အခန့်မသင့်ရင် ပြသနာတက်စေ နိုင်ပါတယ်။

ကျွန်မတို့ အနေနဲ့ တစ်ယောက်ကို တစ်ယောက် ဖေးမကူညီတဲ့ စကားနဲ့ ပိုပြီး ကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်ချင်ကြတယ် ဆိုရင် အပေါ်မှာ ပြောခဲ့တဲ့ စကားလေးတွေကို ရှောင်ရှားကြဖို့ အကြံပြုပါရစေ။
ဒီလို စကားမျိုးတွေကို မသိလိုက်ဘဲ ပြောမိကြတဲ့သူတွေ ရှိလား?
ကိုယ်က ကလေးရဖို့ ကြိုးစားနေရတဲ့ အချိန်မှာ ဘယ်လို စကားလုံးတွေက စိတ်ထိခိုက်စေခဲ့ဖူးလဲ?
Naw



😢တစ်လတစ်ခါ ဆီးစစ်တံလေး စစ်ကြည့်ပီးတိုင်း စိတ်မကောင်းဖြစ်နေရလား ?😥    🤔ဘယ်သူ့ကြောင့် ? ဘာ့ကြောင့် ? နဲ့ အတွေးများစွာပင်လယ...
20/07/2020

😢တစ်လတစ်ခါ ဆီးစစ်တံလေး စစ်ကြည့်ပီးတိုင်း စိတ်မကောင်းဖြစ်နေရလား ?😥
🤔ဘယ်သူ့ကြောင့် ? ဘာ့ကြောင့် ? နဲ့ အတွေးများစွာပင်လယ်ဝေနေရလား ?🤔
🙂ဘယ်အရာတွေဆင်ခြင်ပီး ဘယ်အရာတွေလိုက်နာရမလဲဆိုတာရော သေချာသိကြလား ?🙂

ဒီမေးခွန်းများကို ဖေဖေ၊မေမေတို့ နှစ်ယောက်ထဲတွေးပီး ခေါင်းရှုပ်မခံပါနဲ့...🤗🤗🤗

⬇️⬇️⬇️⬇️⬇️

တောင်ငူမြို့၊ တော်ဝင်ဆေးရုံမှာဖွင့်လှစ်ထားတဲ့ မျိုးဆက်ပွားကျန်းမာရေး (Royal Fertility Center) မှာ အိမ်ထောင်ရှင်များရဲ့ ပြဿနာများကို ကူညီဖြေရှင်းပေးနေပါပီ😇😇😇

ဘယ်သူ့ကြောင့်လဲ ? ဘာ့ကြောင့်လဲ ? မေးခွန်းများကို ခေါင်းရှုပ်ခံ စဉ်းစားမနေပဲ လိုအပ်သော စစ်ဆေးမှုများ၊ ဆွေးနွေးမှုများနှင့် ဆေးပညာအရကလေးရရန် ကြိုးစားပေးမှုများပြုလုပ်နိုင်ရန် Royal Fertility Center မှ ဝန်ထမ်းများမှ နွေးထွေးပျူငှာစွာ ကြိုဆိုလျက်ရှိပါတယ်ရှင့်💚💚💚


Royal Fertility Center
နံပါတ် (၁)လမ်း၊ တော်ဝင်ဆေးရုံ၊ တောင်ငူမြို့။

တောင်ငူမြို့ကြီးမှာ👉👉👉👉အိမ်ထောင်သည် ဇနီးမောင်နှံများအတွက် ပထမဆုံး "သန္ဓေသား နှင့် အမျိုးသမီးများ ကျန်းမာရေး အသိပညာပေးစင်...
12/07/2020

တောင်ငူမြို့ကြီးမှာ👉👉👉
👉အိမ်ထောင်သည် ဇနီးမောင်နှံများအတွက် ပထမဆုံး "သန္ဓေသား နှင့် အမျိုးသမီးများ ကျန်းမာရေး အသိပညာပေးစင်တာ" ရှိကြောင်းသိပီးကြပီလား ???📣📣📣

🤔🤔🤔 အိမ်ထောင်ပြုပီး(၁)နှစ်ကျော်သည်အထိ မည်သည့် ဆေးဝါးများမသုံးပါပဲနှင့် သားသားလေး၊ မီးမီးလေးတွေ ရဖို့ခဲယဉ်းနေကြပါသလား?
🤔🤔🤔 အမျိုးသမီးများ ဆိုင်ရာ ဟော်မုန်းဓါတ် မမျှတမှုတွေကြောင့်များ သန္ဓေသား ရဖို့ခက်ခဲနေကြလား ?

... စိတ်မပူကြပါနဲ့...😇
👇👇👇👇👇

တောင်ငူမြို့ နံပါတ် ၁ လမ်းရှိ တော်ဝင်ဆေးရုံမှာ အထက်ပါအခက်အခဲတွေကို အတူတူဆွေးနွေးတိုင်ပင်ပီး ဖြေရှင်းပေးနေပါပီ...✌️✌️✌️

ရန်ကုန်ဗဟိုရ်စည်ဆေးရုံကြီး BFC center မှဆရာကြီး " Dr.U Nyan Coe" ကိုယ်တိုင် အိမ်ထောင်သည် ချစ်မိတ်ဆွေများအတွက် အိမ်ထောင်ရေးနှင့် သန္ဓေသား ကျန်းမာရေးဆိုင်ရာ ပြဿနာများကို လာရောက်ဆွေးနွေးကြည့်ရှုပေးခြင်းဖြစ်ပီး
လာရောက်တိုင်ပင်သူစုံတွဲများကိုလဲ အကောင်းဆုံးသောဝန်ဆောင်မှုများ ပေးလျက်ရှိပါသည်... 😊😊😊
အမြန်ဆုံးလှမ်းလာပြီး တိုင်ပင် ဆွေးနွေး နိုင်ပါပြီ

 # # # Sharing is Caring !!  # # # #    သားသမီးရရန်ခက်ခဲခြင်း ( subfertility) ဟာ        ၁၅ % ( ဇနီးမောင်နှံ ၆ တွဲမှာ တစ်...
06/07/2020

# # # Sharing is Caring !! # # #

# သားသမီးရရန်ခက်ခဲခြင်း ( subfertility) ဟာ
၁၅ % ( ဇနီးမောင်နှံ ၆ တွဲမှာ တစ်တွဲ ) မှာ
တွေ့ကြုံနေရပါတယ်။

# အရင်တုန်းကတော့ သားသမီးမရရင်
အမျိုးသမီးအပြစ်လို့ဘဲ တဖက်သတ် ယူဆခဲ့ရာက
ယခုအခါ သေသေချာချာလေ့လာကြည့်တဲ့အခါ

- အမျိုးသားကြောင့် ၄၀%
- အမျိုးသမီးကြောင့် ၄၀%
- အကြောင်းရင်းရှာမရ
( unexplained). ၂၀%

လို့ တွေ့ရှိရပါတယ်။

# Dr Carlsen နဲ့ အဖွဲ့ က ၁၉၉၂ မှာ သုတေသန
ပြုလုပ်ခဲ့တယ်--
၁၉၃၈ - ၁၉၉၀ - ( နှစ်၅၀ ကျော်) အတွင်း
အမျိုးသား ဦးရေ - ၁၅၀၀၀ ကို လေ့လာခဲ့ရာ
မျိုးပွားနိုင်တဲ့ သုတ်ပိုးကောင်ရေ
၁၁၃ သန်း/ စီစီ ကနေ သန်း၆၆/စီစီ ထိ
လျော့နည်းသွားတာတွေ့ရတယ်၊
( တစ်နှစ်ကို ၁% နှုန်းနဲ့ ကျဆင်းနေ)

# တခါ Dr Swan နဲ့ အဖွဲ့က ၂၀၀၀ ခုနှစ်မှာ
၁၉၃၄-၁၉၉၆ အတွင်း အမျိုးသား ဦးရေ
( 47 studies) ကို ထပ်မံ လေ့လာကြည့်တဲ့အခါ
အမေရိကားမှာ တစ်နှစ်ကို ၁.၅ %
သြစတေးလျား နဲ့ ဥရောပ မှာ
တစ်နှစ်ကို ၃% နီးပါး
ကျဆင်းနေတာကို တွေ့ရပါသတဲ့ !!

# အများအားဖြင့် ၁) ပတ်ဝန်းကျင်ညစ်ညမ်းမှု နဲ့
၂) လူ့နေထိုင်မှုပုံစံ တွေ
ပြောင်းလဲလာလို့ပါဘဲ တဲ့။

# နောက်ထပ် နှစ်ပေါင်း (၅၀) လောက်
ဒီပုံစံအတိုင်းသာ ဆက်သွားလို့ရှိရင်---
အမျိုးသားတို့ရဲ့ သုတ်ပိုး
အရည်အတွက်ကော,အရည်အသွေးပါ
ဆက်ကျဆင်းပီး
သိပ္ပံနည်းပညာအကူအညီမပါဘဲ
သဘာဝအတိုင်း သားသမီးရနိုင်ချေ
အလွန်နည်းပါးသွားမယ် လို့
ယူဆနေကြပါတယ်ဗျာ !!!

# ဒါကြောင့် ဇနီးမောင်နှံစုံတွဲတွေမှာ အိမ်ထောင်ကျပီး
တစ်နှစ်အတွင်း သားသမီးရရန် ခက်ခဲနေပီးဆိုရင်
တယောက်နဲ့တယောက် နားလည်မှုရှိစွာနဲ့
ညှိုနှိုင်းတိုက်ပင်ပီး လိုအပ်နိုင်တဲ့ကျန်းမာရေး
စောင့်ရှောက်မှု ခံယူသင့်ကြောင်းပါ။


ဒေါက်တာ ဉာဏ်ကိုး

 # # သားအိမ်အသားလုံး( uterine fibroid / myoma)                      နှင့်         မျိုးဆက်ပွားကျန်းမာရေး                ...
05/07/2020

# # သားအိမ်အသားလုံး( uterine fibroid / myoma)
နှင့်
မျိုးဆက်ပွားကျန်းမာရေး

( ဒေါက်တာဉာဏ်ကိုး)

# Ut fibroid ဆိုတာဘာလဲ ? ဘာကြောင့်ဖြစ်ရတာလဲ?
ကင်ဆာလား ? ဘယ်လိုလက္ခဏာတွေရှိလဲ? ဘယ်လို
စစ်ဆေးပီးသိန်ုင်မလဲ?

- သားအိမ်အသားလုံးဟာ အမျိုးသမီးများတွင် အဖြစ်
အများဆုံးသော ကင်ဆာမဟုတ်သော မီးယပ်
ဆိုင်ရာပြဿနာ တခု ဖြစ်ပါတယ်၊
အမျိုးသမီး ၃-၄ယောက်မှာ ၁ယောက်ရှီနေတတ်
ပါတယ်၊ သက်တမ်းတလျှောက် ၁၀ယောက်မှာ
၇ယောက်ထိ ဖြစ်တတ်ပါတယ်။

- တိကျတဲ့ အကြောင်းရင်းသိပ်မရှိပေမဲ့ မျိုးရိုးဗီဇ နဲ့
ဟော်မုန်းတွေကြောင့်ဖြစ်တယ်လို့ယူဆထားတယ်။

- အသားလုံးရဲ့ အရွယ်အစား/တည်နေရာ/အရေအတွက်
ပေါ်မူတည်ပီး ရောဂါလက္ခဏာတွေဖြစ်တယ်၊
အကြမ်းဖြင့်အားဖြင့်-
၁) သားအိမ်အပြင်ဖက်ထွက်နေသောအသားလုံး(၅၅%)
၂) သားအိမ်းနံရံတွင်းအသားလုံး(၄၀%)
၃) သားအိမ်အတွင်းခန်းအသားလုံး (၅%) နဲ့
၄) အခြားရှားပါးနေရာများလို့ ခွဲလို့ရတယ်။

ဖြစ်တတ်တဲ့ လက္ခဏာတွေကတော့-
- ပုံမှန်မဟုတ်သွေးဆင်းခြင်း၊
- ဆီးစပ်ကိုက်ခဲခြင်း( အထူးသဖြင့် သွေးပေါ်ချိန်)
- ဆီးအိမ်နဲ့ဝမ်းအိမ်ကိုဖိမိ၍ ဆီးဝမ်းသွားလာရ
အဆင်မပြေဖြစ်ခြင်း၊
- သားသမီးရရန်ခက်ခဲနေခြင်း စသည်ဖြင့်----

- ကိုယ်ခန္ဓာစမ်းသပ်စစ်ဆေးခြင်း၊ultrasound ရိုက်ခြင်း၊
မှတဆင့် MRI စက်နှင့် စစ်ဆေးခြင်း ဖြင့်သိနိုင်၊

# # ဘယ်လိုကုသရမလဲ၊ထပ်ဖြစ်နိုင်သလား??

- ယေဘုယျအားဖြင့်-
-ရောဂါလက္ခဏာရှိ/မရှိ, ပြင်းထန်/မပြင်းထန်
- သားသမီးမရသေး/ရပီးဆက်မယူတော့
ပေါ်မူတည်ပီး-----
၁) ဟော်မုန်းဆေးနဲ့ထိန်းခြင်း၊
၂) အသားလုံးသီးသန့်ခွဲထုတ်ခြင်း
၃) သားအိမ်တခုလုံးခွဲထုတ်ခြင်း စသည်ဖြင့်ရှိ၊

- သုတေသနအရ ပြန်ဖြစ်နိုင်ချေ ၁၀နှစ်အတွင်းမှာ
၃၀% လောက်ရှိပါတယ်။

# # # အသားလုံးရှိခြင်းကြောင့် သားသမီးရရန်ခက်ခဲနိုင်
ပါသလား? အသားလုံးကိုခွဲထုတ်လိုက်ရင်ရော
သားသမီးပိုရနိုင်ချေများလာ?
သဘာဝအတိုင်း/ မျိုးဆက်ပွားကုထုံး နဲ့ သားသမီး
ရအောင် ကြိုးစားရမှာလား?
အသားလုံးရှိရက်နဲ့/အသားလုံးခွဲထုတ်ပီး ကိုယ်ဝန်
ရလာရင် ဘာတွေကြုံရနိုင်လဲ?
ရိုးရိုး/ခွဲမွေးရမှာလား ???


- အသားလုံးရဲ့ တည်နေရာနဲ့ အရွယ်အစားပေါ်
မူတည်ပီး သားသမီးရနိုင်ချေကို စဉ်းစားပါတယ်၊
ဥပမာ- သားအိမ်ပြင်ပနဲ့ နံရံထဲမှာဘဲရှိတဲ့အသားလုံး
ဆို သားသမီးရနိုင်ချေ သိပ်မထိခိုက်ပေမဲ့
သားအိမ်အတွင်းခန်းထဲထိ တိုးဝင်နေတဲ့အသားလုံး
(သို့) နံရံတွင်းအသားလုံးဟာ ၆ စင်တီမီတာထက်ကြီး
နေရင် တော့ ခက်ခဲနိုင်ပါတယ်၊

- အသားလုံးကို ခွဲထုတ်ရာမှာ တည်နေရာနဲ့ အရွယ်
အစားပေါ်မူတည်ပီး-

၁) သမာရိုးကျဗိုက်ခွဲ၍ထုတ်ခြင်း၊
၂) ဗိုက်တွင်းမှန်ပြောင်းနဲ့ခွဲထုတ်ခြင်း၊
၃) သားအိမ်တွင်း မှန်ပြောင်းနဲ့ခွဲထုတ်ခြင်း ရှိပါတယ်၊
ဒါပေမဲ့ တခုသတိထားရမှာက အသားလုံးထုတ်တိုင်း
လည်းသားသမီးရနိုင်ချေ သေချာပေါက်များမယ်လို့
တထစ်ချယူဆထားလို့မရပါဘူး၊
သားအိမ်မှ အသားလုံးထုတ်ခြင်းဟာ တည်နေရာ
အရွယ်အစားပေါ်မူတည်ပီးခက်ခဲသလို သွေးထွက်
များနိုင်တဲ့အတွက် ကံမကောင်းရင် သားအိမ်ပါ ထုတ်
လိုက်ရတာမျိးဖြစ်တတ်တဲ့အတွက်-
မျိုးဆက်ပွားဆိုင်ရာအထူးကုဆရာဝန်ကဘဲ ခွဲ
ထုတ်သင့်မထုတ်သင့်ကို ဆွေးနွေးအကြံပေးပါလိမ့်
မည်။

- အသားလုံးခွဲထုတ်ပီးရင်တော့ အခြား အခြေအနေ
ပေါ်မူတည်ပီး သဘာအတိုင်းကလေးယူလို့
ရဦးမလား , မျိုးဆက်ပွားဆိုင်ရာကုထုံးအဆင့်ဆင့်
ကို အချိန်မနှောင်းခင် ခံယူရမလား ဆိုတာကို
မျိုးဆက်ပွားဆိုက်ရာအထူးကုဆရာဝန်နဲ့ ပြနလည်
တိုင်ပင်ရပါမယ်၊
ဥပမာ- အမျိုးသမီးရဲ့အသက်အရွယ်
သားဥပြွန်အခြေအနေ
မမျိုးဥထွက်နိုင်ချေနှုန်း
အမျိုးသားသုတ်ပိုးအခြေအနေ ---

- အသားလုံးရှိလျက်နဲ့လည်း ကိုယ်ဝန်ရနိုင်ပါသေး
တယ်၊ ဒါပေမဲ့ ပြန်ပျက်ကျနိုင်ချေ/ ကလေးအနေအ
ထားမမှန်/ စောမွေးနိုင်ချေတွေ မဆိုစလောက်များနိုင်
တဲ့အတွက် ကိုယ်ဝန်တောက်လျှောက် အနီးကပ်
စောင့်ရှောက်ဖို့တော့ လိုပါတယ်၊
အသားလုံးခွဲထုတ်လိုက်ပီး ကိုယ်ဝန်ရခဲ့ရင်တော့
ခွဲစိတ်ခဲ့တဲ့ ဒဏ်ရာဟောင်းကတော့ ပြောခဲ့တဲ့ ကိုယ်
ဝန်ပြဿနာများကို မဖြစ်စေပါဘူး။
ကိုယ်ဝန်ကို ရိုးရိုး/ခွဲမွေးသင့်မသင့်ကိုတော့
ဆရာဝန်က အကြံဉာဏ်ပေးပါလိမ့်မယ်။

# # # အားလုံးကို ခြုံပြောရရင်, သားအိမ်အသားလုံးဟာ အ
ဖြစ်အများဆုံးမီးယပ်ပြဿနာ ဖြစ်သော်လည်း
သိပ်ပီးတွေး စိုးရိမ်စရာမလို, အရေးတကြီးခွဲစိတ်စရာ
မလိုဘဲ ခွဲသင့်မခွဲသင့် , ခွဲပီး အကျိုးရှိမရှိဆိုတာကို
သားဖွားမီးယပ်နဲ့မျိုးဆက်ပွားဆိုင်ရာအထူးကုများနဲ့
အရင်ဆုံးဆွေးနွေးတိုင်ပင်ကုသသင့်ပါကြောင်း
ဗဟုသုတ မျှဝေပေးလိုက်ရပါတယ်။

( ဖိုတို- အင်တာနက်)

✌️ဆေးဓါတ်မှန်ရိုက်ခြင်း✌️  💙💙💙 ဆေးဓါတ်မှန်ရိုက်ခြင်းဆိုသည်မှာ ;;;   - အမျိုးသမီးတစ်ယောက်မျိုးပွားရာတွင် အရေးပါသည့် မမျို...
24/06/2020

✌️ဆေးဓါတ်မှန်ရိုက်ခြင်း✌️

💙💙💙 ဆေးဓါတ်မှန်ရိုက်ခြင်းဆိုသည်မှာ ;;;
- အမျိုးသမီးတစ်ယောက်မျိုးပွားရာတွင်
အရေးပါသည့် မမျိုးဥနှင့် သုတ်ပိုးပေါင်းစပ်ရာလမ်းကြောင်းဖြစ်သော သားဥပြွန် (၂)ဖက် ပွင့်/မပွင့် ဓါတ်မှန်ရိုက် စစ်ဆေးခြင်းဖြစ်ပါသည်။

💙💙💙 လိုအပ်သူများ ;;;
- အိမ်ထောင်သက်(၁)နှစ်ကျော်ထိ သန္ဓေတားဆေးများ မသုံးပါလျက် တစ်ခါမှ ကိုယ်ဝန်မရနိင်သူများနှင့် မိမိသားဥပြွန် ပွင့်/မပွင့် စစ်ဆေးရန် လိုအပ်သည့် အိမ်ထောင်ရှင်အမျိုးသမီးများ။

💙💙💙 နည်းစနစ် ;;;
- မိန်းမကိုယ်အဝမှ ပိုက်ပျော့အသေးလေးဖြင့် ဆေးရည်တစ်မျိုးကိုထည့်ပီး သားဥပြွန် ပွင့်/မပွင့်ကို ရင်ဘတ်ဓါတ်မှန်ရိုက်သကဲ့သို့ ဗိုက်ပေါ်မှ ဓါတ်မှန်ရိုက်ကြည့်ရှုခြင်းဖြစ်ပါသည်။

💙💙💙 အကျိုးကျေးဇူးများ;;;
- တစ်ခါတစ်ရံ သားဥပြွန်လမ်းကြောင်းတွင် ပိတ်ဆို့နေတတ်သည့် ခန္ဓာကိုယ်ထဲမှ အနည်/အနှစ် များကိုလဲ ​ဆေးရည်ဖြင့် တွန်းထုတ်သကဲ့သို့ဖြစ်စေသောကြောင့် ကိုယ်ဝန်ရနိုင်သည့် အခွင့်အရေးလဲဖြစ်လာနိုင်ပါသည်။

- သားဥပြွန်ပွင့်၍ ဆေးရည်များဝမ်းခေါင်းထဲသို့ကျလျှင် အနည်းငယ်မအီမသာဖြစ်ခြင်း၊တစ်ခါတစ်ရံပိုးဝင်တတ်ခြင်း၊ စမ်းသပ်သည့်ဆေးရည်ဖြင့် ဓါတ်မတည့်မှုဖြစ်နိုင်ခြင်း စသည်တို့ဖြစ်ပေါ်နိုင်ပါသည်။

သို့သော် ထိုအချက်များကို ကာကွယ်နိုင်ရန်အတွက် ဆေးဓါတ်မှန်ရိုက်ခြင်း မပြုလုပ်မီ ဆရာဝန်များမှ လိုအပ်သော ပိုးသတ်ဆေးများကြိုတင်တိုက်ခြင်း, နာကျင်မှုသက်သာစေရန် ဆေးထိုးပေးခြင်း, ဆေးထည့်ပေးခြင်းများကို ကြိုတင်ပြုလုပ်ပေးမည်ဖြစ်ပါသည်။ ။

22/06/2020

# # # Sharing is Caring !! # # #

# သားသမီးရရန်ခက်ခဲခြင်း ( subfertility) ဟာ
၁၅ % ( ဇနီးမောင်နှံ ၆ တွဲမှာ တစ်တွဲ ) မှာ
တွေ့ကြုံနေရပါတယ်။

# အရင်တုန်းကတော့ သားသမီးမရရင်
အမျိုးသမီးအပြစ်လို့ဘဲ တဖက်သတ် ယူဆခဲ့ရာက
ယခုအခါ သေသေချာချာလေ့လာကြည့်တဲ့အခါ

- အမျိုးသားကြောင့် ၄၀%
- အမျိုးသမီးကြောင့် ၄၀%
- အကြောင်းရင်းရှာမရ
( unexplained). ၂၀%

လို့ တွေ့ရှိရပါတယ်။

# Dr Carlsen နဲ့ အဖွဲ့ က ၁၉၉၂ မှာ သုတေသန
ပြုလုပ်ခဲ့တယ်--
၁၉၃၈ - ၁၉၉၀ - ( နှစ်၅၀ ကျော်) အတွင်း
အမျိုးသား ဦးရေ - ၁၅၀၀၀ ကို လေ့လာခဲ့ရာ
မျိုးပွားနိုင်တဲ့ သုတ်ပိုးကောင်ရေ
၁၁၃ သန်း/ စီစီ ကနေ သန်း၆၆/စီစီ ထိ
လျော့နည်းသွားတာတွေ့ရတယ်၊
( တစ်နှစ်ကို ၁% နှုန်းနဲ့ ကျဆင်းနေ)

# တခါ Dr Swan နဲ့ အဖွဲ့က ၂၀၀၀ ခုနှစ်မှာ
၁၉၃၄-၁၉၉၆ အတွင်း အမျိုးသား ဦးရေ
( 47 studies) ကို ထပ်မံ လေ့လာကြည့်တဲ့အခါ
အမေရိကားမှာ တစ်နှစ်ကို ၁.၅ %
သြစတေးလျား နဲ့ ဥရောပ မှာ
တစ်နှစ်ကို ၃% နီးပါး
ကျဆင်းနေတာကို တွေ့ရပါသတဲ့ !!

# အများအားဖြင့် ၁) ပတ်ဝန်းကျင်ညစ်ညမ်းမှု နဲ့
၂) လူ့နေထိုင်မှုပုံစံ တွေ
ပြောင်းလဲလာလို့ပါဘဲ တဲ့။

# နောက်ထပ် နှစ်ပေါင်း (၅၀) လောက်
ဒီပုံစံအတိုင်းသာ ဆက်သွားလို့ရှိရင်---
အမျိုးသားတို့ရဲ့ သုတ်ပိုး
အရည်အတွက်ကော,အရည်အသွေးပါ
ဆက်ကျဆင်းပီး
သိပ္ပံနည်းပညာအကူအညီမပါဘဲ
သဘာဝအတိုင်း သားသမီးရနိုင်ချေ
အလွန်နည်းပါးသွားမယ် လို့
ယူဆနေကြပါတယ်ဗျာ !!!

# ဒါကြောင့် ဇနီးမောင်နှံစုံတွဲတွေမှာ အိမ်ထောင်ကျပီး
တစ်နှစ်အတွင်း သားသမီးရရန် ခက်ခဲနေပီးဆိုရင်
တယောက်နဲ့တယောက် နားလည်မှုရှိစွာနဲ့
ညှိုနှိုင်းတိုက်ပင်ပီး လိုအပ်နိုင်တဲ့ကျန်းမာရေး
စောင့်ရှောက်မှု ခံယူသင့်ကြောင်းပါ။


ဒေါက်တာ ဉာဏ်ကိုး

16/06/2020

# # # ကျားကျားတို့ဟော်မုန်း
တက်စတိုစတီရုန်း( Testosterone) —— (၂ )

(ဒေါက်တာဉာဏ်ကိုး)

# T ဟော်မုန်းအားနည်းစေတာတွေကို
ရှောင်အပီးမှာ ဒုတိယပိုင်းအနေနဲ့ သဘာဝနည်းများနဲ့
T ဟော်မုန်းကို ဘယ်လို မြှင့်တင်နိုင်မလဲ ဆ်ုတာ
ဆွေးနွေးပါမယ်။
ဒီနေရာမှာ မေးစရာရှိလာတာက " T ဟော်မုန်းနဲသွား
ရင် Tဟော်မုန်းကို စားဆေး/ထိုးဆေး စတဲ့ အခြားပုံစံ
တွေနဲ့ ပြန်ဖြည့်လိုက်ရင် ပီးရော မဟုတ်လား " ဆိုပီး!!!

အဲလောက်မလွယ်ကူတဲ့ အချက်(၃)ချက်ရှိပါတယ်၊
၁) ဟော်မုန်းဆေးတွေမှာ မလိုလားအပ်တဲ့ ဘေးထွက်
ဆိုးကျိုးတွေရှိလို့
၂) T ဟော်မုန်းနဲရခြင်း အကြောင်းရင်းများစွာရှိလို့
ဟော်မုန်းအစားထိုးကုသခြင်းဟာ အကျိုးရှိမရှိ
စစ်ဆေးရပါမယ်၊
၃) ပြင်ပ Tဟော်မုန်းဝင်လာတဲ့အခါ ဝှေးစေ့က T ဟော်
မုန်း ထုတ်လုပ်မှု ပို အားနည်းသွား ပါတယ်၊
အထူးသဖြင့် ကလေးမရသေးတဲ့ စုံတွဲများမှာ
အမျိုးသားရဲ့ ဝှေးစေ့က သုတ်ပိုးထုတ်လုပ်မှု
ကို ထိခိုက်ပီး ပိုအားနဲသွားနိုင်ပါတယ်!!!!!!
( ယွကျားအချင်းချင်း တီးတိုးတိုင်ပင် ဆေးဖလှယ်
သောက်သူများသတိထားပါ 😆😆😆 )

# # ဟုတ်ပြီ, ဒါဆို ဆေးမကူဘဲ /ဘေးထွက်ဆိုးကျိုးမရှိဘဲ
သဘာဝအတိုင်း T ဟော်မုန်း မြင့်တက်အောင် လုပ်ဖို့
လိုအပ်ကြောင်း သိသွားဘီ !!! ဘာတွေလဲဒါဆို ????

သိပ်မခက်ပါဘူး , ခန္ဓာကိုယ်တခုလုံးကျန်းမာအောင်
လုပ်ရင်းနဲ့ T ဟော်မုန်းလည်းမြင့်တက်လာမှာပါ---

၁) စားသောက်မှု ပုံစံ---
နေ့တဒူဝ လိုအပ်တဲ့ ကယ်လိုရီအားလုံးရဲ့
၅၀% ကို ပရိုတိန်းဆီက
၃၅% ကို အဆီဓါတ်က
၁၅ % ကို ကာဗိုဟိုက်ဒရိတ်က ယူရပါတယ်!!!!

ပရိုတိန်း- ဟော်မုန်းတွေဟာ ပရိုတိန်းတွေနဲ့လုပ်ထား
ပါ၊ ဘယ်ကရမလဲဆိုတော့ အမဲသား
( grass fed beef ) နဲ့ ကြက်ဥ က
အကောင်းဆုံးပါဘဲတဲ့၊
ကာဗိုဟိုက်ဒရိတ်- များလဲမကောင်း နဲလည်းမကောင်း
အဆီ ဓါတ် ---!!!!
အငြင်ပွားစရာတွေရှိလာနိုင်ပါတယ်၊
အရင်က ဟင်းသီးဟင်းရွက်ဆီတွေက ပို
ကောင်းတယ်လို့ မှတ်သားထားရာက အခုတော့
ပြည့်ဝဆီ ( saturated fat) အထူးသဖြင့်
စားအုန်းဆီ ( coconut oil ) နဲ့ အသီးတွေကရတဲ့
အဆီ ( mono unsaturated fat ) - ဥပမာ
ထောပတ်သီး နဲ့ အစေ့အဆံတွေကရတဲ့အဆီဓါတ်
အသင့်အတင့်( moderate amount ) ဟာ
နှလုံး/အသဲအဆီမဖုံး , ဆွေးတိုး သွေးကြောပိတ်
ရောဂါပိုမဖြစ်စေဘဲ
T ဟော်မုန်း မြင့်တက်ဖို့ အကောင်းဆုံး လို့
သုတေသနပေါင်းများစွာက ပြောနေပါတယ်တဲ့ဗျာ!

၂) Gym မှာ အလေးများများ အကြိမ်နဲနဲ နဲ့ ကြွက်သား
ကြီးများနဲ့ အရိုးအဆစ်များ ပါဝင်မယ့် လေ့ကျင့်ခန်း
များလုပ်ပါ တဲ့ !!
ဥပမာ - အလေးများများနဲ့ ထိုင်ထ
ရင်ဘတ်ကြွက်သားတွန်း( bench press)
Deadlift. —- စသည်ဖြင့် တို့ကို
၄၅ မိနစ်ထက်မပိုဘဲ လုပ်ရင် growth hormone
နဲ့ Tဟော်မုန်းများ တက်လာမှာသေချာပါဘဲ၊
( လမ်းလျှောက်/ပြေးစက် က Tဟော်မုန်းကို သိပ်
မတက်စေတဲ့အပြင် cardio လုပ်တာအရမ်းများ
သွားရင် T ဟော်မုန်းတောင် ကျသွားနိုင်ပါတယ်တဲ့!

၃) Gym သွားရမှာပျင်းတဲ့ သူတွေနဲ့ကိုက်တာကတော့--
Intermittent fasting - စားချိန်ကို ကန့်သတ်လိုက်
ခြင်းပါဘဲ တဲ့ ၊ ( ၁၆/၈) လို့ ခေါ်တဲ့ ၈နာရီအတွင်း
ပုံမှန်စားပီး ကျန် ၁၆ နာရီမှာ ဘာမှ မစားတော့တာကို
ပြောတာပါ။ အဲလို လုပ်ခြင်းကြောင့် ကောင်းကျိုးများ
စွာအပြင် - T ဟော်မုန်း ဟာ ၂၀၀% လောက်ကို
မြင့်တက်သွားတယ်ဆိုဘဲ!!! ( စိတ်နိုင်ရင် လုပ်ကြည့်
ကြပါကုန် 😆😆😆)

၄) အိပ်စက်ခြင်း !!!!
အနည်းဆုံး ၇ နာရီခန့် နှစ်ခြိုက်စွာ အိပ်စက်ပါက
Tဟော်မုန်းများ မြင့်တက်ပီး တည အိပ်ရေးပျက်ရုံနဲ့
နောက်နေ့မှာ ဟော်မုန်း ၅၀% လောက်တောင်
ကျသွားနိုင်တယ်လို့ ဆိုပါတယ် !!!!
( ဒါကြောင့် ညည ဖုန်းသိပ်မပွတ်ကြပါနဲ့ 😜😜)

၅) စိတ်ဖိစီးမှု stress ကြောင့် cortisol ဟော်မုန်းတွေ
တက်ပီး T ဟော်မုန်းတွေကို ဆန့်ကျင်တာကြောင့်
stress နည်းအောင် တရားထိုင်(meditation)တို့
သတိနဲ့နေတာ( mindfulness) တို့လုပ်ပါ တဲ့
ကျန်းး- T ဟော်မုန်းတွေတက်လာတဲ့အပြင် ပါရမီ
လေးများပါရင် တမဂ်တဖိုလ်တောင် ဆိုက်သွားနိုင်
ပါတယ် , ဘယ်လောက်ကောင်းလဲ 😆😆😆

၆) ဖြည့်စွက်စာ အနေနဲ့ သွပ်ဓါတ် ( Zinc ) နဲ့ ဗိုက်တာမင်
ဒီ ( vitamin-D) ဟာ T ဟော်မုန်း ထုတ်လုပ်ဖို့ အရေး
ကြီးပါသတဲ့၊
Zinc ဓါတ်ကို တနေ့ ၁၅ မီလီဂရမ်လောက်သောက်
Vit- D အတွက်မနက်နေရောင်ခြည်ထဲမှာ ၁၅-၂၀မိနစ်
လောက် နေပူခံရင် လုံလောက်ပါတယ်တဲ့ ( အဆဲ
တောင်းနေတာ 😆😆)
နေသိပ်မထွက်တဲ့ နိုင်ဂန်းဂျားမှာနေတဲ့သူတွေကတော့
တနေ့ ကို ၃၀၀၀ IU လောက်သောက်ရင်ရပါတယ်တဲ့
( တခြား vit D ကိစ္စတွေ သားမသိဘူး/သားမပါဘူးနော်
😜😜)

ဒီအချက်(၆)ချက်ကလေးကို လိုက်နာနိုင်ပီး မဟာပု
ရိသ ယွကျားအပေါင်းတို့ Tဟော်မုန်းများမြင့်တက်
" ငါဟဲ့ ယွကျား " ဆိုပီး စိတ်သွားတိုင်း ကိုယ်ပါနိုင်ကြပါ
စေဗျာ !!!!👍👍👍

08/06/2020

# # ကျားကျားတို့ဟော်မုန်း
တက်စတိုစတီရုန်း ( Testosterone)!!

( ဒေါက်တာဉာဏ်ကိုး)

# T ဟော်မုန်းဟာ ယွကျားထုကြီးတရပ်လုံးအတွက်
အလွန်မှ အရေးကြီးလှပေသည်၊ တချို့က
"King of the hormones - ဟော်မုန်းတို့ရဲ့ဘုရင်"
လို့တောင် တင်စားကြသဗျ !

# အရွယ်စရောက်ကတည်းက--
- ကိုယ်ခန္ဓာ ကြီးထွား ကြွက်သား/အရိုးသန်မာဖို့
- လိင်အဂါင်္ပုံမှန်ကျားပီသဖို့
အိမ်ထောင်ကျတော့----
- သားသမီးရရန် သုတ်ပိုးစံချိန်မှီဖို့
- မိမိ/ဇနီး ၂ဖက်လုံး အိမ်ထောင်ရေးသုခရဖို့
အသက်ရလာတော့လည်း----
- ဦးနှောက်အာရုံကြောကျန်းမာရေး
- နှလုံးကျန်းမာရေး
- နုပျိုဖြတ်လတ်မှုဆက်ရှိနေရေး--- စသည်တို့
အတွက် လွန်စွာမှ အရေးပါလှပေသည်။

# T ဟော်မုန်းရဲ့ ၉၅% လောက်ကို ကျားအဂါင်္ ဝှေးစေ့
( testicles) ၂ဖက်က ထုတ်ပီး ကျန် ၅% လောက်က
adrenal gland ကထုတ်ပေးပါတယ်၊

# # T ဟော်မုန်းဟာ အသက်၂၅ လောက်မှာ ထိပ်ဆုံးသို့
ရောက်ရှိပီး နောက်ပိုင်း တနှစ်မှာ ၁-၃% နှုန်းနဲ့
ပြန်ကျလာပါတယ်။
အသက် ၅၀တန်းလောက်မှာ ၅၀% လောက်သာ ကျန်
တော့ပီး ၆၀-၇၀တန်းမှာ ၃၀% လောက်သာ
ရှိပါတော့တယ်။

# # T ဟော်မုန်း လယ်ဗယ် 300 ng/dL အောက်ဆို နည်း
တယ်လို့ သတ်မှတ်ကြတယ် ၊
နည်းလာရတဲ့ အကြောင်းအရင်းကတော့
အများကြီးပေါ့၊
လက္ခဏာအားဖြင့်----
- စိတ်ဓါတ်ကျမယ်
- မလုပ်ချင်မကိုင်ချင် ဖြစ်မယ်
- သားသမီးရရန် ခက်ခဲနေမယ်
- လိင်စိတ်အားနည်းသွားမယ်
- စွမ်းဆောင်ရည်ကျလာပီး ဆက်စပ် ပြဿာတွေ
ပေါ်လာမယ်၊
( သုတ်လွှတ်မြန်-premature ej*******on PE)
( ပန်းညှိုး - erectile dysfunction-ED)

# # ဒီလောက် အရေးပါတဲ့ ဟော်မုန်းဘုရင်ကြီးကို
ဘယ်ယွကျားမှ မကျချင်ကြပါဘူး !!!!!!

✖️ဒါဆို ဘာလုပ်ကြမလဲ !!!✖️

၁) Tဟော်မုန်းအားနည်းစေမယ့်အချက်တွေကိုရှောင်

၂)Tဟော်မုန်းကို ဆေးမကူ သဘာဝအတိုင်း
တိုးပွားအောင်လုပ်
၃) နောက်ဆုံးမှ ဟော်မုန်းအစားထိုးကုသနည်းနဲ့ကု
TRT- Testosterone Replacement Therapy

စသည့်ဖြင့် အဆင့်ဆင့် ရှိပါတယ်။

၁) T ဟော်မုန်တွေကို အားနည်းစေတဲ့ အကြောင်း
အများကြီးထဲက ထင်းရှားတဲ့ဥပမာတွေကတော့--

- စိတ်ဖိစီးမှု ( stress)
Stress ကြောင့် cortisol ဟော်မုန်းတွေထွက်လာပီး
T ဟော်မုန်းကိုအားနဲစေတာပါ၊
- အဝလွန်ခြင်း- ( အထူးအားဖြင့် truncal obesity)
အဆီတွေဟာ မဟော်မုန်း အီစတိုဂျင်အဖြစ်
ပြောင်းသွားပီး အားနည်းစေပြန်တယ်၊
- Alcohol-
အထူးသဖြင့် ဘီယာထဲမှာပါတဲ့ hops တွေဟာ
မဟော်မုန်းနဲ့သွားဆင်တူပီး အားနည်းစေတာပါ၊
- plastic bottled water !!!!
ပလပ်စတစ် ရေသန့်ဘူးထဲက ရေထဲမှာ အပူအအေး
ပေါ်မူတည်ပီး မဟော်မုန်းနဲ့တူတဲ့ဓါတွေထွက်လာ
တတ်ပါတယ်၊အခြား ပလပ်စတတ်အသုံးအဆောင်
ထဲမှာလဲ BPA ဓါတ်ကလည်း ဂလင်းတွေကို နှောက်
ယှက်တတ်လို့ ( endocrine disrupters) အားနည်း
သွားစေလို့ ဖန်ပုလင်းကရေ ကိုသောက်သင့်ပါတယ်၊
BPA မပါတဲ့ ပလပ်စတစ်ကိုသာသုံးသင့်ပါတယ်၊
- Poor diet-
နေ့စဉ်စားတဲ့ အစာတွေထဲမှာ လိုအပ်တဲ့
ဗီတာမင်နဲ့သတ္ထုဓါတ်တွေမလုံလောက်လို့
အရေးကြီထာတခုကတော့ soy ပဲကလုပ်တဲ့ နို့
ဂျပန်စာထဲမှာပါတဲ့ ပဲတောင့်ရှည် တချို့မှာ
phytoestrogens- မဟော်မုန်းသကဲ့သို့ ဓါတ်တွေ
ပါပီး ကျားဟော်မုန်းကို အားနည်းစေကြောင်းပါ !!!!

ဆက်ရန်----to be continued !

Address

Number One Street, 14 Quater, Toungoo.

Telephone

+95943066443

Website

Alerts

Be the first to know and let us send you an email when RFC Royal Fertility Clinic Toungoo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to RFC Royal Fertility Clinic Toungoo:

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram