Naw Nown

Naw Nown Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Naw Nown, AIDS Resource Center, Singapore.

11/08/2025

တောင်ပေါ်မြို​့
ကနေ မြေပြန့်သို့လှမ်းကြည့်တဲ့ ရှူခင်းလေး

04/01/2025

Some people don't let their reputation be ruined, God doesn't let my heart be ruined.

25/12/2024

🤶🎅Merry christmas to you all.🎅🤶

23/12/2024

လူတွေအကျွန်ုပ်ကိုဖျက်ဆီးသောအခါကိုယ်တော်အကျွနုပ်ကိုပိုပြီးသန်မာစေတယ်။
မုန်တို​င်းကြမ်းလေလေ အကျွနုပ်ကိုယ်တော့်ကိုပိုပြီးရှင်းရှင်းလင်းလင်း ပိုမြင်နိုင်လေလေ
အို ကျေးဇူး ကြီးလှပါ၏ ဘုရား။
When people destroy me, You make me stronger.
The stronger the storm, the clearer I can see You.
Oh, thank you, God.

04/09/2024

ကိုယ့်ရဲ့ပေါင်သားတစ်ချက်ဆွဲလိမ်လိုက်တာ နာတယ် တော်သေး ငါအသက်ရှင်နေသေးတယ်

02/08/2024
ဂျက်ကီချမ်း ဟာ သူ့အသက်၇၀ ပြည့်တဲ့မွေးနေ့ မှာ....ဂျာနယ်လစ် တဦးရဲ့ "မင်းရဲ့ဘဝ ကို ကျေနပ်ရဲ့လား? "ဆိုတဲ့ မေးခွန်းကိုအောက်ပါ...
09/07/2024

ဂျက်ကီချမ်း ဟာ သူ့အသက်
၇၀ ပြည့်တဲ့မွေးနေ့ မှာ....
ဂျာနယ်လစ် တဦးရဲ့
"မင်းရဲ့ဘဝ ကို ကျေနပ်ရဲ့လား? "
ဆိုတဲ့ မေးခွန်းကိုအောက်ပါအတိုင်း
wise wordsတွေနဲ့ တုန့်ပြန်ခဲ့ပါတယ်။

☘️ အလုပ်ကြိုးစား တာဟာ
အလုပ်လက်မဲ့ များတွက် #အိမ်မက်
ပါ။

☘️ ခင်ဗျား ရဲ့ မနားတမ်းဆော့
ကစားနေတဲ့ ကလေး ဟာ ကလေး
မရှိတဲ့ မိဘများ အတွက် #အိမ်မက် ပါ။

☘️ ခင်ဗျား ရဲ့ အိမ်သေးသေး
လေး ဟာ အိမ်ယာမဲ့သူများ
အတွက် #အိမ်မက် ပါ။

☘️ ခင်ဗျား လက်ထဲက ငွေသား
နဲနဲလေး ဟာ အကြွေးတင်နေသူ
များ အတွက် #အိမ်မက် ပါ။

☘️ ခင်ဗျားရဲ့ ကျန်းမာရေး
သိပ်မကောင်းတဲ့ အနေအထား
ဟာ ကုသဘို့ဆေးမရှိတဲ့ ရောဂါ
သည် တွေ အတွက် #အိမ်မက် ပါ။

☘️ ခင်ဗျားရဲ့ ငြိမ်းချမ်းမူ့၊
နှစ်နှစ်ချိုက်ချိုက် အိပ်စက်နိူင်
မူ့၊ သုံးဆောင်ခွင့်ရနေတဲ့ အတော်
အသင့် လောက်ရှိတဲ့ အစား
အသောက် တွေဟာ စစ်ဖြစ်နေတဲ့
အရပ်ဒေသ က ပြည်သူတွေ အ
တွက် #အိမ်မက် ပါ။

☘️ခင်ဗျားမှာ လက်ရှိ ရှိနေ
တာ တွေနဲ့ ကျေနပ် ရောင်ရဲ
သင့်ပါတယ်။ ဘယ်သူ မှ မသိ
ပါဘူး...မနက်ဖြန် ဘာဖြစ်လာ
မလဲ....ဆိုတာ..ကို

********

တော်တော် ပညာသား ပါတဲ့
စကားစုတွေပါ...နားလည် လိမ့်
မယ်လို့ မျော်လင့်ပါတယ်။
အကျယ်ချဲ့ ရှင်းပြဘို့ လိုမယ်
မထင်ပါဘူး။

လေးစားပါတယ် ဂျက်ကီချမ်း..ရေ။

ကံကောင်းတယ်လို့ပြောတာထက် အလကားပဲယူတတ်တဲ့လက်မဖြစ်ပါရစေနဲ့။
01/06/2024

ကံကောင်းတယ်လို့ပြောတာထက် အလကားပဲယူတတ်တဲ့လက်မဖြစ်ပါရစေနဲ့။

🩷“မငိုနဲ့…”တဲ့ရေး/ဆို ဖြူဖြူကျော်သိန်းV1:နေ့တွေ ညတွေ မသိနိုင်တော့အောင် နင့်ကိုငါလွမ်းတယ်သိပ်ကြမ်းတဲ့လမ်းကို ရွေးလို့သွား...
23/05/2024

🩷

“မငိုနဲ့…”တဲ့
ရေး/ဆို ဖြူဖြူကျော်သိန်း

V1:
နေ့တွေ ညတွေ မသိနိုင်တော့အောင် နင့်ကိုငါလွမ်းတယ်
သိပ်ကြမ်းတဲ့လမ်းကို ရွေးလို့သွားတော့ ကျန်းမာစေသားပဲ
ဆုတောင်းနေရတာ ဘုရားသခင်ရှေ့မှာ မျက်ရည်လည်ရွှဲနဲ့ …
ရင်ကွဲတယ်…

V2:
နင့်စာထဲမှာရေးလို့ထားတာ “စိတ်မပူပါနဲ့”တဲ့
ပြန်ရောက်လာတဲ့အခါ ကံ့ကော်ပန်းတွေ ခေါင်းမှာပန်ပေးမတဲ့
အတူလျှောက်ခဲ့ဖူးတဲ့ လမ်းမကြီးပေါ် နှစ်ယောက်အတူပြန်သွားမယ်…
“ခဏလေး”တဲ့…

Cho:
တကယ်ဆို နေ့စဉ်သတင်းတွေကြားရင် ငါ့မှာ နှလံုးခုန်ရပ်မလားပဲ
နင်ရှိနေသေးတဲ့စိတ်နဲ့ နောက်နေ့ ထပ်နေချင်သေးရဲ့
ပြန်မတွေ့နိုင်တော့ရင် နင့်ဆီအပြေးငါ လိုက်သာလာခဲ့မယ်
မတားနဲ့…မတားနွဲ…မတားနဲ့…
မကြာခင် အသင့်ပြင်ထားတဲ့နေ့ကိုရောက်ရင် စိတ်သာချထားခဲ့
ငါသတ္တိမွေးကာ နင့်လိုပဲလေ အဆုံးတိုင်ဆက်သွားမယ်
အမှောင်ဆုံးတွေပြီးရင် အလင်းဟာ ဘဝမှာ တကယ့်မျှော်လင့်ခြင်းပဲ
ယုံထားတယ်…ယုံထားတယ်…ယုံထားတယ်…

Music:

V3:
ခုချိန် အဲ့ဒီမှာ မိုးတွေသည်းကာ ချမ်းနေမှာလားကွယ်
အနေအစားခက်ခဲကာ ဆေးတွေမရှိမှာ စိုးရိမ်နေမိတယ်
သေမင်းနဲ့ခင်းတဲ့စစ်မှာ တရားတာ ဘာမှမရှိဘူးတဲ့…
ငါသိတယ်…

V4:
နင်ဆော့ခဲ့ဖူးတဲ့ game တွေထက်တော့ ကြောက်စရာပိုကောင်းသတဲ့
Tattoo တွေထိုးနေခဲ့တော့ ဒီလောက်ကိုသိပ်မဖြုံပါဘူးတဲ့
ဟာသတွေပြောကာ ရုပ်ပြောင်နဲ့လာ ချော့နေပြန်သေးတယ်…
မငိုနဲ့…တဲ့

Cho:
တကယ်ဆို နေ့စဉ်သတင်းတွေကြားရင် ငါ့မှာ နှလံုးခုန်ရပ်မလားပဲ
နင်ရှိနေသေးတဲ့စိတ်နဲ့ နောက်နေ့ ထပ်နေချင်သေးရဲ့
ပြန်မတွေ့နိုင်တော့ရင် နင့်ဆီအပြေးငါ လိုက်သာလာခဲ့မယ်
မတားနဲ့…နင်မတားနဲ့…နင်မတားနဲ့…
မကြာခင် အသင့်ပြင်ထားတဲ့နေ့ကိုရောက်ရင် စိတ်သာချထားခဲ့
ငါသတ္တိမွေးကာ နင့်လိုပဲလေ အဆုံးတိုင်ဆက်သွားမယ်
အမှန်တရားနဲ့ရင်းရင် အမှားဟာ အဆုံးမှာ ပျောက်ကွယ်ရစမြဲပဲ
ယုံထားတယ်…ယုံထားတယ်…ယုံထားတယ်…

Bridge:
ယုံကြည်ရာလမ်း ချစ်သူရေ လျှောက်စမ်း
အနာဂတ်မဲ့သွားတဲ့ ဘဝဟာ သေခြင်းနဲ့မထူးလို့ပါ
ငါတို့ပိုင်ခဲ့တဲ့နေ့တွေ ပြန်တိုက်မှ ရမှာပါ…
မလွယ်နိုင်မှန်း သိနေတဲ့ဒီလမ်း
အညံ့ခံဖို့တော့ လုံးဝမဖြစ်လို့ပါ
ပြန်မတွေ့နိုင်တော့ရင် နောင်ဘဝက စောင့်နေပါ…

Music:

Ending:
နင့်စာထဲမှာ ရေးလို့ထားတာ “စိတ်မပူပါနဲ့…”တဲ့
ငါဆုတောင်းနေရတာ ဘုရားသခင်ရှေ့မှာ မျက်ရည်လည်ရွှဲနဲ့…
ပြန်ရောက်လာတဲ့အခါ ကံ့ကော်ပန်းတွေ ခေါင်းမှာပန်ပေးမတဲ့…
“မငိုနဲ့” တဲ့…

“မငိုနဲ့” တဲ့…

“မငိုနဲ့” တဲ့…

“မငိုနဲ့” တဲ့…

အသက်ကြီးသွားလို့အတတ်မရှိမှာထက် အတတ်ရှိပြီး အနာဂတ်မရှိမှာ ပိုစိုးရိမ်ရပါတယ်
21/05/2024

အသက်ကြီးသွားလို့အတတ်မရှိမှာထက် အတတ်ရှိပြီး အနာဂတ်မရှိမှာ ပိုစိုးရိမ်ရပါတယ်

Address

Singapore

Website

Alerts

Be the first to know and let us send you an email when Naw Nown posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share