12/09/2024
❝ မျက်စိခြောက်ခြင်း ဝေဒနာ လွယ်ကူစွာ ကာကွယ်ပါ ❞
သင့်မျက်လုံးကို မျက်သားခြောက်ခြင်း (မျက်စိခြောက်ခြင်း) ဖြစ်ပေါ်စေတဲ့ အကြောင်းအရင်း (၆) ခုရှိပါတယ်။ ဒါတွေကတော့ …
(၁) ရေဓာတ်ဆုံးရှုံးခြင်း ၊
(၂) 𝐒𝐜𝐫𝐞𝐞𝐧 𝐓𝐢𝐦𝐞 များခြင်း ၊
(၃) အစားအသောက် အာဟာရပြည့်ဝမှု မရှိခြင်း ၊
(၄) ဓာတ်မတည့်သောဆေးများ သောက်သုံးမိခြင်း ၊
(၅) မျက်ကပ်မှန်ကို အချိန်ကြာကြာ တပ်ဆင်မိခြင်း ၊
(၆) 𝐚𝐢𝐫-𝐜𝐨𝐧 ခန်းထဲတွင် အနေများခြင်း ၊ ပူပြင်းခြောက်သွေ့သောနေရာ နှင့် လေတိုက်သော ပတ်ဝန်းကျင်တွင် နေထိုင်ခြင်း တို့ကြောင့် ဖြစ်ပါတယ်။
မျက်စိခြောက်ခြင်းဟာ တခြားသော မျက်လုံးရောဂါတွေလောက် ကြီးမားတဲ့ ပြဿနာမဟုတ်ပေမယ့် မကုသဘဲထားပါက နောက်တစ်ဆင့်အနေဖြင့် မျက်သားနီရဲရောင်ရမ်းခြင်းနဲ့ မျက်ကြည်လွှာကိုပါ ထိခိုက်ပျက်စီးစေနိုင်တာကြောင့် အမြင်အာရုံထိခိုက်တဲ့အထိ ဖြစ်ပေါ်စေနိုင်ပါတယ်။
မျက်စိခြောက်ခြင်းကို ဘယ်လိုသိနိုင်မလဲ ❓
🩸 မျက်လုံးနီရဲခြင်း
🩸 အမြင်ဝေဝါးခြင်း
🩸 မျက်ရည်များကျလာခြင်း
🩸 အာရုံစူးစိုက်မှုများသည့်အခါ မျက်လုံးညောင်းညာလာခြင်း
🩸 မျက်စိထဲတွင် စူးရှရှဖြစ်ခြင်း (သို့မဟုတ်) မျက်စိ ပူလာခြင်း
🩸 ပုံမှန်ထက် အလင်းရောင်ကို မခံနိုင်တော့ဘဲ စူးသည်ဟုခံစားရခြင်း
အစရှိတဲ့ လက္ခဏာတွေကနေ သိနိုင်ပါတယ်။
ဒါကြောင့် မျက်စိခြောက်နေတယ်လို့ ခံစားလာရပြီဆိုတာနဲ့ …
✅ စိတ်ချရတဲ့ ဆေးရုံ ၊ ဆေးခန်းမှ ဆရာဝန်များ ညွှန်ကြားပေးသော မျက်စဉ်း ခပ်ပေးခြင်း
✅ အပြင်သွားလျှင် နေကာမျက်မှန်တပ်ခြင်းနှင့်
✅ အစိမ်းရောင်ဟင်းသီးဟင်းရွက် ၊ အဝါရောင်အသီးအနှံများနှင့် 𝐎𝐦𝐞𝐠𝐚𝟑 ပါဝင်သောအစားအသောက်များ စားပေးခြင်းတို့ကို ပြုလုပ်ပြီး သင့်ရဲ့ အမြင်အာရုံ ထိခိုက်မှု ပိုမဖြစ်ရလေအောင် ကာကွယ်တားဆီးနိုင်ပါတယ်။
❝ နွေးထွေးပျူငှာ စန်းသော်တာ ❞
📍 𝐒𝐚𝐧 𝐓𝐡𝐚𝐰 𝐃𝐚𝐫 𝐄𝐲𝐞 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥
အမှတ်(၂) ၊ လမ်းသစ်ရိပ်သာ ၊ ဘုန်းကြီးလမ်း ၊ လမ်းမတော်မြို့နယ် ၊ ရန်ကုန်မြို့။
𝐆𝐨𝐨𝐠𝐥𝐞 𝐦𝐚𝐩 >>> https://tinyurl.com/2nfhhkx8
☎️ 𝟎𝟗 - 𝟒𝟒𝟗 𝟐𝟑𝟒 𝟐𝟑𝟒
☎️ 𝟎𝟗 - 𝟒𝟒𝟖 𝟐𝟑𝟒 𝟐𝟑𝟒
☎️ 𝟎𝟗 - 𝟒𝟒𝟖 𝟑𝟒𝟓 𝟑𝟒𝟓
📍 𝐒𝐚𝐧 𝐓𝐡𝐚𝐰 𝐃𝐚𝐫 𝐄𝐲𝐞 𝐂𝐥𝐢𝐧𝐢𝐜
အမှတ် ဘီ၄/ဘီ၁ ၊ သမိုင်းလမ်းဆုံ ၊ ရန်ကုန်အင်းစိန်လမ်းမကြီး (CNG ဓာတ်ငွေ့ရည်ဆိုင်အရှေ့) ၊ (၃)ရပ်ကွက် ၊ မရမ်းကုန်းမြို့နယ် ၊ ရန်ကုန်မြို့။
𝐆𝐨𝐨𝐠𝐥𝐞 𝐦𝐚𝐩 >>> https://tinyurl.com/m4fftjrz
☎️ 𝟎𝟗 - 𝟖𝟔𝟏 𝟔𝟗𝟎𝟗
☎️ 𝟎𝟗 - 𝟒𝟓𝟒 𝟖𝟔𝟑 𝟑𝟔𝟓
☎️ 𝟎𝟗 - 𝟒𝟐𝟒 𝟕𝟗𝟒 𝟔𝟐𝟏
📍 ပဲခူးဆေးခန်း လိပ်စာ
ပဲခူးကြိုးတံတားအဆင်းအနီး ၊ ပဲခူးမြို့။
☎️ 𝟎𝟗 - 𝟖𝟔𝟏𝟔 𝟗𝟎𝟗
☎️ 𝟎𝟗 - 𝟒𝟐𝟒 𝟕𝟗𝟒 𝟔𝟐𝟏
☎️ 𝟎𝟗 - 𝟒𝟓𝟓 𝟏𝟏𝟐 𝟏𝟑𝟕
𝐘𝐨𝐮𝐓𝐮𝐛𝐞: https://tinyurl.com/3vhre949
𝐕𝐢𝐛𝐞𝐫: https://tinyurl.com/yjryrz2p
𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦: https://tinyurl.com/59fsp6uy
𝐓𝐢𝐤𝐓𝐨𝐤: https://tinyurl.com/ms3ce4kh
#စန်းသော်တာ
#မျက်စိခြောက်ခြင်း
#မျက်သားခြောက်ခြင်း