
15/12/2020
ကလေးလေးမွေးပြီး ရက်အနည်းငယ်အကြာမှာ ပျော်ရမယ့်အစား စိတ်ညစ်သလိုလို၊ စိတ်ဓာတ်ကျ သလိုလို၊ အလိုလိုနေရင်း ငိုချင်နေသလိုဖြစ်နေတဲ့ မေမေတွေရှိပါသလား? ဒီအကြောင်းလေးကို ဆွေးနွေးပေးဖို့ Lydia လာပါပြီ။
မီးဖွားပြီးစမေမေ ၅ ယောက်မှာ ၄ ယောက်ကတော့ “Baby Blue Period” လို့ခေါ်တဲ့ စိတ်ကျရောဂါ လက္ခဏာကို ကာလအပိုင်းအခြားတစ်ခုအထိ ခံစားရလေ့ရှိပါတယ်။ မေမေအသစ်စက်စက်လေးမှာ အကြောင်းရင်းမယ်မယ်ရရမရှိဘဲ ဝမ်းနည်းလွယ်မယ်၊ စိတ်တိုလွယ်၊ စိတ်ဓာတ်ကျလွယ်၊ အိပ်ချိန်စားချိန်မမှန် တော့တဲ့အပြင် ဘေဘီလေးကိုပါ ဂရုစိုက်ချင်စိတ်တွေလျော့နည်းလာပြီဆိုရင် “မွေးပြီးစယာယီစိတ်ကျရောဂါ” ဖြစ်နေတာဖြစ်နိုင်ပါတယ်။
ဒီလိုဖြစ်တာကို ကလေးမွေးပြီးစ ၂-၃ ရက်လောက်ကစလို့ ၂ ပတ်လောက်ထိ တွေ့ရတတ်ပါတယ်။ ၂ ပတ်ကျော်ရင် သူ့အလိုလိုပျောက်သွားတာကြောင့် ဘာဆေးဝါးကုသမှုမှ လုပ်စရာမလိုပါဘူး။ ဒါပေမယ့် ၂ ပတ် ကျော်တဲ့အထိ စိတ်ကျလက္ခဏာတွေကို ခံစားနေရသေးရင်တော့ ဆရာဝန်နဲ့တိုင်ပင်ဖို့လိုပါတယ်။
Baby Blues ရနေတဲ့မေမေတွေ စိတ်သက်သာစေဖို့ မေမေကိုယ်တိုင်ရော ခင်ပွန်း နဲ့ မိသားစုတွေကပါ ဘာတွေ လုပ်ပေးလို့ရနိုင်လဲ???
🤱 အိပ်ရေးဝအောင် များများအိပ်စက်အနားယူစေပါ
🤱 မေမေတွေက သူတို့ရဲ့ခံစားချက်ကို ဖွင့်ပြောပြတဲ့အခါ သေချာနားထောင်ပြီး အားပေးနှစ်သိမ့်ပေးပါ
🤱 မွေးကင်းစကလေးလေးကို ကူထိန်းပေးပါ
🤱 စိတ်ညစ်နေတဲ့မေမေကို အပြောင်းအလဲဖြစ်သွားအောင် စျေးဝယ်ထွက်တာမျိုး၊ လေကောင်းလေသန့် ရှူဖို့ ပန်းခြံခေါ်သွားတာမျိုး လုပ်ပေးလို့ရပါတယ်
🤱 ဒီကာလမှာ မေမေအနေနဲ့ ဆေးလိပ်၊ အရက်နဲ့ မူးယစ်ဆေးဝါးတွေကို လုံးဝရှောင်ထားပါ (ဆေးလိပ်/အရက်သောက်ခြင်းက စိတ်ဓာတ်ကျခြင်းကိုပိုဆိုးစေပါတယ်)
🤱 တခြားမေမေတွေနဲ့ အတွေ့အကြုံဖလှယ်ဖို့ အွန်လိုင်းအဖွဲ့လေးတွေ ဖွဲ့ထားပါ (မေမေအချင်းချင်း ကလေးထိန်းနည်း နဲ့ စိတ်ခံစားမှုလေးတွေ မျှဝေပေးတာက ပိုထိရောက်မှုရှိပါတယ်)
Baby Blue Period ကြုံရတာဟာ သဘာဝဘဲဖြစ်လို့ မေမေတွေအနေနဲ့ ထူးပြီးစိတ်ညစ်နေစရာမလိုပါဘူး။ အပေါ်မှာရေးထားတဲ့ အချက်လေးတွေကိုလုပ်ပေးမယ်ဆိုရင် (၂) ပတ်ကို ခဏလေးနဲ့ ကျော်ဖြတ်သွားနိုင်မှာပါလို့ Lydia ကအားပေးပါရစေနော်။
ကေလးေလးေမြးၿပီး ရက္အနည္းငယ္အၾကာမွာ ေပ်ာ္ရမယ့္အစား စိတ္ညစ္သလိုလို၊ စိတ္ဓာတ္က် သလိုလို၊ အလိုလိုေနရင္း ငိုခ်င္ေနသလိုျဖစ္ေနတဲ့ ေမေမေတြရွိပါသလား? ဒီအေၾကာင္းေလးကို ေဆြးေႏြးေပးဖို႔ Lydia လာပါၿပီ။
မီးဖြားၿပီးစေမေမ ၅ ေယာက္မွာ ၄ ေယာက္ကေတာ့ “Baby Blue Period” လို႔ေခၚတဲ့ စိတ္က်ေရာဂါ လကၡဏာကို ကာလအပိုင္းအျခားတစ္ခုအထိ ခံစားရေလ့ရွိပါတယ္။ ေမေမအသစ္စက္စက္ေလးမွာ အေၾကာင္းရင္းမယ္မယ္ရရမရွိဘဲ ဝမ္းနည္းလြယ္မယ္၊ စိတ္တိုလြယ္၊ စိတ္ဓာတ္က်လြယ္၊ အိပ္ခ်ိန္စားခ်ိန္မမွန္ ေတာ့တဲ့အျပင္ ေဘဘီေလးကိုပါ ဂ႐ုစိုက္ခ်င္စိတ္ေတြေလ်ာ့နည္းလာၿပီဆိုရင္ “ေမြးၿပီးစယာယီစိတ္က်ေရာဂါ” ျဖစ္ေနတာျဖစ္ႏိုင္ပါတယ္။
ဒီလိုျဖစ္တာကို ကေလးေမြးၿပီးစ ၂-၃ ရက္ေလာက္ကစလို႔ ၂ ပတ္ေလာက္ထိ ေတြ႕ရတတ္ပါတယ္။ ၂ ပတ္ေက်ာ္ရင္ သူ႔အလိုလိုေပ်ာက္သြားတာေၾကာင့္ ဘာေဆးဝါးကုသမႈမွ လုပ္စရာမလိုပါဘူး။ ဒါေပမယ့္ ၂ ပတ္ ေက်ာ္တဲ့အထိ စိတ္က်လကၡဏာေတြကို ခံစားေနရေသးရင္ေတာ့ ဆရာဝန္နဲ႔တိုင္ပင္ဖို႔လိုပါတယ္။
Baby Blues ရေနတဲ့ေမေမေတြ စိတ္သက္သာေစဖို႔ ေမေမကိုယ္တိုင္ေရာ ခင္ပြန္း နဲ႔ မိသားစုေတြကပါ ဘာေတြ လုပ္ေပးလို႔ရႏိုင္လဲ???
🤱 အိပ္ေရးဝေအာင္ မ်ားမ်ားအိပ္စက္အနားယူေစပါ
🤱 ေမေမေတြက သူတို႔ရဲ႕ခံစားခ်က္ကို ဖြင့္ေျပာျပတဲ့အခါ ေသခ်ာနားေထာင္ၿပီး အားေပးႏွစ္သိမ့္ေပးပါ
🤱 ေမြးကင္းစကေလးေလးကို ကူထိန္းေပးပါ
🤱 စိတ္ညစ္ေနတဲ့ေမေမကို အေျပာင္းအလဲျဖစ္သြားေအာင္ ေစ်းဝယ္ထြက္တာမ်ိဳး၊ ေလေကာင္းေလသန႔္ ရႉဖို႔ ပန္းၿခံေခၚသြားတာမ်ိဳး လုပ္ေပးလို႔ရပါတယ္
🤱 ဒီကာလမွာ ေမေမအေနနဲ႔ ေဆးလိပ္၊ အရက္နဲ႔ မူးယစ္ေဆးဝါးေတြကို လုံးဝေရွာင္ထားပါ (ေဆးလိပ္/အရက္ေသာက္ျခင္းက စိတ္ဓာတ္က်ျခင္းကိုပိုဆိုးေစပါတယ္)
🤱 တျခားေမေမေတြနဲ႔ အေတြ႕အႀကဳံဖလွယ္ဖို႔ အြန္လိုင္းအဖြဲ႕ေလးေတြ ဖြဲ႕ထားပါ (ေမေမအခ်င္းခ်င္း ကေလးထိန္းနည္း နဲ႔ စိတ္ခံစားမႈေလးေတြ မွ်ေဝေပးတာက ပိုထိေရာက္မႈရွိပါတယ္)
Baby Blue Period ႀကဳံရတာဟာ သဘာဝဘဲျဖစ္လို႔ ေမေမေတြအေနနဲ႔ ထူးၿပီးစိတ္ညစ္ေနစရာမလိုပါဘူး။ အေပၚမွာေရးထားတဲ့ အခ်က္ေလးေတြကိုလုပ္ေပးမယ္ဆိုရင္ (၂) ပတ္ကို ခဏေလးနဲ႔ ေက်ာ္ျဖတ္သြားႏိုင္မွာပါလို႔ Lydia ကအားေပးပါရေစေနာ္။