Chan Myae Clinic

Chan Myae Clinic Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Chan Myae Clinic, Mandalay.

 ူးစက်ခံရရင်ဘာလို့အသံပျောက်တာလဲ အိုမီကိုက်ပြီဆို လက္ခဏာတွေက အရင်ဆုံးကြားရတာပါ၊ ဘာလည်းဆိုတော့ ပုံမှန်အသံမဟုတ်တော့တဲ့ အသံဩ...
19/02/2022

ူးစက်ခံရရင်ဘာလို့အသံပျောက်တာလဲ

အိုမီကိုက်ပြီဆို လက္ခဏာတွေက အရင်ဆုံးကြားရတာပါ၊ ဘာလည်းဆိုတော့ ပုံမှန်အသံမဟုတ်တော့တဲ့ အသံဩဩကြီးတွေ၊ အသံပိစိ
လေးတွေ အစရွိတဲ့ အသံပျောက် အသံပျက် တချို့ဆို အသံပါမထွက်
တော့ပါဘူး၊ နောက်တော့မှ တခြားလက္ခဏာဖြစ်တဲ့ နှာစေး၊ နှာခေါင်း
ပိတ်၊ လည်ပင်းနာ၊ ချောင်းဆိုး၊ ကိုယ်လက်ခေါင်းကိုက်တွေ ဖြစ်လာ
တတ်ကြတာ

အိုမီက အရင်Original Wuhanကိုဗစ်ပိုးတုန်းကလို နှာခေါင်းအတွင်းမှာ မျိုးမပွားတော့ နှာခေါင်းဆဲလ်တွေ မပေါက်မပျက်စီးပဲ အနံ့မပျောက်ပါဘူး၊ အလားတူ Delta Sတို့နဲ့မတူတာက အဆုတ် အထိဆင်းပြီး ရင်ခေါင်းထဲမှာပိုးတွေမျိုးပွားပြီး လေအိတ်တွေထဲက
ဖောက်ထွက်တာမျိုးလည်း မလုပ်တော့ အဆုတ်ကိုလည်း မထိတော့ဘူးပေါ့

#အိုမီကြိုက်တာကလည်ချောင်း၊ ပြောရမယ်ဆို အသက်ရှူလမ်း
ကြောင်းရဲ့ အထက်ပိုင်း Pharynxရဲ့အောက်ဖက်က အသံအိုးဖြစ်တဲ့ Larynxနေရာက လေအဝင်အထွက်လမ်းကြောင်းဘေးက ဆဲလ်တွေထဲ အိုမီတို့တွေမျိုးပွားဖို့ အဓိကနေရာယူကြတာပဲ၊ အားလုံးသိတဲ့အ
တိုင်း ကိုဗစ်က virusအမျိုးအစား ကိုယ်တွင်းဆဲလ်တွေထဲဝင်ပြီးမှ ပိုးအသစ်တွေထုတ်နိုင်တာ၊ ပြီးရင်လည်း အပြင်ပြန်ထွက်ဖို့က သူဝင်မျိုးပွားထားတဲ့ ဆဲလ်နံရံရဲ့အစိတ်အပိုင်းကိုဖြတ်ယူပြီး ဖောက်ထွက်ကာ တခြားဆဲလ်တွေကို ထပ်ကူးစက်တတ်ကြတာ

#အသံအိုးပတ်ပတ်လည်နေရာက အရမ်းနူးညံ့တယ်၊ အသံကြိုးလို့
တင်စားပြီးခေါ်ကြတဲ့ စကားပြောတဲ့အခါမှာ လေကို အသံအနေနဲ့
ထွက်လာအောင်လုပ်ပေးတဲ့ ကြွက်သားအမျှင်လေးတွေ အဖွင့်အပိတ် အပြားလေးတွေရှိတယ်၊ အသံတုန်ခါမှု Vibrationတွေနဲ့ ပြောချင် တဲ့အသံထွက်လာအောင် ထိန်းညှိပေးလို့ အရမ်းအရေးပါတယ်၊ အဲဒီ
နေရာမှာ အပြင်လေနဲ့အတူ ကူးစက်ဝင်ရောက်လာတဲ့ အိုမီကအခြေချနေရာယူတယ်၊ မျိုးပွားတယ်၊ အသံအိုးဆဲလ်တွေ ရောင်တယ်၊ အသံနာလာတယ်၊ ဆဲလ်တွေပေါက်ပြီး ပျက်စီးတာများရင် လည်ပင်းနာလာ
ပြီး အသံပါပျောက်သွားမယ်၊ အဲဒီဖြစ်စဉ်ကို ဆေးပညာက Laryngitisလို့ခေါ်တယ်

#လည်ချောင်းထဲမှာနေပိုးပွားပြီးတော့ ဖြန့်တဲ့အချိန်မှာ အထက်
အောက် ပြန့်တယ်၊ အပေါ်ဖက် နှာခေါင်းထဲပိုးပြန့်ရင် Nasal Irritationရပြီး နှာမွှန်၊ နှာစေး၊ နှာခေါင်းပိတ်တွေ ဖြစ်မယ်၊ အောက် ဖက်က အဆုတ်ထဲကိုလည်း အနည်းနဲ့အများရောက်ရင် ချွဲထွက်၊ ချွဲ
ပိတ်၊ ချောင်းဆိုးတွေ ဖြစ်မယ်၊ အဆုတ်ထဲပိုးရောက်ချိန် ကာကွယ်
ဆေးထိုးပြီးသားဆို အေးဆေးပဲ၊ ကိုဗစ်ကိုတိုက်ထုတ်မည့် ခုခံအားက အသင့်စောင့်နေတယ်လေ၊ အဲတော့ မအီမသာ အားနည်းတာလောက် ကလွဲရင် ဘာမှမဖြစ်ပဲ ပြီးသွားတာ၊ ဖျားတောင်မဖျားတော့ဘူးပေါ့

#ဘယ်လိုစစ်ရင်သိနိုင်မလဲဆိုတော့ နှာခေါင်းထဲကနေ swabယူ တို့ဖတ်စစ်ရင် တချို့ကူးစက်ခံရသူတွေမှာ မတွေ့ကပဲ oropharyngeal swab ခေါ် လည်ချောင်းတို့ဖတ်ယူတော့မှ တွေ့ရတာတွေ ရှိတယ်လို့ ပြောပါတယ်၊ ဒီတော့ အသံဝင်လို့ စစ်
လိုက်ချိန် Negativeဆိုပေမဲ့လည်း မပေါ့ပါနဲ့၊ လက်ရှိ RDT testတွေက PCR testလောက် အဖြေမမှန်ပါဘူး၊ ဘာပဲဖြစ်ဖြစ် အခုအချိန် Covid Positiveနဲ့ အသံနာ အသံပျောက်ပြီဆို Omicronဖြစ်ဖို့ 99%ပါ

#အသံနာတာဘယ်လိုကုမလည်းဆိုတာ အသေးစိပ်တော့ မရေးတော့ပါဘူး၊ Laryngitisကို ဆရာဝန်တိုင်း ကုတတ်ပါတယ်၊ စိတ်ချချင်
ရင်တော့ ဆေးခန်းပြကြည့်ပါ၊ အဓိက လည်ချောင်းအတွင်း ရောင်ရမ်း နေတာကို သက်သာစေတဲ့ Analgesicတချို့နဲ့ Serratiopeptidaseလိုမျိုးတွေ အဓိကသုံးပါတယ်၊ Antibiotics ခေါ် ပိုးသတ်ဆေးတွေက Viral Infectionဖြစ်တဲ့ အိုမီမှာမစွမ်းပါဘူး၊ ကိုယ်ဟာကိုယ်တွေ သောက်မနေကြပါနဲ့ဦး၊
လည်ပင်းမှာ တခြားအနာတွေ သို့ ပြည်တည်သလိုမျိုးတွေ ဖြစ်လာ
နိုင်ချေရှိတယ်ဆိုရင်တော့ ဆရာဝန် ညွှန်းကြားပါလိမ့်မယ်၊ Cetrizineတို့ Burmetonတို့ တခြား Decongestantလိုမျိုး
တွေကိုလည်း နှာမစေးနှာမပိတ်သေးပဲ ကြိုသောက်တာတို့ လိုအပ်တာထက် ပိုသောက်တာတို့ မလုပ်ပါနဲ့၊ လိုအပ်သည့် ပုံမှန်နှာရည်မထွက်ပဲ လည်ပင်းခြောက်နေရင်လည်း အသံပိုနာပါတယ်

#ကိုယ်ဟာကိုယ်သောက်ချင်ရင် Vitamin Cတို့ Zincတို့ပဲ
သောက်ပါ၊ ရေနွေးငွေ့ရှူပါ၊ ရေဝဝသောက်ပါ၊ လည်ပင်း အာခေါင်ကို အခြောက်မခံပါနဲ့၊ ရေခဲရေအေးအေးတွေရှောင်ပါ၊ အဓိကကေတာ့ အသံစပျက်နေပြီးဆို စကားတွေအများကြီး မပြောပါနဲ့၊ တိုးတိုးတိုးတိုးလည်း မပြောပါနဲ့ ပိုဆိုးပါတယ်၊ ဖြစ်နိုင်ရင် ၃ရက်လောက် လည်ချောင်းကို အတတ်နိုင်ဆုံး အနားပေးထားလိုက်ပါ၊ မကြာခင် အသံ
ပြန်ထွက်လာမှာပါ၊ နှစ်ပတ်ကျော်လို့မှ အသံမထွက်လာရင်တော့ အသံအိုးထိသြားမှာ စိုးရိမ်ရပါတယ်၊ နီးစပ်ရာဆရာဝန်တစ်ယောက်နဲ့ အမြန်ဆုံးတိုင်ပင်ပြီး လိုအပ်သည့်ကုသမှုရယူလိုက်ပါ

ဆေးလိပ်၊ ကော်ဖီနဲ့ အရက်ဘီယာလျှော့သောက်ပါ၊ နားပါ၊ အားလုံး
ကျန်းမာနေကောင်းပြီး ပုံမှန်အသံတွေနဲ့ အမြန်ဆုံးပြန်လည် ပြောနိုင်
ဆိုနိုင်ကြပါစေလို့ ဆုတောင်းပါတယ်

Dr. Hadee Maung (9.2.2022)

P.S. ဆေးခန်းပြဖို့အခက်အခဲရှိလို့ သဘာဝနည်းနဲ့ လည်ပင်းနာ အသံနာသက်သာချင်ရင်တော့ ရေနွေးနွေးကို ဆားနည်းနည်းခပ်၊ ဂျင်းအပြားပါးပါးလေး တစ်ပြားနှစ်ပြားထည့်ပြီး ပျားရည်နဲ့အတူ တစ်ရက်ကို တစ်ကြိမ် နှစ်ကြိမ် သောက်နိုင်ပါတယ်၊ ဆက်တိုက်အများကြီးတော့ မသောက်ကြပါနဲ့

Research paperတွေ စုပေးထားတဲ့ Articleပါ Not Ref
https://www.theguardian.com/world/2022/jan/02/new-studies-reinforce-belief-that-omicron-is-less-likely-to-damage-lungs

May Ni Moee He

Six research groups’ findings all suggest variant multiplies more in throats and causes less serious disease

06/02/2022
အိုမီခရွန်နဲ့ ကာကွယ်ဆေးသုံးကြိမ်ဒူဘိုင်းက ပြန်လာတဲ့သူတွေမှာ အိုမီခရွန်အမျိုးအစားသစ်ကိုတွေ့ရှိပြီးတဲ့နောက် အိုမီခရွန်ဟာ စ...
07/01/2022

အိုမီခရွန်နဲ့ ကာကွယ်ဆေးသုံးကြိမ်

ဒူဘိုင်းက ပြန်လာတဲ့သူတွေမှာ အိုမီခရွန်အမျိုးအစားသစ်ကိုတွေ့ရှိပြီးတဲ့နောက် အိုမီခရွန်ဟာ စတင်ပြန့်လာတော့မယ်လို့ မှန်းထားကြတယ်။ ဇန်လကုန်ကနေ ဖေဖော်ဝါရီလကုန်လောက်မှာစပြီး မတ်၊ ဧပြီလောက်မှာ အမြင့်ဆုံးရောက်မယ်လို့ယူဆကြတယ်။ ပြဿနာက ဒီအိုမီခရွန်က ဘယ်လောက်ဆိုးမလဲဆိုတာကို သေချာမသိကြသေးဘူး။ ကူးစက်မြန်တာ အသေအချာပေမယ့် တချို့ကလည်း ဒယ်လ်တာလောက်တော့ မပြင်းထန်နိုင်ဘူးလို့ ပြောနေကြတယ်။

ယူကေနိုင်ငံမှာ ဇန် ၃ ရက်အထိ ကိုဗစ်လူနာပေါင်း ၁၄,၂၁၀ ဆေးရုံတက်ကုသခဲ့ရပါတယ်။ ဒီနှုန်းဟာ ၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်း တစ်နှစ်အကြာမှာ အမြင့်ဆုံးဖြစ်ပြီး အများစုဟာ အိုမီခရွန်မျိုးကွဲသစ်ကြောင့်ဖြစ်နေတာကို တွေ့ရပါတယ်။
ကာကွယ်ဆေးထိုးနှံထားမှုကို စိစစ်တဲ့အခါ ၆၅ ရာခိုင်နှုန်းက ကာကွယ်ဆေးတစ်ကြိမ်ပဲထိုးထားပြီး၊ ၃၃ ရာခိုင်နှုန်းက နှစ်ကြိမ်နဲ့ ၂ရာခိုင်နှုန်းကတော့ လုံးဝမထိုးထားတာတွေ့ရပါတယ်။ ကာကွယ်ဆေးကို သုံးကြိမ်ထိုးနှံထားသူတွေကတော့ ဆေးရုံတက်ရနိုင်ခြေ ၆၈ ရာခိုင်နှုန်းထိ လျော့ကျတယ်ဆိုတာကိုတွေ့ခဲ့ရပါတယ်။ ဒီရှာဖွေတွေ့ရှိချက်ဟာ Moderna, Pfizer နဲ့ Oxford-AstraZeneca အမျိုးအစား ကာကွယ်ဆေးတွေအတွက်သာဖြစ်ပြီး တရုတ်နဲ့ ရုရှားကာကွယ်ဆေးတွေကတော့ အိုမီခရွန်ကို ကာကွယ်နိုင်ခြင်းမရှိပါဘူး။

အခုဆိုရင် လေ့လာချက်တော်တော်များများ ထွက်လာတာမှာ ကာကွယ်ဆေး သုံးကြိမ်ထိုးထားတာက အိုမီခရွန်ကို ၆၅ ကနေ ၈၀ ရာခိုင်နှုန်းလောက်ထိ ကာကွယ်နိုင်တယ်လို့ တွေ့ရှိကြရတဲ့အတွက် သုံးကြိမ်ထိုးဖို့ကို အတော်လေးပြောလာကြပြီ။
တစ်ကြိမ်ထိုးထားရင် ၃၅ ရာခိုင်နှုန်း၊ ၂ကြိမ်ထိုးထားပြီးရင် ၅၅-၆၅ ရာခိုင်နှုန်းနဲ့ သုံးကြိမ်ဆိုရင်တော့ ၇၅ ရာခိုင်နှုန်းအထက်လို့ဆိုပါတယ်။ မြန်မာနိုင်ငံမှာ Moderna နဲ့ Pfizer ကတော့ cold chain အခက်အခဲနဲ့ရဖို့ နည်းနည်းခဲယဉ်းပြီး Oxford-AstraZeneca ကတော့ Covishield နာမည်နဲ့ ထိုးကြပါတယ်။

to original post

💉Gardasil4 preorder☑️သားအိမ်ခေါင်းကင်ဆာဟာ Human papiloma virus (HPVဗိုင်းရပ်စ်) ကြောင့် ဖြစ်တာပါထိုပိုးဟာ လိင်မှတဆင့်ကူး...
02/01/2022

💉Gardasil4 preorder

☑️သားအိမ်ခေါင်းကင်ဆာဟာ Human papiloma virus (HPVဗိုင်းရပ်စ်) ကြောင့် ဖြစ်တာပါ
ထိုပိုးဟာ လိင်မှတဆင့်ကူးစက်ပါတယ်
ထို့ကြောင့် လိင်ဆက်ဆံဖူးသူတိုင်း သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ပါတယ်။

☑️သားအိမ်ခေါင်းကင်ဆာ မဖြစ်အောင် ကားကွယ်ဆေးထိုးခြင်းဖြင့်(HPV vaccine)အများစုကို ကာကွယ်နိုင်ပါတယ်(70%)။

☑️သို့သော် HPV ဗိုင်းရပ်စ် ပိုးဟာ အမျိုးအစားပေါင်း ရာချီရှိပါတယ်
HPV 16 နှင့် 18 က အများဆုံးဖြစ်ပါသည်
HPV 31, 33, 45, 52, 58 တို့ကလည်း ကင်ဆာ ဖြစ်စေပါသည်
HPV 6, 11 တို့ကတော့ ကြွက်နို့ ဖြစ်စေပါသည်။
အခြား HPV ပိုးတွေကလည်း ကင်ဆာ ဖြစ်စေပါသည်။
အထက်ပါ နံပါတ်တွေက အများဆုံးဖြစ်ပါတယ်

Gardasil 4
HPV 6, 11, 16, 18 ကို ကာကွယ်ပါတယ်

❓ဘယ်အချိန်မှာထိုးမလဲ
အသက် ၉-၁၅နှစ်ကြားထိုးလျှင် အကောင်းဆုံးဖြစ်သည်
သို့သော် အသက်အရွယ်မရွေးထိုးနိုင်ပါသည်။
တကြိမ်မျှလိင်ဆက်ဆံမှု မပြုခင် ထိုးလျှင်အကောင်းဆုံးဖြစ်သည်

❓လိင်ဆက်ဆံဖူးပါကထိုးလို့ရပါသလား
ရပါသည်။
သို့သော် သားအိမ်ခေါင်ကင်ဆာအကြိုအဆင့်ရှိမရှိစမ်းသပ်ရမည်။ smear ဟုခေါ်သည်။
သားအိမ်ခေါင်းအချွဲကိုစစ်ဆေးခြင်းဖြစ်သည်
အကြိုအဆင့်မတွေ့မှသာ ထိုးသင့်သည်။
Credit

09/12/2021

မနက်ဖြန် (10.12.2021)
ပိုးသတ်၊ သန့်ရှင်းရေးလုပ်မည်ဖြစ်သောကြောင့် ဆေးခန်း တစ်ရက် ပိတ်ပါမည်။

Opening Hours (Updated)✅မနက် 8 မှ နေ့ 11ခွဲ ထိ✅နေ့ 2ခွဲ မှ ညနေ 6ခွဲ ထိ‼️အဖြစ်များနေသော 🦠ရာသီတုပ်ကွေးရောဂါနှင့် 🦠ကိုဗစ်ရေ...
21/10/2021

Opening Hours (Updated)
✅မနက် 8 မှ နေ့ 11ခွဲ ထိ
✅နေ့ 2ခွဲ မှ ညနေ 6ခွဲ ထိ

‼️အဖြစ်များနေသော 🦠ရာသီတုပ်ကွေးရောဂါနှင့် 🦠ကိုဗစ်ရောဂါမှ ကာကွယ်ရန်
😷 Mask ကို စနစ်တကျတပ်ဆင်ပါ
🧼🧴လက်ကို Hand sanitizer/ ဆပ်ပြာနှင့် မကြာခဏ ဆေးကြောပါ
💤 အိပ်ရေးဝဝအိပ်ပါ
💧🥤အရည်များများသောက်ပါ
🙅🏻‍♀️🙅🏻‍♂️လူထူထပ်သော နေရာများကို ရှောင်ရှားကြပါ

21/10/2021

တုပ်ကွေးရောဂါ နဲ့ COVID-19 ကူးစက်ရောဂါ နှိုင်းယှဉ်ချက်များ

ရာသီတုပ်ကွေး နဲ့ COVID-19 က
အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတွေဖြစ်ကြပေမယ့် ရောဂါဖြစ်စေတဲ့ဗိုင်းရပ်စ်အမျိုးအစား မတူကြပါ။ COVID-19 က 2019 ခုနှစ်၊လူမှာစတင်ကူးစက်ခဲ့တဲ့ coronavirusပိုး ကြောင့်ဖြစ်ပြီးတုပ်ကွေးကတော့ influenza viruses(တုပ်ကွေးကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်)ကူးစက်ခြင်းကြောင့်ဖြစ်တာပါ။

COVID-19 က တုပ်ကွေးထက် ပိုမိုလွယ်ကူစွာပျံ့နှံ့နိုင်ပါတယ်။ဒါပေမဲ့ လူအများစုသာ ကာကွယ်ဆေး အပြည့်အဝ ထိုးထားရင် ပျံ့နှံ့မှုနှေးကွေးသွားမှာပါ။

တုပ်ကွေးနဲ့ နှိုင်းယှဉ်ကြည့်ရင် COVID-19 ကလူအချို့မှာ ပိုမိုဆိုးရွားတဲ့ နာမကျန်းမှုကို ဖြစ်စေပါတယ်။
COVID-19 လူနာက တုပ်ကွေးဖြစ်တဲ့လူထက် ရက်အတော်ကြာတဲ့အထိ တခြားလူဆီ
ကူးစက်နိုင်ပါတယ်။

တုပ်ကွေး၊ COVID-19 နဲ့ အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေက ဖြစ်ပေါ်လာတဲ့
လက္ခဏာအများစုက တူညီတာမို့ လက္ခဏာတစ်ခုတည်းကြည့်ပြီး ခွဲခြားလို့ မရပါဘူး။ရောဂါအမည်တပ်ဖို့ စမ်းသပ် စစ်ဆေးချက်တွေ လိုပါတယ်။ဥပမာ RDT လို့ခေါ်တဲ့ အမြန်အ​ဖြေထွက်တဲ့ ကိရိယာတွေ လိုပါတယ်။ တစ်ခါတလေ တုပ်ကွေးရောဂါနဲ့ COVID-19 တစ်ပြိုင်နက်ထဲဝင်ကာ တုပ်ကွေးရောဂါနဲ့ COVID-19 နှစ်မျိုးလုံးရဲ့ ရောဂါလက္ခဏာတွေ ပေါ်နိုင်ပါတယ်။ H1N1က ရာသီဥတုအကူးအပြောင်း အထူးသဖြင့် ဆောင်းရာသီမှာ ဖြစ်တတ်တဲ့တုပ်ကွေးတစ်မျိုးလို့ သတ်မှတ်ထားပါပြီ။

#တူညီတဲ့ရောဂါလက္ခဏာများ

COVID-19 နဲ့ တုပ်ကွေးနှစ်မျိုးစလုံးက
လုံးဝ လက္ခဏာမပြတာ(Asymptomatic) ကနေ အတန်အသင့်မှ အသက်အန္တရာယ်ရှိတဲ့ထိ ပြင်းထန်တဲ့ရောဂါလက္ခဏာတွေ ရှိနိုင်ပါတယ်။

COVID-19 နဲ့ တုပ်ကွေးမှာ တွေ့ရတတ်တဲ့ တူညီတဲ့ ရောဂါလက္ခဏာတွေကတော့

ဖျားနာခြင်း၊ဖျားနာတယ်လို့ခံစားရခြင်း
ချမ်းတုန်ခြင်း
ချောင်းဆိုးခြင်း
အသက်ရှူကျပ်ခြင်း၊အသက်ရှူရခက်ခဲခြင်း
ပင်ပန်းနွမ်းနယ်ခြင်း(မောပန်းခြင်း)
လည်ချောင်းနာခြင်း
နှာရည်ယိုခြင်း၊နှာရည်ပိတ်ခြင်း
ကြွက်သားနာကျင်ခြင်း၊ခန္ဓာကိုယ်နာကျင်ကိုက်ခဲခြင်း
ခေါင်းကိုက်ခြင်း
အန်ခြင်း
ဝမ်းလျှောခြင်း
အနံ့အရသာ ပျောက်ခြင်း(Covid တွင် ပိုဖြစ်တတ်)

တုပ်ကွေးလက္ခဏာများ

တုပ်ကွေးလက္ခဏာတွေက မပြင်းထန်တဲ့ လက္ခဏာတွေကနေ အသက်အန္တရာယ်ရှိတဲ့အထိ ဖြစ်နိုင်ပါတယ်။ တုပ်ကွေးနဲ့ အအေးမိတာက ခြားနားပါတယ်။ တုပ်ကွေးက ရုတ်တရက် အလျင်အမြန်ဖြစ်လာတတ်ပါတယ်။

တုပ်ကွေးရောဂါရှိသူတွေက
အောက်ပါ
ရောဂါလက္ခဏာတချို့ ဒါမှမဟုတ်
အားလုံးကို ခံစားရနိုင်ပါတယ်။

ဖျားနာခြင်း ၊ချမ်းတုန်ခြင်း
ချောင်းဆိုးခြင်း
လည်ချောင်းနာခြင်း
နှာရည်ယိုခြင်း
ကြွက်သားနာခြင်း၊ကိုယ်ခန္ဓာကိုက်ခဲခြင်း
ခေါင်းကိုက်ခြင်း
ပင်ပန်းနွမ်းနယ်ခြင်း
အန်ခြင်း၊ဝမ်းလျှောခြင်း၊(ကလေးတွေမှာ ပိုဖြစ်တတ်)

* တုပ်ကွေးရောဂါရှိသူတိုင်းမှာ အဖျားတက်မှာ မဟုတ်ကြောင်းသတိပြုထားရပါမယ်။

Covid19 ကူးစက်ခံရသောလက္ခဏာများ

ကိုဗစ်ရဲ့ ရောဂါလက္ခဏာတွေက တုပ်ကွေးလိုပါပဲ။ သာမန်၊အသင့်အတင့်ကနေ ပြင်းထန်ကာ အသက်အန္တရာယ်ရှိတဲ့ အထိ ဖြစ်နိုင်ပါတယ်။ကိုဗစ်ဗိုင်းရပ်စ်ပိုးနဲ့ ထိတွေ့ပြီးနောက် #၂-၁၄ရက်အတွင်း
ရောဂါလက္ခဏာတွေ ပေါ်လာတတ်ပါတယ်။
ကိုဗစ်မှာ အောက်ပါ ရောဂါလက္ခဏာတွေ တွေ့နိုင်ပါတယ်။

ဖျားနာခြင်း၊ချမ်းတုန်ခြင်း
ချောင်းဆိုးခြင်း
အသက်ရှူကျပ်ခြင်း၊အသက်ရှူရခက်ခဲခြင်း
ပင်ပန်းနွမ်းနယ်ခြင်း
ကြွက်သားနာကျင်ခြင်း၊
ကိုယ်ခန္ဓာနာကျင်ကိုက်ခဲခြင်း
ခေါင်းကိုက်ခြင်း
အရသာ၊အနံ့ မရတော့ခြင်း
လည်ချောင်းနာခြင်း
နှာခေါင်းပိတ်ခြင်း၊နှာစေးခြင်း
ပျို့ခြင်း၊အန်ခြင်း
ဝမ်းလျှောခြင်း
အရေပြားအနီကွက်ထွက်ခြင်း

အထက်ပါ လက္ခဏာ မဟုတ်တာတွေလည်း ဖြစ်နိုင်ပါတယ်။ အသက်အရွယ်ကြီးသူ၊ရောဂါအခံရှိတဲ့ (နှလုံးရောဂါ၊အဆုတ်ရောဂါ၊ဆီးချိုရောဂါ) ရှိသူတွေက ဆိုးရွားတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ရနိုင်ပါတယ်။အသက်အန္တရာယ်ထိခိုက်နိုင်ပါတယ်။

တုပ်ကွေးက ရောဂါပိုးဝင်ပြီး ၁ ရက်ကနေ ၄ ရက်အတွင်း ရောဂါလက္ခဏာတွေ ပေါ်လာတတ်ပါတယ်။

COVID-19 ကူးစက်ခံရပြီး များသောအားဖြင့်
ရောဂါပိုး ကူးစက်ခံရပြီး ၅ ရက်အကြာမှာ ရောဂါလက္ခဏာတွေ ပေါ်တတ်ပါတယ်။ ယေဘုယျအနေနဲ့ ကူးစက်ခံရပြီး ၂ရက်ကနေ ၁၄ ရက်အတွင်း ပေါ်လာတတ်ပါတယ်။
ရောဂါနှစ်မျိုးလုံးက ယေဘုယျအနေနဲ့ လက္ခဏာမပြခင် တစ်ရက်အလိုကတည်းက တခြားလူဆီ ပြန်ပြီး ကူးစက်နိုင်ပါတယ်။COVID-19 က Fluထက် တခြားလူကို ကူးစက်နိုင်တဲ့ရက် ပိုရှည်နိုင်ပါတယ်။
တုပ်ကွေးက ရောဂါလက္ခဏာမပေါ်ခင် တစ်ရက်အလိုကတည်းက ကူးစက်တတ်ပြီး လက္ခဏာပေါ်တဲ့ သုံးလေးရက်အတွင်း ပိုကူးနိုင်ပါတယ်။ လက္ခဏာစမပေါ်ခင်တစ်ရက်အလိုကနေ လက္ခဏာ စပေါ်ချိန်ကနေ ခုနှစ်မြောက်နေ့အထိ တခြားလူကို ကူးနိုင်ပါတယ်။
ကိုယ်ခံအားကျနေသူနဲ့ နို့စို့ကလေးငယ်တွေကတော့ ခုနှစ်ရက်ထက်ပိုပြီး တခြားလူတွေကို ကူးစက်နိုင်ပါတယ်။

COVID-19 လူနာက တခြားလူကို
ရက်ဘယ်လောက်ကြာတဲ့အထိ ကူးစက်နိုင်သလဲဆိုတာ အခုချိန်ထိ လေ့လာနေတုန်းပါပဲ။
ကိုဗစ်ကူးစက်ခံရသူက
ရောဂါလက္ခဏာမပြခင် နှစ်ရက်အလိုကတည်းက တခြားလူကို စတင်ကူးစက်နိုင်ပြီး
လက္ခဏာပြတဲ့နေ့ကနေ ဆယ်ရက်အထိ တခြားလူကို ကူးစက်နိုင်ပါတယ်။ လက္ခဏာ မပြတဲ့ လူတွေကတော့ စစ်ဆေးလို့ Test positive ပြပြီး အနည်းဆုံး ဆယ်ရက်အထိ တခြားလူထံ ကူးစက်နိုင်ပါတယ်။
ကိုယ်ခံအားနည်းနေသူနဲ့ ပြင်းထန်လူနာတွေကတော့ ရက်၂၀ အထိ တခြားလူထံ ကူးစက်နိုင်ပါတယ်။

#ကူးစက်ပျံ့နှံ့ပုံ
-တူညီချက်
COVID-19 နဲ့ flu က လူအချင်းချင်း နီးကပ်စွာထိတွေ့ခြင်း(၆ပေအတွင်း) က တစ်ဆင့် ကူးစက်နိုင်ပါတယ်။အဓိကအားဖြင့်တော့ ချောင်းဆိုတာ၊နှာချေတာ၊စကားပြောရာကတစ်ဆင့် ထွက်လာတဲ့
အစက်အပြောက်၊အမှုန်အမွှားတွေနဲ့အတူပါလာတဲ့ ဗိုင်းရပ်စ် ပိုးကနေ ကူးစက်တာပါ။ဒီပိုးပါတဲ့ အမှုန်တွေက တခြားလူရဲ့ ပါးစပ်၊နှာခေါင်းကတစ်ဆင့် အသက်ရှူလမ်းကြောင်းထဲ ဝင်နိုင်တာပါ။လေဝင်လေထွက်မကောင်းတဲ့နေရာ၊အလုံးပိတ်အခန်းတွေမှာဆို ဒီအမှုန်တွေက ၆ ပေ ကျော်တဲ့အထိ ပျံ့နှံ့နိုင်ပါတယ်။
နောက်တစ်နည်းက အဲဒီအမှုန်အမွှားတွေက မျက်နှာပြင်တွေပေါ်ကျရာကို ထိတွေ့ရာကတစ်ဆင့်(ဥပမာ တံခါးလက်ကိုင်၊ထိုင်ခုံ၊အသုံးအဆောင်ပစ္စည်း၊ATM စက်ခလုတ်၊ပိုးရှိသူနဲ့လက်ဆွဲနှုတ်ဆက်ခြင်း)မိမိလက်ကို ပိုးပါလာ၊ပိုးတွယ်ကပ်နေတဲ့ မိမိလက်ကနေ မျက်လုံး၊နှာခေါင်း၊ပါးစပ်ဆီ ပိုးရောက်ကာ ကူးစက်နိုင်ပါတယ်။ flu နဲ့COVID-19 နှစ်မျိုးလုံးက ရောဂါပိုးဝင်ပြီး လက္ခဏာမပြတဲ့ လူတွေရှိပါတယ်။ သူတို့ကလည်း တခြားလူဆီကို မသိမသာ ကူးစက်နေတတ်ပါတယ်။

ကွဲပြားချက်

ကူးစက်ပုံနည်းလမ်းတွေတူပေမယ့် Flu ထက် COVID-19 က ပိုပြီး ကူးစက်လွယ်ပါတယ်။
တုပ်ကွေးက လူအချင်းချင်း ၆ ပေအတွင်း ချောင်းဆိုး၊နှာချေ၊စကားပြောရာက ထွက်တဲ့ အမှုန်အမွှားကတစ်ဆင့် ပိုမိုကူးစက်ပါတယ်။ မျက်နှာပြင်ပေါ်ကျနေတဲ့ ပိုးပါတဲ့ အမှုန်အမွှားကတစ်ဆင့်ကူးစက်နှုန်းက Covid-19နဲ့ယှဉ်ရင် Fluက နည်းပါတယ်။

COVID-19က အဓိကအနေနဲ့ နည်းလမ်း သုံးခုကနေ ကူးစက်နိုင်ပါတယ်။

* လေထုမှတစ်ဆင့်။ ပိုးရှိသူနဲ့ နီးကပ်စွာ(၆ပေအတွင်း) နေပြီး ပိုးရှိသူဆီက ထွက်လာတဲ့ ပိုးပါအမှုန်အမွှားတွေ ပါတဲ့လေကို ရှူမိရာကတစ်ဆင့်ကူးပါတယ်။

* ပိုးရှိသူနှာချေ၊ချောင်းဆိုးရာကတစ်ဆင့် ထွက်လာတဲ့ ပိုးတွေပါတဲ့ အမှုန်အမွှားတွေက ပိုးမရှိသူရဲ့ မျက်လုံး၊နှာခေါင်း၊ပါးစပ်ထဲ တိုက်ရိုက်ဝင်ပြီး ကူးနိုင်ပါတယ်။
* ပိုးရှိတဲ့ အမှုန်အမွှားတွေတင်ကျန်နေတဲ့ မျက်နှာပြင်တွေကို လက်နဲ့ကိုင်မိ၊လက်မဆေးဘဲ မိမိရဲ့ မျက်လုံး၊နှာခေါင်း၊ပါးစပ်ကို ထိမိရာကတစ်ဆင့် ကူးစက်နိုင်ပါတယ်။

#ရောဂါကူးစက်ခံရပါက ပြင်းထန်နိုင်သူများ

တူညီချက်

COVID-19 နဲ့ flu က ပြင်းထန်တဲ့ လက္ခဏာတွေရှိနိုင်ပြီး ဆိုးရွားတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ရနိုင်ပါတယ်။ရောဂါကူးစက်ခံရပါက ပြင်းထန်နိုင်သူများ

*သက်ကြီးရွယ်အိုများ
*ရောဂါအခံရှိသူများ(မည်သည့်အသက်အရွယ်မဆို)
*ကိုယ်ဝန်ဆောင်များ

ခြားနားချက်

ခြုံငုံကြည့်ရင်
COVID-19 က လူတချို့မှာ ပိုမိုဆိုးရွားတဲ့ နာမကျန်းဖြစ်မှုကို ဖြစ်ပေါ်စေပါတယ်။
အသက် ၅ နှစ်အောက်ကလေးငယ်တွေမှာကူးစက်ခံရရင် Covid ထက် Fluက ပိုမိုဆိုးရွားတဲ့ လက္ခဏာနဲ့ ဆိုးကျိုးတွေ ရှိပါတယ်။ ဒီလိုပြောလို့ Covid က ကလေးငယ်တွေမှာ လုံးဝ မထိခိုက်နိုင်တာ မဟုတ်ပါဘူး။ သတိထားရမှာက ကလေးငယ်တွေမှာ ကူးစက်တာ နည်းပေမယ့် တချို့ ဆေးရုံတင်ရတဲ့အထိဆိုးရွားပြီး အသက်အန္တရာယ်ထိခိုက်တာတွေလည်း ရှိပါတယ်။ Multisystem Inflammatory Syndrome in Children (MIS-C) ကိုယ်အင်္ဂါအစိတ်အပိုင်းတွေအားလုံး ရောင်းရမ်းတဲ့ ရောဂါ MIS-Cက ကလေးငယ်တွေမှာ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ဝင်နိုင်ပါတယ်။ ဒါပေမဲ့ဖြစ်ခဲပါတယ်။

#နောက်ဆက်တွဲဆိုးကျိုးများ
-တူညီချက်
COVID-19 နဲ့ flu က အောက်ပါ နောက်ဆက်တွဲဆိုးကျိုးတွေ ရနိုင်ပါတယ်။

အဆုတ်ရောင် ရောဂါ
အဆုတ် ထိခိုက်ကာ အောက်စီဂျင် နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် မညီမျှမှုကို ဖြစ်ပေါ်စေခြင်း။
ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာထိခိုက်နာကျင်မှုလက္ခဏာစု(ဥပမာ အဆုတ်ရေလျှံခြင်း)။
သွေးဆိပ်တက်ခြင်း(သွေး ဒါမှမဟုတ် ကိုယ်ခန္ဓာ တစ်ရှူးတွေမှာ အန္တရာယ်ရှိတဲ့ ပိုးဝင်ကာ ထိုပိုးတွေအပေါ်ခန္ဓာကိုယ်က တုန့်ပြန်မှုတို့ကြောင့်ဖြစ်ပေါ်လာတဲ့ ဆိုးရွားတဲ့ အခြေအနေအမျိုးမျိုး-ရှော့ခ်ရခြင်း၊သေဆုံးခြင်း)၊
နှလုံးထိခိုက်ခြင်း
ကိုယ်တွင်းအင်္ဂါများ -အဆုတ်၊ကျောက်ကပ်များ ထိခိုက်ကာ ပုံမှန်လုပ်ငန်းဆောင်တာများ မလုပ်နိုင်တော့ခြင်း
ရောဂါအခံများ(ဆီးချိူ၊အာရုံကြော၊နှလုံး၊အဆုတ်) ပိုမို ဆိုးရွားလာခြင်း
နှလုံး၊ဦးနှောက်၊ကြွက်သားများ ရောင်ရမ်းခြင်း
နောက်ထပ်ဆင့်ပွားကာ တခြားရောဂါပိုးများဝင်လာခြင်း

-ခြားနားချက်

Flu ကူးစက်ခံရတဲ့လူအများစုက ရက်အနည်းမှ နှစ်ပတ်အတွင်း သူ့အလိုလို ပြန်ကောင်းလာနိုင်ပါတယ်။
လူအနည်းငယ်က ပြင်းထန်တဲ့နောက်ဆက်တွဲဆိုးကျိုးရနိုင်။အများအားဖြင့် နောက်ထပ်ဆင့်ပွားကာ တခြားရောဂါပိုးများဝင်လာခြင်း။
Flu ဖြစ်တဲ့ကလေးတွေ နောက်ဆက်တွဲ ဝမ်းပိုလျှောနိုင်ပါတယ်။

COVID-19 ကူးစက်ခံရသူ အများစုက ၁၄ရက်အတွင်း သက်သာလာနိုင်။COVID-19 မှာတော့ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ လူတချို့မှာ အဆုတ်၊နှလုံး ၊ခြေ၊ဦးနှောက်ရှိသွေးကြောထဲ သွေးခဲနိုင်။
ကိုယ်ခန္ဓာအစိတ်အပိုင်းများ တစ်ပြိုင်နက်တည်း လချီတဲ့အထိ ရောင်ရမ်းနိုင် ။

#ကုသမှု
​ COVID-19 နဲ့ flu က ဗိုင်းရပ်စ်ပိုးမို့ ကိုယ်ခန္ဓာက သူ့အလိုလို တုန့်ပြန်အားထွက်မှာမို့
supportive medical care သာပေးကြပါတယ်။
ဥပမာ အဖျားတက်ရင် ပါရာစီတမောပေးခြင်း။
အနားယူစေခြင်း။
အရည်များများသောက်စေခြင်း။

ခြားနားချက်

Flu မှာ ကုသဖို့ FDA အသိအမှတ်ပြု
influenza antiviral drugs ဆေးဝါးတွေ ရှိပါတယ်။
နောက်ဆက်တွဲ ဆိုးကျိုးဝင်နိုင်သူ၊ဆေးရုံတက်ကုသမှု ခံယူရသူတွေ ကို ပေးလေ့ရှိပါတယ်။
ဗိုင်းရပ်စ်သတ်ဆေးတွေကို လူတကာမှာ အသုံး မပြုပေမဲ့ သက်ကြီးရွယ်အို တွေ၊ ကိုယ်ခံအားနည်းတဲ့ လူတွေ၊ ရောဂါအခံရှိတဲ့ လူတွေ၊ ကိုယ်ဝန်ဆောင်မိခင် တွေမှာ ရောဂါဖြစ်ပွားပြီး ၂၄နာရီမှ ၄၈ နာရီအတွင်း ချိန်ဆပြီး ပေးလေ့ရှိပါတယ်။ရောဂါ ကပ်အသွင် ဖြစ်လာရင်လည်း ရောဂါသည်နဲ့ ထိတွေ့ရတဲ့လူတွေကို ပေးလေ့ရှိပါတယ်။

COVID-19ကတော့ သုံးဖို့ဆေးဝါး အနေနဲ့ အရေးပေါ် သုံးခွင့်ပြုထားတဲ့ ဆေးဝါးသာ ရှိပါတယ်။ ကုသမှုတွေက ရရှိတဲ့ အချက်အလက်တွေ ပေါ်မူတည်ပြီး အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။မကြာခင်အချိန်ကပဲ WHO က Roche ကထုတ်တဲ့ Actemra နဲ့ Sanofi ကထုတ်တဲ့ Kevzara ဆေးတွေကို Covid-19 ကုသရာမှာ ထည့်သုံးဖို့ထောက်ခံလိုက်ပါတယ်။FDA ကတော့ remdesivir ကို COVID-19ကုသဖို့ အရေးပေါ်သုံးစွဲခွင့်
emergency use authorizations(EUA)
external icon အနေနဲ့သာ ခွင့်ပြုထားတာပါ။

#ရောဂါပိုးရှိသူမှ တခြားလူထံ ကူးစက်နှုန်း

Covid-19
1.4-3.9(အချိန်နဲ့အမျှ မျိုးကွဲပေါ်မူတည် ပြောင်းလဲနိုင်)။

Flu
1-1.3။

#ဆေးရုံတက် ကုသရနှုန်း
Flu ၁-၂%
Covid-19 ၁၀-၂၀%

#သေဆုံးနှုန်း
Covid-19
July 21 ,2021အထိ ရရှိဒေတာ တွေအရ

Coronavirus ကူးခံရသူစုစုပေါင်း
192,260,989
သေဆုံးသူစုစုပေါင်း
4,133,799
ပြန်ကောင်းလာသူစုစုပေါင်း
174,942,900

နိုင်ငံပေါင်း ၁၉၉ နိုင်ငံနှိုင်းယှဉ်ချက်အရ သေဆုံးရာခိုင်နှုန်း မတူကြပါဘူး။သေဆုံးရာခိုင်နှုန်း အနိမ့်ဆုံးနဲ့ အမြင့်ဆုံး နိုင်ငံတွေကတော့

အနိမ့်ဆုံး ၀.၀၄%(ဘူတန်နိုင်ငံ)
အမြင့်ဆုံး ၁၉.၆၇%ယီမင်နိုင်ငံ)။

မြန်မာ ကတော့ ဒေတာအရ ၂.၀၃%ရှိပါတယ်။

တုပ်ကွေး-၀.၁-၀.၂%(တစ်ကမ္ဘာလုံးအတိုင်းအတာအရ)

#ကာကွယ်ဆေး
Flu အတွက် FDA လိုင်စင်ရ ကာကွယ်ဆေးတွေရှိပြီး နှစ်စဉ်ထုတ်လုပ်ပါတယ်။
flu တုပ်ကွေးဗိုင်းရပ်စ် ကာကွယ်ဆေး ၂ မျိုး ပေါ်နေပါပြီ။ တစ်ခုက လက်မောင်းမှာ ထိုးရတဲ့ Flu shot ထိုးဆေး နဲ့ နောက်တမျိုးက Nasal spray flu vaccine (LAIV) ရှူဆေးပါ။ ထိုးဆေးက ကိုယ်ဝန်ဆောင်တွေ အပါအဝင်၊ အသက် ၆ လ အထက် သုံးနိုင်တယ်ပါတယ်။
အသက်၆ လကနေ ၃ နှစ်ထိ 0.25 ml
အသက်၃ နှစ်အထက် 0.5 ml ထိုးရပါမယ်။
အသက်၉နှစ်အောက်ကလေးတွေမှာ ပထမဆုံးထိုးတဲ့နှစ်မှာ အနည်းဆုံး ၄ပတ်ခြား၂ ကြိမ်ထိုးရပြီး နောက်နှစ်တွေမှာတစ်နှစ်တစ်ကြိမ်ထပ်ထိုးရပါတယ်။
အသက်၉နှစ်အထက်နဲ့ လူကြီးတွေကတော့ စထိုးတဲ့ နှစ်ကနေ တစ်နှစ်တစ်ကြိမ်ထိုးရင် ရပါတယ်။
ကာကွယ်နိုင်မှု စွမ်းအားကတစ်နှစ်ပဲခံပါတယ်။

ရှူဆေးကိုတော့ ကိုယ်ဝန်ဆောင်တွေမှာ မသုံးရပါဘူး။အသက် ၂ နှစ် ကနေ ၄၉ နှစ် အတွင်းရှိသူတွေမှာ သုံးနိုင်ပါတယ်။ကြက်ဥနဲ့မတည့်သူ၊HIV ရှိသူတွေနဲ့ ပန်းနာရောဂါ ရှိသူတွေ မသုံးရပါ။

COVID-19 အတွက်တော့

ကာကွယ်ဆေး ၃ မျိုးကို အရေးပေါ်သုံးခွင့်
EUA အနေနဲ့သာ ခွင့်ပြုထားပြီး
တခြားကာကွယ်ဆေးတွေက စမ်းသပ်ဆဲ အဆင့်သာရှိပါသေးတယ်။ ယေဘုယျအနေနဲ့
အသက် ၁၈ နှစ်အထက် တစ်လခြားကာ နှစ်ကြိမ်ထိုးရပါတယ်။တူရကီနိုင်ငံမှာတော့ ဇူလိုင်လ ၁ ရက်နေ့မှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အသက် (၅၀) ကျော်သူတွေကို Pfizer ကာကွယ်ဆေးကို တတိယ dose အဖြစ်ထပ်ထိုးပေးမယ်လို့ဆိုပါတယ်။တချို့နိုင်ငံတွေမှာ အသက်၁၃ နှစ်အထက်ကိုထိုးဖို့ ပြင်နေပါတယ်။ ဒါကြောင့် ကိုဗစ် ကုသကာကွယ်ဆေးတွေက အချိန်နဲ့အမျှ ရရှိတဲ့ အချက်အလက်တွေပေါ် မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။

ယေဘုယျအနေနဲ့
ရိုးရိုး နှာစေးချောင်းဆိုးအအေးမိ၊တုပ်ကွေးနဲ့COVID-19 နဲ့ဘယ်လိုခွဲကြမလဲ။

အအေးမိတဲ့ လူတွေမှာ နှာစေး၊နှာရည်ယို၊ချောင်းဆို ဖြစ်တတ်ပါတယ်။ ချောင်းဆိုးတဲ့အခါ ချောင်းခြောက်ဖြစ်ကာ သလိပ်မရတတ်ပါ ။

တုပ်ကွေးရောဂါကတော့ အများစုက ငွေ့ငွေ့ဖျား
(100.4°F)ကာ ချောင်းဆိုး သလိပ်ထွက်၊နှာစေးနှာရည်ယို ၊ကိုယ်လက်ကိုက်ခဲကာ နုံးနေတတ်ပါတယ်။

COVID-19 မှာကတော့ ချောင်းခြောက်(သလိပ်မထွက်)၊အဖျားကြီး၊နှာစေးနှာရည်ယို၊ကိုယ်လက်ကိုက်ခဲ ၊အသပ်ရှူကျပ် ၊အားနည်းကာ နုံးနေတတ်ပါတယ်။

#ဟမ်စိုင်း(ဆေး-မန်း)
21-7-2021
source-CDC

21/10/2021

H1N1Flu အကြောင်း သိကောင်းစရာများ
ဟမ်စိုင်း(ဆေး-မန်း)

ရာသီတုပ်ကွေးရောဂါကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ကို အကြမ်းအားဖြင့် Type A နဲ့ Type B ဆိုပြီး နှစ်မျိုးခွဲခြားနိုင်ပါတယ်။TypeB influenza virus က လူမှာ သာ ဖြစ်လေ့ဖြစ်ထရှိပြီး ရောဂါလက္ခဏာတွေက သိပ်မပြင်းထန်ပါဘူး။ Type A influenza virus ကတော့ လူမှာ သာမက အခြားမျိးစိတ်တွေမှာလည်း (ငှက်၊ကြက်၊ဝက် များအပါအဝင်) ဖြစ်ပွားနိုင်ပါတယ်။Influenza A subtypes မှာပါတဲ့ Hamagglutinin (HA) နဲ့ Nuraminidase (NA) ပေါ်မူတည်ကာ အမျိုးအစားတွေ ကွဲပြား ခြားနားနိုင်ပါသေးတယ်။ Haemagglutinin 16 မျိုးနဲ့ Nuraminidase 9 မျိး ရှိပါတယ်။

ဥပမာ
၁၉၅၇-၁၉၅၈ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ Asian fluက H2N2 ကြောင့် ဖြစ်ပြီး လူပေါင်း ၁ သန်းမှ ၂ သန်းခန့် သေဆုံး ခဲ့ပါတယ်။ ၁၉၆၈-၁၉၆၉ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ Hongkong flu က H3 N1 ကြောင့် ဖြစ်ပြီး လူပေါင်း ၇ သိန်းကျော် သေဆုံးခဲ့ရပါတယ်။ ၂၀၀၉-၂၀၁၀မှာ Mexico မှာစဖြစ်ခဲ့တဲ့ (H1N1flu) က ကပ်အသွင် ဖြစ်ပွားခဲ့ပါတယ်။၂ဝဝ၉ ခုနှစ်တုန်းက Swine fluကို ကပ်ရောဂါလို့ ကြော်ငြာ ခဲ့ပါတယ်။ H1N1 Flu က ဝက်တွေမှာ စဖြစ်ခဲ့လို့ swine flu လို့လည်းခေါ်ပါတယ်။ ရောဂါက ခန့်မှန်းခဲ့သလောက် ဆိုးရွားပြင်းထန်ခြင်း မရှိခဲ့ပါဘူး။ လူတချို့ ( ကလေးငယ်တွေ၊ခုခံအားနည်းသူတွေ၊ကိုယ်ဝန်သည်တွေနဲ့ ရောဂါအခံ တစ်ခုခု ရှိနေတဲ့ လူတွေ) သာ ဆိုးရွားပြင်းထန်ပြီး သေဆုံးမှုတချို့ ရှိခဲ့ပါတယ်။ကပ်အသွင်ဖြစ်ပွားစဉ် United States မှာ April 12, 2009 ကနေ April 10, 2010 ထိ ခန့်မှန်းလူဦးရေ 60.8သန်းထိ Swine Flu ကူးစက်ခဲ့ပြီး လူပေါင်း 274,304 ခန့်ဆေးရုံတက်ကာ ကုသမှုခံယူခဲ့ရပါတယ်။ Swine Flu ရဲ့ နောက်ဆက်တွဲကျန်းမာရေးဆိုးကျိုးတွေကြောင့် သေဆုံးသူ 12,469ခန့် ရှိခဲ့တယ် လို့ သိရပါတယ်။
။အခုချိန်မှာ လူအများစုက Swine Flu ကို ခံနိုင်တဲ့ ခုခံအားတွေ ရှိနေကြပါပြီ။ ကာကွယ်ဆေးလည်း ပေါ်နေပြီး တစ်နှစ်တစ်ခါထိုးရပါတယ်။သိပ် ကြောက်စရာ မကောင်းတော့ပါ။ H1N1က ရာသီဥတုအကူးအပြောင်း အထူးသဖြင့် ဆောင်းရာသီမှာ ဖြစ်တတ်တဲ့တုပ်ကွေးတစ်မျိုးလို့ သတ်မှတ်ထားပါပြီ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က တုပ်ကွေးဖြစ်ခဲ့ဖူးတဲ့လူက H1N1ဖြစ်နိုင်ချေ ပိုများပါတယ်။
H1N1 က တခြားရာသီတုပ်ကွေးတွေလိုပဲ အသက်ရှူ လမ်းကြောင်းမှ တစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါဖြစ်ပါတယ်။ ရောဂါပိုးရှိတဲ့လူ နှာချေ၊ ချောင်းဆိုးရာကနေ ဗိုင်းရပ်စ်ပိုးတွေ လေထဲကို ပျံ့နှံ့ ကာ၊ အခြားလူဆီကို လျင်မြန်စွာ ကူးစက်တတ်ပါတယ်။ဝက်သားစားရကနေတစ်ဆင့် မကူးစက်နိုင်ပါ။လူ လူချင်းသာ အဓိက ကူးစက်ပါတယ်။ ဝက်တွေမှာ ရှင်သန်နေထိုင်နိုင်တဲ့ virus ပိုးဖြစ်ပေမယ့် သေချာကိုင်တွယ်ချက်ပြုတ်ထားတဲ့ ဝက်သားနဲ့ တခြားစားသောက်ကုန်တွေ စားရုံနဲ့တော့ မကူးစက်နိုင်ပါဘူး။ လူလူချင်းသာ ကူးစက်ပါတယ်။
ရောဂါပိုး တင်ကျန်နေတဲ့ အရာဝတ္ထု တွေကို ကိုင်တွယ်ပြီး ရှူရှိုက်မိရာမှ တစ်ဆင့် အဓိကကူးစက်ပျံ့နှံ့ နိုင်ပါတယ်။ဒါကြောင့် လက်မကြာခဏ ဆပ်ပြာနဲ့ရေဆေးခြင်းက ရောဂါကာကွယ်ဖို့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ flu virus က အရာဝတ္ထုတွေပေါ်မှာ ၂၄နာရီ ရှင်သန်နိုင်ပါတယ်။ တခြားလူဆီ ကူးစက်နိုင်တဲ့ အချိန်ကာလကတော့ ရောဂါလက္ခဏာ မခံစားမီ ၁-၂ ရက်ကနေ ရောဂါလက္ခဏာ ပြပြီး ၄-၅ ရက်အတွင်း ဖြစ်ပါတယ်။ရောဂါဝင်ရောက်ချိန်ကနေ ရောဂါလက္ခဏာ ပြမဲ့ အချိန်ကတော့ (Incubation period) ၁ ရက်မှ ၄ ရက်အတွင်း ဖြစ်ပါတယ်။
H1N1flu ကူးစက်ခံရပြီး ၁ရက်မှ ၄ ရက်အတွင်း ရောဂါလက္ခဏာတွေ ပြလာတတ်ပါတယ်။ ရောဂါ လက္ခဏာ တွေကတော့ ရာသီတုပ်ကွေး (Seasonal flu)ရဲ့ ရောဂါ လက္ခဏာတွေနဲ့ တူပါတယ်။ဖျားခြင်း(100.4°F)၊ လည်ချောင်းနာခြင်း၊ချောင်းဆိုးခြင်း၊နှာရည်ယို၊ နှာစေးခြင်း၊ခေါင်းကိုက်ခြင်း၊ကိုယ်လက်များ နာကျဉ်ကိုက်ခဲခြင်း၊ချမ်းခြင်း၊နုံးချိခြင်းတို့ပဲ ဖြစ်ပါတယ်။ လူတချို့မှာ အသက်ရှူရ ခက်တတ်ပါတယ်။ အန်တာ၊ ဗိုက်နာတာ၊ခေါင်းမူးတာကာ စိတ်မကြည်မလင်တာတွေလည်း ဖြစ်နိုင်ပါသေးတယ်။ပြင်းထန်လာရင် သတိလစ်တာအထိ ဖြစ်နိုင်ပါတယ်။
H1N1ကရာသီတုပ်ကွေးလိုပဲ အသက်၆၅နှစ်အထက်၊ နာတာရှည်ရောဂါ ခံစားနေရသူများ(ဆီးချိုရောဂါ ၊ကျောက်ကပ်ရောဂါ၊အဆုတ်ရောဂါ၊နှလုံးရောဂါ) အသက် ၆ လမှ ၂ နစ်အရွယ် ကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များတွင် ဖြစ်ပွားပါက ပိုမို ဆိုးရွားပြီး နောက်ဆက်တွဲ ဆိုးကျိုး များ ပိုမို ဖြစ်ပွားနိုင်ပါတယ်။ဆိုးကျိုးတွေအနေနဲ့ အဆုတ်ပိုးဝင်တာ၊ အဆုတ်ရောင်တာ၊ နဂိုရှိနေတဲ့ ရောဂါအခံက ပိုဆိုးလာတာ(ဥပမာ၊ အဆုတ်လေပြွန်ရောင်ရောဂါ၊ ဆီးချိုရောဂါတွေ ထိန်းချုပ်ရခက်တာ) ၊သေဆုံးတာတွေ ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင် တွေအနေနဲ့ ကလေးစောမွေးတာ၊ ပေါင်ချိန်မပြည့်တဲ့ကလေးမွေးတာတွေ ဖြစ်နိုင်ပါတယ်။ ဆိုးဆိုးရွားရွားအနေနဲ့ ကလေးအသေမွေးတာ၊ ကလေးပျက်ကျတာတွေ အထိ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
ရောဂါလက္ခဏာ ပေါ်ပေါက်လာရင် အရမ်းမစိုးရိမ်ပါနဲ့။ကောင်းမွန်စွာ အိပ်စက်အနားယူခြင်း၊အရည်များများသောက်ခြင်း၊ အာဟာရပြည့်တဲ့အစားအစာများစားခြင်း၊ကိုယ်အပူချိန် မြင့်မားနေပါက ရေပတ်တိုက်ခြင်း၊အဖျားအတွက်ပါရာဆီတမော သောက်ခြင်း၊ ချောင်းဆိုးနှာစေးအတွက် နားလည်တတ်ကျွမ်းတဲ့လူ ညွှန်တဲ့ဆေးသောက်ခြင်းတွေကို လုပ်ဆောင်နိုင်ပါတယ်။အဲဒီလိုလုပ်နေရင်း ၂ရက် ၃ရက်အတွင်း မသက်သာဘဲ ဆိုးရွားပြင်းထန်လာရင် နီးစပ်ရာ ဆေးရုံ ဆေးခန်းမှာ ပြသကာ ကုသမှုခံယူရပါမယ်။သွေးစစ်ခြင်း၊ နှာခေါင်း နဲ့ အာခေါင်တို့မှ အချွဲယူကာ စစ်ဆေးခြင်းတွေနဲ့ H1N1ဟုတ် မဟုတ် သေချာအောင် စစ်ဆေးနိုင်ပါတယ်။
H1N1ဖြစ်တဲ့ လူအများစုမှာ ခံစားရတဲ့ ရောဂါလက္ခဏာတွေကသာမန်တုပ်ကွေးတွေလိုပဲ သုံးရက်ကနေ တစ်ပတ်အတွင်း သက်သာသွားတတ်ကြပါတယ်။ ဒါပေမဲ့ ချောင်းဆိုးခြင်းနဲ့ နုံးချိတာကတော့ ၂ပတ်အထိ ရှိနေနိုင်ပါတယ်။

H1N1ကို ကာကွယ် တားဆီး ဖို့ အဓိကအနေနဲ့ နည်းလမ်း သုံးနည်းရှိပါတယ်။

၁။H1N1လို ရာသီတုပ်ကွေးကို မဖြစ်ပွားစေရန် အကောင်းဆုံး ကာကွယ်ရန်မှာ ကာကွယ်ဆေး ကြိုထိုးထားခြင်း ဖြစ်ပါတယ်။ H1N1 flu တုပ်ကွေးဗိုင်းရပ်စ် ကာကွယ်ဆေး ၂ မျိုး ပေါ်နေပါပြီ။ တစ်ခုက လက်မောင်းမှာ ထိုးရတဲ့ Flu shot ထိုးဆေး နဲ့ နောက်တမျိုးက Nasal spray flu vaccine (LAIV) ရှူဆေးပါ။ ထိုးဆေးက ကိုယ်ဝန်ဆောင်တွေ အပါအဝင်၊ အသက် ၆ လ အထက် သုံးနိုင်တယ်ပါတယ်။
အသက်၆ လကနေ ၃ နှစ်ထိ 0.25 ml
အသက်၃ နှစ်အထက် 0.5 ml ထိုးရပါမယ်။
အသက်၉နှစ်အောက်ကလေးတွေမှာ ပထမဆုံးထိုးတဲ့နှစ်မှာ အနည်းဆုံး ၄ပတ်ခြား၂ ကြိမ်ထိုးရပြီး နောက်နှစ်တွေမှာတစ်နှစ်တစ်ကြိမ်ထပ်ထိုးရပါတယ်။
အသက်၉နှစ်အထက်နဲ့ လူကြီးတွေကတော့ စထိုးတဲ့ နှစ်ကနေ တစ်နှစ်တစ်ကြိမ်ထိုးရင် ရပါတယ်။
ကာကွယ်နိုင်မှု စွမ်းအားကတစ်နှစ်ပဲခံပါတယ်။

ရှူဆေးကိုတော့ ကိုယ်ဝန်ဆောင်တွေမှာ မသုံးရပါဘူး။အသက် ၂ နှစ် ကနေ ၄၉ နှစ် အတွင်းရှိသူတွေမှာ သုံးနိုင်ပါတယ်။ကြက်ဥနဲ့မတည့်သူ၊HIV ရှိသူတွေနဲ့ ပန်းနာရောဂါ ရှိသူတွေ မသုံးရပါ။

၂။ တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ခြင်း။

လက်ကို ရေ၊ ဆပ်ပြာနဲ့ မကြာခဏ ဆေးကြောရပါမယ်(မသန့်ရှင်းတဲ့ ပစ္စည်းများကို ကိုင်တွယ်ပြီး၊အစားအစား မချက်ပြုတ်ခင်၊မစားခင်၊ အိမ်သာအဆင်း စသဖြင့်)။ မိမိလက်နဲ့ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တွင်းသို့ တို့ထိခြင်း၊ နှိုက်ခြင်းတွေကို ရှောင်ကျဉ်ပါ။နှာချေတိုင်း၊ ချောင်းဆိုးတိုင်း နှာခေါင်းနှင့် ပါးစပ်ကို လက်ကိုင်ပဝါ၊ တစ်ရှူးဖြင့် အုပ်ကာ ချောင်းဆိုးသင့်ပါတယ်။အသုံးပြုပြီး လက်ကိုင်ပဝါနဲ့ တစ်ရှူးတွေကို စနစ်တကျ အမှိုက်ပုံးထဲ စွန့်ပစ်ပါ။ ရောဂါရှိတယ်လို့ ယူဆရသူ၊ ရောဂါရှိနေသူနှင့် ထိတွေ့မှုကို အတတ်နိုင်ဆုံးရှောင်ကြဉ်ပါ။မဖြစ်မနေထိတွေ့ရမယ်ဆိုရင် နှာခေါင်းစည်း၊ လက်အိတ်များကို သေချာဝတ်ဆင်ပြီးမှ ကိုင်တွယ်ရပါမယ်။ရောဂါဖြစ်ပွားနေသူဟာ လူနေထူထပ်ရာ နေရာများသို့ သွားလာခြင်းမှ ရှောင်ကျဉ်သင့်ပါတယ်။မိမိ အဖျားပျောက်ပြီး ၂၄နာရီကြာတဲ့အထိ အပြင်မသွားဘဲ အိမ်မှာပဲ နေပါ။

၃။ ဗိုင်းရပ်စ်ပိုးသတ်ဆေး
ဗိုင်းရပ်စ်သတ်ဆေးတွေကို လူတကာမှာ အသုံး မပြုပေမဲ့ သက်ကြီးရွယ်အို တွေ၊ ကိုယ်ခံအားနည်းတဲ့ လူတွေ၊ ရောဂါအခံရှိတဲ့ လူတွေ၊ ကိုယ်ဝန်ဆောင်မိခင် တွေမှာ ရောဂါဖြစ်ပွားပြီး ၂၄နာရီမှ ၄၈ နာရီအတွင်း ချိန်ဆပြီး ပေးလေ့ရှိပါတယ်။ရောဂါ ကပ်အသွင် ဖြစ်လာရင်လည်း ရောဂါသည်နဲ့ ထိတွေ့ရတဲ့လူတွေကို ပေးလေ့ရှိပါတယ်။

#ဟမ်စိုင်း(ဆေး-မန်း)
July,24,2017

02/08/2021

ဒါမှဒါ လေနံ ဓားထစ် လုပ်ကြလွန်းလို့ ဆေးတွေ ပြတ်ကုန်တာ။ အလားတူတွေ သုံးလို့ရတယ် ဆိုတာ လည်း မမေ့ကြပါနဲ့အုံး။

A. Dexa 6mg မရှိရင် အစားထိုးနိုင်တာက

1. Methylprednisolone 16 mg BD
2. Hydrocortisone 50 mg TDS or 100 mg BD
3. Prednisolone 40mg OD

B. Enoxaparin မရှိရင် အစားထိုးနိုင်တာက

1. Fondaparinux 2.5 mg S/C OD
2. Unfractionated heparin 5,000 units S/C BD
3. Tinzaparin 4,500 units SC OD
4. Rivaroxaban 10mg 'o' OD
5. Apixaban 2.5 mg 'o' OD

C. Antibiotics (ဒါ အဆိုးဆုံး)

CS1 မှ CS 1 မလိုပါဘူးဗျာ။ ကိုယ် ကုနေတာ Viral Pneumonia ဆိုတာကို မမေ့ကြပါနဲ့။ Secondary bacterial infection ကို ကုချင်လို့ abx တင်တယ်ဆိုတာ နားလည်လို့ရပေမယ့် ရွေးစရာ အများကြီး ရှိပါတယ်။ CS1 &2 ရဲ့ အားသာချက်က OD ပေးလို့ရတယ် ဆိုတဲ့ အချက်ပါ​။ ဝယ်မရလည်း မလွမ်းပါနဲ့။

1. Co-amoxiclav 1.2G TDS
2. Levoflaxacin 500 mg OD/ BD
3. Ceftriaxone 1-2 G OD/BD
4. Meropenem 1G TDS
5. Tazocin 4.5 G TDS

စတာတွေ သုံးပါ။ ရွေးစရာလည်း ထပ်ရှိပါသေးတယ်။

D. Remdesivir

အစားထိုး မရှိပါ။ မရှိလည်း မလွမ်းပါနဲ့။ သေမယ့်လူနာက Rem ထိုးလည်း မရှင် ပါဘူး။ ကောင်းမယ့်လူမှာတော့ လက္ခဏာ သက်သာ နည်းနည်း မြန်မယ်။ ရက်ပိုင်းပေါ့။ ငွေဆယ်သိန်းလောက်တော့ ပိုသုံးရမယ်။

E. Tocilizumab

လောလောဆယ် မရှိသေးပါ။ Sarilumab ရှိလာနိုင်ပါတယ်။ အောက်စီဂျင်တောင် ပြည့်ပြည့်ဝဝ မရနိုင်တဲ့ နေရာမျိုးမှာ Tocili တို့ အကြောင်း မပြောတာ ပို သဘာဝကျပါမယ်။ ဒီဆေး ဘယ်လောက် စွမ်းလဲ ဆိုတော့ ရောဂါဆိုးဝါးတဲ့ လူ ၁၀၀၀ မှာ ၁၅ ယောက် ပိုရှင်မယ်တဲ့။ 🤷‍♂️ မသကာ ကာလပေါက်စျေးက သိန်းရာကျော်တယ်လို့ သိရ။

*** အစားထိုးလို့ မရတဲ့ ဆေးက နှစ်မျိုးပဲ ရှိပါတယ်။ ***

အောက်စီဂျင် နဲ့ အာဟာရပြည့်ဝတဲ့ အစားအသောက်ပါ ပဲ။

နောက်ထပ်

အရေးကြီးတဲ့ အချက်က အထက်မှာဖော်ပြထားတဲ့ ဆေးတွေကို ရောဂါအနေအထားအလိုက် အချိန်ကိုက် ပေးနိုင်ဖို့ရယ် ၊ ဘယ်လူနာမှာ ဘယ်ဆေးကို ဘယ်လောက်ကြာကြာသုံးရမယ် ဆိုတာကို ကောင်းကောင်းသိမှ အဖိတ်အစင်နည်းမှာ ဖြစ်ပါတယ်။ စျေးကြီးတဲ့ဆေးတွေ သုံးနေပေမယ့် Timing မကိုက်ရင် ငွေကုန်​လူပန်းပဲဖြစ်ရုံမက ဘေးဖြစ်စေတတ်ပါတယ်။

ဒီဆေးမှ ဒီဆေး၊ စျေးကြီးမှ ကောင်းတယ်ထင်နေတတ်ပြီး စိတ်အပိုဖိစီးနေတဲ့ သူတွေကို ရည်ညွှန်းရေးသား ပေးလိုက်ပါတယ်။

Credit/ Khun Maung

⏩⏩အမေရိကန်နိုင်ငံထုတ် ကာကွယ်ဆေးများ✴️MODERNAModerna ကာကွယ်ဆေးဟာ Vanderbilt University က ၉၄.၁ ရာခိုင်နှုန်းအထိကာကွယ်နိုင်...
01/08/2021

⏩⏩အမေရိကန်နိုင်ငံထုတ် ကာကွယ်ဆေးများ

✴️MODERNA
Moderna ကာကွယ်ဆေးဟာ Vanderbilt University က ၉၄.၁ ရာခိုင်နှုန်းအထိကာကွယ်နိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။ ဒီဆေးက လောလောဆယ် ကမ္ဘာမှာ အကောင်းဆုံး ကာကွယ်ဆေး ဆိုပြီး သတ်မှတ်ထားပါတယ်
✴️PFIZER
Moderna ထက်တစ်ပတ်စောကာ ကြေညာခဲ့တဲ့ ပထမဆုံး COVID ကာကွယ်ဆေး ဖြစ်ပါတယ်။ Pfizer ကာကွယ်ဆေးကတော့ Modernaထက် ရာခိုင်နှုန်းအနည်းငယ်လျော့ ကာကွယ်နိုင်စွမ်းရှိပါတယ် ( ၈၁.၈ - ၉၅ ရာခိုင်နှုန်း)
ဆေးထိုးပြီးရင် ဘာတွေ ခံစားရလေ့ရှိလဲ?
Pfizer နဲ့ Moderna က ဒုတိယ အလုံးထိုးပြီးရင်ပိုဖြစ်တယ်လို့တွေ့ရှိရပါတယ် ။ ထိုးတဲ့နေရာမှာ နာတာ နုံးတာ ခေါင်းကိုက် ကြွက်သားနာတာတွေက အဖြစ်များပါတယ် ။ ရှားရှားပါပါး နှလုံးကြွက်သားရောင်တာ နှလုံးအမြှေးရောင်တာကို Pfizer နဲ့ Moderna မှာတွေ့ရပါတယ်

⏩⏩ အိန္ဒိယနိုင်ငံထုတ် ကာကွယ်ဆေးများ

✴️COVISHIELD
ဗြိတိန် နည်းပညာကို အိန္ဒိယ မှာ ထုတ်ခွင့်ပေးတာပါ ။ ဗြိတိန် မှာထုတ်တာကိုတော့ AstraZeneca နာမည်ပေးထားပါတယ် ။ ဒီနိုင်ငံမှာ ဇန်နဝါရီလကတည်းက Covishield ကာကွယ်ဆေးကို စတင်ထိုးနှံပေးခဲ့ပါတယ်။ တစ်ဦးကို နှစ်ကြိမ်နှုန်းနဲ့ လူဦးရေတစ်သန်းခွဲစာကို သက်တမ်းကုန်ဆုံးရက် မတိုင်ခင် ဇွန်လအထိ ထိုးပေးနိုင်ခဲ့ပါတယ်။ (ဒီ Covishield ကာကွယ်ဆေးဟာ သက်တမ်းခြောက်လသာ ရှိပါတယ်)
ဒီဆေးကို ပထမတစ်ကြိမ်ထိုးထားရင် ရောဂါမဖြစ်အောင် ၇၀.၄ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပြီး ဒုတိယအကြိမ် ထိုးပြီးချိန်မှာတော့ ၈၂.၄ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်ပါတယ်။ ရောဂါကြောင့် သေဆုံးနှုန်းကို အသက် ၆၅ နှစ်ကျော်အရွယ်တွေမှာ ၉၄ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်တယ်လို့ သိရပါတယ်။
ဒီဆေးထိုးထားသူတွေက မိမိမှတစ်ဆင့် တခြားသူကို ရောဂါပြန်ဖြန့်နိုင်နှုန်း ၆၇ ရာခိုင်နှုန်း လျော့ကျသွားနိုင်ပါတယ်။
✴️COVAXIN
အခုလက်ရှိ အပြင်ဆေးခန်းတချို့မှာ ထိုးပေးနေတဲ့ ကာကွယ်ဆေးက အိန္ဒိယနိုင်ငံထုတ် Covaxin အမျိုးအစား ဖြစ်ပါတယ်။ ဒီဆေးကိုတော့ BBV152 လို့လည်း သိကြပြီး သေဆုံးနေတဲ့ဗိုင်းရပ်စ်ကို ပြုပြင်ကာ ပြုလုပ်ထားတဲ့ကာကွယ်ဆေးဖြစ်ပါတယ်။ သူက ခန္ဓာကိုယ်ထဲကိုရောက်ရင် antibody တွေ ထွက်လာပြီး ခုခံအားစနစ်ကို လှုံ့ဆော်ကာ ရောဂါကို တိုက်ထုတ်ပစ်နိုင် ပါတယ်။ ဒီဆေးက အိန္ဒိယ နိုင်ငံအပြင် အီရန်၊ မက္ကဆီကို၊ နီပေါ၊ ဖိလစ်ပိုင်၊ ပါရာဂွေး၊ ဇင်ဘာဘွေနဲ့ မောရစ်ရှားနိုင် ငံတွေမှာပါ အသုံးပြုနေပြီဖြစ်ပါတယ်။ ဒီဆေးကို တစ်ကြိမ်နဲ့ တစ်ကြိမ် ၄-၆ ပတ်ခြားပြီး နှစ်ကြိမ် ထိုးရမှာဖြစ်ပါတယ်။ ဆေးကို နှစ်ကြိမ်ထိုး ပြီးရင် ရောဂါကို ကာကွယ်နိုင်စွမ်း ၇၈ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။
ဘေးထွက်ဆိုးကျိုးအနေနဲ့ အဖျား ရှိတာ၊ ခေါင်းကိုက်တာ၊ စိတ်တိုတာ၊ ဆေးထိုးတဲ့နေရာမှာ ရောင်ရမ်းပြီး နာကျင်တာတွေဖြစ်တတ်ပါတယ်။ ကာကွယ်ဆေးထိုးအပြီး ပါရာစီတမောလို မျိုး အကိုက်အခဲပျောက်ဆေးကို သောက်ထားသင့်ပါတယ်။
ဆေးနဲ့ ပြင်းထန်ဓာတ်မတည့်မှု ဖြစ်တာကတော့ အလွန်ရှားပါတယ်။ ဓာတ်မတည့်မှုဖြစ်ရင် လည်ချောင်းရောင်ရမ်းပြီး အသက်ရှူမ၀တာ၊ ပျို့တာ၊ အန်တာ၊ အဖုအပိမ့်ပေါက်တာ၊ အဖျားရှိတာ၊ ခေါင်းကိုက်တာ၊ ခန်္ဓာကိုယ်အနှံ့ကိုက်ခဲတာနဲ့ ဆေးထိုးထားတဲ့လက်တစ်ဖက် တောင့်တင်းနေတာတွေဖြစ်တတ်ပါတယ်။
သွေးယိုစီးမှုပြဿနာရှိသူတွေ၊ ကိုယ်၀န်ဆောင်မိခင်တွေ ဒါမှမဟုတ် နို့တိုက်မိခင်တွေက ဒီကာကွယ်ဆေးကို မထိုးသင့်ပါဘူး။

⏩⏩ တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးများ

တရုတ်နိုင်ငံထုတ်ကာကွယ်ဆေး တွေဖြစ်တဲ့ Sinopharm ကို WHOက ယခုနှစ် မေလအတွင်း အရေးပေါ်အသုံး ပြုခွင့်ပေးထားခဲ့ပြီး Sinovac ကို ဇွန်လမှာ ခွင့်ပြုထားခဲ့ပြီး ဖြစ်ပါတယ်။ ဒီဆေးတွေကို လက်ရှိမှာ နိုင်ငံပေါင်း ၈၀ ကျော် အသုံးပြုနေကြပြီလို့ သိရပါတယ်။
ဒီကာကွယ်ဆေးနှစ်မျိုးစလုံး ကြောင့် ရရှိနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ က တခြားကာကွယ်ဆေးတွေလောက် အဖြစ်မများဘူးလို့ သိရပါတယ်။ ဆေး ထိုးတဲ့နေရာမှာ နာကျင်တာ၊ ပင်ပန်းနွမ်း နယ်တာ၊ ၀မ်းပျက်တာနဲ့ ကြွက်သားနာ ကျင်တာလောက်သာဖြစ်ပြီး နှစ်ရက်အ တွင်း ပြန်လည်ပျောက်ကင်းသွားတတ်ပါ တယ်။
✴️SINOPHARM
ဒီကာကွယ်ဆေးက တရုတ်နိုင်ငံက ဒီနိုင်ငံကို လှူဒါန်းခဲ့တဲ့ကာကွယ် ဆေးဖြစ်ပါတယ်။ တရုတ်ကုန်သည် များအသင်းချုပ်ကလည်း အသင်း၀င် တွေကို ဒီဆေးထိုးပေးဖို့ စီစဉ်နေတယ်လို့ ကြားသိရပါတယ်။ ဒီကာကွယ်ဆေးက SARS-CoV-2 ကို Beta-propiolactone ခေါ်တဲ့ ဓာတုပစ္စည်းနဲ့ ကုသမှုပြုလုပ်ထား တာဖြစ်ပါတယ်။ ဒီဓာတုပစ္စည်းက ကိုဗစ်ဗိုင်းရပ်စ်နဲ့ပေါင်းပြီး COVID-19 ဖြစ် စေတဲ့ ဗိုင်းရပ်စ်ပွားများမှုကို ရပ်တန့်ပေးလိုက်တာဖြစ်ပါတယ်။ ဒါ့ပြင် သူ့မှာ ပါ၀င်တဲ့ အလူမီနီယမ်ဟိုက်ဒရော ဆိုက်ကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က ပိုမိုမြင့်တက်လာပါတယ်။
အသက် ၁၈ နှစ်အထက်ရှိသူတွေ ထိုးဖို့သတ်မှတ်ပေးထားပြီး တစ်ကြိမ်နဲ့ တစ်ကြိမ်ကြား သုံးပတ်ကနေ လေးပတ် ခြားကာ နှစ်ကြိမ်စီ ထိုးပေးရမှာဖြစ်ကာ ရောဂါကာကွယ်နိုင်စွမ်းမှာ ၇၉.၃ ရာ ခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။ ဒီဆေး ကို ကိုယ်၀န်ဆောင်မိခင်နဲ့ နို့တိုက်မိခင် တွေအတွက် ထိုးပေးနိုင်ပါတယ်။
ဒီကာကွယ်ဆေးမှာပါတဲ့ ပါ၀င် ပစ္စည်းတွေနဲ့ ဓာတ်မတည့်မှုဖြစ်ဖူးသူ၊ အပူချိန် ၃၈.၅ ဒီဂရီထက် မြင့်မားသူ တွေက ဒီဆေးကို မထိုးသင့်ပါဘူး။
ဘေးထွက်ဆိုးကျိုးအနေနဲ့ ကာ ကွယ်ဆေးထိုးတဲ့နေရာမှာ နာကျင်တာ၊ အဖျားရှိတာတွေအပြင် ခေါင်းကိုက်တာ နဲ့ ပင်ပန်းနွမ်းနယ်တာတွေဖြစ်တတ်ပါ တယ်။
✴️SINOVAC
ဒီကာကွယ်ဆေးက ယခုလအတွင်း တစ်သန်းရောက်ရှိမှာဖြစ်ပြီး အသက် ကြီးသူ၊ ရောဂါအခံရှိသူ၊ ကာကွယ်ဆေး မထိုးရသေးတဲ့ ကျန်းမာရေး၀န်ထမ်းတွေ၊ ပုဂ္ဂလိက ကျန်းမရေးစောင့်ရှောက်မှုပေး နေသူတွေကို ဦးစားပေးထိုးနှံပေးသွားမယ်လို့ သိရပါတယ်။
ဒီဆေးက ဓာတ်ခွဲခန်းကနေ ထုတ် လုပ်ထားတဲ့ ဗိုင်းရပ်စ်အမျိုးအစားနဲ့ ပြု လုပ်ထားတဲ့ Inactivated Virus Vaccine အမျိုးအစားဖြစ်ပါတယ်။ ကာကွယ်ဆေးမှာ ပါ၀င်တဲ့ များစွာသော ပရိုတင်းတွေကို ခုခံအားနစ်က တုံ့ပြန်ပြီး ကိုဗစ်ရောဂါကို တိုက်ထုတ်မယ့် Antibody တွေထွက်လာအောင် လှုံ့ဆော်ပေးမှာ ဖြစ်ပါတယ်။ အသက် ၁၈ နှစ်အထက်ရှိ သူ၊ နို့တိုက်မိခင်၊ ကိုဗစ်ဖြစ်နိုင်ခြေ မြင့် မားတဲ့ အ၀လွန်သူ၊ နှလုံးသွေးကြောရောဂါရှိသူနဲ့ အဆုတ်ရောဂါရှိသူတွေထိုးဖို့ သတ်မှတ်ထားပြီး တစ်ကြိမ်နဲ့ တစ်ကြိမ် ကြား ၂-၄ ပတ်ခြားပြီး နှစ်ကြိမ်ထိုးရမှာ ဖြစ်ပါတယ်။
ရောဂါကာကွယ်နိုင်စွမ်းက နိုင်ငံအ ပေါ်လိုက်ပြီး ၄၉.၆ - ၅၀.၇ % ရှိကာ ကိုဗစ် ဆိုး ဆိုးရွားရွား အခြေအနေမရောက်အောင် ၈၅-၁၀၀ %၊ ကိုဗစ်ကြောင့် ဆေးရုံတက် ရတာမျိုးမဖြစ်အောင် ၈၀-၁၀၀ % ကာကွယ်နိုင်ပါတယ်။

⏩⏩ရုရှားနိုင်ငံထုတ်ကာကွယ်ဆေးများ

ရုရှားနိုင်ငံကထုတ်တဲ့ ကာကွယ် ဆေး နှစ်မျိုးဖြစ်တဲ့ Sputnik V နဲ့ Sputnik Light တွေကို မြန်မာနိုင်ငံအ တွက် ခုနစ်သန်း၀ယ်ဖို့ မှာယူထားကာ မကြာမီ အလုံးရေ နှစ်သန်းရောက်ရှိမယ်လို့ သိရပါတယ်။
✴️SPUTNIK V
ဒီကာကွယ်ဆေးက တုပ် ကွေးရောဂါဖြစ်စေတဲ့ Adenovirus အမျိုးအစားနှစ်မျိုးကို ရောဂါသယ်ဆောင် တဲ့အနေနဲ့ ထည့်သွင်းအသုံးပြုထားတာ ဖြစ်ပါတယ်။ ရောဂါသယ်ဆောင်တဲ့ဗိုင်း ရပ်စ်တွေက ပြုပြင်ထားတာကြောင့် ခန်္ဓာ ကိုယ်ထဲမှာ ပိုးထပ်မံပွားများတာ၊ ရောဂါ ဖြစ်တာတွေ မရှိတော့ပါဘူး။
ဒီဆေးကို အိန်္ဒိယ၊ အာဂျင်တီးနား၊ မွန်တီနီဂရိုး၊ ရုရှား၊ ဗင်နီဇွဲလား၊ ဘီလာ ရုစ်၊ ဆားဗီးယား၊ ယူအေအီးနဲ့ Europe တိုင်းပြည်ထဲက ဟန်ဂေရီအပါအ၀င် နိုင်ငံပေါင်း ၆၄ နိုင်ငံမှာ အသုံးပြုနေကြ ပြီဖြစ်ပါတယ်။
အသက် ၁၈ နှစ်အထက်ရှိသူတွေ ထိုးနိုင်ပြီး ရောဂါကာကွယ်နိုင်စွမ်းက ၉၁.၅ ရာခိုင်နှုန်းရှိကာ ကာကွယ် ပထမအကြိမ်ထိုးပြီး သုံးပတ်အကြာမှာ ဒုတိယအကြိမ် ထပ်မံထိုးရမှာဖြစ်ပါ တယ်။
ဘေးထွက်ဆိုးကျိုးအနေနဲ့ -ပင်ပန်း နွမ်းနယ်တာ၊အဆစ်နာတာ၊ ခေါင်းကိုက်တာ၊ ကြွက်သားနာကျင်တာ၊ ချမ်းတုန်တာ၊ အဖျားရှိတာ၊ ပျို့အန်တာတွေ ရှိပါတယ်။
✴️SPUTNIK LIGHT
ဒီကာကွယ်ဆေးက COVID-19 ရောဂါကိုဖြစ်စေတဲ့ SARS-CoV-2 ဗိုင်းရပ်စ်ကို ခုခံအားတည်ဆောက် ပေးတာဖြစ်ပြီး ကာကွယ်နိုင်စွမ်း ၇၉.၄ ရာခိုင် နှုန်းရှိတယ်လို့ သိရပါတယ်။ သူရဲ့ အား သာချက်က ဆေးတစ်ကြိမ်သာ ထိုးရမှာဖြစ်ပြီး ဆေးထိုးအပြီး လေးပတ်အကြာမှာ ဗိုင်းရပ်စ်ပိုးကို အားပျော့စေတဲ့ anti-body ထွက်လာနိုင်နှုန်း ၉၁.၆၇ ရာခိုင် နှုန်းအထိ ရှိတယ်လို့ သိရပါတယ်။
ရုရှားနိုင်ငံမှာ ယခုနှစ် မေလအတွင်း က အရေးပေါ်အသုံးပြုခွင့်ရရှိထားတာ ဖြစ်ပါတယ်။ ဒီဆေးကို ရုရှား၊ ဗင်နီဇွဲလား၊ အင်ဂိုရာ၊ ဘာရိန်း၊ နီကာရဂူး၊ မောလစ်ရှ၊ ပါလက်စတိုင်း၊ အာဂျင်တီးနား၊ ဘီလာ ရုစ်၊ ကွန်ဂို၊ မွန်ဂိုလီးယား တောင်ကိုရီး ယားအပါအ၀င် နိုင်ငံပေါင်း ၁၃ နိုင်ငံမှာ ရရှိနိုင်ပြီဖြစ်ပါတယ်။

source from https://www.drugmm.com
credit: drkhinmoemoe

ဒေါက်တာခင်မိုးမိုး

Crd

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Chan Myae Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Other Mandalay clinics

Show All