Chosen medi

Chosen medi Chosen Medi နဲ့အတူကျန်းမာပျော်ရွှင်တဲ့မိသ?

 #မျောက်ကျောက်ရောဂါ အဓိကအချက်များ• မျောက်ကျောက်ရောဂါဆိုတာ မျောက်ကျောက်ဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်လာတာပါ။• အာဖရိကအလယ်ပိုင...
24/05/2022

#မျောက်ကျောက်ရောဂါ

အဓိကအချက်များ
• မျောက်ကျောက်ရောဂါဆိုတာ မျောက်ကျောက်ဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်လာတာပါ။

• အာဖရိကအလယ်ပိုင်းနှင့် အနောက်ပိုင်းရှိ အပူပိုင်းမိုးသစ်တောများမှာ အစပထမ တွေ့ရှိခဲ့တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။

• မျောက်ကျောက်ရောဂါဟာ ဖျားခြင်း၊ အနီစက်များထွက်ခြင်းနှင့် ပြန်ရည်အိတ်များ(lymph nodes) များရောင်ရမ်းခြင်း စသည်တို့ တွေ့ရှိရပြီး နောက်ဆက်တွဲပြဿနာများ ဖြစ်လာနိုင်ပါတယ်။

• မျောက်ကျောက်ရောဂါလက္ခဏာများဟာ (၂) ပတ်မှ (၄) ပတ်အထိ ကြာမြင့်နိုင်သည့် ရောဂါတစ်မျိုးဖြစ်ပါတယ်။ သေဆုံးနှုန်းဟာ (၃) ရာခိုင်နှုန်းမှ (၆) ရာခိုင်နှုန်းအထိ ဖြစ်ပါတယ်။

• ဗိုင်းရပ်စ်ကူးစက်ခံထားရသည့် တိရစ္ဆာန်/ ကူးစက်ခံထားရသူနှင့် ထိတွေ့ခြင်း၊ ဗိုင်းရပ်စ်ရှိနေသော အရာဝတ္ထုပစ္စည်းများကို ထိတွေ့ကိုင်တွယ်မိခြင်း တို့မှတဆင့် လူကို ကူးစက်နိုင်ပါတယ်။

• မျောက်ကျောက်ရောဂါဟာ ရောဂါပိုးရှိသူ၏ အနာပြည်၊ အရည်ကြည်များမှတဆင့် သို့မဟုတ် ရောဂါပိုးရှိသူအသုံးပြုထားသည့် အိပ်ရာခင်းကဲ့သို့ ပစ္စည်းများမှတဆင့် ကူးစက်နိုင်ပါတယ်။

• (၁၉၈၀) ခန့်က ကမ္ဘာတစ်ဝန်းမှာ လုံးဝအမြစ်ပြတ် ရှင်းလင်းသွားပြီဖြစ်သည့် orthopox virus နှင့် ဆက်စပ်နေသည့် ရောဂါတစ်မျိုး ဖြစ်ပါတယ်။

• ထိုရောဂါကို အမြစ်ဖျက်ချေမှုန်းရာတွင် အသုံးပြုထားသည့် ကာကွယ်ဆေးများဟာ မျောက်ကျောက်ရောဂါကို ကာကွယ်နိုင်ပါတယ်။
မျောက်ကျောက်ရောဂါ အတွက် ကာကွယ်ဆေးအသစ်များလည်း လုပ်ဆောင်နေကြပါတယ်။

• မျောက်ကျောက်ရောဂါကုသမှုများလည်း တရားဝင်ခွင့်ပြုချက် ရရှိပြီးသား ဖြစ်ပါတယ်။

#မျောက်ကျောက်ရောဂါပေါ်ပေါက်ခြင်း_ဖြစ်ပွားခြင်း

မျောက်ကျောက်ရောဂါဟာ (၁၉၇၀) ခန့်က ကွန်ဂိုနိုင်ငံမှာ အသက် (၉) နှစ်အရွယ်ကလေးငယ်လေးမှာ စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ထိုအချိန်ကတည်းက ကျေးလက်ဒေသများ၊ ကွန်ဂိုမိုးသစ်တောဒေသများနှင့် အာဖရိကအနောက်နှင့်အလယ်ပိုင်းဒေသများမှာ တဖြည်းဖြည်း တွေ့ရှိလာတာ ဖြစ်ပါတယ်။

(၂၀၁၇) ခုနှစ်မှာ နိုင်ဂျီးရီးယားမှာ ကူးစက်မှုသံသယရှိသူ (၅၀၀) ကျော်နှင့် ကူးစက်ခံရသူ (၂၀၀) ကျော် ရှိခဲ့ပါတယ်။ ယနေ့အချိန်အထိ သေဆုံးနှုန်း (၃) ရာခိုင်နှုန်း ရှိပါတယ်။

မျောက်ကျောက်ရောဂါဟာ (၂၀၁၈) ခုနှစ်မှာ နိုင်ဂျီးရီးယားခရီးသွားများမှ အစ္စရေးကို ကူးစက်ခဲ့ပြီး၊ အင်္ဂလန်နိုင်ငံမှာလည်း ကူးစက်မှုများ ကြုံတွေ့ခဲ့ရပါတယ်။ (၂၀၁၉) ဒီဇင်ဘာ၊ (၂၀၂၁) မေနှင့် (၂၀၂၂) မေလတို့တွင် အင်္ဂလန်မှာ ကူးစက်မှုများ ဆက်လက်ဖြစ်ပွားခဲ့ပြီး (၂၀၁၉) ခုနှစ် မေလတွင် စင်္ကာပူနိုင်ငံမှာပါ ကူးစက်မှုများ တွေ့လာရပါတယ်။ (၂၀၂၁) ဇူလိုင်နှင့် နိုဝင်ဘာလတွင် အမေရိကတွင် ကူးစက်မှုများ ဖြစ်ပွားခဲ့ပါတယ်။ (၂၀၂၂) မေလမှာတော့ မျောက်ကျောက်ရောဂါကို အခြားနိုင်ငံအများအပြားမှာပါ တွေ့ရှိလာရပါတယ်။ လက်ရှိမှာတော့ ရောဂါပိုးအရင်းအမြစ်နှင့် ကူးစက်မှုပုံစံများကို နားလည်နိုင်ဖို့ လုပ်ဆောင်နေကြပါတယ်။

#ရောဂါကူးစက်ပြန့်ပွားခြင်း
ရောဂါပိုးရှိသည့် တိရိစ္ဆာန်များမှတဆင့် ကူးစက်နိုင်ပါတယ်။ အာဖရိကမှာတော့ ရှဉ့်၊ ကြွက်၊ မျောက်နှင့် အခြားသော တိရိစ္ဆာန်များမှာ မျောက်ကျောက်ရောဂါကို တွေ့ရှိရပါတယ်။ ကြွက်တွေဟာ ရောဂါပိုးသယ်ဆောင်သူဖြစ်နိုင်ချေအများဆုံးဖြစ်သော်လည်း အတည်မပြုရသေးပါဘူး။

မကျက်တကျက် ချက်ပြုတ်ထားသည့် အသားနှင့် အခြားသော ပိုးရှိသည့်
တိရိစ္ဆာန်များမှ ထုတ်လုပ်ထားသည့် ထုတ်ကုန်များကို စားသုံးသုံးစွဲမိခြင်းမှလည်း ကူးစက်နိုင်ပါတယ်။ ရောဂါပိုးရှိသူနှင့် အနီးကပ်ထိတွေ့ခြင်းက ကူးစက်မှုများနိုင်သော်လည်း လိင်မှတဆင့် ကူးစက်မှုရှိမရှိကိုတော့ မသိရသေးပါဘူး။

https://www.facebook.com/546413528823998/posts/2557542147711116/?sfnsn=mo

စိတ်ပူကြမယ်ဆိုတာ နားလည်ပါတယ်။In stock ရှိတာတွေ list လုပ်ပေးထားပါတယ်။Naing&Lar နဲ့ တိုင်ပင်ပြီး လိုမယ်ထင်တာလေးတွေကို ဈေးမ...
07/02/2022

စိတ်ပူကြမယ်ဆိုတာ နားလည်ပါတယ်။
In stock ရှိတာတွေ list လုပ်ပေးထားပါတယ်။
Naing&Lar နဲ့ တိုင်ပင်ပြီး လိုမယ်ထင်တာလေးတွေကို ဈေးမတက်ပဲ ရောင်းပေးဖို့ ပြောဖြစ်ခဲ့ကြတယ်။

လိုရင်ယူပါ
လိုသေးရင်ထပ်မှာပါ။

ချစ်တဲ့
Chosen

1) Panadol ဘူးစိမ်း (cold&flu)
2) Panadol mensusal/period pain
3) Panadol Extra
4) Panadol kid(ဆေးပြား)
5) Panadol kid (အရည်)
6) Panadol Active
7) Redoxon
8) Prospan(dry ivy leave) ရေဆူ
9) Centrum Vit C
10) Centrum kids (strawberry).
11) Oximeter
12) salonpas. Gel ကပ်ခွာ

&Lar

04/02/2022

👉 Mask ကို စနစ်တကျသေချာသတိထားတပ်မယ်
👉 လက်ကိုသတိထားပြီးသေချာ မကြာခနဆေးမယ်
👉 မလိုအပ်ပဲ အပြင်ထွက်တာကို လျှော့မယ်

ဒီ ၃ ချက်ကို ၂ လလောက် သတိထားပေးရင် ကိုယ့်ကိုကိုယ်ရော မိသားစုကိုရော ကိုယ်ချစ်တဲ့သူတွေကိုရော ဂရုစိုက်တယ်ဆိုတာပါပဲ

ချစ်တဲ့
Chosen

02/02/2022

ဒီရက်ပိုင်းတွေ
ဖျားတယ်တို့၊
နှာစီးချောင်းဆိုးတို့ဖြစ်ရင်
Swab Test လုပ်ပါ။

ထုံစံအတိုင်း သတိ
Mask သတိ
လက်ဆေးဖို့သတိ

Take Care....

ဥမ္မာခင် လို့ခေါ်နေကြတဲ့ Omicronသတိထားကြပါ။ဆေးထိုးပြီးလဲပေါ့လို့မရဘူးနော်...
02/02/2022

ဥမ္မာခင် လို့ခေါ်နေကြတဲ့ Omicron
သတိထားကြပါ။
ဆေးထိုးပြီးလဲပေါ့လို့မရဘူးနော်...

17/01/2022

Omicron ကိုသတိထားကြပါ အမျိုးတို့
အစစအရာရာ သတိဆိုတာ ပိုတယ်မရှိပါဘူးနော်။

လိုအပ်တဲ့ ဆေးဝါး ကြိုတင်ဆောင်ထားကြပါ။
လိုအပ်ရင် Chosen ကိုပြောပါ။
ဈေးတွေလဲမပြောင်းပါဘူး
အရင်ဈေးနဲ့ ရှိသလောက်ရောင်းပေးပါ့မယ်။

ချစ်တဲ့
Chosen

28/11/2021

ကိုဗစ်စတုတ္ထလှိုင်း ကို ဘယ်လိုကာကွယ်ကြမလဲ။

လူနာတွေ ခပ်စိတ်စိတ် တွေ့လာရတယ်ဆိုပေမယ့် လှိုင်းတစ်ခုလိုတော့ မများသေးပါဘူး။ ဒီအချိန်မှာ အားလုံးက ကိုယ့်အသိစိတ်ဓာတ်ကိုယ် ကာကွယ်မယ်ဆိုရင် တတိယလှိုင်းလို အခြေအနေမဆိုးအောင် ကာကွယ်နိုင်မှာပါ။ ဒါကြောင့် 👇👇

👉 ကာကွယ်ဆေးတွေ ထိုးပါ။ စိတ်ချရတဲ့ နေရာက စိတ်ချရတဲ့ ဆေးဆို တရုတ်တွေ၊ အိန္ဒိယတွေ ခွဲမနေဘဲ ထိုးထားလိုက်ပါ။ ဘာမှမထိုးထားတာထက်စာရင် အတိုင်းအတာတစ်ခုတော့ ကာကွယ်ပေးနိုင်မှာပါ။ ထိုးထားလည်း ပြန်ဖြစ်တာပဲ ဆိုပေမယ့် ပြင်းထန်တဲ့အဆင့်၊ သေဆုံးတဲ့အဆင့် မရောက်အောင် ကာကွယ်ပေးနိုင်ပါတယ်။

👉ကိုဗစ် ဖြစ်ပြီးတဲ့သူရော၊ မဖြစ်သေးတဲ့သူရော ထိုးထားပါ။ မဖြစ်သေးတဲ့သူကို ဦးစားပေးထိုးပေးပါ။

👉ကာကွယ်ဆေးထိုးပြီးတဲ့သူတွေလည်း စည်းကမ်းရှိပါ။ အပြင်သွားတိုင်း နှာခေါင်းစည်းတပ်ပါ။ ကိုယ်က ဆေးထိုးပြီးလို့ ကူးနိုင်ခြေ နည်းပေမယ့် ဆေးမထိုးရသေးတဲ့သူဆီရောက်သွားရင် ကူးစက်မြန် ဗီဇပြောင်းပိုး ဖြစ်နေမယ်ဆိုရင် လှိုင်းတစ်ခု ဖြစ်သွားနိုင်ပါတယ်။

👉မလိုအပ်ဘဲ လူစုလူဝေး ရှိတဲ့နေရာတွေကို မသွားပါနဲ့။

👉အပြင်သွားတိုင်း လက်ဆေး၊ နှာခေါင်းစည်းတပ်တာကို မမေ့မလျော့လုပ်ပေးပါ။

လူတိုင်း ကိုယ့်အသိစိတ်နဲ့ ကိုယ်ကာကွယ်မယ်ဆိုရင် ကိုဗစ်စတုတ္ထလှိုင်း ကို ခေါင်းမထောင်နိုင်အောင် တားဆီးနိုင်မှာပါ။

Crd

👉ခလေးအားဆေး ဘာကောင်းလဲဆိုတဲ့မေးခွန်းက မေမေတွေကြားထဲအပြောအများဆုံးပဲ။Chosen အနေနဲ့ Well Baby ကိုသဘောအတွေ့ဆုံးပဲလို့ပြောရမ...
12/11/2021

👉ခလေးအားဆေး ဘာကောင်းလဲဆိုတဲ့မေးခွန်းက မေမေတွေကြားထဲအပြောအများဆုံးပဲ။
Chosen အနေနဲ့ Well Baby ကိုသဘောအတွေ့ဆုံးပဲလို့ပြောရမယ်။
👉၄ လ အရွယ် ကနေ ၄နှစ်အထိတိုက်လို့ရတယ်။
Vitimin C and D ပါပြီးသားမလို့ Immune အတွက်လုံလောက်တယ်။
Vitamin 14 မျိုးအပြင်သတ္တုဓါတ်တွေပါဝင်တယ်။
ကြီးထွားနှုန်းကိုလှုံ့ဆော်ပေးပြီး အရိုးကိုသန်မာစေတယ်။
အရည်ပုံစံနဲ့လာတာပါ။
👉ထပ်ပြီးပြောရရင် Chosen ရဲ့သားတော်မောင်က Well Baby နဲ့ကြီးတာ။
အခု ၈နှစ်ပြည့်တော့မယ်။
ရွယ်တူတွေကြားထဲ ခေါင်းတလုံးပိုမြင့်တယ်။
ပေါင် ၁၀၀ ကျော်။ (ဝိတ်ပြန်ချပေးရတော့မယ်)
Well Baby နဲ့လက်တွေ့ဆိုတာပါပဲ။

👉Well Baby ဝယ်မရဘူးဆိုတဲ့ မေမေတွေ CB မှာ လာပြောပါ။
Pre-order တင်ထားရင် စင်ကာပူက နေပို့ပေးမယ်နော။

ချစ်တဲ့
Chosen Medi 👪

#ခလေးအားဆေး

Address

Singapore

Alerts

Be the first to know and let us send you an email when Chosen medi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram