Liberation from Universe - Nora Nora

Liberation from Universe - Nora Nora ✡ ဖုဌဿ လောက ဓမ္မေဟိ စိတ္တံ ယဿ နကမ္ပပတိ အသောကံ ဝိရဇံ ခေမံ ဧတံမဂ်လ မုတ္တမံ ✡

🦋 Your Destiny is Your Action 🦋

ပေးဆပ်လွန်လို့ ပျောက်ဆုံးနေပြီလား ?အချစ်လွန်လို့ ပျောက်ဆုံးနေပြီလား ?ကိုယ်ချင်းစာလွန်လို့ ပျောက်ဆုံးနေပြီလား ?ကိုယ့်အတွက...
15/04/2026

ပေးဆပ်လွန်လို့ ပျောက်ဆုံးနေပြီလား ?
အချစ်လွန်လို့ ပျောက်ဆုံးနေပြီလား ?
ကိုယ်ချင်းစာလွန်လို့ ပျောက်ဆုံးနေပြီလား ?
ကိုယ့်အတွက်ကိုယ် အချိန်မကျန်လို့ ပျောက်ဆုံးနေပြီလား?

Universe က တစ်ယောက်တစ်မျိုးပေးတဲ့ သင်ခန်းစာထဲမှာ ကိုယ်ချင်းစာတရားလွန်ကဲသူတွေရဲ့ စိတ်ဝိညာဥ်ဆိုင်ရာ ပင်ပန်းမှုတွေလဲပါဝင်ပါတယ်
Empathy ကို bounday မထားတဲ့အခါ စွမ်းအင်ယိုစိမ့်ခြင်း ( energy leakage ) ကို ခံစားရပါတယ်
ကိုယ့်ရဲ့ soul ဟာ မျှချေ ပျက်ယွင်းလာပါတယ်

Energy worker တွေအပါအဝင် လက်တွေ့ဘဝရဲ့ ပေးဆပ်လွန်သူများ အချစ်ကြီးသူများရဲ့ အစွမ်းကုန် ပေးဆပ်ခြင်းမှာ တစ်ဖက်လူဆီက အသိမှတ်ပြုမှုမရတဲ့အခါ (သို့) မိမိကိုယ်ကို boundary ထားဖို့မေ့တဲ့အခါ
Soul ဟာ အဟာရပြတ်လပ်လာပြီး လွတ်မြောက်မှုကိုမရပဲ ပင်ပန်းနွမ်းနယ်မှုသာ ကျန်ခဲ့ပါတယ်

Spiritual pratice တွေမှာ boundary ဆိုတာ တစ်ကိုယ်ကောင်းဆန်တာ မဟုတ်ပဲ မိမိကိုယ်ကို ကာကွယ်တာဖြစ်ပါတယ်
မိမိကိုယ်ကို ချစ်ခြင်းဆိုတာ စကြာဝဠာ ရဲ့အစိတ်ပိုင်းတိုင်းကို တန်ဖိုးထားတာဖြစ်ပါတယ်
Self love ဟာ သေးငယ်တဲ့ ဖြစ်တည်မှုမဟုတ်ပဲ ကြီးမြတ်တဲ့မေတ္တာတရားပါ

Shamanism မှာ soul retrieval လုပ်ရတာရှိပါတယ် သူများဆီမှာ ရှိနေတဲ့ စွမ်းအင်တွေ အတွေးတွေ ခံစားချက်တွေ ပျော်ရွှင်မှုတွေကို တစ်စစီပြန်သိမ်းပြီး energy come back လုပ်တာဖြစ်ပါတယ်

တကယ့်လက်တွေ့ဘဝမှာလဲ over eampath နောက်မှာ ego based ကြောင့် အတင်းကောင်းနေပေး​နေတာလား over eampath person တိုင်းစဥ်းစားပါ
လူတိုင်းညိတဲ့အချက်မှာ ကောင်းပေးရမယ်ဆိုတဲ့ ဂုဏ်ပုဒ်ကိုလိုချင်တာကြောင့် မာန based emapth ပေးတဲ့အခါ ငါ့တုန်းကတော့ကောင်းပေးလိုက်ရတာဆိုတဲ့ စိတ်ဖြစ်ပေါ်လာပါတယ်

ကိုယ့်မှာ ရှိနေတဲ့ အမှောင်ခြမ်းကို ဖိပြီး အတင်းလင်းဖို့ကြိုးစားတာဟာ ရေရှည်မှာ မိမိရဲ့ အသက်စွမ်းအင်လဲ လျှော့ကျစေသလို အမုန်းတရားအသွင်လဲ ပြောင်းလဲနိုင်ပါတယ်

စစ်မှန်တဲ့စွမ်းအင်နဲ့လွတ်မြောက်ခြင်းဆိုတာ အတင်းကြိုးစားနေရတာမဟုတ်ပဲ အလိုက်သင့်စီးမြောတတ်ခြင်း အနုပညာပါ

မေတ္တာဖြင့်

ချစ်တဲ့

နိုရာ 🪷

- Nora

15/04/2026

မြတ်စွာဘုရား ဟောတဲ့ Toxic Pataner 🖤❤

1.အယူပဲ ရှိတဲ့သူ 🎭

ကိုယ့်ရဲ့ ငွေကြေး အချစ် အချိန် စေတနာ အစစအရာရာ ကို ယူဖို့ပဲသိပြီး ပြန်ပေးဖို့ စိတ်မရှိချစ်သူ

2.အပြောနဲ့ပဲ ချစ်ပြတတ်သူ 🎭

Action မရှိပဲ အပြောနဲ့ပဲ ချစ်ပြတတ်တဲ့ချစ်သူ

3.မျက်နှာ နှစ်မျိုးနဲ့ ချစ်ပြသူ 🎭

ရှေ့ရောက်ရင်တော့ တစ်မျိုး နောက်ကွယ်မှာတစ်မျိုး မျက်နှာများတတ်တဲ့ချစ်သူ

4.လမ်းမှားကို ဆွဲချသူ 🎭

အပျော်အပါး အသောက်အစား ပျက်စီးရာပျက်စီးကြောင်းကိစ္စတွေပဲ ထိန်းချုပ်သူ လုပ်ဆောင်သူ
ကိုယ့်ကိုမတိုးတတ်အောင်ဆွဲချတဲ့ချစ်သူ

5.အလွန်အကျွံ ထိန်းချုပ်သူ 🎭

ကိုယ့်ရဲ့အနေအထိုင် သွားလာလှုပ်ရှားမှုနဲ့ ဘဝအရေးကိစ္စများကို ထွက်ပေါက်မရှိအောင် ထိန်းချုပ်တတ်တဲ့ချစ်သူ

6.ကိုယ့်ကိုယ်ကိုအပြစ်ဖြစ်အောင် Manipulate လုပ်သူ 🎭

ကိုယ်ဘာပြောပြော ဘာလုပ်လုပ် သူ့အမှားမဟုတ်ပဲ ကိုယ့်အမှားဖြစ်အောင် လှည့်စားသူ အပြစ်ပုံချတဲ့ချစ်သူ

7.ဆက်ဆံရေးကို လျှိုဝှက်ထားသူ 🎭

အချိန်ကြာကြာ အတူရှိသော်ငြားလဲ ကိုယ့်ကို သိမ်ငယ်အောင် လူသိမခံပဲ လျှိုဝှက်ထားတဲ့ချစ်သူ

8.ကိုယ်ထိလက်ရောက် ကျူးလွန်သူ 🎭

ဒေါသနဲ့ဖြေရှင်းသူ ဆဲဆိုရိုက်နှက်ပြီး ကိုယ်ထိလက်ရောက် ကိုယ်ချင်းစာ တရားမရှိပဲ ကျူးလွန်တတ်တဲ့ ချစ်သူ

9.ကိုယ့်ကို နှိမ့်ချထားသူ 🎭

ငါက ပိုက်ဆံရှာနိုင်သူပဲ ငါကရှာကျွေးနေရတာပဲ မတွန်းလှန်ရဲအောင် ဖိနှိပ်ထားသူ အားငယ်သွားအောင် နှိမ့်ချထားသူ အာဏာဖြင့်ထိန်းချုပ်ထားတဲ့ ချစ်သူ

ဒီလိုစရိုက်လက္ခဏာရှိသူတွေဟာ red flag pataner ရှိသူဖြစ်ပြီး မိမိအတွက် Toxic ဖြစ်နေသူ ဝဋ်ကြွေး ရေစက်သာဖြစ်ပါတယ်

မေတ္တာဖြင့်

ချစ်တဲ့

နိုရာ🪷

- Nora

13/04/2026

The Luckiest Zodaic Signs After Thingyan 💚🍀

1.Ta**us ♉
2.Cancer ♋
3.Gemini ♊
4.Leo ♌
5.Libra ♎

- Nora

နှစ်သစ် လက်ဆောင် အစီအစဥ် 🍀🤍အားလုံးပဲ မဂ်လာပါရှင် 🥰🙏 ကျမကတော့ Liberation from Universe - NORA ရဲ့ founder Nora ဖြစ်ပါတယ် ...
13/04/2026

နှစ်သစ် လက်ဆောင် အစီအစဥ် 🍀🤍

အားလုံးပဲ မဂ်လာပါရှင် 🥰🙏
ကျမကတော့ Liberation from Universe - NORA ရဲ့ founder Nora ဖြစ်ပါတယ်
LFU မှာဆိုရင် Holistic Spiritual Counelling ကို အဓိကထား၍ services များကို ပေးလျှက်ရှိပါတယ်
Clients များရဲ့လိုအပ်ချက်ကို ကျမရဲ့ တတ်မြောက်သောပညာရပ်များဖြစ်တဲ့
Tarot, Western Astrology, Human Design, Lenormand, Rune, မြန်မာ့ရိုးရာ ဗေဒင်ပညာ, Psychology, Reki, တစ်ခြား spiritual ဆိုင်ရာ ပညာရပ်မျိုးစုံနဲ့ ရှာဖွေ အဖြေရှာပြီး အကောင်းဆုံး လမ်းညွှန်မှုများကို prediction သက်သက်မဟုတ်ပဲ coaching ပေးလျှက်ရှိပါတယ်
One by one section များ camp များကိုလဲ လုပ်ဆောင်လျှက်ရှိပါတယ် 💚🍀

LFU ကို တည်ထောင်ခဲ့တာ ယခုဆိုရင် ၂ နှစ်ခွဲရှိပါပြီ အခကြေးငွေယူဆောင်၍ service ပေးတာ ၁ နှစ်ခွဲ ရှိပါပြီ 💸💸💸
LFU ရဲ့ ရည်ရွယ်ချက်ဟာ LFU နဲ့ရေစက်ရှိသူများကို မိမိတို့ခက်ခဲနေတဲ့နေရာကနေ အလင်းရောင်လေးမြင်ပြီး ကောင်းစွာ ဘဝကိုဖြတ်သန်းနိုင်ဖို့ ကူညီပေးချင်တာဖြစ်ပါတယ်

🍀🍀🍀

ဧပြီလလေးဟာ ကျမရဲ့ မွေးလ လေးဖြစ်ပါတယ်
မွေးလနဲ့အတူတူ ကျမအဖေဆုံးတဲ့ ၅ နှစ်ပြည့်လဲ ဖြစ်ပါတယ်
ကျမတို့ ဇန်နဝါရီလကနေ စခဲ့တဲ့ ရက် ၉၀ Ancestors အဓိဌာန်ကြီးရဲ့ နောက်ဆုံး လ လဲ ဖြစ်ပါတယ်
ဒါကြောင့် LFU ရဲ့ soul family များကို နှစ်သစ်လက်ဆောင် လေး ပေးချင်ပါတယ်

လက်ဆောင်ပေးမဲ့အရာများကတော့

💸 Happy Money - 10000 ( ၅) ဦး

💸 (33333တန်) Min 40 One by One section - (၂) ဦး

💸 (38000 တန်) Birthchart Premium - (၁) ဦး

🍀 (60000တန်) LFU ရဲ့ Holistic Life Style E-Book - (၁) ဦး

🍀 Tarot - 1 Q - (၁၀) ဦး

🍀 LFU ရဲ့ Money Reiki Healing လုပ်ခွင့် - (၃) ဦး
(Offline healing with photo) ဖြစ်ပါတယ်

💸💸💸

ဤ Giftway မှာ ပါဝင်လိုသူများအနေနဲ့

🧸 ဤ post ကို Public နဲ့ Share ပေးပါ
🧸 Share ထားတဲ့ Screenshots နဲ့အတူ
🧸 NORA ရဲ့ မွေးနေ့အတွက် ဆုတောင်းမေတ္တာစာ Comment လေး ရေးပေးခဲ့ပါ

🍀🍀🍀

Giftway Results ကို April 28 ရက်နေ့ NORA မွေးနေ့မှာ ကြေငြာပေးမှာဖြစ်ပါတယ်ရှင်

အားလုံးပဲ ရွှင်လန်း ချမ်းမြေ့သော နှစ်သစ် မဂ်လာ အခါသမယလေး ဖြစ်ကြပါစေ 🤍🍀

မေတ္တာဖြင့်

ချစ်တဲ့

နိုရာ 🪷

- NORA

12/04/2026

မဟာသင်္ကြန်အကြိုနေ့ လုပ်ဆောင်စရာလေးများ 🍀💚

1.နေအိမ်သန့်ရှင်းရေးလုပ်ပါ
2.မလိုအပ်တဲ့ အဟောင်းတွေ အမှိုက်တွေ စွန့်ပစ်ပါ
3.ခေါင်းဆေးမင်္ဂလာပြုလုပ်ပါ
4.အတာအိုးနဲ့ကြိုဆိုပါ
5.သီလယူပါ
6.သံဃာတော်တွေကို ဆွမ်းကပ်လှူပါ
7.လူကြီးမိဘတွေကို ဝေယျာဝစ္စ ကုသိုလ်ပြုပေးပါ
8.မေတ္တာပွားပါ

မေတ္တာဖြင့်

ချစ်တဲ့

နိုရာ

- NORA

11/04/2026

သကြ်န်ရှိတဲ့အချိန်တုန်းက အသက်ငယ်ပြီး အရွယ်မရောက်သေးလို့ မလည်ရဘူး
ရည်းစားနဲ့ မဏ္ဍပ်မှာ ရေကစားရမဲ့အရွယ်လဲရောက်ရော သကြ်န်ကမရှိတော့ဘူး
သကြ်န်ပြန်ရှိမဲ့အချိန်ကျ အရွယ်လွန်လို့ တရားစခန်းဝင်ရတော့မယ် 🥴🥴

လွန်ခဲ့တဲ့နှစ်တွေက ကျမ ဘာတွေလုပ်နေခဲ့လဲ? အဆက်သွယ်ပြတ်သွားတာ ကြာပြီဖြစ်တဲ့ Healer ဆရာမနဲ့ စကားပြောခဲ့ဖူးတဲ့ chat list ကို...
11/04/2026

လွန်ခဲ့တဲ့နှစ်တွေက ကျမ ဘာတွေလုပ်နေခဲ့လဲ? အဆက်သွယ်ပြတ်သွားတာ ကြာပြီဖြစ်တဲ့ Healer ဆရာမနဲ့ စကားပြောခဲ့ဖူးတဲ့ chat list ကိုပြန်ပြီးသွားဖတ်မိတယ် ဆရာမရဲ့ energy ဟာ နှစ်ကြာသွားပေမယ့် ရင်ထဲအေးနေအောင် ကောင်းနေဆဲ ပိုပြီး လင်းလက်နွေးထွေးမှု ကြည်လင်မှုကိုလဲ ခံစားရနေဆဲပါ
ဘဝရဲ့ ခက်ခဲဖူးတဲ့အချိန်တွေပြန်ကြည့်တိုင်း ဗုဒ္ဓရဲ့ဓမ္မနဲ့ပဲ ဖြတ်သန်းခဲ့ပါတယ်

💫💫💫

ဘဝရဲ့လောကဓံတွေ ကြုံနေရရင်
အရမ်းခက်ခဲနေရင်
လမ်းပိတ်နေရင်
အဆင်မပြေနေရင်
အဆင်ပြေသော်လည်း စိတ်အေးချမ်းချင်ရင်

"ဖုဠဿ လောက ဓမ္မေဟိ စိတ္တံယဿ နကမ္မပတိ အသောကံ ဝိရံဇံ ခေမံ ဧတံမဂ်လ မုတ္တံ" ဂုဏ်တော်ကို တစ်နေ့ကို (1111) ကြိမ် ရေသားပြီး တစ်လတိတိပူဇော်ပါ 🍀🤍

မေတ္တာဖြင့်

ချစ်တဲ့

နိုရာ

- NORA

11/04/2026

ချမ်းသာကြွယ်ဝခြင်း စွမ်းအင်ရှိသူ Life part များအတွက် Abundance Secret Tips 💚🍀

Life part 1 💫

Life part 1 သမားတွေဟာ ဦးဆောင်သူတွေ ဖန်တီးရှင်တွေဖြစ်ပါတယ် သူတစ်ပါးရဲ့လက်အောက်မှာ အလုပ်လုပ်တာထက် ကိုယ်တိုင်ဦးဆောင်ရမဲ့ကိုယ်ပိုင်လုပ်ငန်းတွေ ကိုယ့် idea နဲ့ကိုယ် ဆန်းသစ်တီထွင်မှုတွေမှာ အကျိုးပေးပါတယ်
ယုံကြည်မှုက life part 1 တွေအတွက် abundance secret code ပါ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ရဲရဲဝံ့ဝံလုပ်နိုင်လေလေ သူများထက်ဦးအောင် စတင်ရဲတဲ့သတ္တိရှိလေလေ ကြွယ်ဝချမ်းသာလေ ဖြစ်ပါမယ်
အားနည်းချက်က ယုံကြည်ချက်အားနည်းတာ failure ဖြစ်မှာစိုးတာ မစရဲတာတွေ အတ္တကြီးတာ တစ်ကိုယ်ကောင်းဆန်လွန်းတာ ခေါင်းမာတာတွေ abundance ကိုပိတ်စို့စေပါတယ်

Life Part 3 💫

Life part 3 သမားတွေဟာ Creative Power အရမ်းကောင်းပါတယ် ကိုယ့်ရဲ့အလုပ်ပေါ် ဝါသနာပေါ်မှာ ဘယ်လောက်ထိ ရူးသွပ်လဲ ချစ်လဲ ဆိုတဲ့အပေါ်မှာ မူတည်ပြီး ကြွယ်ဝမှုကွာခြားပါတယ် စကားပြောကောင်းမှုအပေါ်လဲ မူတည်ပါသေးတယ်
ဖျော်ဖြေရေး အနုပညာ စာရေးခြင်း အရောင်းအဝယ် စတဲ့လုပ်ငန်းတွေမှာ အကျိုးပေးပါတယ်
လူတွေကို ပျော်အောင်လုပ်ပေးနိုင်တာ စကားပြောချိုသာ ညက်ညောတာက သင်တို့ရဲ့ secret code ပါ
အားနည်းချက်က စိတ်ကူးတွေများပြီး အကောင်ထည်မဖော်နိုင်တာ အဆုံးထိမလုပ်ပဲ လမ်းတစ်ဝက်နဲ့ရပ်ပစ်တာ အပျော်အပါးနဲ့အသုံးဖြုန်းကြီးတာ ငွေဖြစ်မဲ့အလုပ်ကို focus မထားတာတွေက abundance ကိုပိတ်စို့စေပါတယ်

Life part 4 💫

Life part 4 သမားတွေက စည်းကမ်းတစ်ကျ ကြိုးစားခြင်း တည်ဆောက်ခြင်း အလုပ်ကို လေးလေးနက်နက်လုပ်ဆောင်တွေမှာ အရမ်းတော်ပါတယ်
စီမံခန့်ခွဲမှု ၊ အင်ဂျင်နီယာ ၊ အိမ်ခြံမြေ ၊ အသေးစိတ်စနစ်တကျ လုပ်ရတဲ့လုပ်ငန်းတွေမှာ အကျိုးပေးပါတယ်
Life part 4 သမားတွေရဲ့ abundance secret code က "စနစ်တကျရှိခြင်းနဲ့ ဇွဲ " ဖြစ်ပါတယ် ရေတိုထက် ရေရှည်ကိုကြည့်ပြီးအလုပ်လုပ်ရပါမယ်
အဆင့်ဆင့်ကြိုးစားအားထုတ်လေလေ ချမ်းသာလာလေဖြစ်ပါလိမ့်မယ်
အပြောင်းလဲကိုကြောက်ရွံတာ ရိုးရာဘောင်တွေထဲမှာပဲ နေတာ သည်းမခံတာ idea သစ်တွေကို မတွေးတောတာ
စွန့်စားရမှာကိုကြောက်တဲ့စိတ်တွေက abundance ကိုပိတ်စို့စေပါတယ်

Life part 5 💫

Life part 5 သမားတွေဟာ လိုက်လျောညီထွေရှိပြီး အကောင်းမြင်စိတ်ရှိပါတယ် လွတ်လပ်မှုကိုမြတ်နိုးပြီး ဉာဏ်ကောင်းကြပါတယ်
ခရီးသွားလုပ်ငန်း ၊ ပြည်ပဆက်သွယ်ရေး ၊ သတင်းမီဒီယာ ၊ စျေးကွက်ပညာရှင် စတဲ့လုပ်ငန်းတွေမှာ အကျိုးပေးပါတယ်
Life part 5 တွေရဲ့ abundance secret code က အခွင့်ရေးကို ဖမ်းဆုပ်နိုင်ဖို့ပါပဲ အပြောင်းလဲတွေ ပြင်ပလောက ကို အမြဲ curious ဖြစ်နေရမယ် အခွင့်ရေးကိုမြန်မြန်ဆန်ဆန် ဖမ်းယူနိုင်လေ ချမ်းသာလေဖြစ်ပါမယ်
အားနည်းချက်ကတော့ ခဏခဏအလုပ်ပြောင်းတာ စိတ်မပါရင်အလုပ်မလုပ်တာ စိတ်ကူးများပြီး လေလွင့်နေတာတွေက abundance ကို ပိတ်စို့စေပါတယ်

Life part 8 💫

Life part 8 တွေက ငွေကြေးရဲ့အမြင့်ဆုံး frequency လှိုင်းနဲ့ချိတ်ဆက်နေတဲ့သူတွေပါ သြဇာအာဏာရှိလာလေလေ ကြွယ်ဝလေလေဖြစ်မဲ့သူတွေပါ
စီးပွားရေးလုပ်ငန်းကြီးတွေ ၊ ဘဏ္ဍာရေးလုပ်ငန်း ၊ ရင်းနှီးမြုပ်နှံမှု လုပ်ငန်းတွေမှာ အချိတ်ဆက်မိရင်အကျိုးပေးပါတယ်
အကောင်ကြီးလာဖို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ကြိုးစားပါ
Life part 8 တွေရဲ့ abundance secret code က ရုပ်ဝထ္ထုပိုင်းဆိုင်ရာ နဲ့ စိတ်ထားဖြူစင်မှုကို ဟန်ချက်ညီရပါမယ်
အားနည်းချက်အနေနဲ့ ငွေနောက်လိုက်ရင်း ကိုယ့်ကျင့်တရားပျက်စီးနိုင်တာ ထိန်းချုပ်လိုစိတ် လောဘစိတ်များလာပြီး စိတ်ထားမဖြူစင်တော့တဲ့အခါ abundance ပိတ်စို့စေပါတယ်

💫💫💫

လူတွေဟာ ကြွယ်ဝချမ်းသာချင်တယ် universe က လူတိုင်းကို unique code တွေနဲ့ လွှတ်လိုက်တာပါ
ကိုယ့်ရဲ့အကောင်းခြမ်းကိုရချင်ရင် အဆိုးခြမ်းကိုတိုက်ဖျက်ဖို့လိုပါတယ်
Comments တွေအောက်မှာတွေ့နေရတာ အဲ့ဒီ life part ရှိပြီး မချမ်းသာသေးဘူးဆိုရင် ကိုယ့်ရဲ့ပြင်စရာတွေကို ပြင်ပြီးပြီလား ပြန်မေးကြည့်ပါ
ချမ်းသာမှုဆိုတာ ရုပ်ကော စိတ်ကော system တစ်ခုလုံးကို embodiment ဖြစ်အောင်တည်ဆောက်ရတာမျိုးပါ
အဆိုးနဲ့အကောင်းကိုထွေးပွေ့မှသာ ဟန်ချက်ညီမှုနဲ့ abundance ကိုရရှိမှာ ဖြစ်ပါတယ် 💫💫💫

Life part တွက်နည်း

မွေးနေ့ + မွေးလ + မွေးခုနှစ်

Example : 28 + 4 + 2001 = 8

Life part 8

မေတ္တာဖြင့်

ချစ်တဲ့

နိုရာ 🪷

- NORA

သာယာနာပျော်ဖွယ် အသံများကို များများဖွင့်ပေးပါတဲ့ မိမိနေအိမ် အလုပ် မိမိရဲ့အခန်း စသည်ဖြင့် သာယာနာပျော်ဖွယ် အသံလှိုင်းနဲ့စက...
10/04/2026

သာယာနာပျော်ဖွယ် အသံများကို များများဖွင့်ပေးပါတဲ့
မိမိနေအိမ် အလုပ် မိမိရဲ့အခန်း စသည်ဖြင့် သာယာနာပျော်ဖွယ် အသံလှိုင်းနဲ့စကားသံတွေ များများ ဖွင့်ပါ
ကမ္ဘာကြီးဟာ ငြီးတွားသံတွေများနေတာကြောင့် ကောင်းတဲ့အသံတွေထုတ်ဖို့ Message ရထားပါတယ် 🤍
လိုအပ်သူတွေယူပါ
လုပ်ငန်းလုပ်နေသူတွေနဲ့ နေအိမ်သန့်ရှင်းချင်သူတွေယူပါ
လိုသလိုယူပါ

- NORA

အမြဲစောင့်ရတဲ့ Ta**us ဆရာမဆီမှာ Tarot မေးဖို့ အချိန် မစောင့်ချင်သူများ ယခုချိန်မှစ၍ မနက် ၁၀ နာရီအတွင်း 1Q - Happy Money ...
09/04/2026

အမြဲစောင့်ရတဲ့ Ta**us ဆရာမဆီမှာ
Tarot မေးဖို့ အချိန် မစောင့်ချင်သူများ
ယခုချိန်မှစ၍ မနက် ၁၀ နာရီအတွင်း
1Q - Happy Money 4444 ကျပ်ဖြင့် လာရောက်မေးမြန်းနိုင်ပါပြီ

လူဦးရေ 10 ယောက်သာ အဖြေချက်ချင်းရပါမည် 🥰 စိတ်ကူးပေါက်တုန်းလေးတစ်ဖြတ် 😂

ဆက်သွန်ရန် -

Address

Singapore
SINGAPORE

Telephone

+959770210363

Website

Alerts

Be the first to know and let us send you an email when Liberation from Universe - Nora Nora posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Featured

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram