Passionate Heart ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Passionate Heart, บริการด้านสุขภาพจิต, Chiang Mai.

A social enterprise that aims to build up true and accurate mental awareness in community and uplift the mental well-being of the community by providing assured, trusted and affordable counseling services, by promoting psychological education and by offering the systematic as well as qualified psychology & mental health courses to the community with affordable and reasonable prices.

ကိုယ့်ကိုယ်ကိုယ် သေချာမသိတော့သလို ခံစားချက်မျိုးကို ခံစားဖူးပါသလား။ 🫥❔ ကိုယ် နှစ်သက်တဲ့အရာ၊ တန်ဖိုးထားတဲ့အရာတွေက ဘာတွေလဲ...
20/04/2026

ကိုယ့်ကိုယ်ကိုယ် သေချာမသိတော့သလို ခံစားချက်မျိုးကို ခံစားဖူးပါသလား။ 🫥

❔ ကိုယ် နှစ်သက်တဲ့အရာ၊ တန်ဖိုးထားတဲ့အရာတွေက ဘာတွေလဲဆိုတာ ဂဂနန မသိတော့တာမျိုး
🤼 ကိုယ့်ကိုယ်ကိုယ်နဲ့ သူများတွေကို နှိုင်းယှဉ်မိတာမျိုး
👥 အများအမြင်အပေါ် လိုက်ကြည့်ပြီး ဆုံးဖြတ်ချက်တွေ ချမိတာမျိုး

စသဖြင့် ကိုယ်ကိုယ်တိုင်က ဘာလိုချင်တာလဲ၊ ဘယ်လိုလူမျိုးလဲ၊ ဘယ်လိုအရာတွေကို တန်ဖိုးထားတတ်တာလဲဆိုတာတွေကို ဝေခွဲမရဖြစ်နေမိပြီဆိုရင်တော့ ဒီအခေါက်ပြုလုပ်မဲ့ “Challenges faced by Youth due to a loss of Self-Identity” ဆိုတဲ့ group support session လေးကို လာကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 👐

ဒီ session လေးမှာဆိုရင်တော့
၁။ Self-identity ဆိုတာ ဘာလဲ။ 👤
၂။ ဘာကြောင့် Self-identity ဟာ အရေးကြီးတာလဲ။ ⚖️
၃။ ဘယ်အရာတွေက ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးသွားစေနိုင်တာလဲ။ 🔍
၄။ ပျောက်ဆုံးနေတယ်လို့ ခံစားရတဲ့ ကိုယ့်ကိုယ်ကိုယ်ကို ပြန်လည်ရှာဖွေဆန်းစစ်ရာမှာ အသုံးဝင်နိုင်မဲ့ နည်းလမ်းတွေကို *️⃣

အတူတူဆွေးနွေး အဖြေရှာသွားမှာမလို့ ကိုယ့်ရဲ့တန်ဖိုး၊ စိတ်ဝင်စားရာ အကြောင်းအရာတွေ၊ ဖြစ်လိုတဲ့ ရည်မှန်းချက်တွေကို သုံးသပ်ရင်း ကိုယ့်ကိုယ်ကိုယ် ပိုမိုကောင်းမွန်စွာ သိမြင်နိုင်ဖို့အတွက် ကူညီနိုင်ဖို့ ရည်ရွယ်ထားတာမလို့ စိတ်ပါဝင်စားရင် အောက်ကလင့်လေးမှာ register လုပ်ပြီး အရောက်လာခဲ့လိုက်တော့နော်။ ☕️

⬜️ ဦးဆောင်ဆွေးနွေးမည့်သူ: Anna

◻️ နေ့ရက် : ၂၂ ဧပြီလ ၂၀၂၆ (ဗုဒ္ဓဟူးနေ့)
◽️ အချိန် : မြန်မာစံတော်ချိန် ည ၇:၃၀ မှ ၉:၀၀ နာရီထိ

🔗 Registration Form: https://forms.gle/ZokZz1jwkzh91Ct97

💫 နှစ်သစ်ဆုတောင်း 💫သင်္ကြန်ရေအေးအေးနဲ့အတူ ပြီးခဲ့တဲ့နှစ်က ပင်ပန်းနွမ်းနယ်မှုတွေ၊ စိတ်ညစ်ညူးမှုတွေ အားလုံး ဆေးကြောစင်ပါသွ...
17/04/2026

💫 နှစ်သစ်ဆုတောင်း 💫

သင်္ကြန်ရေအေးအေးနဲ့အတူ ပြီးခဲ့တဲ့နှစ်က ပင်ပန်းနွမ်းနယ်မှုတွေ၊ စိတ်ညစ်ညူးမှုတွေ အားလုံး ဆေးကြောစင်ပါသွားပါစေလို့ ဆုတောင်းပေးပါတယ်။

Passionate Heart ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ "We are here for you" အတိုင်းပဲ လာမယ့်နှစ်သစ်မှာလည်း သင်နဲ့အတူ အမြဲရှိနေမှာပါ။

အခက်အခဲကြုံကြိုက်တဲ့အခါ၊ စိတ်ပင်ပန်းနွမ်းနယ်တဲ့အခါ၊ စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ဆွေးနွေးဖို့ အကူအညီ လိုအပ်တဲ့အခါတိုင်း ကျွန်တော်တို့ Passionate Heart ရဲ့ တံခါးဝကို အရောက်လာခဲ့နိုင်ကြောင်း နွေးထွေးစွာဖိတ်ခေါ်ပါတယ်။

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာလုံခြုံတဲ့ နှစ်သစ်လေးဖြစ်ပါစေကြောင်း ဆုတောင်းအပ်ပါတယ်။ 💙🙏✨

#သင့်စိတ်ကျန်းမာရေးအတွက်

🔆 သင်္ကြန်ပိတ်ရက် အသိပေး ကြေညာခြင်း 🔆မင်္ဂလာပါရှင်။သင်္ကြန်ကာလ အားလပ်ရက်အဖြစ် ဧပြီလ (၁၁) ရက်မှ (၁၉) ရက်အထိ Passionate He...
10/04/2026

🔆 သင်္ကြန်ပိတ်ရက် အသိပေး ကြေညာခြင်း 🔆

မင်္ဂလာပါရှင်။

သင်္ကြန်ကာလ အားလပ်ရက်အဖြစ် ဧပြီလ (၁၁) ရက်မှ (၁၉) ရက်အထိ Passionate Heart ရဲ့ ဝန်ဆောင်မှုများကို ရပ်နားထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

အဆိုပါ ပိတ်ရက်များအတွင်း Messenger မှတဆင့် ဆက်သွယ်မေးမြန်းမှုများနှင့် Appointment တောင်းဆိုမှုများကို ရုံးဖွင့်ရက်ဖြစ်သော ဧပြီလ (၂၀) ရက် (တနင်္လာနေ့) မှစတင်၍ ပြန်လည် ဖြေကြားပေးသွားပါမည်။

အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းတဲ့ နှစ်ကူးအတာသင်္ကြန်အချိန်အခါသမယကို အေးချမ်းစွာ ဖြတ်သန်းနိုင်ကြပါစေရှင်။ 🙏✨

#သင့်စိတ်ကျန်းမာရေးအတွက်

ဒီနေ့ညမှာ Understanding & Managing Family System (Group Psychological Support Session) ကို ပြုလုပ်သွားဖို့ရှိပါတယ်။ Sess...
01/04/2026

ဒီနေ့ညမှာ Understanding & Managing Family System (Group Psychological Support Session) ကို ပြုလုပ်သွားဖို့ရှိပါတယ်။ Session လေးကို ပါဝင်ချင်သူများအ‌နေနဲ့ register လုပ်လို့ရပါသေးတယ်ရှင်။ 😊
Register လုပ်ထားသူများကိုလည်း Email ကနေတစ်ဆင့် Zoom link ပို့ထားပါတယ်နော်။🤩

#သင့်စိတ်ကျန်းမာရေးအတွက်

🧶 မိသားစုအတွင်း ဖြစ်ပေါ်လာတတ်တဲ့ ပဋိပက္ခတွေဟာ တစ်ဦးတစ်ယောက်ရဲ့ အမှားဆိုတာထက်၊ မိသားစုဝင်အချင်းချင်း ချိတ်ဆက်နေတဲ့ "ဆက်ဆံရေးပုံစံ (Relationship Patterns)" တွေကြောင့် ဖြစ်တတ်တာ ပိုများပါတယ်။

🧶 မိသားစုဆိုတာ အစိတ်အပိုင်းတစ်ခုချင်းစီထက် ပိုမိုနက်နဲတဲ့ "System (စနစ်)" တစ်ခုဖြစ်ပါတယ်။ ဒီစနစ်လည်ပတ်ပုံကို နားလည်သွားတဲ့အခါ ကျွန်‌တော်တို့ဟာ တစ်ဦးကိုတစ်ဦး အပြစ်တင်တာထက် ပိုမို‌ကောင်းမွန်တဲ့ ဖြေရှင်းနည်းတွေကို ရှာဖွေလာနိုင်မှာပါ။

🧶 ပိုမိုနွေးထွေးတဲ့ မိသားစုဘဝကို ပိုင်ဆိုင်နိုင်ဖို့နဲ့ ရှုပ်ထွေးနေတဲ့ ဆက်ဆံရေးတွေကို အဖြေရှာနိုင်ဖို့ "Understanding and Managing Family System" Psychological Support Session လေးကို ဖိတ်ခေါ်ပါရ‌စေ။

🧶 ဒီ Session မှာ ဆွေးနွေးသွားမယ့်အကြောင်းအရာတွေကတော့

​🖌️မိသားစုအတွင်းက မမြင်ရတဲ့ ချိတ်ဆက်မှုတွေကဘာလဲ။
​🖌️ပြဿနာတွေက ဘာလို့ ပုံစံတူတွေထပ်တလဲလဲ ဖြစ်နေတာလဲ?
🖌️မိသားစုအတွင်း ဆက်သွယ်ပြောဆိုမှု၊ ပဋိပက္ခ နဲ့ စိတ်ပိုင်းဆိုင်ရာ ဝေးကွာမှုတွေကို လက်တွေ့ကျကျ ဘယ်လိုကိုင်တွယ်မလဲ?

🧶 မိသားစုဝင်တွေကြားမှာ နားလည်မှုမရှိဘူးလို့ ခံစားနေရသူတွေ၊ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်ချင်သူတွေအတွက် ဒီ Session က အသင့်တော်ဆုံးဖြစ်ပါတယ်။

​🌵 ဦးဆောင်ဆွေးနွေးသူ: Dr. Peter
​​🌵နေ့ရက်: ဧပြီလ ၁ ရက်နေ့ (ဗုဒ္ဓဟူးနေ့)
​​🌵အချိန်: ည ၇:၃၀ မှ ၉:၀၀ နာရီအထိ (MMT)

​စာရင်းပေးသွင်းရန်: https://forms.gle/4ohUFiF11AkF9uzu7

​⚠️ မှတ်ချက်: လူဦးရေ ကန့်သတ်ထားပါသဖြင့် အမြန်ဆုံး စာရင်းပေးသွင်းထားဖို့ လိုအပ်ပါတယ်။

🧶 မိသားစုအတွင်း ဖြစ်ပေါ်လာတတ်တဲ့ ပဋိပက္ခတွေဟာ တစ်ဦးတစ်ယောက်ရဲ့ အမှားဆိုတာထက်၊ မိသားစုဝင်အချင်းချင်း ချိတ်ဆက်နေတဲ့ "ဆက်ဆံ...
30/03/2026

🧶 မိသားစုအတွင်း ဖြစ်ပေါ်လာတတ်တဲ့ ပဋိပက္ခတွေဟာ တစ်ဦးတစ်ယောက်ရဲ့ အမှားဆိုတာထက်၊ မိသားစုဝင်အချင်းချင်း ချိတ်ဆက်နေတဲ့ "ဆက်ဆံရေးပုံစံ (Relationship Patterns)" တွေကြောင့် ဖြစ်တတ်တာ ပိုများပါတယ်။

🧶 မိသားစုဆိုတာ အစိတ်အပိုင်းတစ်ခုချင်းစီထက် ပိုမိုနက်နဲတဲ့ "System (စနစ်)" တစ်ခုဖြစ်ပါတယ်။ ဒီစနစ်လည်ပတ်ပုံကို နားလည်သွားတဲ့အခါ ကျွန်‌တော်တို့ဟာ တစ်ဦးကိုတစ်ဦး အပြစ်တင်တာထက် ပိုမို‌ကောင်းမွန်တဲ့ ဖြေရှင်းနည်းတွေကို ရှာဖွေလာနိုင်မှာပါ။

🧶 ပိုမိုနွေးထွေးတဲ့ မိသားစုဘဝကို ပိုင်ဆိုင်နိုင်ဖို့နဲ့ ရှုပ်ထွေးနေတဲ့ ဆက်ဆံရေးတွေကို အဖြေရှာနိုင်ဖို့ "Understanding and Managing Family System" Psychological Support Session လေးကို ဖိတ်ခေါ်ပါရ‌စေ။

🧶 ဒီ Session မှာ ဆွေးနွေးသွားမယ့်အကြောင်းအရာတွေကတော့

​🖌️မိသားစုအတွင်းက မမြင်ရတဲ့ ချိတ်ဆက်မှုတွေကဘာလဲ။
​🖌️ပြဿနာတွေက ဘာလို့ ပုံစံတူတွေထပ်တလဲလဲ ဖြစ်နေတာလဲ?
🖌️မိသားစုအတွင်း ဆက်သွယ်ပြောဆိုမှု၊ ပဋိပက္ခ နဲ့ စိတ်ပိုင်းဆိုင်ရာ ဝေးကွာမှုတွေကို လက်တွေ့ကျကျ ဘယ်လိုကိုင်တွယ်မလဲ?

🧶 မိသားစုဝင်တွေကြားမှာ နားလည်မှုမရှိဘူးလို့ ခံစားနေရသူတွေ၊ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်ချင်သူတွေအတွက် ဒီ Session က အသင့်တော်ဆုံးဖြစ်ပါတယ်။

​🌵 ဦးဆောင်ဆွေးနွေးသူ: Dr. Peter
​​🌵နေ့ရက်: ဧပြီလ ၁ ရက်နေ့ (ဗုဒ္ဓဟူးနေ့)
​​🌵အချိန်: ည ၇:၃၀ မှ ၉:၀၀ နာရီအထိ (MMT)

​စာရင်းပေးသွင်းရန်: https://forms.gle/4ohUFiF11AkF9uzu7

​⚠️ မှတ်ချက်: လူဦးရေ ကန့်သတ်ထားပါသဖြင့် အမြန်ဆုံး စာရင်းပေးသွင်းထားဖို့ လိုအပ်ပါတယ်။

✨Kindly Reminder: Befriending Yourself group Psychological Support Session လေး အတွက် Register လုပ်ထားသူများကို Email ကနေ...
18/03/2026

✨Kindly Reminder: Befriending Yourself group Psychological Support Session လေး အတွက် Register လုပ်ထားသူများကို Email ကနေတစ်ဆင့် Zoom Link လေးပို့ထားပါတယ်ရှင်။ အားလုံးပဲ ဒီနေ့ညမှာဆုံကြပါမယ်နော်။ ☺️

#သင့်စိတ်ကျန်းမာရေးအတွက်

ကိုယ့်ကို အဆိုးဆုံး ဝေဖန်အပြစ်တင်မဲ့သူက ကိုယ်ကိုယ်တိုင် ဖြစ်နေပြီလား။ 😓

ကျွန်မတို့ဟာ တခြားမိတ်ဆွေ၊ သူငယ်ချင်းကိုတောင် မပြောရက်တဲ့ ခါးသီးတဲ့စကားလုံးမျိုးတွေနဲ့ ကိုယ့်ကိုယ်ကိုယ် မကြာခဏ ပြန်ပြောမိတတ်ကြပါတယ်။ "ဒါလေးတောင် မလုပ်နိုင်ဘူးလား"၊ "ဒီထက် ပိုကောင်းအောင် လုပ်ရမှာပေါ့" ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် ပေးနေတဲ့ ဖိအားတွေဟာ တကယ်တမ်းမှာတော့ တိုးတက်စေဖို့ထက် စိတ်ဖိစီးမှုကိုပဲ ပိုတိုးစေပါတယ်။ ⚡️

ဒါကြောင့် မိမိကိုယ်ကို ဝေဖန်တာတွေ ရပ်တန့်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည် ချစ်ခင် ပံ့ပိုးပေးနိုင်ဖို့ "Befriending Yourself: The Practice of Self-Compassion" ဆိုတဲ့ Psychological Support Session လေးကို ဖိတ်ခေါ်ချင်ပါတယ်။ 🦋

ဒီ Session လေးမှာ -

🌼 Self-Compassion ရဲ့ အခြေခံဒေါက်တိုင် (၃) ခုအကြောင်း။
🌀 ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တတ်တဲ့ စိတ်အလေ့အထကို ဘယ်လို ထိန်းညှိမလဲ။
✨ စိတ်ဖိစီးမှု ခံစားရချိန်မှာ လက်တွေ့အသုံးချနိုင်မယ့် "Self-Compassion Break" နည်းလမ်းတွေ။

စတာတွေကို မျှဝေရင်း အတူတကွ ဆွေးနွေးဖလှယ်ကြမှာ ဖြစ်ပါတယ်။ 🔆

🧢 ဦးဆောင်ဆွေးနွေးမည့်သူ:
မစုမေမွန်
🟨 နေ့ရက် : ၁၈ မတ်လ ၂၀၂၆ (ဗုဒ္ဓဟူးနေ့)
🟦 အချိန် : မြန်မာစံတော်ချိန် ည ၇:၃၀ မှ ၉:၀၀ နာရီထိ
🔗 Registration Form:
https://forms.gle/HcwdJxfynPTQoo92A

ကိုယ့်ကို အဆိုးဆုံး ဝေဖန်အပြစ်တင်မဲ့သူက ကိုယ်ကိုယ်တိုင် ဖြစ်နေပြီလား။ 😓ကျွန်မတို့ဟာ တခြားမိတ်ဆွေ၊ သူငယ်ချင်းကိုတောင် မပြ...
13/03/2026

ကိုယ့်ကို အဆိုးဆုံး ဝေဖန်အပြစ်တင်မဲ့သူက ကိုယ်ကိုယ်တိုင် ဖြစ်နေပြီလား။ 😓

ကျွန်မတို့ဟာ တခြားမိတ်ဆွေ၊ သူငယ်ချင်းကိုတောင် မပြောရက်တဲ့ ခါးသီးတဲ့စကားလုံးမျိုးတွေနဲ့ ကိုယ့်ကိုယ်ကိုယ် မကြာခဏ ပြန်ပြောမိတတ်ကြပါတယ်။ "ဒါလေးတောင် မလုပ်နိုင်ဘူးလား"၊ "ဒီထက် ပိုကောင်းအောင် လုပ်ရမှာပေါ့" ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် ပေးနေတဲ့ ဖိအားတွေဟာ တကယ်တမ်းမှာတော့ တိုးတက်စေဖို့ထက် စိတ်ဖိစီးမှုကိုပဲ ပိုတိုးစေပါတယ်။ ⚡️

ဒါကြောင့် မိမိကိုယ်ကို ဝေဖန်တာတွေ ရပ်တန့်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည် ချစ်ခင် ပံ့ပိုးပေးနိုင်ဖို့ "Befriending Yourself: The Practice of Self-Compassion" ဆိုတဲ့ Psychological Support Session လေးကို ဖိတ်ခေါ်ချင်ပါတယ်။ 🦋

ဒီ Session လေးမှာ -

🌼 Self-Compassion ရဲ့ အခြေခံဒေါက်တိုင် (၃) ခုအကြောင်း။
🌀 ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တတ်တဲ့ စိတ်အလေ့အထကို ဘယ်လို ထိန်းညှိမလဲ။
✨ စိတ်ဖိစီးမှု ခံစားရချိန်မှာ လက်တွေ့အသုံးချနိုင်မယ့် "Self-Compassion Break" နည်းလမ်းတွေ။

စတာတွေကို မျှဝေရင်း အတူတကွ ဆွေးနွေးဖလှယ်ကြမှာ ဖြစ်ပါတယ်။ 🔆

🧢 ဦးဆောင်ဆွေးနွေးမည့်သူ:
မစုမေမွန်
🟨 နေ့ရက် : ၁၈ မတ်လ ၂၀၂၆ (ဗုဒ္ဓဟူးနေ့)
🟦 အချိန် : မြန်မာစံတော်ချိန် ည ၇:၃၀ မှ ၉:၀၀ နာရီထိ
🔗 Registration Form:
https://forms.gle/HcwdJxfynPTQoo92A

Work-life balance(အလုပ်နဲ့ ဘဝ မျှတမှု) ဖြစ်တယ်ဆိုတာဘာလဲ ?Work-life balanceဆိုတာကတော့ လူတစ်ယောက်ဟာ သူ့ရဲ့ အလုပ်careerနဲ့ ...
04/03/2026

Work-life balance(အလုပ်နဲ့ ဘဝ မျှတမှု) ဖြစ်တယ်ဆိုတာဘာလဲ ?

Work-life balanceဆိုတာကတော့ လူတစ်ယောက်ဟာ သူ့ရဲ့ အလုပ်careerနဲ့ personal lifeနဲ့ မျှတအောင်နေနိုင်ခြင်းဖြစ်ပါတယ်။
✨ ကိုယ့်ရဲ့ အလုပ်careerရဲ့ demandများခြင်းကလည်း personal lifeကို သက်ရောက်နိုင်သလို personalဘက်က အလေးပိုသာသွားရင်လည်း အလုပ်အပေါ်တစ်ဖန်သက်ရောက်နိုင်တာမိို့ ၂ခုလုံးဟာ balance ဖြစ်ဖို့ အရေးကြီးလှပါတယ်။

Work and Life ၂ဖက် balance ဖြစ်ခြင်းဟာ physicalသာမက emotional, mental well beingကိုပါ သက်ရောက်မှုရှိတာ အသေအချာပဲဖြစ်ပါတယ်။

🔷 Personal lifeမှာပဲ လုံးလည်ချာလည်လိုက်ပြီး အလုပ်ဘက်ကိုအားလျော့ရင်ဘာတွေဖြစ်မလဲ?

- Personal timeတွေအရမ်းများခြင်းကလည်း အလုပ်မဖြစ်မြောက်ပါဘူး
- တစ်ဖန် မိမိရဲ့personalကိစ္စတွေ၊ ချစ်သူ၊ သူငယ်ချင်း၊ မိသားစုနဲ့အဆင်မပြေ၊ ဖိစီးလာတာကြောင့်
- မိမိရဲ့လုပ်ကိုင်နိုင်စွမ်း၊ စဥ်းစားနိုင်စွမ်းတွေကျဆင်းပြီး မိမိအလုပ်ကိုပါထိခိုက်လာနိုင်ပါတယ်၊
ဒါကလည်း work-life imbalance ဖြစ်တာပါပဲ

🔶 အလုပ်careerပေါ်ကိုပဲ အလေးသာပြီး personal ဘက်မှာလျော့ကျတဲ့အခါ ဘာတွေဖြစ်မလဲ?

-Fatigue
မိမိအလုပ်မှာ demandတွေအရမ်းများတာ၊ အချိန်ပေးမိတာအရမ်းများတာ၊
ဖိစီးမှုများတာ ကြာလာတဲ့နဲ့အမျှ နွမ်းနယ်တဲ့အဆင့်ရောက်ပြီး မိမိရဲ့စဥ်းစားနိုင်စွမ်း၊ လုပ်ကိုင်နိုင်စွမ်းတွေကျဆင်းပြီး အမှားတွေပိုဖြစ်စေပါတယ်

-Poor Health
နောက်တစ်ဆင့်အနေနဲ့ မိမိကိုယ်ကိုဂရုမစိုက်မိဘဲ ကိိုယ်ကျန်းမာရေးရော စိတ်ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ပါတယ်

-lost time with friends and loved ones
အလုပ်တွေပဲဖိလုပ်တဲ့အခါ သူငယ်ချင်းနဲ့ မိသားစုအပေါ်အချိန်မပေးမိဖြစ်လာပြီး
ကိုယ်တိုင်လည်း social well being ပြန်ထိခိုက်လာနိုင်ပါတယ်၊

🔵 Work-life balance ဖြစ်ခြင်းက မိမိရဲ့ physical, mental, social well beingနဲ့ တိုက်ရိုက်အချိုးကျနေပါတယ်
ဒါကြောင့် work-life balance ဖြစ်ဖို့ဆို

-set limit (ဘယ်အရာမဆို ထားသင့်တဲ့limitသေချာထားခြင်း
-Time manage သေချာလုပ်ခြင်း
-မိမိခံစားချက်ကိုဂရုစိုက်ခြင်း
-self careလုပ်ခြင်း၊ အနားယူရန်အချိန် ပုံမှန်ဖယ်ထားခြင်း
-အဆင်မပြေမှုဖြစ်ပါက ထုတ်ပြောရန်၊ ငြင်းဆိုရန်၊ ညှိနှိုင်းရန် ဝန်မလေးခြင်း
-မိမိဝန်းကျင်ရှိသူများနှင့် ကောင်းမွန်သောဆက်ဆံရေးရပ်ဝန်းဖန်တီးထားခြင်း
-deviceများနှင့်ခွာခြင်း(deviceဖြင့်ကြာရှည်စွာအလုပ်လုပ်ရသူများအတွက် အိမ်မှာပါ deviceဆက်သုံးရင် ပိုဖိစီးစေတယ်)
စသဖြင့် ဂရုပြုလုပ်ဆောင်နိုင်ပါတယ်။

မနက်ဖြန်မှာလည်း Understanding and Managing Workplace Stress Workshop ကိုပြုလုပ်သွားမှာဖြစ်လို့ ပါဝင်ဖို့ဖိတ်ခေါ်ပါရစေနော်။

#သင့်စိတ်ကျန်းမာရေးအတွက်

လုပ်ငန်းခွင်အတွင်းစိတ်ဖိစီးမှုဆိုတာ အလုပ်များတာတစ်ခုတည်းကို ဆိုလိုတာမဟုတ်ဘဲ ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိ...
03/03/2026

လုပ်ငန်းခွင်အတွင်းစိတ်ဖိစီးမှုဆိုတာ အလုပ်များတာတစ်ခုတည်းကို ဆိုလိုတာမဟုတ်ဘဲ ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ တဖြည်းဖြည်း တိုက်စားသွားနိုင်တဲ့အရာပါ။

ဒါကြောင့် လုပ်ငန်းခွင်အတွင်း စိတ်ဖိစီးမှုတွေကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းပြီး ကျန်းမာတဲ့ Professional Life တစ်ခု တည်ဆောက်နိုင်ဖို့အတွက် **"Understanding and Managing Workplace Stress"** ဆိုတဲ့ Session လေးကို ပြင်ဆင်ထားပါတယ်။

ဒီ Session မှာတော့ အဓိကအားဖြင့်
❓လုပ်ငန်းခွင် စိတ်ဖိစီးမှုဆိုတာဘာလဲ?
❓ဒီစိတ်ဖိစီးမှုတွေက ဘယ်ကနေ အစပြုတာလဲ? ဘယ်လိုပုံစံမျိုးနဲ့ ဖြစ်ပေါ်တတ်သလဲ?
❓စိတ်ဖိစီးမှုတွေက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ကျန်းမာရေးအပေါ် ဘယ်လို ရိုက်ခတ်မှုတွေ ရှိနေလဲ?စတဲ့အ ကြောင်းအရာတွေကို တက်ရောက်လာသူများနဲ့ အတူ ဆွေးနွေးသွားကြမှာဖြစ်သလို စိတ်ဖိစီးမှုတွေ များလာတဲ့အခါ သက်သာလျော့ပါးစေမယ့်နည်းလမ်းများ၊ Boundary သတ်မှတ်ခြင်း စတဲ့ လက်တွေ့ကျတဲ့နည်းလမ်းတွေကို မျှဝေသွားမှာဖြစ်ပါတယ်။

ကိုယ့်ရဲ့ အလုပ်ခွင်မှာ အမြဲ Stress တွေပိပြီး မောပန်းနေရတယ်လို့ ခံစားနေရရင် ဒီ Session လေးက အဖြေတစ်ခုရရှိလာစေဖို့ မျှော်လင့်ပါတယ်။
ဦးဆောင်ဆွေးနွေးမည့်သူ : Alex
နေ့ရက် : ၅ မတ်လ ၂၀၂၆ (ကြာသပတေးနေ့)
အချိန် : မြန်မာစံတော်ချိန် ည ၇:၃၀ မှ ၉:၀၀ နာရီထိ

🔗 စာရင်းပေးသွင်းရန်:
https://forms.gle/Rfiq4U9wPrn5QgF56

လူဦးရေကန့်သတ်ထားတာမို့ အမြန်ဆုံး စာရင်းပေးသွင်းထားဖို့ အကြံပြုလိုပါတယ်။ အတူတူ လေ့လာဆွေးနွေးရင်း စိတ်ခွန်အားသစ်တွေ ရယူလိုက်ရအောင်။

ဒီနေ့ညမှာ ပြုလုပ်မယ့် The Art of Validation workshop လေးကို ပါဝင်ဖို့ ထပ်မံဖိတ်ခေါ်ပါရစေနော်။🥰
23/02/2026

ဒီနေ့ညမှာ ပြုလုပ်မယ့် The Art of Validation workshop လေးကို ပါဝင်ဖို့ ထပ်မံဖိတ်ခေါ်ပါရစေနော်။🥰

✨စိတ်အဆင်မပြေမှုတွေ ကြုံလာတဲ့အခါ၊ ခံစားချက်တွေပြင်းထန်လာတဲ့အခါ "ငါဒီလိုမခံစားသင့်ဘူး" လို့ ငြင်းဆန်ဖို့ ကြိုးစားဖူးပါသလား?

တကယ်တော့ ငြင်းပယ်လိုက်တဲ့ စိတ်ခံစားချက်တိုင်းဟာ ပိုပြီးတော့ပဲ အားကောင်းလာတတ်ပါတယ်။

​ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို မှန်မှန်ကန်ကန်အသိအမှတ် ပြုပေးခြင်း (Validation) ဟာ စိတ်ကျန်းမာရေးအတွက် ပထမဆုံးနဲ့ အရေးကြီးဆုံး ခြေလှမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ စိတ်ဝင်စားတယ်ဆိုရင် 𝗣𝗮𝘀𝘀𝗶𝗼𝗻𝗮𝘁𝗲 𝗛𝗲𝗮𝗿𝘁 မှ ပြုလုပ်မယ့် Psychological Support Session လေးကို ဖိတ်ခေါ်ပါရစေ။

​Topic: 𝗧𝗵𝗲 𝗔𝗿𝘁 𝗼𝗳 𝗩𝗮𝗹𝗶𝗱𝗮𝘁𝗶𝗼𝗻

​ဒီ Session မှာ...

🌵 ​ဘာကြောင့် စိတ်ခံစားချက်တွေကို ငြင်းဆန်ခြင်းက အလုပ်မဖြစ်တာလဲ?
🌵 ​ကိုယ့်ကိုယ်ကိုယ်ရော အနီးနားကသူတွေကိုပါ ဘယ်လို Validation ပေးမလဲ?
🌵 ​လက်ခံနားလည်ပေးခြင်းအားဖြင့် စိတ်သက်သာရာရစေမယ့် နည်းလမ်းများကို အဓိကထား ဆွေးနွေးသွားမှာပဲ ဖြစ်ပါတယ်။

​Speaker: Ko Thaw Zin Min Thant
(Mental Health Practitioner)
​Date: ၂၃ ရက်‌နေ့ (တနင်္လာ)၊ ဖေဖော်ဝါရီ ၂၀၂၆
​Time: ည ၇:၃၀ မှ ၉:၃၀ ထိ (မြန်မာစံတော်ချိန်)
​Platform: Online (Zoom)

​"သင့်ရဲ့ ခံစားချက်တွေဟာ အမှားမဟုတ်ပါဘူး။ သူတို့ကို နားလည်ပေးဖို့ပဲ လိုတာပါ။"

​🔗 စာရင်းပေးသွင်းရန်:
https://forms.gle/Mk96fKtipD1mj8519

​လူဦးရေကန့်သတ်ထားတာမို့ အမြန်ဆုံး စာရင်းပေးသွင်းထားဖို့ အကြံပြုလိုပါတယ်။ အတူတူ လေ့လာဆွေးနွေးရင်း စိတ်ခွန်အားသစ်တွေ ရယူလိုက်ရအောင်။

✨စိတ်အဆင်မပြေမှုတွေ ကြုံလာတဲ့အခါ၊ ခံစားချက်တွေပြင်းထန်လာတဲ့အခါ "ငါဒီလိုမခံစားသင့်ဘူး" လို့ ငြင်းဆန်ဖို့ ကြိုးစားဖူးပါသလာ...
18/02/2026

✨စိတ်အဆင်မပြေမှုတွေ ကြုံလာတဲ့အခါ၊ ခံစားချက်တွေပြင်းထန်လာတဲ့အခါ "ငါဒီလိုမခံစားသင့်ဘူး" လို့ ငြင်းဆန်ဖို့ ကြိုးစားဖူးပါသလား?

တကယ်တော့ ငြင်းပယ်လိုက်တဲ့ စိတ်ခံစားချက်တိုင်းဟာ ပိုပြီးတော့ပဲ အားကောင်းလာတတ်ပါတယ်။

​ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို မှန်မှန်ကန်ကန်အသိအမှတ် ပြုပေးခြင်း (Validation) ဟာ စိတ်ကျန်းမာရေးအတွက် ပထမဆုံးနဲ့ အရေးကြီးဆုံး ခြေလှမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ စိတ်ဝင်စားတယ်ဆိုရင် 𝗣𝗮𝘀𝘀𝗶𝗼𝗻𝗮𝘁𝗲 𝗛𝗲𝗮𝗿𝘁 မှ ပြုလုပ်မယ့် Psychological Support Session လေးကို ဖိတ်ခေါ်ပါရစေ။

​Topic: 𝗧𝗵𝗲 𝗔𝗿𝘁 𝗼𝗳 𝗩𝗮𝗹𝗶𝗱𝗮𝘁𝗶𝗼𝗻

​ဒီ Session မှာ...

🌵 ​ဘာကြောင့် စိတ်ခံစားချက်တွေကို ငြင်းဆန်ခြင်းက အလုပ်မဖြစ်တာလဲ?
🌵 ​ကိုယ့်ကိုယ်ကိုယ်ရော အနီးနားကသူတွေကိုပါ ဘယ်လို Validation ပေးမလဲ?
🌵 ​လက်ခံနားလည်ပေးခြင်းအားဖြင့် စိတ်သက်သာရာရစေမယ့် နည်းလမ်းများကို အဓိကထား ဆွေးနွေးသွားမှာပဲ ဖြစ်ပါတယ်။

​Speaker: Ko Thaw Zin Min Thant
(Mental Health Practitioner)
​Date: ၂၃ ရက်‌နေ့ (တနင်္လာ)၊ ဖေဖော်ဝါရီ ၂၀၂၆
​Time: ည ၇:၃၀ မှ ၉:၃၀ ထိ (မြန်မာစံတော်ချိန်)
​Platform: Online (Zoom)

​"သင့်ရဲ့ ခံစားချက်တွေဟာ အမှားမဟုတ်ပါဘူး။ သူတို့ကို နားလည်ပေးဖို့ပဲ လိုတာပါ။"

​🔗 စာရင်းပေးသွင်းရန်:
https://forms.gle/Mk96fKtipD1mj8519

​လူဦးရေကန့်သတ်ထားတာမို့ အမြန်ဆုံး စာရင်းပေးသွင်းထားဖို့ အကြံပြုလိုပါတယ်။ အတူတူ လေ့လာဆွေးနွေးရင်း စိတ်ခွန်အားသစ်တွေ ရယူလိုက်ရအောင်။

မနက်ဖြန်မှာ ပြုလုပ်မယ့် The Masculine Mask support session အတွက် စိတ်ပါဝင်စားသူများ register လုပ်ဖို့ ထပ်မံဖိတ်ခေါ်ပါတယ်...
15/02/2026

မနက်ဖြန်မှာ ပြုလုပ်မယ့် The Masculine Mask support session အတွက် စိတ်ပါဝင်စားသူများ register လုပ်ဖို့ ထပ်မံဖိတ်ခေါ်ပါတယ်နော်။ ✨

🔗စာရင်း‌ပေးသွင်းရန်: https://forms.gle/hZFD6cxW983p2TgL7

**"ယောကျာ်းပဲ... မငိုရဘူး၊ သန်မာရမယ်" ဆိုတဲ့ စကားတွေကြားမှာ သင်ရော အသက်ရှူကျပ်နေပြီလား?**

🎭ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဒီစကားလုံးတွေဟာ ရင်းနှီးပြီးသားပါ။ ယောကျာ်းလေးတစ်ယောက် ဖြစ်လာပြီဆိုတာနဲ့ ငယ်စဉ်ကတည်းက ကြောက်ရွံ့မှု၊ ဝမ်းနည်းမှုနဲ့ နူးညံ့တဲ့ ခံစားချက်တွေကို ဖုံးကွယ်ထားဖို့ "ယောကျာ်းပီသခြင်း" ဆိုတဲ့ မျက်နှာဖုံး (The Masculine Mask) တစ်ခုကို အတင်းအကျပ် တပ်ဆင်ခိုင်းခံရလေ့ရှိပါတယ် ။

**"The Masculine Mask" (ယောကျာ်းပီသခြင်း မျက်နှာဖုံး) ဆိုတာ ဘာလဲ?**
🎭ဒါဟာ ဝမ်းနည်းနေချိန်၊ စိုးရိမ်ပူပန်နေချိန် ဒါမှမဟုတ် အကူအညီလိုအပ်နေချိန်တွေမှာတောင် ဘာမှမဖြစ်သလို ဟန်ဆောင်ကာ အမြဲတမ်း သန်မာနေရမယ်၊ အောင်မြင်မှုနဲ့ လွှမ်းမိုးမှုတွေနဲ့သာ ကိုယ့်ကိုယ်ကိုယ် သက်သေပြရမယ်ဆိုတဲ့ ဖိအားတွေကြောင့် ဖြစ်ပေါ်လာတဲ့ အလေ့အထတစ်ခုပါ ။

**ဒီမျက်နှာဖုံးကို အမြဲတပ်ထားရင် ဘာဖြစ်မလဲ?**
🎭ခံစားချက်တွေကို မျိုသိပ်ထားခြင်းဟာ သံချပ်ကာအင်္ကျီ ဝတ်ထားရသလို မဟုတ်ဘဲ လူတစ်ယောက်ကို စိတ်ခံစားမှု‌တွေထဲ ပိတ်လှောင်ထားသလို ဖြစ်စေပါတယ်။

နောက်ဆက်တွဲ သက်ရောက်မှုတွေအနေနဲ့-

🎭 **စိတ်ကျန်းမာရေး ထိခိုက်ခြင်း:** စိတ်ဖိအားများခြင်း၊ စိတ်ပင်ပန်းနွမ်းနယ်ခြင်း (Burnout) နှင့် စိတ်ဓာတ်ကျခြင်းများ ဖြစ်ပေါ်နိုင်ပါတယ် ။

🎭**လူမှုဆက်ဆံရေး အဖုအထစ်များ:** ကိုယ့်ရဲ့ ခံစားချက်အစစ်အမှန်ကို ဖွင့်မပြောနိုင်တဲ့အခါ ချစ်ခင်ရသူတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ ခက်ခဲလာနိုင်ပါတယ် ။

🎭**ကျန်းမာရေး ပြဿနာများ:** ခံစားချက်တွေကို မျိုသိပ်ထားတာကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ဖိစီးမှုတွေဟာ ကိုယ်ခန္ဓာကျန်းမာရေးကိုပါ တဖြည်းဖြည်း ထိခိုက်လာစေနိုင်ပါတယ် ။

🎭**နည်းလမ်းမှား** စိတ်ဖိစီးမှုတွေကို ကုစားဖို့ နည်းလမ်းမရှိတဲ့အခါ အရက် ဒါမှမဟုတ် မူးယစ်ဆေးဝါးတွေကို နည်းလမ်းမှားနဲ့ အသုံးပြုမိတတ်ကြပါတယ် ။

ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် Passionate Heart ရဲ့အုပ်စုလိုက်စိတ်ပိုင်းဆိုင်ရာပံ့ပိုးသည့်အစီအစဉ်မှာတော့ ယောကျာ်းလေးတွေ/အမျိုးသားတွေပေါ် သက်ရောက်နေတဲ့ ယဉ်ကျေးမှုဆိုင်ရာ ဖိအားတွေကို အတူတူ ဆွေးနွေးသွားမှာ ဖြစ်သလို၊ စိတ်ခံစားချက်တွေကို ကျန်းမာတဲ့ နည်းလမ်းနဲ့ ဘယ်လိုဖော်ပြမလဲဆိုတာကို ရှာဖွေသွားမှာပါ ။

🌳"အင်အားအကောင်းဆုံး သစ်ပင်ကြီးတောင် ရေလောင်းဖို့ လိုသလို၊ အသန်မာဆုံး နှလုံးသားပိုင်ရှင်တွေမှာလည်း ဂရုစိုက်မှု လိုအပ်ပါတယ်" ။ ခံစားချက်ရှိတာဟာ အားနည်းတာမဟုတ်ဘဲ လူသားတစ်ယောက် ဖြစ်တယ်ဆိုတဲ့ သက်သေပါပဲ ။

🎭ဒီ Workshop လေးကိုတော့ အောက်ပါအစီအစဉ်အတိုင်း ကျင်းပသွားမှာဖြစ်ပြီး အမျိုးသားများသာမက မိမိရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ သား၊ အဖေ၊ အမျိုးသား၊ သူငယ်ချင်းစတဲ့အချင်းချင်း ဖေးမရင်းရပ်တည်နေကြတဲ့ အမျိုးသမီးများလည်းပါဝင်နိုင်ပါတယ်။

👨‍🦱ဆွေးနွေးမည့်သူ: Daniel
(Mental Health Provider)
🗓️ရက်စွဲ: ၁၆ ဖေဖော်ဝါရီ ၂၀၂၆
🕢အချိန်: ည ၇:၃၀ မှ ၉:၀၀ ထိ (မြန်မာစံတော်ချိန်)
🌐နေရာ: Online (Zoom)
🔗စာရင်း‌ပေးသွင်းရန်: https://forms.gle/hZFD6cxW983p2TgL7

#သင့်စိတ်ကျန်းမာရေးအတွက်

ที่อยู่

Chiang Mai
50140

เวลาทำการ

จันทร์ 10:00 - 20:30
อังคาร 10:00 - 20:30
พุธ 10:00 - 20:30
พฤหัสบดี 10:00 - 20:30
ศุกร์ 10:00 - 20:30
เสาร์ 10:00 - 20:30
อาทิตย์ 10:00 - 20:30

เบอร์โทรศัพท์

+959987440256

เว็บไซต์

https://www.instagram.com/pass.ionate_heart?igsh=MWE3cjMwZzR4eHMwNA%3D%3D

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Passionate Heartผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ การปฏิบัติ

ส่งข้อความของคุณถึง Passionate Heart:

แนะนำ

แชร์