Tarot Insights: straight from the deck

Tarot Insights: straight from the deck This too shall pass

Daily tarot insight for 31/3/26Six of cupsKing of wands🎍 အသိမိတ်ဆွေဟောင်းများနဲ့ပြန်လည်ဆုံတွေ့ပြီး ပျော်ရွှင်ကြည်နူးရမယ်...
31/03/2026

Daily tarot insight for 31/3/26
Six of cups
King of wands
🎍 အသိမိတ်ဆွေဟောင်းများနဲ့ပြန်လည်ဆုံတွေ့ပြီး ပျော်ရွှင်ကြည်နူးရမယ်
🎍မိမိက အသက်အရွယ် ရာထူး နေရာပိုင်ဆိုင်မှုစတာတွေ ပိုပြီး ပိုင်ဆိုင်လာရပါစေဦးတော့ မိမိရဲ့ ဟိတ်ဟန်တွေ ကိုခနမေ့ထားပြီး ကလေးတစ်ယောက် ငယ်ဘဝက ပျော်ရွှင်မှုတွေကို ပြန်လည်း သတိရမိစေမယ့်နေ့ပါနော်
အားလုံးပဲ ပေါ့ပါးလွတ်လပ်စွာ ပျော်ရွှင်နိုင်ကြပါစေ🪷🪷🪷

Daily tarot insight for 30/3/26The magician The chariot 🦄 ခရီးထွက်တာ အပြောင်းအရွှေ့ စတာတွေကို ကိုယ်ပိုင်ဆုံးဖြတ်ကာ စတင်လ...
30/03/2026

Daily tarot insight for 30/3/26
The magician
The chariot
🦄 ခရီးထွက်တာ အပြောင်းအရွှေ့ စတာတွေကို ကိုယ်ပိုင်ဆုံးဖြတ်ကာ စတင်လုပ်ဆောင်နေရမယ့်နေ့ပါ
🦄ဘယ်လိုအပြောင်းအလဲ တွေပဲ လာပါပစေ မိမိစိတ်တိုင်းကျသည်အထိ မိမိရဲ့စွမ်းဆောင်းရည်တွေ တက်နေမယ့်နေ့ပါ
Cancer ရာသီဖွားတွေအတွက် အထူးသိသာနိုင်ပါတယ်
အားလုံးပဲချောမွေ့သောအပြောင်းအလဲများကိုအောင်မြင်စွာဖေါ်ဆောင်နိုင်ကြပါစေ🌹🌻🎍🌷

Daily tarot insight for 29/3/26The hanged man (reversed)Page of pentacles 🦄 လှုပ်မရ ပြုမရ ရှေ့တိုးမရ နောက်ဆုတ်မရ အခြေအနေ...
29/03/2026

Daily tarot insight for 29/3/26
The hanged man (reversed)
Page of pentacles
🦄 လှုပ်မရ ပြုမရ ရှေ့တိုးမရ နောက်ဆုတ်မရ အခြေအနေကနေ လွန်မြောက်တဲ့အချိန်ပါ
🦄ဒါကြောင့်မို့လို့လည်း ဘဝကို တည်တံ့ခိုင်မြဲစေမယ့်အရာ
အထောက်အပံ့သဖွယ် အကျိုးပြုမယ့်အရာတွေရဲ့ လမ်းစသစ်အခွင့်အလမ်းအသစ်တွေပါ ရောက်ရှိလာမယ့်နေ့ပါ
🦄အရင်က လုပ်နေကျနည်းလမ်းတွေကို ခေါင်းမာမာနဲ့စွဲကိုင်နေတာထက် နှလုံးသားအသစ်နဲ့သာ စတင်ဖို့ အကြံပေးလိုပါတယ်နော်
Ta**us Virgo Capricorn တွေမှာ ပိုသိသာတာမျိုး ရှိပါလိမ့်မယ်
အားလုံးပဲ ကောင်းသောစတင်ခြင်းများ နဲ့ ပြည့်စုံကြပါစေနော်🪴🍀🌻❤️

Daily tarot insight for 28/3/26The HeighpriestessThe emperor 🎍ဒီစနေမှာ ကိုယ့်ရဲ့ Gut feeling တွေ သိသိသာသာ ပိုကောင်းနေပါလ...
28/03/2026

Daily tarot insight for 28/3/26
The Heighpriestess
The emperor
🎍ဒီစနေမှာ ကိုယ့်ရဲ့ Gut feeling တွေ သိသိသာသာ ပိုကောင်းနေပါလိမ့်မယ်
🎍ဘာမှထမလုပ်ပဲ ထိုင်နေတာပိုကောင်းမယ့်နေ့ပါ
🎍မိမိယုံကြည်တဲ့ မယ်တော် တစ်ပါးပါးထံမှာ ဆုတောင်းပါက ပြည့်စုံနိုင်တဲ့နေ့ဖြစ်ပါတယ်
အားလုံးပဲအဆင်ပြေကြပါစေ❤️🌹🌻🪷

Daily tarot insight for 27/3/26👑👑👑👑👑👑👑👑👑👑👑Queen of pentacles👑Queen of swords 🌹ဘုရင်မတစ်ပါးလိုပဲ ကိုယ့်ဘဝကို ပဲ့ကိုင်ရမယ်...
27/03/2026

Daily tarot insight for 27/3/26
👑👑👑👑👑👑👑👑👑👑
👑Queen of pentacles
👑Queen of swords
🌹ဘုရင်မတစ်ပါးလိုပဲ ကိုယ့်ဘဝကို ပဲ့ကိုင်ရမယ့်နေ့ တာဝန်တွေယူပြီးဆုံးဖြတ်ရမယ့်နေ့ပါ
🌹ပိတ်ရက်ပေမယ့်အလုပ်များပါလိမ်ါမယ်
🌹ဆုံးဖြတ်စရာလုပ်စရာရှိရင် မတွေဝေနေပဲ ရှေ့တိုးလုပ်ဆောင်ပါ
🌹 The universe rewards brave ones
Ta**us Virgo Capricorn Libra Aquarius Gemini တွေမှာပိုသိသာနိုင်ပါတယ်
အားလုံးပဲ အဆင်ပြေသာယာချောမွေ့တဲ့နေ့လေးဖြစ်ပါစေ🌻❤️🪴🎍

Daily tarot insight for 26/3/26ဒီနေ့ရက်စွဲက mirror image ဖြစ်နေပါလား 🪴ပေးတိုင်းပြန်ရတာ မေတ္တာပေးရင် ချစ်ပေးရင် ကူညီပေးရင...
26/03/2026

Daily tarot insight for 26/3/26
ဒီနေ့ရက်စွဲက mirror image ဖြစ်နေပါလား
🪴ပေးတိုင်းပြန်ရတာ မေတ္တာပေးရင် ချစ်ပေးရင် ကူညီပေးရင် အကူအညီယူတဲ့သူက တူညီစွာပြန်ပြီးတုန့်ပြန်မယ် လို့မျှော်လင့်လို့မရတဲ့နေ့ပါတဲ့
🪴ကိုယ့်ဘက်ကလုပ်နိုင်တာက စေတနာအပြည့်ထားကူညီပေး ပြီးရင် move on လုပ်ပေးပါလို့ အကြံပေးချင်ပါတယ်ရှင်
🪴ခရီးထွက်တာ အထူးသဖြင့်ရေလမ်းခရီးမျိုး ရှိလာနိုင်ပါတယ်ခြောက်ရက်အတွင်းပေါ့နော်
အားလုံးပဲ အပေးအယူ မျှတပြီး ပျော်ရွှင်ကြပါစေနော်
သာယာသောခရီးလမ်းများဖြစ်ကြပါစေ 🌻🪷❤️

Daily tarot insight for 25/3/26Five of wandsFour of wands🎍မိမိရဲ့ energetic level မငြိမ်မယ့်နေ့မို့ ကိုယ့် Energy ကိုချွ...
25/03/2026

Daily tarot insight for 25/3/26
Five of wands
Four of wands
🎍မိမိရဲ့ energetic level မငြိမ်မယ့်နေ့မို့ ကိုယ့် Energy ကိုချွေတာရမယ့်နေ့ပါနော်
🎍မလိုအပ်တာတွေကို မလုပ်ပဲနေတာကပိုမှန်ပါမယ်
🎍ပွဲတွေလည်းဝင်မပါပဲ ကိုယ်စိတ်နှလုံး တည်ငြိမ်စွာ စောင့်စည်းကြပါလို့ အကြံလေးပေးပါရစေ
အားလုံးပဲအေးချမ်းကြပါစေ🪷🪷🪷🪷🪷

Daily tarot insight for 24/3/26The star Ace of swords မျှော်လင့်ချက်တွေကို အစအကောင်အထည်ဖေါ်နိုင်မယ့် သတင်းစကားတစ်ခု ကြား...
24/03/2026

Daily tarot insight for 24/3/26
The star
Ace of swords
မျှော်လင့်ချက်တွေကို အစအကောင်အထည်ဖေါ်နိုင်မယ့် သတင်းစကားတစ်ခု ကြားရဖို့ရှိနေပါတယ်နော်
Gemini Libra Aquarius တွေမှာ ပိုသိသာနိုင်သလို ဒီနေ့ကအစပြုတဲ့အရာကနောက်နှစ် Aquarius season မှာ ပြည့်ဝစွာအကောင်အထည်ပေါ်လာတာလည်းဖြစ်နိုင်ပါတယ်

အမိအရဖမ်းဆုပ်နိုင်ကြပါစေ🍀🪷🌹🌻

Daily tarot insight for 24/3/26The sun TemperanceThe queen of swords🌻မိမိတို့ လုပ်သမျှအရာရာမှာ အလင်းအမှောင် သူ့ဘက်ကိုယ့်...
23/03/2026

Daily tarot insight for 24/3/26
The sun
Temperance
The queen of swords
🌻မိမိတို့ လုပ်သမျှအရာရာမှာ အလင်းအမှောင် သူ့ဘက်ကိုယ့်ဘက် စသဖြင့် အစွန်းနှစ်ဘက်ကို လွတ်အောင်မျှမျှတတ အဂတိကင်းကင်းတွေးတောဆုံးဖြတ်လုပ်ကိုင်နိုင်မယ်ဆိုရင် မိမိတို့လိုချင်တဲ့ အပျော်ရွှင်ရဆုံး အခြေအနေတစ်ခုရောက်ရှိလာပါလိမ့်မယ်တဲ့
🌻ရောဂါဝေဒနာတွေသက်သာပျောက်ကင်းမယ် အနာနဲ့ဆေးတွေ့ပါမယ်
🌻ပျော်စရာတွေကြံုရကြားရမယ့်နေ့မျိုးပါ
🌻မိမိရဲ့စိတ်ကအထူးကြည်လင်ပြီး ဆုံးဖြတ်ချက်တွေ မှန်ကန်စွာ ချနိုင် ပြောဆိုလုပ်ကိုင်နိုင်ပါလိမ့်မယ်
Leo Sagittarius libra Gemini Aquarius တွေအတွက်အထူးပါနော်

အားလုံးပဲ ပျော်ရွှင်နိုင်ကြပါစေ

Daily tarot insight for 22/3/26Queen of wands Six of swords 🪴အပေးအယူ ညှိုနှိုင်းမှု စကားအသွားအလာတွေမှာ ကိုယ်က ပြီးဆုံးအေ...
22/03/2026

Daily tarot insight for 22/3/26
Queen of wands
Six of swords
🪴အပေးအယူ ညှိုနှိုင်းမှု စကားအသွားအလာတွေမှာ ကိုယ်က ပြီးဆုံးအောင်လုပ်ဆောင်ခဲ့ပြီ
🪴ကိုယ်ချည့်ပဲအနိုင်မယူသလို အရှံုးလည်းမဟုတ်ခဲ့တဲ့အနေအထားတစ်ခုကနေ ပိုကောင်းတဲ့ အဆင့်အနေအထားတစ်ခုကို ပြောင်းနေပါပြီ
🪴 ပြင်ပအခြေအနေတွေက ဘယ်လိုပင် ဖြစ်စေကာမူ ကိုယ့်မူ ကိုယ့်ပုံစံကို မပြောင်းလဲပဲ Step up လုပ်မယ့် အချိန်အခါကိုရောက်ပါပြီလို့ အသိပေးချင်ပါတယ်ရှင်🌻🌻🌻

Daily tarot insight for 21/3/26Four of pentaclesThe hanged man မိမိရဲ့ ရပ်တည်မှု ပိုင်ဆိုင်မှု တွေ တည်မြဲတည်တံ့စေဖို့အတွ...
21/03/2026

Daily tarot insight for 21/3/26
Four of pentacles
The hanged man
မိမိရဲ့ ရပ်တည်မှု ပိုင်ဆိုင်မှု တွေ တည်မြဲတည်တံ့စေဖို့အတွက်ကို ဘာလုပ်ရမလဲလို့ တွေးနေမိရင် ဘာမှမလုပ်ပဲ အချိန်တစ်ခုစောင့်ကြည့်ပါတဲ့
အားလုံးပဲ အဆင်ပြေကြပါစေ

Daily tarot insight for 20/3/26The hermit Temperanceအလွန်ကောင်းတဲ့ Message ပါ 🌼လောကီရေးအရဆိုရင် အရင်ကအဆင်မပြေခဲ့တဲ့အရာတွ...
20/03/2026

Daily tarot insight for 20/3/26
The hermit
Temperance
အလွန်ကောင်းတဲ့ Message ပါ
🌼လောကီရေးအရဆိုရင် အရင်ကအဆင်မပြေခဲ့တဲ့အရာတွေ အလုပ်အကိုင် ဆက်ဆံရေး ကျန်းမာရေး စသဖြင့်ပေါ့
အကုန်ပြန်လည်အဆင်ပြေခြင်းသို့ ရောက်မယ်
🌼ဘာမှန်းမသိတဲ့ အဖြေရှာမရတဲ့ ပြဿနာတွေကို ကိုယ်တိုင်စဉ်းစားသုံးသပ်အဖြေရှာနိုင်မယ်
🌼အသေးစိတ် စီစဉ်ဖို့အတွက် ပြန်လည်ညှိုနိှုင်းပြီး ပြေလည်မှုရယူဖို့အတွက်ကောင်းတဲ့နေ့လည်းဖြစ်တယ်
🌼လောကုတ္တရာ တရားရှာကြသူတွေအတွက်လည်း တရားထိုင် တရားမှတ်လို့ ကောင်းပြီး တရားအရသာကိုပိုင်ပိုင်နိုင်နိုင်သိရှိနိုင်မယ့်နေ့ပါ
Virgo Sagittarius ရာသီဖွားတွေပါနိုင်ပါတယ်

ที่อยู่

Chiang Mai
50300

เวลาทำการ

พุธ 09:00 - 17:00
เสาร์ 09:00 - 17:00

เบอร์โทรศัพท์

+959755808107

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Tarot Insights: straight from the deckผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แนะนำ

แชร์