ELLIE You’ve arrived — perfectly timed, and you are safe now 💚🌙
(2)

Hey guys! February 2026 အတွက် အချစ်ရေးကံကောင်းစေဖို့ Wallpaper လေးပါ 🌙✨ဒီတလ အချစ်ရေးမှာ အခုလဆန်းမှာကတည်းက Emotional အရမ်...
05/02/2026

Hey guys!

February 2026 အတွက် အချစ်ရေးကံကောင်းစေဖို့ Wallpaper လေးပါ 🌙✨

ဒီတလ အချစ်ရေးမှာ အခုလဆန်းမှာကတည်းက Emotional အရမ်းကို ဖြစ်ကြနိုင်ပြီး တယောက်နဲ့တယောက် သည်းခံဖို့ တော်တော်လေးကို ခဲယဥ်းကြနိုင်တယ်။

Valentine’s Day လည်းရှိတယ်ဆိုပေမဲ့ ဒီရက်ကိုလည်း အရမ်းကြီး Energy မကြိုက်မိပါဘူး။ Casual လောက်အတွက်ပဲ ကောင်းနေပြီး၊ တကယ် Serious commitment ကိစ္စတွေအတွက် Make or break သဘောမျိုး ဖြစ်နေတယ်။

ကဲ ဒီအခြေအနေကို စုံတွဲတွေ အကောင်းဆုံး ကျော်ဖြတ်ဖို့အတွက် အခု Wallpaper လေးက တဖက်တလမ်းက အထောက်အပံ့ပေးနိုင်ပါလိမ့်မယ်။

အဟမ်း.. Feb မှာ ချောကလက် လိုချင်တယ်ဆိုရင်လည်း ဒါလေး အမှီ ဆောင်ထားလိုက်ပါ 🍫

Wallpaper လေးကို Ellie ရဲ့ Tg channel မှာ Full quality တင်ပေးထားပါမယ်။ ⬇️⬇️

February is Strength Card 💫ငြင်သာပါ၊ သန်မာပါ၊ လိမ္မာပါးနပ်ပါ။ Hello February ✨ကောင်းခြင်းတွေ အများကြီး ယူဆောင်လာခဲ့ပေးပါ...
01/02/2026

February is Strength Card 💫

ငြင်သာပါ၊ သန်မာပါ၊ လိမ္မာပါးနပ်ပါ။

Hello February ✨

ကောင်းခြင်းတွေ အများကြီး ယူဆောင်လာခဲ့ပေးပါ 🌿

ဟိုး စတော့ပ် 🖐🏻 ခဏလေးရပ်ပါ။တကယ်လို့ အခု pick-a-pile အတွက် မရွေးချယ်ရသေးဘူးဆိုရင် Ellie Page ထဲကို အရင်ဝင်ကြည့်လိုက်ပါ။ ရ...
25/01/2026

ဟိုး စတော့ပ် 🖐🏻 ခဏလေးရပ်ပါ။

တကယ်လို့ အခု pick-a-pile အတွက် မရွေးချယ်ရသေးဘူးဆိုရင် Ellie Page ထဲကို အရင်ဝင်ကြည့်လိုက်ပါ။ ရွေးချယ်ပြီးပြီဆိုရင်တော့ ဖတ်လို့ရပါပြီ။


🔮 CRYSTAL

ဖန်လုံးရဲ့ သဘောသဘာဝကိုက အလင်းကို ဖြာထွက်စေတယ်၊ ကိုယ်မြင်ချင်တဲ့ ပုံရိပ်တွေကို ပြတယ်။ ဒါပေမဲ့လေ.. ကိုယ်မြင်နေတာတွေက ပုံရိပ်ယောင်တွေပဲတဲ့။ ဟော.. မခက်ပေဘူးလား?

ကိုယ်ချစ်တာလည်း အဲ့ဒီလိုပဲ။ ရှေ့က လူအစစ်ကြီးကို ချစ်မနေဘူး။ သူဖြစ်လာနိုင်မယ့် ပုံစံတခုကို သွားချစ်နေတာ။

ကိုယ်က potential ကို ချစ်မိတာ များလှပြီ။ စိတ်ထဲမှာ သူ့ကိုကြည့်ပြီး မြင်ယောင်နေတာတွေ ရှိတယ်...

"သူ့ကို ဒီနေရာလေးတွေ နည်းနည်းလေး fix လုပ်ပေးလိုက်ရင်၊ နည်းနည်းလေးများ ပိုရင့်ကျက်သွားရင်၊ နည်းနည်းလောက် အားထည့် ပိုကြိုးစားလိုက်ရင် မိုက်သွားမှာ" “အနစ်နာခံပေးလိုက်ရင် သူသိလာမှာ” ဆိုပြီးတော့လေ။

အဲ့ဒါနဲ့ပဲ သူ့ကို ပြုပြင်ယူဖို့ ကိုယ့်ရဲ့ mission လို သတ်မှတ်ပစ်လိုက်ရော။

🔮 ဟား ဟား.. ရယ်ရတယ်မှလား?

သူတို့ ကိုယ့်ကိုယ်ကိုယ် ယုံတာထက်ကို၊ ကိုယ်က သူတို့ကို ပိုယုံပေးနေလိုက်သေးတာ

ရုတ်တရက် ကြည့်လိုက်ရင်တော့ ဒီအချစ်ကြီးက တအားမြင့်မြတ်သလိုလို၊ romantic သိပ်ဆန်တာလို၊ သူများမမြင်တာကို ကိုယ်မြင်တယ်ဆိုတဲ့ ပုံစံမျိုးပေါ့။ သူများက ဘယ်မြင်မှာလဲ? တကယ်မှ.. ရှိမနေတာကို။

ကိုယ်ကသာ imaginary friend နဲ့ ထိုင်စကားပြောပြီး ပွဲတွေကျနေတာ။

🔮 ရိုးရိုးသားသား ဝန်ခံကြပါစို့။

အဲ့ဒါ လူတယောက်နဲ့ တွဲနေတာ မဟုတ်တော့ဘူး။ Project တခု လုပ်နေတာ။ ကိုယ်ချစ်နေတဲ့လူက အပြင်မှာ တကယ်မရှိသေးဘူး။ စိတ်ကူးထဲကလူ။ ပိုဆိုးတာက အဲ့တာကြီးကို အချိန်ပြည့် ရလောင်းပေါင်းသင်နေပေမဲ့ (တစ်သက်လုံးလည်း ရှိလာချင်မှ ရှိလာမှာ)။ စွန့်စားလွန်းရာ ကြပါတယ်ကွာ..

ဘာလို့ ကိုယ်က ဒီ potential ကြီးကို ဒီလောက် စွဲလမ်းနေတာလဲ?

🔮 ရှင်းပါတယ် အဖြေက..

ဘာလို့လဲ ဆိုတော့ "လူအစစ်”တွေ တော်တော်များများက အကန့်အသတ်ရှိနေလို့လေ။ အပြစ်အနာအဆာတွေ ရှိလို့။ စိတ်ပျက်စရာ ကောင်းကြလို့။ Potential ကျတော့ Perfect ဖြစ်တယ်။

Fantasy ဖြစ်နေတော့ ကိုယ်ကြိုက်သလို စိတ်ကူးယဉ်လို့ ရနေတာကိုး။

မပြန်သွားနဲ့ဦး၊ ကြားရမယ့် နောက်ထပ် အမှန်တရားတစ်ခု ရှိသေးတယ်။ သူများကို လိုက်ပြုပြင် (Fix) နေရတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်စရာ မလိုတော့ဘူးလေ။

သူတို့ တိုးတက်ဖို့က ကိုယ့်ရဲ့ အချိန်ပြည့်တာဝန်ကြီး ဖြစ်သွားရော။ အဲ့ဒီတော့ ကိုယ့်ဒဏ်ရာတွေ၊ ကိုယ့်အလုပ်တွေ၊ တာဝန်ယူရမှာ ရင်ဆိုင်စရာကို မေ့ထားလို့ ရသွားတာပေါ့။ ဒါက အချစ်လို့ ခေါင်းစဉ်တပ်ထားတဲ့ distraction သက်သက် ဖြစ်မနေဘူးလား?

🔮 ဒီ Pattern ထဲမှာ မာန လေးတခု ပါသေးတယ်။ "ငါက ပိုသိတယ်၊ ငါက သူ့ကို ဘယ်သူလဲဆိုတာ မြင်တယ်၊ ငါ့အချစ်နဲ့ သူ့ကို ပြောင်းလဲပစ်နိုင်တယ်" ဆိုပြီး ထင်နေတာ။ လူဆိုတာ Project မဟုတ်ဘူး။ အချစ်ဆိုတာ Renovation လုပ်တာ မဟုတ်ဘူး။ ကိုယ် ဘယ်သူ့ကိုမှ သွားပြင်လို့မရဘူး။ အခုလက်ရှိ ရှိနေတဲ့အတိုင်းကို လက်ခံမှ အချစ်စစ် ဖြစ်မှာ။

မဟုတ်ရင် ကိုယ်က တစ္ဆေတစ်ကောင်ကို ချစ်နေသလိုပဲ ဖြစ်နေလိမ့်မယ်။ ဒါပေမဲ့ ဒီနေရာမှာ မကျွတ်မလွတ်တာက ကိုယ်ပေါ့..

ကိုယ့်ကိုယ်ကိုယ် ပြန်မေးရမယ့် ရင်နာစရာ မေးခွန်းက ဒါပဲ။

"တကယ်လို့ သူဘယ်တော့မှ မပြောင်းလဲတော့ဘူး” “ဒီအတိုင်းပဲ တစ်သက်လုံး နေတော့မယ်ဆိုရင်... ကိုယ် ဆက်တွဲမှာလား?”

🔮 ကဲ ရိုးရိုးသားသားဖြေ။

အဖြေက "No" ဆိုရင် ကိုယ်သူ့ကို မချစ်နေဘူး။ Possibility ဆို ဖြစ်နိုင်ခြေကိုပဲ ချစ်နေတာ။ ဖြစ်နိုင်ခြေဆိုတဲ့ အရာပေါ်မှာ ဘဝတစ်ခု တည်ဆောက်လို့ မရဘူးလေ။

Crystal ကို အောက်ချလိုက်ပါတော့။ အမှန်အတိုင်း အရှိတရားကို တည့်တည့်ကြည့်တော့။

သူတို့ကို သူတို့အတိုင်း မြင်အောင်ကြည့်။ ကိုယ့်ကိုယ်ကိုယ်လည်း အမှန်အတိုင်းကြည့်။ "ဘာဖြစ်လာနိုင်မလဲ" ဆိုတာကို မကြည့်နဲ့တော့။ "လက်ရှိ ဘာဖြစ်နေလဲ" ဆိုတာကိုပဲ ကြည့်။

အချစ်စစ်က Potential မှာ မရှိဘူး။ Presence မှာပဲ ရှိတယ်။ ဒါကို ဘယ်သူမှ ဝှက်မထားပါဘူးကွယ်..

ကိုယ်ကြည့်ရဲဖို့ တခုပဲ လိုပါတယ်။

ဟိုး စတော့ပ် 🖐🏻 ခဏလေးရပ်ပါ။တကယ်လို့ အခု pick-a-pile အတွက် မရွေးချယ်ရသေးဘူးဆိုရင် Ellie Page ထဲကို အရင်ဝင်ကြည့်လိုက်ပါ။ ရ...
25/01/2026

ဟိုး စတော့ပ် 🖐🏻 ခဏလေးရပ်ပါ။

တကယ်လို့ အခု pick-a-pile အတွက် မရွေးချယ်ရသေးဘူးဆိုရင် Ellie Page ထဲကို အရင်ဝင်ကြည့်လိုက်ပါ။ ရွေးချယ်ပြီးပြီဆိုရင်တော့ ဖတ်လို့ရပါပြီ။


🕐 CLOCK

နာရီ... ဆိုတာလေ

အမြဲတမ်း သွားနေတယ်၊ အမြဲတမ်း ပြေးနေတယ်။ ကိုယ်လုပ်နေတာလည်း အဲ့ဒါပဲမလား? ပြေးနေတာ

မကောင်းတဲ့ ဆက်ဆံရေးတွေဆီကနေ ပြေးတာ မဟုတ်ဘူးနော်။ ကောင်းတဲ့ ဆက်ဆံရေးတွေဆီကနေပါ ထွက်ပြေးနေတာ။ ကိုယ်နဲ့ တကယ်နီးစပ်လာမယ့် အရာတွေဆီကနေ ခြေကုန်သုတ် ပြေးနေတာ။ ဟော.. ပြသနာပါပဲကွာ

ဇာတ်လမ်းဖြတ်ရင် ကိုယ်ကပဲ အမြဲစဖြတ်တယ်။ အပြစ်ရှာရင် ကိုယ်ကပဲ အမြဲရှာတယ်။ Relationship က စလုံးရေး စပြီးလို့ serious ဖြစ်လာပြီ၊ တကယ်လေးနက်လာပြီဆိုရင် ကိုယ် နောက်ဆုတ်သွားရော။ အဲ့တာ ဘာလို့လဲ?

ကိုယ့်ကိုယ်ကိုယ်တော့ ပြန်ပြောမှာပေါ့။ "ငါက standard မြင့်လို့၊ လူမှန် မတွေ့သေးလို့၊ တစ်ခုခု လိုနေသလို ခံစားရလို့" ဘာညာသရကာပေါ့။

မလိမ်ပါနဲ့တော့ကွယ်..

အမှန်အတိုင်းပြောရရင် အခြေအနေ ပိုကောင်းလာလေလေ၊ ကိုယ်က ပျောက်ချင်းမလှ ပျောက်သွားလေလေပဲ။ ဒီကိစ္စကို ဒီအတိုင်းထားလို့ မရတော့ဘူး။ ဒါကို နာမည်တပ်ကြပါစို့။

🕐 သူ့ကို ”Preemptive Abandonment" လို့ ခေါ်ပါတယ်။ လွယ်လွယ်ပြောရင် ကိုယ်က ဦးအောင်ဖြတ်တာပဲ။

သူများ ကိုယ့်ကို မထားခဲ့ခင် ကိုယ်က အရင် ထားခဲ့တာ။ သူများ ကိုယ့်ကို မငြင်းခင် ကိုယ်က အရင် ငြင်းထားလိုက်တာ။ နာကျင်ရမယ်ဆိုရင်တောင် သူများလုပ်လို့ နာကျင်ရတာမျိုးတော့ အဖြစ်မခံနိုင်ဘူး။ ကိုယ့်သဘောနဲ့ကိုယ် ရွေးချယ်တဲ့ နာကျင်မှုပဲ ဖြစ်ရမယ်ဆိုပြီး လုပ်ပစ်လိုက်တာ။

🕐 ဒါ ဘယ်ကစခဲ့သလဲ?

တယောက်ယောက် ကိုယ့်ကို ထားသွားဖူးလို့၊ ဒါမှမဟုတ် ကိုယ့်အတွက် အရေးပါတဲ့သူ တယောက်က အနားရှိနေလျက်နဲ့ စိတ်မရှိသလို ဖြစ်ခဲ့ဖူးလို့။ "လူတွေဆိုတာ ပျောက်ကွယ်သွားတတ်တယ်၊ သံယောဇဉ်တွယ်တာက ပျက်စီးခြင်းရဲ့ အစပဲ" ဒီလိုတွေ ငယ်ငယ်ကတည်းက ကြား မြင် သင်ယူခဲ့ရတယ်။

နောက်ဆုံးမှာ ဆုံးဖြတ်လိုက်တယ်။ "ငါ ဘယ်တော့မှ ကျန်ရစ်ခဲ့တဲ့သူ မဖြစ်စေရဘူး"လို့လေ

ဒီကနေစပြီး ကိုယ့်အတွက် ကောင်းတဲ့အရာတွေ၊ မဆုံးရှုံးချင်တာတွေကို အတွေးလွန်ပြီး ကိုယ်တိုင် ပြန်ဖျက်ဆီးပါရော..

ဘာမဟုတ်တာလေးနဲ့ ရန်စဖြစ်တယ်။ စိတ်ကနေ ဝေးအောင် နေထားလိုက်တယ်။ တကယ်ကောင်းတဲ့သူကိုမှ အပြစ်မရ ရအောင် ရှာတယ်။

ရလဒ်ကတော့ အတူတူပဲ။ နောက်ဆုံးတော့ ကိုယ်တစ်ယောက်တည်း ကျန်ခဲ့ရော။ "သူနဲ့ ငါနဲ့မှ မလိုက်တာ" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်လိုက်တယ်။ ပုံပြင်လေးက ဒီမှာ ပြီးပါလေရော..

🕐 ဒါပေမဲ့လေ၊ ကိုယ် ဝန်မခံရဲတဲ့ ခံစားချက်တခု ရှိနေတယ်။ ဟုတ်တယ်မှလား?

အဲ့ဒါ အထီးကျန်ဆန်နေတာပဲ

လူများလည်း ပွဲမစည်လာတော့ဘူး။ ကိုယ်တယောက်ပဲ အမြဲထီးထီးကြီး။

ကိုယ့်စိတ် လုံခြုံအောင် ကာကွယ်ထားတယ်ဆိုပေမဲ့ အဲ့ဒါလည်း heartbreak တစ်မျိုးပါပဲ။ ဘယ်သူမှ ပြောပြလို့မရ၊ ဘယ်သူမှ နားမလည်ပေးနိုင်ကြတဲ့.. အေးအေးစက်စက်.. နှေးနှေး.. ကွေးကွေး.. တိတ်ဆိတ်တဲ့ အသည်းကွဲမှုမျိုး။

ဟား... ရင်မောပါတယ်ကွာ။ ရင်ဘတ်မှာ တဒိတ်ဒိတ်တုန်နေပြီ။ ဒါပေမဲ့ ကိုယ်ပြေးနေတာ သူတို့ဆီက မဟုတ်ဘူး။ ဒီတော့ ဘယ်လောက်ပြေးပြေး ပြေးလို့မလွတ်ဘူး။

ဘာလို့လဲ? ဘယ်ကနေ ပြေးနေတာလဲ? ဘယ်သူလိုက်နေလို့လဲ? လဲ လဲ လဲ လဲ...

တကယ်တော့ ကိုယ့်ရဲ့ vulnerability ဆီက ထွက်ပြေးနေတာ။

🕐 တစ်ယောက်ယောက်က ကိုယ့်အတွက် အရမ်းအရေးပါလာမှာကို ကြောက်နေတာ။ "ငါ့ဘဝထဲမှာ သူ မရှိရင် မဖြစ်ဘူး" ဆိုတဲ့ အသိ ဝင်လာမှာကို ကြောက်တာ။ အဲ့ဒီလောက် ချစ်ရတာ အရမ်း အန္တရာယ်များတယ်လို့ ကိုယ်ထင်နေတာ။

အချိန်တန် အိမ်ပြန်ရမှာ ကြောက်တာတခုနဲ့ ဒီခရီးကို လမ်းတဝက်ကနေ လှည့်ပြန်ပြန်လာတာ။ ဒီတော့ ဘယ်ကိုမှ မရောက်တော့ဘူးတဲ့ကွယ်

ဒီတခု စဉ်းစားကြည့်... ဒီတိုင်းပဲ ဆက်ပြေးနေမှာလား? အချစ်ပုံပြင်တွေကိုတော့ ကြိုက်တယ်ဆို? ကိုယ့်အတွက်ကျ တပိုင်းတစ ဇာတ်လမ်းတွေနဲ့ပဲ နေသွားတော့မှာလား?

ထွက်ပြေး မနေပါနဲ့တော့။ ခြေကုန်လက်ပန်း ကျလုပြီလေ။

🕐 Stay

Please stay, next time..

နာကျင်ရလည်း တန်တယ်ဆိုတဲ့ လူတယောက် ထပ်တွေ့ခဲ့ရင်.. ကြောက်စရာကောင်းနေလည်း သူ့ဘေးနား ဆက်နေလိုက်။ ကိုယ့်စိတ်ထဲက "ပြေးတော့လေ" လို့ အော်နေလည်း ဆက်နေလိုက်။

သူ့ရဲ့လက်ကို မြဲမြဲကိုင်ထား။ ဘဝကို အတူတူရင်ဆိုင်။

နာရီကတော့ သွားနေမှာပဲ။ အချိန်ကုန်ခံပြီး ပြေးနေမှာလား? ရပ်တန့်ပြီး ရင်ဆိုင်မှာလား? ကိုယ်ပဲ ဆုံးဖြတ်ပါတော့။

ဟိုး စတော့ပ် 🖐🏻 ခဏလေးရပ်ပါ။တကယ်လို့ အခု pick-a-pile အတွက် မရွေးချယ်ရသေးဘူးဆိုရင် Ellie Page ထဲကို အရင်ဝင်ကြည့်လိုက်ပါ။ ရ...
25/01/2026

ဟိုး စတော့ပ် 🖐🏻 ခဏလေးရပ်ပါ။

တကယ်လို့ အခု pick-a-pile အတွက် မရွေးချယ်ရသေးဘူးဆိုရင် Ellie Page ထဲကို အရင်ဝင်ကြည့်လိုက်ပါ။ ရွေးချယ်ပြီးပြီဆိုရင်တော့ ဖတ်လို့ရပါပြီ။


🕯️ CANDLE

စိတ်မှာ candle ကို ရွေးချယ်မိခဲ့တယ်ဆိုရင် ဒီစာကို လေးလေးနက်နက် ဖတ်ကြည့်စေချင်ပါတယ်။

ဖယောင်းတိုင်က ဘာကိုပြောပြနေသလဲ?

သူက.. ကိုယ့်ကိုကိုယ် အလောင်ကျွမ်းခံပြီး သူများကို အလင်းပေးတဲ့အရာ။ အဲတာက ကိုယ်ပဲပေါ့။ ကိုယ်က ပေးဆပ်တဲ့သူလေ။

အမြဲတမ်း အဆင်သင့် ရှိနေပေးတယ်။ သူဘာလိုတယ်ဆိုတာ ထုတ်မပြောခင်ကတည်းက ကြိုသိနေတယ်။ သေးသေးမွှားမွှားလေးကအစ တကူးတက လိုက်ကြည့် ဖြည့်ဆည်းပေးတတ်တယ်။ ကိုယ်က သူ့အတွက် မရှိမဖြစ် ဖြစ်လာအောင် နေတတ်တယ်။

ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြောတယ်... "ငါက စိတ်ထားကောင်းလို့ပါ၊ သဘောကောင်းလို့ပါ၊ ဂရုစိုက်တတ်လို့ပါ"ပေါ့။

🕯️ နေဦး နေဦး... သေချာပြန်ကြည့်ကြရအောင်

နောက်ဆုံးအကြိမ် ကိုယ်လိုချင်တာကို တောင်းဆိုခဲ့တာ ဘယ်တုန်းကလဲ?

Hints လေးပေးပြီး အရိပ်အမြွက်ပြတာမျိုး မဟုတ်ဘူးနော်။ သူသိပါစေဆိုပြီး ကြိတ်မျှော်လင့်နေတာမျိုး မဟုတ်ဘူးနော်။ ပါးစပ်ကနေ "ငါ ဒါလိုချင်တယ်၊ ငါ့ကို ဒါလုပ်ပေးပါ" လို့ ဖွင့်ပြောဖူးလား။

အမှန်တိုင်းပြောရရင် ကိုယ်ဘာလိုချင်လဲဆိုတာတောင် ကိုယ်မသိတော့ဘူး။ သူများဆန္ဒတွေကြားမှာ ကိုယ့်ဆန္ဒတွေက ပျောက်ဆုံးနေခဲ့ပြီ။

🕯️ လက်မခံချင်လောက်တဲ့ အမှန်တရားတခု ပြောပြမယ်

ကိုယ်ပေးဆပ်နေတာက generous ဖြစ်လွန်းလို့ရယ် မဟုတ်ဘူး။ အဲ့ဒါ တံတိုင်းကြီး ကာထားတာ။ ကိုယ်က Giver ဆိုတဲ့ နေရာမှာ ကုတ်တွယ်ထားတယ်။ ”ပေးတဲ့သူ" ဖြစ်နေသရွေ့ control လုပ်လို့ရတယ်လေ။

ပြီးတော့ မတောင်းဆိုရင် အငြင်းမခံရတော့ဘူး။ အစကတည်းက ဘာမှ မျှော်လင့်မထားရင် ဘာကြောင့်မှ စိတ်မပျက်ရဘူး။ အဲတာ ဘာကြောင့်လဲသိလား?

Vulnerable မဖြစ်ချင်လို့ provider နေရာကို ယူထားလိုက်တာ။ ပြီးတော့မှ ကိုယ့်စိတ်ထဲမှာ အောင်စာရင်းလိုလို report card လိုလို တခုကိုင်ထားတယ်။ ပါးစပ်က မပြောပေမယ့် ကိုယ်မှတ်ထားတယ်။ ငါပေးသလောက် ပြန်မရပါလား၊ ငါ့ကို သူဂရုမစိုက်ပါလားဆိုပြီး မကျေနပ်တာတွေ ရှိနေတယ်။

အခုဆိုရင် ပင်ပန်းနေပြီ။ ခံပြင်းနေပြီ။

"ငါသူ့အတွက် လုပ်ပေးသလို သူက ငါ့အတွက် ဘာလို့ပြန်မကြည့်ပေးတာလဲ" ဆိုပြီးပေါ့။

🕯️ ခါးသီးတဲ့ အမှန်တရား တခုပြောပါမယ်

“သူ မသိနေပါဘူး”

ဟုတ်တယ်၊ တကယ်ကို မသိနေတာ။ ဘာလို့ မသိတတ်တော့သလဲရော အဖြေသိချင်လား? အစကတည်းက သူအလိုက်မသိတတ်တာလည်း ပါချင်ပါမယ်။

တော်တော်မျာများကတော့ ကိုယ်က သူ့ကို အဲ့လိုဖြစ်လာအောင် train လုပ်ထားတာကိုး။ ကိုယ်က ဘာမှမလိုချင်တဲ့ပုံစံ ဖမ်းထားတာလေ။ သူက စာမေးပွဲရှိမှန်းတောင်မှ မသိတာ။ မသိလို့ လာမဖြေတဲ့ စာမေးပွဲတခုအတွက် သူ့ကို သွားအပြစ်တင်လို့ မရတော့ဘူး။

အဲ့တာက ဒီဒဏ်ရာဟောင်းကြောင့်လေ။ ငယ်ငယ်ကတည်းက “လက်ခံရယူတာက အန္တရာယ်များတယ်၊ ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်" လို့ သင်ယူခဲ့ရတာ။ တခုခုနဲ့ အသုံးဝင်နေမှ အချစ်ခံရမယ်လို့ ထင်နေတာ။

အဲ့တော့ ပေးတယ် ပေးတယ် ပေးတယ် ပေးတယ်.. ကိုယ့်မှာ ဘာမှ မကျန်နေတော့တဲ့အထိပဲ

🕯️ အခု ဒီမေးခွန်းတခု စိတ်မှာ ပြန်မေးကြည့်

"ငါလိုအပ်နေတာကို ထုတ်တောင်းဆိုလိုက်ရင် ဘာဖြစ်သွားမှာ ကြောက်နေတာလဲ?”

ငါတောင်းဆိုတာ များသွားမလား ၊ သူများ ငြင်းလိုက်မလား၊ ငါ့အလှည့်ကျရင် သူရှိနေပါ့မလား... အဲ့ဒါတွေ တွေးပြီး ကြောက်နေတာ။ အဲ့တာ စေတနာသန့်သန့်နဲ့ ဖြည့်ဆည်းတာ မဟုတ်နေဘူး။

ဖယောင်းတိုင်က လှပါတယ်။ ဒါပေမယ့် တချိန်ကျရင် လောင်ကျွမ်းပြီး ကုန်သွားတတ်တယ်။

ကိုယ့်ခွက်ထဲမှာ ဘာမှမရှိတော့ဘဲ သူများကို လောင်းပေးလို့ မရဘူး။ ကိုယ်က လင်းမနေတော့ရင် ဘယ်လို မီးကူးပေးပါတော့မလဲ? အခု ကိုယ်က pretend လုပ်ပြီး ဟန်ဆောင်နေတာ။ တကယ်တမ်းကျတော့ ကိုယ်အဆင်မပြေဘူး။

အဲ့တာကို ဝန်ခံလိုက်ပါ။ ဒါက အားနည်းတာ မဟုတ်ဘူး။ ထုတ်တောင်းဆိုရမယ်။

ဒီတော့မှ သူသိမယ်။ သူသိမှ သူကြိုးစားလာမယ်။

ဒီတော့မှ အပေးအယူ ပိုမျှမယ်

🕯️ အဲ့ဒါ ကိုယ်ပေးနေတဲ့ အချစ်တွေနဲ့ ထိုက်တန်တာတွေ ပြန်ရဖို့အတွက် ပထမဆုံး ခြေလှမ်းပါပဲ

ဟိုး စတော့ပ် 🖐🏻 ခဏလေးရပ်ပါ။တကယ်လို့ အခု pick-a-pile အတွက် မရွေးချယ်ရသေးဘူးဆိုရင် Ellie Page ထဲကို အရင်ဝင်ကြည့်လိုက်ပါ။ ရ...
25/01/2026

ဟိုး စတော့ပ် 🖐🏻 ခဏလေးရပ်ပါ။

တကယ်လို့ အခု pick-a-pile အတွက် မရွေးချယ်ရသေးဘူးဆိုရင် Ellie Page ထဲကို အရင်ဝင်ကြည့်လိုက်ပါ။ ရွေးချယ်ပြီးပြီဆိုရင်တော့ ဖတ်လို့ရပါပြီ။


🐚 SHELL

ခရုခွံလေးက ဘာလို့များ စိတ်ကို calling ဖြစ်နေတာလဲ? ဒါနဲ့ပတ်သက်ပြီး ကြားဖို့လိုနေတဲ့ စကားတွေ ရှိတာကြောင့်ပေါ့။

သူကလေ အပြင်ပန်းကြည့်ရင် လှတယ်၊ အကာအကွယ်လည်း ပေးနိုင်တယ်။ ဟော.. ဒါပေမဲ့ တကယ်တမ်းကျတော့ ပုန်းဖို့ဆောက်ထားတဲ့ အရာတခုဖြစ်နေပါသတဲ့..

အချစ်ရေးမှာ ကိုယ်လုပ်မိနေတာ ဒါပဲမလား? ပုန်းနေလိုက်တာ

လူဆိုးတွေရန်က ပုန်းနေတာ မဟုတ်ဘူး။ ခံစားချက်တွေကို ကြောက်လို့ ပုန်းရှောင်နေတာ

ကိုယ်က safe ဖြစ်တာကို ရွေးလိုက်တယ်။ အရင်က အပူလောင်ခံခဲ့ရဖူးလို့ ဖြစ်ကောင်းဖြစ်မယ်။ ဒါမှမဟုတ် အချစ်ကြောင့် နာကျင်ကြေမွသွားတဲ့သူတွေကို မြင်ဖူးထားလို့ ဖြစ်မယ်။ ဒါကြောင့် ကိုယ်က "အဆင်ပြေမယ့်လမ်း" ကို ရွေးလိုက်တာ။

တည်ငြိမ်တယ်၊ အေးဆေးတယ်၊ လူကြားလို့လည်း ကောင်းတယ်။ ဟော.. ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ညာထားသေးတယ်။

🐚 "ဒါ ရင့်ကျက်တာပဲ” “ဒါကပဲ healthy ဖြစ်တယ်” ဆိုပြီးတော့လေ။

ဒါပေမဲ့ အခုလိုညဖက်၊ ကိုယ့်စိတ်နဲ့ကိုယ် တသားထဲရှိတဲ့ အချိန်တွေကျရင် ရိုးရိုးသားသား ပြန်မေးကြည့်။ ရင်ထဲမှာ ဟာတာတာကြီး ဖြစ်မနေဘူးလား။ ဝမ်းနည်း ပူဆွေးနေတာတော့လည်း မဟုတ်ဘူး။ ဒါပေမဲ့ ဆားမပါတဲ့ဟင်းလို ဖြစ်နေတာ။ ဘာအရသာမှ မရှိတော့တာ။ နေ့စဉ်ရက်ဆက် ဒီလိုပဲ ပြီးစလွယ် နေလာလိုက်တာ ကိုယ့်အတွက် ရိုးတောင်မှနေပြီ။

တချိန်တုန်းက ကိုယ်သင်ယူခဲ့ရတယ်... “ရူးရူးမူးမူး ချစ်တာက အန္တရာယ်များတယ်၊ ပျက်စီးတတ်တယ်" ဆိုတာကိုပေါ့။ မိဘတွေရဲ့ toxic relationship ကို မြင်ခဲ့ရလို့လား? အသိုင်းအဝိုင်းထဲမှာ ကြားဖူးနားဝရှိလို့လား? ကိုယ်တိုင် ခံစားခဲ့ရလို့လား?

သေချာတာတော့ အဲ့ဒီပေတံကြီးနဲ့ အရာရာကို ဆုံးဖြတ်လိုက်တယ်။ နောက်ထပ် ဘယ်တော့မှ အဲ့ဒီလောက် vulnerable မဖြစ်စေရဘူးပေါ့။ Safety က ကိုယ့်အတွက် နံပါတ်တစ် ဖြစ်သွားရော။ အဲ့ဒီကတည်းက ဒီခရုခွံထဲမှာ ဝင်အောင်းနေခဲ့တော့တာပဲ။

🐚 Safe ဖြစ်တိုင်း ပျော်ရတာ မဟုတ်ဘူး။ ပြဿနာမတက်တိုင်း ငြိမ်းချမ်းတာ မဟုတ်ဘူး။

ကိုယ့်ကိုယ်ကိုယ် ထုံဆေးထိုးထားပြီး ရလာတဲ့ မနာကျင်ခြင်းက ကျန်းမာခြင်းအစစ် မဟုတ်ဘူး။

ကိုယ်က “ပြဿနာမရှိနေတာ"ကို ”အချစ်”လို့ ထင်မှတ်မှားနေတာ ။ အခု ဒီခရုခွံလေးကို ရွေးလိုက်မိတယ် ဆိုကတည်းက၊ ကိုယ့်ကိုယ်ကိုယ် ပြန်မေးရမယ့် မေးခွန်းက ဒါပဲ...

“ငါ တကယ် ပျော်နေတာလား? ဒါမှမဟုတ် နာကျင်မှုမရှိရုံ သက်သက်ပဲလား?”

အဲ့ဒီနှစ်ခုက တခြားစီပဲ၊ သိလား?

"မနာကျင်ရရင် ပြီးရော" ဆိုတာ ဘဝတခုအတွက်၊ အချစ်တခုအတွက် စံနှုန်းနိမ့်လွန်းတယ်။ ဟုတ်တယ်မှလား?

🐚 ဒါကလေ၊ မလိုအပ်ပဲ risk တွေ လျှောက်ယူဖို့၊ ကိုယ့်ဘဝကို ဖျက်ဆီးပစ်ဖို့ ပြောနေတာ မဟုတ်ဘူး။ ဒါပေမဲ့ အခုရထားတဲ့ တည်ငြိမ်မှုအတွက် ကိုယ် ဘာတွေ စတေးလိုက်ရလဲ ပြန်ကြည့်ကြည့်။

ရှင်သန်နေတယ်လို့ မခံစားရတော့ဘူး၊ ကိုယ့်မှာ ကြီးကြီးမားမား စိတ်လှုပ်ရှားစေရတဲ့ desire တွေ မကျန်တော့ဘူး။ တခုခုကို ဆုံးရှုံးရမှာကြောက်လောက်တဲ့အထိ၊ မားမားမတ်မတ် ကာကွယ်ချင်လောက်တဲ့အထိ လိုချင်တပ်မက်တဲ့အရာ မရှိနေတော့ဘူး။

ခရုခွံဆိုတာ အထဲကအကောင်ငယ်လေးကို ကာကွယ်ပေးတာ မှန်ပါတယ်။ ဒါပေမဲ့ မုန်တိုင်းစဲသွားတဲ့အခါမှာ အချိန်တန်ရင် အပြင်ထွက်ရတယ်လေ။ မထွက်ရင် growth က ဆက်ကြီးထွားမလာတော့ဘူး။

အမြဲတမ်း ပုန်းအောင်းနေပြီး အရိပ်အခြေကြည့်နေတဲ့ ကလေးမလေးပဲဖြစ်နေတော့မှာ။

🐚 ကဲ.. ကိုယ်အများကြီး ပိုင်ဆိုင်ဖို့ ထိုက်တန်နေသေးတဲ့အချိန်မှာ

“မကျိုးပဲ့ရုံ တည်ငြိမ်တာလေးလောက်နဲ့ တကယ် settle ဖြစ်နိုင်လို့လား?”

ဟိုး စတော့ပ် 🖐🏻 ခဏလေးရပ်ပါ။တကယ်လို့ အခု pick-a-pile အတွက် မရွေးချယ်ရသေးဘူးဆိုရင် Ellie Page ထဲကို အရင်ဝင်ကြည့်လိုက်ပါ။ ရ...
25/01/2026

ဟိုး စတော့ပ် 🖐🏻 ခဏလေးရပ်ပါ။

တကယ်လို့ အခု pick-a-pile အတွက် မရွေးချယ်ရသေးဘူးဆိုရင် Ellie Page ထဲကို အရင်ဝင်ကြည့်လိုက်ပါ။ ရွေးချယ်ပြီးပြီဆိုရင်တော့ ဖတ်လို့ရပါပြီ။


🌹 ROSE

Okay..

စိတ်ကနေပြီး နှင်းဆီပန်းကို ရွေးမိလိုက်တယ်။ ဒါက ဘာကြောင့်လဲသိလား?

သူက လှတယ်၊ နူးညံ့တယ်။ ဒါပေမဲ့ သေချာပြန်ကြည့်။ ဆူးတွေရှိတယ်နော်။ ကိုယ်မမြင်ချင်ယောင်ဆောင်ပြီး လျစ်လျူရှုထားတဲ့ ဆူးတွေ။

အဲ့ဒါတွေကလေ.. ကိုယ့်စိတ်ရဲ့ မကျေနပ်ချက်တွေ။ မမြင်ဟန်ဆောင်လွန်းလို့ အဲ့ဒီဆူးတွေ ရှိနေမှန်းတောင် ကိုယ်မေ့နေလောက်ပြီ။

Relationship တခုမှာဆိုရင် ကိုယ်ကပဲ အမြဲ adjust လုပ်တယ်။ ကိုယ်ကပဲ အမြဲ compromise လိုက်လုပ်တယ်။ သူများမျက်နှာကြည့်ပြီး ပြဿနာမတက်အောင် နေပေးလိုက်တယ်။ အဲ့တော့ လူတွေက ကိုယ့်ကိုပြောကြတယ် "နင့်ကိုချစ်ရတာ လွယ်တယ်၊ နင့်အနားမှာဆိုရင် နေရတာ လွတ်လပ်ပေါ့ပါးတယ် တဲ့။

နိုး နိုး အဲ့ဒါ ကိုယ့်အတွက် ချီးကျူးတဲ့ စကားကောင်း မဟုတ်ဘူး။ ချစ်ဖို့ကောင်းတဲ့သူ၊ ချစ်ရလွယ်တဲ့သူ ဖြစ်အောင် နေပြရင်းနဲ့ တကယ်တော့ ကိုယ့်ရဲ့ အခွင့်အရေးတွေ၊ ကိုယ်နဲ့ ထိုက်တန်တာတွေကို မသိမသာ ဖျောက်ဖျက်ပစ်နေမိတာ။

🌹 ဒါကလေ အခုမှ ဖြစ်တာမဟုတ်ဘူး။ ဟိုးအရင်ကတည်းက စလာခဲ့တာ။

စိတ်ရဲ့ လိုအင်ဆန္ဒတွေကို ထုတ်ပြောလိုက်ရင် "နင်က သိပ်ကိစ္စများတာပဲ" လို့ အပြောခံရမှာ ကြောက်ခဲ့တာ။ ကိုယ့်မှာ boundaries ရှိရင် လူမုန်းခံရမယ်၊ ပေါင်းရသင်းရခက်တဲ့သူ ဖြစ်မယ်လို့ ထင်နေခဲ့တာ။ ဒါကြောင့် low-maintenance ဖြစ်အောင် နေမိတယ်။ ဒီလိုမှ လူတွေက ကိုယ့်အနားမြဲမယ်၊ ကိုယ့်ကို မပစ်သွားဘူးလို့ မှတ်ယူထားတာမလား?

ဟုတ်တော့လည်း ဟုတ်တယ်၊ လူတွေ ကိုယ့်အနားမှာ မြဲကြပါတယ်။

ဒါပေမဲ့ ဒီတခုကို သတိထားမိလား? အခု ကိုယ်ဘယ်လောက်တောင် ပင်ပန်းနေပြီလဲဆိုတာ။ ဒါ ရိုးရိုးပင်ပန်းတာ မဟုတ်ဘူး။ ပွဲဆက်ကနေရတဲ့ဇာတ်လို နေ့တိုင်း perform လုပ်နေရလို့ ပင်ပန်းတာ။ လူက run နေပေမဲ့ စိတ်မှာ ခြေကုန်လက်ပန်း ကျနေပြီ။

စကားပြောရင်တောင် "ငါပြောတာ များသွားမလား၊ နည်းသွားမလား" ဆိုပြီး ပြန်ဝေခွဲနေရတာ။ အဲ့ဒီလို ဟန်ဆောင်မှုတွေရဲ့ အောက်မှာ မကျေနပ်ချက်တွေ ပုံလာပြီ။ ဒါကို သတိလည်း ထားမိလာပြီ၊ စိတ်က ဝန်မခံရဲသေးတာပဲ ရှိတယ်။ ဟုတ်ရဲ့လား?

စာဖတ်ရင်းနဲ့ကို အခုကိုယ် ဒေါသထွက်လာနေတယ်။ ဟင့်အင်း အဲ့တာ သူတို့ကိုမကျေနပ်တာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် ဒေါသထွက်လာတာ။ အလိုအပ်ဆုံး အချိန်တွေမှာမှ ကိုယ့်ကိုယ်ကိုယ် ပစ်ပယ်ခဲ့မိလို့လေ။ "No" လို့ ပြောချင်ရက်နဲ့ "Yes" လို့ ပြောခဲ့လို့။ အဆင်မပြေပါဘဲနဲ့ "ရပါတယ်" လို့ ပြောခဲ့လို့။ ကိုယ့်ကိုယ်ကိုယ် သေးငယ်အောင် လုပ်လွန်းအားကြီးလို့ အခုဆို ကိုယ်ဘယ်သူလဲဆိုတာတောင် သေချာမသိတော့ဘူး။

🌹 အခုရှိနေတဲ့ အကြီးမားဆုံး အကြောက်တရားက အဲဒါပဲ...

"ငါ့ပုံစံအမှန်အတိုင်း၊ ငါ့စိတ်ကြိုက်အတိုင်း နေလိုက်ရင် သူတို့ ငါ့ကို ထားသွားလိမ့်မယ်" တဲ့။ ထားရင်လည်း ထားသွားပါစေ။

သေချာနားထောင်ပါ။ ကိုယ် လိမ္မာနေမှ၊ အနေအထိုင် အဆင်ပြေမှ၊ သူတို့အတွက် အမြဲအဆင်သင်းဖြစ်နေမှ ချစ်မယ်ဆိုရင် အဲ့ဒါ အချစ်မဟုတ်ဘူး။ အဲ့ဒါ service ပေးနေတာ။ ဆက်ဆံရေးတခု တည်ဆောက်နေတာ မဟုတ်ဘူး။ သူတို့ချစ်တာ ကိုယ့်ကို မဟုတ်ဘူး။ ကိုယ်ပေးတဲ့ "သက်တောင့်သက်သာဖြစ်မှု" ကိုပဲ ချစ်တာ။

အခု ကိုယ့်ကိုယ်ကိုယ် ဒီမေးခွန်း ပြန်မေးပါ။

"အပစ်ခံရမှာ မကြောက်တော့ဘူးဆိုရင် ဒီ relationship မှာ ကိုယ် ဘယ်လိုနေမလဲ?”

အဲ့ဒီတော့မှ ကိုယ့်ရဲ့ ကိုယ်ပိုင်အသံ ရှိလာမယ်။ ကိုယ်ပိုင် ကြိုက်တာမကြိုက်တာတွေ ထင်ရှားလာမယ်။ ငြင်းသင့်တာကို "No" လို့ ပြတ်ပြတ်သားသား ငြင်းရဲလာမယ်။ ဒါက ကိုယ်အစစ်အမှန်ပဲ။ ဒီတော့မှ ကိုယ်နဲ့ထိုက်တန်တဲ့ တန်ဖိုးထားမှုရမယ်။

🌹 နှင်းဆီပန်းမှာ ပွင့်ဖတ်တွေပဲ ရှိတာမဟုတ်ဘူး။ မတ်မတ်ရပ်တည်နိုင်ဖို့ stem ဆိုတဲ့ ရိုးတံလည်း ရှိတယ်။

ကဲပါ.. နူးညံ့မနေနဲ့တော့။ ခါးကိုမတ်လိုက်၊ ခေါင်းကိုမော့လိုက်။

ကိုယ့်ရဲ့ ရိုးတံကို ပြန်ရှာပါတော့။

ဟိုး စတော့ပ် 🖐🏻 ခဏလေးရပ်ပါ။တကယ်လို့ အခု pick-a-pile အတွက် မရွေးချယ်ရသေးဘူးဆိုရင် Ellie Page ထဲကို အရင်ဝင်ကြည့်လိုက်ပါ။ ရ...
25/01/2026

ဟိုး စတော့ပ် 🖐🏻 ခဏလေးရပ်ပါ။

တကယ်လို့ အခု pick-a-pile အတွက် မရွေးချယ်ရသေးဘူးဆိုရင် Ellie Page ထဲကို အရင်ဝင်ကြည့်လိုက်ပါ။ ရွေးချယ်ပြီးပြီဆိုရင်တော့ ဖတ်လို့ရပါပြီ။


🗝️ KEY

စိတ်ကနေ “သော့”ကို ဘာလို့များ ရွေးလိုက်မိလဲသိလား?

သော့ဆိုကတည်းက တခုခုကို ဖွင့်ဖို့လေ။ အချစ်ကို ကိုယ်မြင်ထားတဲ့ပုံစံကလည်း ဒီအတိုင်းပဲ။ သော့ခတ်ထားတဲ့ တံခါးတချပ်ကို မရ ရအောင် ဖွင့်မယ်ဆိုပြီး ဇွတ်တိုးနေတာမျိုးလေ၊ ဟုတ်ရဲ့လား?

စိတ်ထဲမှာ ဒါလေးတခု စွဲနေတယ်။ "ခက်ခဲမှ အချစ်စစ်"လို့ ထင်နေတာ။

လွယ်လွယ်ရရင် တန်ဖိုးမရှိဘူး၊ မယုံရဘူးဆိုပြီး တွေးတယ်။ တကယ်လို့ တဖက်လူက ကိုယ့်ကို အပြည့်အဝ available ဖြစ်နေမယ်၊ ကိုယ့်ကိုပဲ ရွေးချယ်နေမယ်ဆိုရင် နေလို့မရတော့ဘူး။ တခုခု လိုနေသလိုပဲ။ Boring ဖြစ်တယ်လို့ ခံစားရရော။ သံသယတွေ ဝင်လာရော။

ဒါပေမဲ့ မီးစာတဖက် ရေမုတ်တဖက် ဖြစ်နေတဲ့သူမျိုး၊ တချိန်လုံး ခန့်မှန်းလို့မရ၊ ကောင်းလိုက်ဆိုးလိုက် လုပ်နေတဲ့သူမျိုးဆိုရင်ကျ သိပ်သဘောကျတယ်။ မျှော်လင့်ချက်လေး နည်းနည်းပေးလိုက်၊ ပြန်ပျောက်သွားလိုက် လုပ်နေမှ "ဒါ အချစ်ပဲ၊ ဒါမှ real ဖြစ်တာလို့ ထင်နေတာ။

🗝️ ရိုးရိုးသားသား ဝန်ခံကြည့်ရအောင်

ဘယ်အချိန်ကတည်းက ဒီလိုဖြစ်သွားတာလဲ? ငယ်ငယ်ကတည်းက "အချစ်ဆိုတာ ကြိုးစားမှ ရတာ၊ ပေးဆပ်မှ ရတာ" လို့ သင်ယူခဲ့ရတာလား? မိဘတွေ၊ လူကြီးတွေရဲ့ မေတ္တာက inconsistent ဖြစ်ခဲ့တာမျိုး ရှိခဲ့နိုင်တယ်။ ဆုပေးဒဏ်ပေး စနစ်လိုလား? တခါတလေ ကောင်းလိုက်၊ တခါတလေကျ လစ်လျူရှုခံရလိုက်လေ။ ချစ်ရတဲ့သူတွေ စိတ်ချမ်းသာဖို့ ကိုယ်က အကဲခတ်နေရတယ်။ Timing တခုကို လိုက်စောင့်နေရတယ်။

ဒီလိုနဲ့ တဖြည်းဖြည်း၊ ကိုယ်က စောင့်ဆိုင်းရတာရဲ့ expert ဖြစ်လာရော။ Mixed signals တွေကို လိုက်ခန့်မှန်းနေရတာ၊ သူတို့ပေးတဲ့ attention အစအနလေးတွေအပေါ်မှာ မျှော်လင့်ချက်တွေ ပုံအောထားရတာ ကိုယ့်အကျင့်ကြီးဖြစ်နေပြီ။

ဒီ pattern က ကိုယ့်ကို ဘယ်လောက်ထိ ဒုက္ခပေးနေလဲ သိလား? အခုကိုယ်က တမ်းတတာ နဲ့ ချစ်တာနှစ်ခုကို ရောထွေးနေပြီ။ သူ စာမပြန်တဲ့အချိန်၊ ကိုယ်နဲ့ဝေးနေတဲ့အချိန် ခံစားရတဲ့ ရင်ပူတာတွေ၊ ဗျာများတာတွေကို ကိုယ်က “passion"လို့ နာမည်တပ်ထားတယ်။

မလိမ်ပါနဲ့။ အဲ့ဒါ passion မဟုတ်ဘူး။ အဲ့ဒါ anxiety တွေ။ ကိုယ့်ရဲ့ nervous system က ငယ်ငယ်ကတည်းက ရင်းနှီးခဲ့တဲ့ loop ထဲမှာ ပိတ်မိနေတာ။

🗝️ ပြီးတော့ ကိုယ်မကြားချင်လောက်ဆုံး စကားတခွန်း ပြောမယ်

Unavailable ဖြစ်တဲ့သူတွေကို လိုက်နေတာက ကိုယ့်အတွက် အဆင်ပြေနေလို့ပဲ။ ဘာလို့လဲသိလား? သူတို့ကို ရဖို့ လိုက်ကြိုးစားနေရတဲ့အချိန်မှာ ကိုယ့်ဘဝ၊ ကိုယ့်ပြဿနာတွေကို ကိုယ် ရင်ဆိုင်စရာ မလိုတော့ဘူးလေ။

မရေရာခြင်းတွေ ကြားထဲမှာ ကိုယ် ဘာလိုချင်လဲ၊ ကိုယ် ဘာဆက်လုပ်မလဲဆိုတာတွေကို မေ့ထားလို့ရတာပေါ့။ သူတို့ unavailable ဖြစ်နေတာက ကိုယ်ရှေ့မဆက်ဘဲ ဒီအတိုင်း stuck ဖြစ်နေဖို့ အကောင်းဆုံး ဆင်ခြေဖြစ်နေတာ။

အခု ကိုယ့်စိတ်ကို ပြန်မေးရမယ့် တကယ့်မေးခွန်းက "သူ ကိုယ့်ကိုပြန်ချစ်လာအောင် ဘယ်လိုလုပ်ရမလဲ" မဟုတ်ဘူး။
ဒီမေးခွန်းကို ကိုယ့်ကိုယ်ကိုယ် ပြန်မေး

“ဒီလို လိုက်မနေတော့ဘူးဆိုရင်... ကိုယ် ဘာကို ခံစားရမှာ ကြောက်နေတာလဲ"

အဲ့ဒီ အချိန်မှာ ရောက်လာမယ့် တိတ်ဆိတ်မှု၊ ဟာတာတာ ခံစားချက်။ အဲ့ဒါကို ကိုယ်ကြောက်နေတာ။ ကိုယ်က အချစ်ဆီကို ပြေးသွားနေတာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် မတွေ့ရအောင် ထွက်ပြေးနေတာ။

🗝️ တစ်ချိန်ချိန်ကျရင် available ဖြစ်နေတဲ့၊ တည်ငြိမ်တဲ့ ဆက်ဆံရေးမျိုးကို ပျင်းစရာကောင်းတယ်လို့ မမြင်ဘဲ စိတ်လုံခြုံတယ်လို့ ခံစားလာရလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် ကိုယ်ပြောင်းလဲသွားပြီ။

အခု လောလောဆယ်တော့ ဒီ pattern ကြီးကို အရင်မြင်အောင်ကြည့်။ ဒါမှ ဖောက်ထွက်နိုင်မှာ။

ကိုယ်ရွေးလိုက်တဲ့ သော့က တစ်ခုခုကိုတော့ ဖွင့်ပေးချင်နေတာ အမှန်ပဲ။ ဒါပေမဲ့ ကိုယ်ဖွင့်ရမယ့် တံခါးက သူတို့တံခါး မဟုတ်ဘူး။

ကိုယ့်ရဲ့ စိတ်တံခါး 🚪

“အချစ်ရေးမှာ ထပ်ခါတလဲလဲ repeat လုပ်မိနေတဲ့ pattern”ဒါကို သိလိုက်နိုင်ရင် ရှေ့လျှောက် အများကြီး ပိုကောင်းသွားမယ် ✨အခုတခေါ...
25/01/2026

“အချစ်ရေးမှာ ထပ်ခါတလဲလဲ repeat လုပ်မိနေတဲ့ pattern”

ဒါကို သိလိုက်နိုင်ရင် ရှေ့လျှောက် အများကြီး ပိုကောင်းသွားမယ် ✨

အခုတခေါက် sunday special pick-a-pile reading က “ဘာတွေဖြစ်လာမှာလဲ” မဟုတ်ပါဘူး

“အရင်က ဘာတွေဖြစ်နေခဲ့သလဲ” နဲ့ “အခု ဘာတွေဖြစ်နေသလဲ”ပါ

Single ရော RS ရော ရွေးလို့ရပါတယ်။ စိတ်မှာ calling ဖြစ်နေတဲ့ object တခုကိုရွေးပါ။ တခုထပ်ပိုနေလည်း အဆင်ပြေပါတယ်။

ထုံးစံအတိုင်း ကြားဖို့လိုနေတာကို ပြောရမှာရယ်၊ နားဝင်ချိုအောင်ရေးမှာမဟုတ်တော့ အဖြေကတော့ comfortable ဖြစ်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ လိုအပ်နေတဲ့ အဖြေဖြစ်မှာပါ။

ကဲ အသက်ဝဝရှူလိုက်ပါ၊ သေချာလေး အချိန်ယူပြီးရွေးပါ။ စိတ်မှာဘာကို calling ဖြစ်နေပါသလဲ?

🗝️ Key
🌹 Rose
🐚 Shell
🕯️ Candle
🕐 Clock
🔮 Crystal

Ellie ခဏနေရင် အဖြေနဲ့အတူ ပြန်လာခဲ့ပေးပါမယ် 🫶🏻

ဟိုး စတော့ပ် 🖐🏻 ခဏလေးရပ်ပါ။တကယ်လို့ အခု pick-a-pile အတွက် မရွေးချယ်ရသေးဘူးဆိုရင် Ellie Page ထဲကို အရင်ဝင်ကြည့်လိုက်ပါ။ ရ...
18/01/2026

ဟိုး စတော့ပ် 🖐🏻 ခဏလေးရပ်ပါ။

တကယ်လို့ အခု pick-a-pile အတွက် မရွေးချယ်ရသေးဘူးဆိုရင် Ellie Page ထဲကို အရင်ဝင်ကြည့်လိုက်ပါ။ ရွေးချယ်ပြီးပြီဆိုရင်တော့ ဖတ်လို့ရပါပြီ။


✨🗝️🚪 COMPASS (Direction)

ဒီတံခါးရဲ့ အနောက်မှာ ရှိနေတာက "Clarity of Direction" ပါ။

ရှင်းရှင်းပြောရရင် အခု ကိုယ်ရင်ဆိုင်နေရတဲ့ ပြဿနာဆိုတာကြီး ရှိနေရခြင်း အကြောင်းရင်းကိုက ကိုယ်ဘယ်ကို သွားချင်တာလဲ ဆိုတာကို မျက်ခြေပြတ်သွားလို့ပါ။ ရှေ့က အတားအဆီး ဆိုတာကြီးကိုပဲ အာရုံစိုက်လွန်းနေပြီး "နေဦး.. ငါသွားနေတဲ့လမ်းက တကယ်ရောက်ချင်တဲ့နေရာ ဟုတ်ရဲ့လား" ဆိုတာကို မေးခွန်းပြန်ထုတ်ဖို့ မေ့လျော့သွားခဲ့တာ။

ဒီတံခါးက ဘာကိုညွှန်ပြလဲသိလား?

စိတ်ကို ရိုးသားလိုက်တာနဲ့ ပြဿနာက ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်တဲ့။ အဖြေမှန်က ကိုယ်သွားသင့်တယ်လို့ ထင်နေတဲ့နေရာ မဟုတ်ဘူး၊ သူများတွေ ကိုယ့်ကို ရောက်စေချင်တဲ့နေရာ မဟုတ်ဘူး။ ကိုယ့်ရဲ့ Soul က တကယ် တောင်းဆိုနေတဲ့နေရာ။ အဲဒါက ဘယ်ကိုလဲ?

လမ်းဆုံမှာ ရပ်ပြီး ဟိုမရောက် ဒီမရောက် ဖြစ်နေတာ ကြာပြီမှလား? Universe က ကိုယ့်ကို ကူညီချင်ပါတယ်၊ ဒါပေမဲ့ ကိုယ်ကိုယ်တိုင်က ဘယ်သွားချင်မှန်း ဝန်မခံရဲရင် သူက ဘယ်လိုလုပ် ပို့ပေးလို့ ရမှာလဲ?

ကဲ အခု.. မသက်မသာ ဖြစ်ရမယ့် အလုပ်တခုတော့ လုပ်ရလိမ့်မယ်။

ဖြစ်နေတဲ့ ပြဿနာကိုပဲ ထိုင်ရှင်းမနေနဲ့တော့၊ နည်းနည်းလောက် Zoom out လုပ်ကြည့်လိုက်။ ပြီးရင် ကိုယ့်ကိုကိုယ် ပြန်မေး.. "ဒီပြဿနာသာ ရှင်းသွားရင် ငါဘယ်ရောက်သွားမှာလဲ? အဲ့ဒီနေရာကရော ငါတကယ် ရောက်ချင်တဲ့ နေရာဟုတ်ရဲ့လား?" လို့။

တခါတလေကျရင် အကြီးမားဆုံးသော ပြဿနာတွေဆိုတာ Divine redirection ပါပဲ။ ကိုယ်နဲ့ မသင့်တော်တဲ့လမ်းကို ဆက်မလျှောက်မိအောင် တမင် ပိတ်ဆို့ထားတာမျိုး။ ကိုယ်က ဒါကြီးကို အလုပ်မဖြစ်ဖြစ်လာအောင် ပြင်ယူဖို့ ကြိုးစားနေပေမဲ့ တကယ်တမ်း လိုအပ်နေတာက၊ အဲ့ဒီလမ်းကို စွန့်လွှတ်ပြီး နောက်လှည့်ပြန်ရဲတဲ့ သတ္တိ ဖြစ်နေတယ်။

Compass Key ဆိုတာ အဲ့ဒါပါ 🧭

ကိုယ်သွားချင်တဲ့ လမ်းကြောင်း ရှင်းသွားတာနဲ့ အရာရာက ရှင်းသွားလိမ့်မယ်။ ဆုံးဖြတ်ချက်ချရတာ လွယ်သွားမယ်။ အခွင့်အရေးတွေ တန်းစီလာလိမ့်မယ်။ အခု ခေါင်းစားနေတဲ့ ပြဿနာကြီးက အလိုလို ပျောက်သွားမယ်။ ဒါမှမဟုတ်လည်း ကိုယ့်လမ်းကြောင်းနဲ့ ဘာမှမဆိုင်တော့တဲ့ အရာမို့လို့ လွှင့်ပစ်လိုက်ရုံပဲ ဆိုတာ ပေါ်လာလိမ့်မယ်။

ကဲ.. ဘာဆက်လုပ်မလဲ?

ထိုင်ချပြီး ချရေးတော့။ ကိုယ်ဘယ်ကို သွားချင်တာလဲ? ကြောက်စရာကောင်းနေပါစေ၊ သူများတွေ စိတ်ပျက်သွားပါစေ၊ နှစ်တွေအများကြီး လမ်းမှားလျှောက်ခဲ့မိတာကို ဝန်ခံလိုက်ရပါစေ.. စာနဲ့ တလုံးချင်းစီ ရေးချလိုက်ပါ။ ရေးနေရင်းနဲ့ အတွေးမှာ ပေါ်လာလိမ့်မယ်။

ဒီ Clarity က ကိုယ့်ရဲ့အဖြေပဲ။ ဦးတည်ရာအသစ်က ကိုယ့်ရဲ့ လွတ်မြောက်ခွင့်ပဲ။

✨🗝️🚪 HEART (Emotion)

ဒီတံခါးရဲ့ နောက်ကွယ်မှာ ရှိနေတာက "Emotional Honesty" ပါ။

ဒီပြဿနာက ခေါင်းနဲ့ စဉ်းစားလို့ ရှင်းမရဘူး၊ နှလုံးသားနဲ့ပဲ ရှင်းလို့ရမယ့် ကိစ္စ။ Logic တွေ၊ Strategy တွေသုံးပြီး ထွက်ပေါက်ရှာဖို့ ကြိုးစားနေတာတွေ ခဏလောက် ရပ်လိုက်ပါ။ ဒါက နှလုံးသားနဲ့ လမ်းစရှာရမယ့် အချိန်။

ဒီတံခါးပေါက်က ကိုယ့်ကို ဘာပြောလဲသိလား? ကိုယ့်စိတ်ကို မလိမ်ပါနဲ့တော့တဲ့။

တကယ်တော့ အခုပြဿနာက အပြင်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေကြီး မဟုတ်ဘူး။ အဲ့ဒီအပေါ်မှာ ထားတဲ့ ကိုယ့်ခံစားချက်ကို ကိုယ်ပြန်လိမ်နေတာက အဓိက တရားခံပဲ။

"ရပါတယ်၊ ဘာမှမဖြစ်ပါဘူး" ဆိုပြီး ကိုယ့်စိတ်ကို လှည့်စားထားတာ။ တကယ်တမ်းကျတော့ ကိုယ့်ခံစားချက်တွေက ကြီးမားလွန်းနေလို့၊ ရှုပ်ထွေးလွန်းနေလို့၊ ရင်ထဲရှိတာတွေကို ဝန်ခံလိုက်ရင် သူများ အဆင်မပြေဖြစ်မှာစိုးလို့ ဖိနှိပ်ထားမိနေတာ။

ဒါပေမဲ့ ကိုယ့်ရဲ့ နှလုံးသားက အော်ဟစ်နေတာ ကြာပြီ။ ကိုယ်ခံစားနေရတဲ့ ရင်မောတာတွေ၊ ဒေါသထွက်တာတွေ၊ Anxiety တွေ၊ ဝမ်းနည်းတာတွေက အလကား ဖြစ်နေတာ မဟုတ်ဘူး၊ ဒါရဲ့အဖြေကို အော်ဟစ် ပြောပြနေတာ။

ဟန်ဆောင်နေတာတွေ ရပ်လိုက်ပါတော့။ "အဆင်ပြေပါတယ်" ဆိုတဲ့ စကားလုံးအခွံကြီးကို ခွာချလိုက်။ နာကျင်နေရက်နဲ့ နားလည်ပေးနိုင်တဲ့လူကြီး လုပ်မနေနဲ့။ ဒေါသထွက်နေရက်နဲ့ ရင့်ကျက်ချင်ယောင် ဆောင်မနေနဲ့။ ရင်ထဲမှာ ကြေမွနေပြီးတော့ ကျေးဇူးတင်ချင်ယောင် ဆောင်မနေနဲ့။

ကိုယ့်ခံစားချက်တွေက ပြဿနာမဟုတ်ဘူး၊ အဲ့ဒါတွေကို လက်မခံချင်တဲ့ ကိုယ့်အတ္တကသာ ပြဿနာ။ Emotional Honesty ရှိမှ ဒီအခြေအနေကနေ လွတ်မှာ။ Heart Key က ဒီလို အလုပ်လုပ်ပါတယ်။ ကိုယ့်ခံစားချက်ကို ရိုးရိုးသားသား ဝန်ခံလိုက်တာနဲ့ ကိုယ်တကယ် ဘာလိုအပ်နေလဲ ဆိုတာ “လင်းခနဲ” ပေါ်လာလိမ့်မယ်။

အခု ဒေါသထွက်နေလား? ဒါဆို ကိုယ့် Boundaries ကို သူများ ကျော်လာလို့ပဲ။ ဝမ်းနည်းနေလား? အဲ့ဒီအရာကို ကိုယ်တန်ဖိုးထားလို့ပေါ့။ ကြောက်နေတာလား? အဆုံးရှုံးမခံချင်တဲ့ အရာတခုခုကို ထိခိုက်ရမှာ စိုးရိမ်နေလို့လေ။ ခံစားချက်ကို လက်ခံလိုက်ပါ။

အခြေအနေကြီးကိုပဲ လိုက်ပြုပြင်ဖို့ ကြိုးစားမနေနဲ့၊ ကိုယ် အဲ့ဒီအပေါ် ဘယ်လို ခံစားနေရလဲ? ဖြေကြည့်။ အဲ့ဒီ ခံစားချက်က ဘာပြောင်းလဲဖို့ လိုနေတယ်ဆိုတာရဲ့ အဖြေပဲ။ ကိုယ့်နှလုံးသားနဲ့ ကိုယ် ထိုင်စကားပြောပါ။ ကိုယ့်အတွက် comfortable မဖြစ်တဲ့ အမှန်တရားတွေကို ခံစားသက်ဝင် ကြည့်လိုက်ပါ။ အဖြေက အဲ့ဒီထဲကနေ ခုန်ထွက်လာလိမ့်မယ်။

ကိုယ့်နှလုံးသားက အဖြေတွေ အော်ပြောနေတာ ကြာလှပါပြီ.. အခု နားထောင်လိုက်ပါတော့။

✨🗝️🚪 EYE (Intuition)

ဒီတံခါးရဲ့ နောက်ကွယ်က "Inner Knowing" (အတွင်းစိတ်အသိ) ပါ။

ကိုယ်က ဘာဖြစ်လို့ ဒီတံခါးရှေ့ကို ရောက်နေလဲသိလား? အဖြေကို ကိုယ်သိပြီးသားမို့လို့လေ။ မယုံရဲသေးတာပဲ ရှိတာ။
အခု ပြဿနာက ဖြေရှင်းနည်း ပျောက်နေတာ မဟုတ်ဘူး၊ ကိုယ်ရပြီးသား အဖြေကို ခါးခါးသီးသီး ငြင်းဆန်နေမိလို့ တဝဲလည်လည် ဖြစ်နေတာ။

ဒီတံခါးကိုဖွင့်ဖို့ ကိုယ့်ရဲ့ ပင်ကိုယ် Intuition ကို သုံးရပါလိမ့်မယ်။

အခု..၊ ဘာဆက်လုပ်ရမယ်ဆိုတာ ကိုယ် အတိအကျ သိနေတယ်။ ကိုယ့်စိတ်ထဲမှာ အသံတိုးတိုးလေးပေမဲ့ မပျောက်ပျက်သွားတဲ့ အသိတရားတခု ရှိနေတယ်.. အဲ့ဒီက အဖြေလေ၊ ကိုယ်ရှာနေတဲ့ အမှန်တရားပဲ။

ဒါပေမဲ့ ကိုယ့်ကိုကိုယ် မယုံကြည်နေဘူး။ ဒါက ဘာလို့လဲ?.. အဖြေမှန်ဆိုတာ အပြင်ကပဲ လာရမယ်လို့ ထင်နေတာကိုး။ “ကိုယ့်ထက်ပို အတွေ့အကြုံရှိသူတွေ၊ သူများတွေရဲ့ ထောက်ခံချက်တွေ၊ တကူးတက ကိုယ့်ရှေ့လာပြီးတော့ လက်ညှိုးထိုးပြလာမှာတွေ၊ Universe ရဲ့ နိမိတ်တွေ" ဒါတွေဆီကနေ လာမှ အဟုတ်လို့ ကိုယ်ထင်နေတာ။

ဒါကြောင့်ပဲ အချက်အလက်တွေ ထပ်ရှာ၊ လူတွေ လိုက်မေး၊ ကိုယ်သိပြီးသား အဖြေကို သူများပါးစပ်က ထွက်လာမလားဆိုပြီး အတည်ပြုချက်တွေ လိုက်တောင်းနေမိတာပေါ့။ ဒီတံခါးက ကိုယ့်ကို၊ အနက်ရှိုင်းဆုံး အမှန်တရားတခုကို နားလည်စေချင်တာပါ။

ကိုယ့်ရဲ့ Intuition က Logic လို အလုပ်မလုပ်ဘူး။ သူက အထောက်အထားတွေ ပြပြီး လာငြင်းချက်ထုတ်နေမှာ မဟုတ်ဘူး။ အော်ဟစ်ပြီး ကိုယ့်ကို ယုံအောင် ပြောနေမှာ မဟုတ်ဘူး။ သူက ငြိမ်ငြိမ်လေးနဲ့ အကုန်သိနေတယ်၊ ပြီးတော့ ကိုယ်သဘောပေါက်လာမယ့် အချိန်ကို ငြိမ်ငြိမ်လေး စောင့်နေတယ်။

ကိုယ့်ခေါင်းထဲမှာ တိုးတိုးလေး ကြားနေရတဲ့ အသံ၊ ခဏခဏ ဝင်လာတဲ့ အတွေး၊ ကိုယ်ဘယ်လောက်ပဲ မေ့ပစ်ဖို့ ကြိုးစားကြိုးစား ပြန်ပေါ်လာတဲ့ အဖြေ.. အဲ့ဒါတွေက ကျပန်း ဖြစ်နေတာ မဟုတ်ဘူး။ ဒါဟာ ကိုယ့်ရဲ့ Soul က သူ့ဘာသာစကားနဲ့ သူ ပြောနေတာ။ အဲ့ဒီ ဘာသာစကားက ကိုယ်ရှာဖွေနေတဲ့ “အမှန်တရား" ပဲ။

Eye Key က ဒီလို အလုပ်လုပ်ပါတယ်။

ကိုယ့်ရဲ့ Intuition က ဒီပြဿနာကို ဖြေရှင်းပြီးသွားပြီ။ အခု ဒီအချိန်မှာ ဘာလုပ်ရမလဲ ဆိုတာ ကိုယ်သိတယ်။ ကိုယ်လုပ်ချင်တဲ့အရာ ဟုတ်ချင်မှမဟုတ်မယ်၊ လွယ်ကူတဲ့လမ်း ဖြစ်ချင်မှဖြစ်မယ်၊ သူများတွေ ထောက်ခံ သဘောကျမယ့် အရာလည်း မဟုတ်လောက်ဘူး။

အဖြေကို ဟိုးအပြင်မှာ လိုက်ရှာနေတာကို ရပ်ပါ။ ကိုယ်လိုအပ်နေတာက အချက်အလက်တွေ ထပ်ရှာဖို့ မဟုတ်ဘူး၊ အကြံဉာဏ်တွေ ထပ်တောင်းဖို့ မဟုတ်ဘူး။ ငြိမ်ငြိမ်လေး ထိုင်၊ ကိုယ့်ကိုကိုယ် မေးခွန်းပြန်မေး၊ ပြီးရင် ပထမဆုံး ပေါ်လာတဲ့ အဖြေကို နားထောင်လိုက်။ (ဒုတိယမှ ပေါ်လာတဲ့ သံသယတွေ၊ “what if” တွေကို မယူနဲ့၊ ပထမဆုံး အဖြေကိုပဲ ယူ)။

အဲ့ဒါ ကိုယ့်ရဲ့ Intuition ။ အဲ့ဒါ ကိုယ့်ရဲ့ သော့ပဲ။ ကိုယ့်ကိုကိုယ် ယုံလိုက်ပါ။ ကိုယ်သိပြီးသားပါ။ ဒါဆိုရင် မေးစရာ မေးခွန်းတခုပဲ ကျန်ပါတော့တယ်.. "အဲ့ဒီအတိုင်း လုပ်ရဲတဲ့ သတ္တိ ကိုယ့်မှာ ရှိပြီလား?"

✨🗝️🚪 BRAIN (Logic)

ဒီတံခါးရဲ့ နောက်ကွယ်က "Practical Clarity" ပါ။

အခု ကိုယ့်ရဲ့ပြဿနာက စိတ်ထင်နေသလို ရှုပ်ထွေးတဲ့အရာ မဟုတ်ဘူးတဲ့။ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေ၊ ကိုယ်ဖန်တီးထားတဲ့ ဇာတ်လမ်းတွေ၊ စိတ်ကနေ ရှောင်လွှဲချင်တာတွေနဲ့ ရောမွှေထားမိလို့သာ ရှုပ်ထွေးတယ်လို့ ထင်နေရတာ။ ရှာနေတဲ့အဖြေက မှော်လည်းမဆန်ဘူး၊ ဝှက်ထားတဲ့အရာလည်း မဟုတ်ဘူး။

အရှေ့တည့်တည့်ကြီးမှာ ရှိနေတဲ့ လက်တွေ့ကျကျ လုပ်ရမယ့် (မလုပ်ချင်ဆုံး) အလုပ်တခုပဲ ဖြစ်နေလိမ့်မယ်။ ဒီသော့က မလိုတာတွေ အကုန်ဖယ်ထုတ်ပြီး "ဘာလုပ်ရမယ်" ဆိုတာကို ရှင်းရှင်းလင်းလင်း နေပါတယ်။

အခု ပြဿနာကို ခက်ခဲရှုပ်ထွေးနေတယ်လို့ ကိုယ်ထင်နေတာ.. တကယ်တော့ "Simple" ဖြစ်ပါတယ်။ ဒါပေမဲ့ "Simple" ဖြစ်တာနဲ့ "Easy" ဖြစ်တာနဲ့ မတူဘူးနော်။ အဲ့ဒါကို သွားမရောဖို့လိုတယ်။

Logic အရ ဘာလုပ်သင့်လဲဆိုတာ ကိုယ်သိပြီးသား။ ခက်ခဲတဲ့ အလုပ်မို့လို့၊ မျက်နှာပူစရာ စကားမို့လို့၊ လက်မလွှတ်ချင်တဲ့ အမှန်တရားမို့လို့သာ ကိုယ်က ဝေ့လည်ကြောင်ပတ် လုပ်နေတာ။ လုပ်ရမယ့်အလုပ်ကို မလုပ်ချင်လို့ ဆင်ခြေအလွှာပေါင်းစုံ အုပ်ပြီး ဖုံးထားတာတဲ့။ ဒီလိုပြောနေတယ်.. ဟုတ်ရဲ့လား?

ကဲ.. အပေါ်ယံတွေ အကုန် ခွာချလိုက်။ Emotion တွေ ခဏဖယ်၊ “what if” တွေ ဖယ်၊ သူများတွေ ဘာပြောမလဲဆိုတာ ဖယ်၊ ဖြစ်ချင်တဲ့ စိတ်ကူးယဉ် အိပ်မက်တွေ ဖယ်။

"အမှန်တရား"ကိုပဲ ကြည့်။

အခု ကိုယ်ထိန်းချုပ်လို့ ရတာ ဘာရှိလဲ? ကိုယ် အရှောင်ပြေးနေဆုံး အရာက ဘာလဲ? ကိုယ့်သူငယ်ချင်းသာ ဒီပြဿနာနဲ့ ကိုယ့်ဆီ လာတိုင်ပင်ရင် ကိုယ်ဘာပြန်ပြောမလဲ? အဲ့ဒီ အဖြေ.. ကိုယ်သိနေရက်နဲ့ ကွေ့ဝိုက်နေတဲ့ အဲ့ဒီ Logical ဖြစ်တဲ့ အဖြေက.. ကိုယ့်အတွက် အဖြေပါ။

Brain Key ဆိုတာ အဲ့ဒါပါပဲ။

Pragmatic ဖြစ်ဖို့ ခွင့်ပြုလိုက်ပါ။ အခုကိစ္စက ရက်စက်ရာ ကျလောက်အောင် ရိုးသားမှ ရမှာ။ ကိုယ့်ပြဿနာရဲ့ အဖြေက ရှင်းရှင်းလေး.. လိုအပ်တဲ့စကားကို ပြောလိုက်ဖို့၊ Boundary စည်းတားလိုက်ဖို့၊ ရွေးချယ်စရာ တခုကို ပြတ်ပြတ်သားသား ရွေးလိုက်ဖို့၊ အလုပ်မဖြစ်တော့တဲ့ အရာကို လက်လွှတ်လိုက်ဖို့.. ဒါတွေထဲက တခုခုပဲ။

စာရင်းတခု လုပ်ကြည့်လိုက်။ အချက်အလက်တွေ ချရေး။ ကိုယ်ထိန်းချုပ်လို့ ရတာတွေ ရေး။ ကိုယ် ရှောင်ပြေးနေတဲ့ ကိစ္စကို ရေး။ ဘယ်သူ့မျက်နှာမှ ကြည့်စရာမလိုရင်၊ ဘာကိုမှ မကြောက်ရင် ကိုယ်ဘာလုပ်မလဲ.. အဲ့ဒါကို ရေး။

အဲ့ဒီစာရင်းကို ပြန်ချိန်ဆကြည့်။ အဲ့ဒါ အဖြေပါ။ အဖြေက အစကတည်းက ရိုးရိုးလေးပါ၊ ကိုယ်က မလုပ်ရဲလို့ တကူးတက ရှုပ်ထွေးအောင် လုပ်နေခဲ့တာ။

✨🗝️🚪 SCALE (Balance)

ဒီတံခါးရဲ့ နောက်ကွယ်က သော့ကတော့ "Integration" ပါ။

ဒီ choice ကို ဘာလို့ရလဲ သိလား? ကိုယ်က ရွေးစရာ နှစ်ခုကြားမှာ ဗျာများနေတာမို့လေ။ တခုရဖို့ တခုစွန့်ရမယ်၊ ဟိုဖက်ပါရင် ဒီဖက်နာမယ် ဆိုပြီး တွေးနေတာကိုး။ တကယ်တမ်း အဖြေက တဖက်ဖက်ကို ရွေးရမှာ မဟုတ်ဘူး၊ နှစ်ဖက်လုံးကို မျှယူရမယ့် တတိယမြောက်လမ်း ကို ရှာတွေ့ဖို့ပဲ။

ဒီသော့က ဘာပြောသလဲဆိုတော့.. အခု စိတ်မှာ “ဒီဟာမဟုတ်ရင် ဟိုဟာ"ဆိုပြီး ရွေးချယ်စရာ နှစ်ခုပဲ ရှိတယ်လို့ ကိုယ့်စိတ်ကို အတင်းအကျပ် ပိတ်လှောင်ထားမိနေတယ်။

ကိုယ့် Soul က ဒီရွေးချယ်မှုကို ခါးခါးသီးသီး ငြင်းဆန်နေတာက တခြားနည်းလမ်း ရှိတယ်ဆိုတာ သိနေလို့ပါ။ မဖြစ်နိုင်တာကြီးကို အတင်းရွေးခိုင်းနေလို့သာ ကိုယ် Stuck ဖြစ်နေတာ။ တကယ်လိုအပ်နေတာက နှစ်ခုလုံးကို လက်ခံနိုင်မယ့် လမ်းကြောင်းသစ်တခု။

အစွန်းတခုကိုပဲ တွေးနေတာတွေ ရပ်လိုက်တော့။ ဘာအတွက် ဗျာများနေလဲ? စိတ်လုံခြုံမှုနဲ့ လွတ်လပ်မှုလား? တာဝန်နဲ့ ဆန္ဒတွေလား? Logic နဲ့ Emotion လား? ကိုယ့်အပျော်နဲ့ သူများအလိုလား?

“တပြိုင်နက်ထဲမှာ နှစ်ခုလုံး လိုချင်လို့ မရဘူး" တဲ့။ အခုကိစ္စရဲ့အဖြေမှာ အဲ့ဒီလို မဟုတ်နေဘူး ဆိုရင်ရော? တဖက်ကို ဖြတ်တောက် ပစ်လိုက်စရာမလိုပဲ၊ နှစ်ခုလုံးကို တခြားပုံစံတမျိုးနဲ့ ရအောင်ယူလို့ရတဲ့ နည်းလမ်းရှိရင်ရော?

Scale Key က ဒီလို အလုပ်လုပ်ပါတယ်။

ရိုးသားဖို့ လိုမယ်။ ကိုယ်ရွေးဖို့ တွန့်ဆုတ်နေတဲ့ အရာနှစ်ခုမှာ၊ တဖက်စီကနေ ကိုယ်တကယ် ဘာလိုအပ်နေတာလဲ? ဘာပေးဆပ်ရမလဲ? ချရေးလိုက်ပါ။ ပြီးရင် အဲ့တာတွေကို ချိန်ခွင်ပေါ်တင်ပြီး ပြန်ချိန်ကြည့်။ တဖက်ကို စွန့်လွှတ်စရာမလိုပဲ လိုချင်တာရမယ့် နည်းလမ်း ရှိမလား?

"Third Option" ဆိုတာ ရှိမလား? တပြိုင်နက်တည်း မဟုတ်တောင် တလှည့်စီ သွားလို့ရမလား? ပုံစံပြောင်းပြီး ယူလို့ရမလား?

ကိုယ့်အတွက် အဖြေက တခုကို Sacrifice လုပ်လိုက်စရာ မလိုနေဘူး၊ Creative ဖြစ်ဖြစ် ဖန်တီးပြောင်းလဲနိုင်စွမ်းတခု လိုနေတာ။ လက်တွေ့ဆန်တာနဲ့ ကိုယ်ဖြစ်ချင်တဲ့ အနာဂတ်ကြားမှာ ရွေးစရာမလိုဘူး။ နှစ်ခုလုံး ယှဉ်တွဲယူလို့ ရနေပါတယ်။

အလယ်အလတ် Middle Path ကို ရှာပါ။ Third Way ကို ရှာပါ။ အဲ့ဒါ ကိုယ့်ရဲ့ သော့ပါပဲ။

✨🗝️🚪 HOURGLASS (Timing)

ဒီတံခါးရဲ့ နောက်ကွယ်ကတော့ "Divine Timing" ပါ။

အခု ကိုယ့်ရဲ့ပြဿနာကို ဇွတ်တရွတ် ဖြေရှင်းလို့ မရနိုင်ပါဘူး။ Strategy တွေ၊ Willpower တွေ ဘယ်လောက်သုံးသုံး အလကားပဲ။ အဖြေက ရှိတယ်၊ လာလည်း လာနေပြီ။ ဒါပေမဲ့ ကိုယ် မပေးချင်ဆုံး အရာတခုကို တောင်းဆိုနေတယ်။ အဲ့ဒါက "အချိန်" ပဲ။

ဒီသော့က ဘာကိုသင်ပေးသလဲဆိုတော့.. တခါတလေကျရင် “သည်းခံစောင့်ဆိုင်းခြင်း”က အဖြေတခု ဖြစ်နေတတ်တယ် ဆိုတာပါ။

အခုကိုယ်က အဖြေထွက်ဖို့ အချိန်မတန်သေးတဲ့ ပုစ္ဆာတပုဒ်ကို အတင်း ထိုင်တွက်နေမိတာကိုး။ ကိုယ့်ဘက်က မှားနေလို့ မဟုတ်ဘူး၊ ကိုယ်မတော်လို့ မဟုတ်ဘူး၊ မကြိုးစားလို့လည်း မဟုတ်ဘူး။ တချို့အရာတွေက အခြေအနေပေးမှ၊ အချိန်ကိုက်မှ၊ ကိုယ့်ရဲ့စိတ်က အဆင်သင့်ဖြစ်မှ အဖြေထွက်လာတာမျိုး။

ရာသီဥတု မကောင်းတဲ့အချိန်မှာ သီးပင်စိုက်ဖို့ ကြိုးစားနေသလို ဖြစ်နေတော့ ပင်ပန်းရတာပေါ့။ အရာရာက Stuck ဖြစ်နေတယ်လို့ ခံစားရနေတာ ဒါကြောင့်ပါ။

လောကရဲ့ လက်ခံရခက်ဆုံး အမှန်တရားတခုကို ပြောပြပါမယ်။ Timing ကို ကိုယ် Control လုပ်လို့ မရဘူး။ ကိုယ့်လုပ်ရပ်၊ ကိုယ့်ရဲ့ရွေးချယ်မှု၊ ကိုယ်ဒီအပေါ်ကို ဘယ်လိုတုံ့ပြန်မယ် ဆိုတာတွေကိုသာ ထိန်းချုပ်လို့ရတာ။ အချိန်အခါဆိုတာက “စိတ်ရှည်ရုံကလွဲပြီး” ခုန်ခူးလို့ လက်လှမ်းမမှီနိုင်တဲ့ အရာပါ။

ဒီပြဿနာက ကိုယ့်ကို Surrender လုပ်တတ်ဖို့၊ စိတ်ရှည်ဖို့နဲ့ ယုံကြည်တတ်ဖို့ သင်ပေးနေတယ်။ သူက ကိုယ့်ကို ဒုက္ခပေးချင်လို့ အဖြေမပေးပဲ နေတာမဟုတ်ဘူး။ ကိုယ် တကယ် အဆင်သင့် မဖြစ်သေးခင်၊ အရာရာ နေရာတကျ မရှိသေးခင် ဇွတ်လုပ်မိပြီး မှားသွားမှာစိုးလို့ ကာကွယ်ပေးနေတာ။

Hourglass Key က ဒီလို အလုပ်လုပ်ပါတယ်။

"အဖြေရှာမယ်" ဆိုတာကို ခဏရပ်ပြီး "ပြင်ဆင်မယ်" ဆိုတဲ့ဖက်ကို လှည့်လိုက်ပါ။ အဖြေက မလာသေးဘူးဆိုရင်၊ စောင့်နေတဲ့အချိန်မှာ ကိုယ်ဘာလုပ်မလဲ? ဒီအချိန်ကို ဘယ်လို အသုံးချမလဲ? စောင့်နေခဲ့တာကြီး ရောက်လာတဲ့အခါ နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်ဖို့ ကိုယ့်ဘက်က ဘာတွေ ကုစားထားဖို့ လိုမလဲ? ဘာတွေ ကြီးထွားဖို့ လိုမလဲ? ဒီ "စောင့်ဆိုင်းခြင်း" က ကိုယ့်ကို ဘာသင်ခန်းစာ ပေးနေသလဲ?

ကိုယ့်ရဲ့ အဖြေက ဒီမှာရှိပါတယ်။ "အခုချက်ချင်း ရမှ သိမှဖြစ်မယ်" ဆိုတာတွေ မလုပ်ပါနဲ့တော့။

ဒီနေ့အတွက် ကိုယ်လုပ်နိုင်တာလေး ရှိတယ်မှလား? အဲ့ဒီ သေးသေးမွှားမွှားလေးကိုပဲ အကောင်းဆုံး လုပ်လိုက်။ မျိုးစေ့လေး ချထားလိုက်။ ကိုယ်လက်ခံနိုင်တဲ့ အချိန်၊ အရာအားလုံး အံဝင်ခွင်ကျ ဖြစ်မယ့်အချိန်ကျရင် အဖြေက သူ့အလိုလို ရောက်လာလိမ့်မယ်လို့ ယုံကြည်ထားလိုက်ပါ။

ဒီတံခါးကို ရွေးမိတယ်ဆိုကတည်းက တကယ့်အကောင်းဆုံး timing တခုကျရင် ကိုယ့်အတွက် စီစဥ်ထားတဲ့ (စောင့်ရကျိုးနပ်စေမယ့်) အကောင်းဆုံးသောအရာတွေ ရှိပြီးသားမို့ပါ။

တချို့တံခါးတွေက တွန်းဖွင့်လို့ မရဘူး။ ကိုယ်က လျှောက်လှမ်းဖို့ အဆင်သင့်ဖြစ်တဲ့ အချိန်ကျမှ သူ့အလိုလို ပွင့်လာတာမျိုး။ တကယ်အချိန်ကိုက်မှာ၊ မျှော်နေတဲ့အရာ ဖြစ်လာပါလိမ့်မယ်။

ငုတ်တုတ်ထိုင် စောင့်မနေပဲနဲ့၊ Active ဖြစ်တဲ့ စောင့်ဆိုင်းနည်းနဲ့ စောင့်နေဖို့က ကိုယ့်ရဲ့ တာဝန်ဖြစ်ပါတယ်။

ที่อยู่

Chiang Mai

เวลาทำการ

จันทร์ 09:00 - 21:00
อังคาร 09:00 - 21:00
พุธ 09:00 - 21:00
พฤหัสบดี 09:00 - 21:00
ศุกร์ 09:00 - 21:00
เสาร์ 09:00 - 21:00
อาทิตย์ 09:00 - 21:00

เบอร์โทรศัพท์

+959770717893

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ELLIEผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ การปฏิบัติ

ส่งข้อความของคุณถึง ELLIE:

แชร์

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram