Dr Myo Ko Ko Health is Wealth ❤

ဘုန်းဘုန်းကြီးက မနေ့ကပဲ ပျံလွန်တော်မူပါတယ်မဆုံးခင်တောက်လျှောက် ဆေးရုံကိစ္စတွေလဲ ကျနော်တို့ပဲ လမ်းညွှန်စီစဉ်အစပိုင်းတော့ဆ...
25/10/2025

ဘုန်းဘုန်းကြီးက မနေ့ကပဲ ပျံလွန်တော်မူပါတယ်

မဆုံးခင်တောက်လျှောက် ဆေးရုံကိစ္စတွေလဲ ကျနော်တို့ပဲ လမ်းညွှန်စီစဉ်

အစပိုင်းတော့

ဆေးခန်းမှာကြည့်

နောက်ကျ

ကျောင်းကို…လိုက်ကြည့်ပေး

ဆေးရုံကညွှန်ကြားတာတွေလဲ အကုန်စီစဉ်ပေး

ကျောင်းမှာတင်ဆေးရုံ နီးပါး အကုန် ရအောင်လုပ်ကိုင်ပေး

ကွယ်လွန်ချိန်ထိ သေဆုံးကြောင်းပါရေးပေးခဲ့ရတဲ့လူနာ

ဘုန်းဘုန်းတို့မောင်နှမတွေအကုန်လုံးက သာသနာ့ အသိုင်းအဝိုင်းပဲ

နူးညံ့တယ် စိတ်သဘောကောင်းတယ်

တကယ်ကိုသဘောကျလေးစားရတဲ့ အသိုင်းအဝိုင်းပဲ

ဘုန်းဘုန်းဟာ သူ့မှာ ကွမ်းလဲမစား ဘာမှလဲ မလုပ်ပါပဲ ပါးစပ်ကင်ဆာ ဖြစ်ရတာပေါ့

တခါတလေလဲ ရောဂါတွေက မတရားဘူး ခံစားရပါတယ်

😿

မိသားစုဆရာဝန်တယောက်ရဲ့ တာဝန်တွေကို အပြည့် လုပ်ဆောင်ပေးခွင့်ရခဲ့တယ်လို့ ခံစားရတဲ့ လူနာပါပဲ

ဆရာဝန်အလုပ်ကို နှလုံးသားနဲ့လုပ်ပါတယ်

(Ps အိမ်ပင့်သွားကြည့်ရင် ဒီလိုပဲ လူနာက သက်တောင့်သက်သာ နေရာမှာနေ ကိုကလဲ အဆင်ပြေတဲ့နေရာယူပြီးကြည့်ရပါတယ်)

❤️

DR MKK

နောက်ကျ ဆေးခန်း Page မှာပဲ စာတွေရေးဖြစ်မှာမို့ Follow လုပ်ထားပါအုံး

Link👇🏾👇🏾👇🏾

https://www.facebook.com/share/16R3fSb8ZG/?mibextid=wwXIfr

❤️Honest Review ❤️Theo ကြီး ကို အသက်တနှစ်မှာ Brain training school စထားတယ်(တပတ်တရက် တရက် တနာရီ)English အသံလေးတေနဲ့နီးစပ်...
10/10/2025

❤️Honest Review ❤️

Theo ကြီး ကို အသက်တနှစ်မှာ Brain training school စထားတယ်(တပတ်တရက် တရက် တနာရီ)

English အသံလေးတေနဲ့နီးစပ်စေချင်လို့English Language school စထားတယ်

သူလဲတပတ်တရက် တစ်ရက် တနာရီ

So တပတ် ၂နာရီ သူ့ကိုကျောင်းပို့တယ်

မေမေနဲ့အတူတူတက်ရတာ ❤️❤️

၂နှစ်ခွဲကျ Nursery ပို့ရမလား

၃နှစ်ကျော်မှ ကျောင်းကြီးတခါထဲရွေးပြီး မူကြို ထားရမလား

အတွေးတွေလဲများ ကျောင်းတွေလဲ Visit သွား

ကျောင်းတော်တော်များများ သွားပြီးတဲ့နောက်မှာတော့

တနေကုန် ကျောင်းမပို့ချင်ပဲ တရက် ၂/၃ နာရီလောက်ပဲ ပို့ချင်တဲ့မိဘဆန္ဒရယ်✅

ကျောင်းမှာ ထိုင်သင်ရတာ လုံးဝလုံးဝမကြိုက်ဘူးဆိုတဲ့ Theo ရယ်🤣🤣

ကလေးတွေကို စာတွေမသင်ဘူး Mentally အရပဲ အဓိက လေ့ကျင့်ပေးမှာ ဆိုတဲ့ အရမ်းသဘောကျရတဲ့ ဆရာမကြီးရဲ့ Method တွေရယ်❤️❤️

တထပ်ထဲကျ သွားတဲ့ ကျောင်းလေးကို ကျနော်တို့ တွေ့ခဲ့တယ်❤️❤️

ဆရာမနဲ့ First time တွေ့ပြီးထဲက

ဒါက ငါ့သားတက်ရမဲ့ကျောင်းပဲလို့ ခံစားရတာ❤️

အိမ်နဲ့လဲ နီးတယ်✅

လစာကလဲ တကယ် Fair တယ် တလ ၃သိန်းတောင်မပြည့်ဘူး

၂နှစ်ခွဲ ကလေးအတွက်လဲ တပတ်၂ရက် တရက် ၂နာရီခွဲ

အဖေအမေနဲ့လဲ နေဖို့အချိန်ရတယ်

ကျောင်းနာမည်လေးကတော့ ❤️Little Cocoon❤️
ပါရမီ ချော်တွင်းကုန်း အနီးမှာပါ

အရမ်းမိသားစုဆန်

ကလေးကိုလဲ Limit နဲ့ပဲ လက်ခံ

အရမ်း Care ကောင်း

သားသားလဲ တအားတိုးတက်တယ်ခံစားရလို့ Sharing လုပ်ပေးခြင်းပါ

Sponsored နဲ့မဟုတ်ပဲ တကယ့်ကို ရင်ထဲက Review ပေးမိတာ

ကျောင်းလေးကို ချစ်လွန်းလို့ ❤️

ခုဆို Theo ကြီးက တီချယ်တို့ကျောင်း တခုပဲတက်တော့တယ်

ကျန်တဲ့ကျောင်းတေအကုန်နှုတ်တယ်

ပင်ပန်းမှာစိုးလို့❤️

✅ကျောင်းရဲ့ Page ✅

https://www.facebook.com/share/1ChgomGPwf/?mibextid=wwXIfr

အလုပ်တွေ မနိုင်မနင်း မလုပ်နဲ့✅လိုချင်တာတွေလျှော့✅လူတန်းစေ့နေနိုင်ထားနိုင်ဖို့တော့ကြိုးစား✅ကိုယ့်လောဘကိုတော့ ကိုယ့်ဖာသာ ရ...
01/10/2025

အလုပ်တွေ မနိုင်မနင်း မလုပ်နဲ့✅

လိုချင်တာတွေလျှော့✅

လူတန်းစေ့နေနိုင်ထားနိုင်ဖို့တော့ကြိုးစား✅

ကိုယ့်လောဘကိုတော့ ကိုယ့်ဖာသာ ရအောင်သတ်

ဘယ်လောက်လုပ်လုပ် ခင်ဗျား ဒီဘဝမှာ ခရိုနီတော့မဖြစ်တော့ဘူး

ပိုပြီးအလုပ်တွေလုပ် စီးပွါးရေးတွေလုပ်ရင်

ပိုပြီးတိုးတက်လာနိုင်သလို ပိုပြီးလဲဆုတ်ယုတ်သွားနိုင်တယ်

မိသားစု ရဲ့ပျော်ရွှင်မှုတွေ

ကလေးတယောက်ရဲ့ ကိုယ်နဲ့အတူပျော်ရွှင်ရမှုတွေ

ဒါတွေကတော့ ခရိုနီနဲ့လဲ ခင်ဗျား ယှဉ်လို့ရသလို

ပါမောက္ခတွေနဲ့လဲ ယှဉ်လို့ရတယ်

ငိုရင်တောင် Land Cruiser ပေါ်မှာငိုတာက ပိုသက်တောင့်သက်သာရှိတာမှန်ပေမဲ့

အမှိုက်တွန်းလှည်းကို အဖေနဲ့အတူတွန်းပြီး ရယ်နေတဲ့ ကလေးတယောက်ရဲ့ ရယ်သံက

land ပေါ်က Driver နောက်ကနေ လိုက်စီးနေရတဲ့ ကလေးရဲ့ အထီးကျန်ဆန်မှုထက် ပိုချိုပါတယိ

ကျနော်တို့ အလုပ်လဲ ကြိုးစားကြရမယ်

ကလေးတွေရဲ့ အရွယ်တိုင်းမှာလဲ ကိုက ပါဝင်ပတ်သတ် နေကြရမယ်

❤️

ငါးကန် ပိုး ဝင်တော့ ဒီနေ့ရေကျော် ဘက်ရောက်တယ်ရေကျော် မြောင်းကြီးလမ်းရောက်တော့ ကိုယ့် ငယ်ဘဝ ဘော်ဒါကိုသတိရတာပါပဲအလယ်တန်းတက်...
29/09/2025

ငါးကန် ပိုး ဝင်တော့ ဒီနေ့ရေကျော် ဘက်ရောက်တယ်

ရေကျော် မြောင်းကြီးလမ်းရောက်တော့ ကိုယ့် ငယ်ဘဝ ဘော်ဒါကိုသတိရတာပါပဲ

အလယ်တန်းတက်ခဲ့တဲ့ကျောင်းက ဗိုလ်တထောင်ကဆိုတော့ ရေကျော်ထဲက ဘောစိတွေလဲ ကိုတေကျောင်းမှာတက်တာပေါ့

ကို့ကောင်ကတော့ကိုယ် တေအတန်းထဲမှာ အစိဆုံး

ကျောင်းလာရင် Giordano ဖိနပ် Giordano အိတ်နဲ့🙄

အဲ့ခေတ်မှာကို သူ့ ခေါင်းလိမ်းဆီကပြောင်ပြီး မွှေးကြိုင်နေတာ

သူ့အိမ်တိုက်ခန်းသွားလည်တော့လဲ မိုက်တယ်ပေါ့

ယောကျာ်းလေး ငယ်ငယ်ဆိုတော့လဲ အားကျတာတော့မရှိခဲ့ပါဘူး

တက္ကသိုလ်ရောက်မှ aww အဲ့တုန်းက ဒီကောင်ဝတ်ခဲ့တာ ဒါတွေကိုးဆိုပြီး သိရတာ

ဒီကောင့်ကြောင့် တတန်းလုံး က ယောကျာ်းလေးတွေလဲ ရုံးခန်းရောက်ဖူးတယ်

မြောင်းကြီးလမ်းထဲက လူဆိုးဆိုတဲ့ကောင်တေနဲ့လဲ ရန်ဖြစ်ဖူးတယ်

မေဘေး 🤣

Slow morning လိုချင်ရင်ညစောစောအိပ်မနက်စောစောထလမ်းလေးလျှောက်သီချင်းနားထောင်❤️❤️အလုပ်ကို ပုံမှန်ထက်စောလဲသွားနိုင်တယ်✅လမ်းမ...
26/09/2025

Slow morning လိုချင်ရင်

ညစောစောအိပ်

မနက်စောစောထ

လမ်းလေးလျှောက်

သီချင်းနားထောင်❤️❤️

အလုပ်ကို ပုံမှန်ထက်စောလဲသွားနိုင်တယ်✅

လမ်းမှာလဲအေးဆေးဖြစ်တယ်✅

စ်ိတ်အေးချမ်းသာ ဖြစ်တယ်✅

မနက်စောမထပဲ Rush ဖြစ်ရ စိတ်မောရတာတွေညည်းနေမဲ့အစား

ဒီလိုလေး လုပ်ကြည့် ❤️

အာသာတစ်ခါတုန်းက အာသာဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ ရွာတစ်ရွာမှာနေထိုင်ခဲ့တယ်။ သူ့အတန်းဖော်တွေက သူ့ကို ဘယ်သူမှမကြိုက်ကြဘူး။ ဘာ...
23/09/2025

အာသာ

တစ်ခါတုန်းက အာသာဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ ရွာတစ်ရွာမှာနေထိုင်ခဲ့တယ်။ သူ့အတန်းဖော်တွေက သူ့ကို ဘယ်သူမှမကြိုက်ကြဘူး။ ဘာလို့လဲဆိုတော့ သူက ခပ်တုံးတုံး၊ ခပ်အအလို့ ထင်နေကြလို့ပဲ။ အထူးသဖြင့် သူ့ဆရာမက အမြဲတမ်း သူ့ကို အော်နေကျ-
"မင်း ငါ့ကို စိတ်အနှောင့်အယှက်ပေးနေတယ် အာသာ။မင်းက ဘာမှဥာဏ်မမီတဲ့ကောင်”

တစ်နေ့မှာ အာသာရဲ့အမေက သားဖြစ်သူရဲ့ တိုးတက်မှုအခြေအနေကို လာကြည့်ဖို့ ကျောင်းကို ရောက်လာခဲ့တယ်။ ဆရာမက သူ့သားဟာ ဘာမှမတတ်တဲ့အပြင်၊ အမြဲတမ်းအမှတ်နည်းနည်းပဲရတဲ့သူ၊ ဆိုးသွမ်းတဲ့သူနဲ့ သူမ သင်ဖူးသမျှထဲမှာ အယုတ်မာဆုံးကောင်လေးဖြစ်တယ်လို့ တည့်တည့်ပဲ ပြောပြလိုက်တယ်။
အမေဖြစ်သူလည်း အံ့အားသင့်သွားပြီး အာသာကို ကျောင်းကထုတ်လိုက်ရုံသာမက တခြားမြို့ကိုပါ ပြောင်းရွှေ့ခဲ့တယ်။
၂၅ နှစ်ကြာပြီးတဲ့နောက် အဲဒီ့ဆရာမမှာ ကုသလို့မရတဲ့ နှလုံးရောဂါဖြစ်နေပြီလို့ ဆရာဝန်တွေက ပြောကြတယ်။ ခွဲစိတ်ဆရာဝန်တစ်ဦးတည်းသာ အသက်ကယ်ခွဲစိတ်မှု လုပ်နိုင်မယ်လို့ ဆိုတယ်။ တခြားရွေးချယ်စရာမရှိတဲ့အတွက် သူမလည်း ခွဲစိတ်ဖို့ သဘောတူလိုက်တယ်။
ခွဲစိတ်မှုက အောင်မြင်ခဲ့ပါတယ်။ သူမ မျက်လုံးဖွင့်လိုက်တော့ ခန့်ညားတဲ့ဆရာဝန်တစ်ဦး သူမကို ငုံ့ကြည့်ပြီး ပြုံးနေတာကို မြင်လိုက်ရတယ်။

သူမ ကျေးဇူးတင်စကားပြောဖို့ ကြိုးစားပေမယ့် စကားမပြောနိုင်ဘူး။ သူမရဲ့မျက်နှာက ပြာနှမ်းလာပြီး တစ်ခုခုကို အချက်ပြဖို့ လက်ကိုမြှောက်လိုက်တယ်၊ အဲဒီနောက် ရုတ်တရက်ဆိုသလိုပဲ သူမ ဆုံးသွားခဲ့တယ်။
ဆရာဝန်ကတော့ ဘာတွေမှားသွားလဲဆိုတာကို နားမလည်နိုင်ဘဲ ကြောင်တောင်တောင် ဖြစ်သွားခဲ့တယ်။ အဲဒီနောက် သူလှည့်လိုက်တဲ့အခါ အာသာ၊ အခု ဆေးခန်းမှာ သန့်ရှင်းရေးလုပ်တဲ့သူအနေနဲ့ လုပ်နေတဲ့ အာသာက သူ့ရဲ့ဖုန်စုပ်စက်ကို တပ်ဖို့အတွက် အောက်ဆီဂျင်စက်ကို ပလပ်ဖြုတ်လိုက်တာကို တွေ့လိုက်ရတယ်။

အာသာက ဆရာဝန်ဖြစ်သွားပြီလို့ သင်ထင်နေတာမဟုတ်လား ❓မငြင်းနဲ့နော်။

(ဘာသာပြန်)

Credit to original author

ဒီမြစ်ကို နေ့စဉ်ဖြတ် တာ ၁၁နှစ် တောင်ရှိပြီ
23/09/2025

ဒီမြစ်ကို နေ့စဉ်ဖြတ် တာ ၁၁နှစ် တောင်ရှိပြီ

ငယ်ငယ်က ငါးမွေးတဲ့ သူငယ်ချင်းကို Blame ဖူးတယ်ပိုက်ဆံမရှိကကြားထဲ အတော် ဖင်ယားတဲ့ကောင်ပေါ့ခု သားသားက လိုချင်တယ်ဆိုတာက စလို...
23/09/2025

ငယ်ငယ်က ငါးမွေးတဲ့ သူငယ်ချင်းကို Blame ဖူးတယ်

ပိုက်ဆံမရှိကကြားထဲ အတော် ဖင်ယားတဲ့ကောင်ပေါ့

ခု သားသားက လိုချင်တယ်ဆိုတာက စလိုက်တာ အဖေက ရပ်မရတော့ပါဘူး

အိမ်မှာ လဲထားမယ်

ဆေးခန်းလာတဲ့ ကလေးတွေ အတွက်လဲ ထားမယ် တွေ ဖြစ်နေပါပြီ

ကလေးတွေ အကြောင်းပြရတာပေါ့ 🤣🤣🤣

ညီလေးတယောက်က မဆိုစလောက်လေး သွေးတိုးရာကနေ အိပ်မရ အလုပ်တွေပျက် ဆေးခန်းတွေသွားရစိတ်ဓါတ်တွေကျ😥😥😥😥ကိုယ့်ကိုယုံတဲ့လူနာပဲ✅သေချာ...
21/09/2025

ညီလေးတယောက်က မဆိုစလောက်လေး သွေးတိုးရာကနေ

အိပ်မရ အလုပ်တွေပျက် ဆေးခန်းတွေသွားရ

စိတ်ဓါတ်တွေကျ😥😥😥😥

ကိုယ့်ကိုယုံတဲ့လူနာပဲ✅

သေချာဆွေးနွေးပေးတယ်

သူလဲလေ့ကျင့်ခန်းတွေလုပ်တယ်

ကိုဆေးခန်းမဖွင့်ချိန်တခြားဆေးခန်းတွေလဲသွားရ

သူ့ကိုသူလဲ ရောဂါတခုခုရှိတယ်ထင်နေလေတော့

လိုအပ်တာတွေကို မရှိပေမဲ့လဲ ဖြစ်ညှစ်ပြီးစစ်ခိုင်း

အဖြေတွေကောင်းကြောင်းသက်သေပြ✅✅

မိသားစု အကြောင်းတွေပြောပြီး

သူ့မှာလဲ ကလေးရှိနေတော့

အလုပ်တွေမအားတဲ့ကြားကပဲ

ကလေးနဲ့ အချိန်ယူဖို့

ဆော့ကစားဖို့

သူ့ကိုလဲပြော သူ့အမျိုးသမီးလေးကိုလဲမှာ ❤️

အဖေတွေဟာ ကလေးနဲ့ အတူနေချိန်နည်းတတ်ပါတယ်

လောင်းကစား မိန်းမ အရက် လဲ မသောက်

မိသားစုအတွက်လဲ လိမ္မာတဲ့ အဖေတွေဟာ

ကလေးနဲ့မှ မပျော်ရရင် ပျော်စရာမရှိ

စိတ်ဖိစီးမှုတွေများ😿

အသက်တို နေမကောင်းဖြစ်တတ်ပါတယ်😿😿

ဒါကြောင့် ကလေးနဲ့ နေပေးနော် ညီလေး ဆိုပြီး

Advice အသစ်တခု ပေးလိုက်တယ် ❤️❤️

မိသားစုတိုင်းရဲ့ ဖခင်ကောင်းတွေ ဟာ ပျော်ဖို့ ကျန်းမာဖို့ ထိုက်တန်ပါတယ် ❤️❤️

ဂုဏ်ယူစွာဖြင့်ထုတ်သည်အက်လယ် 🤣🤣လည်ပင်းအရိုးစူးတာ ကို အိမ်မှာမျိုးစုံကြိုးခုန်ထားတော့အသားထဲ အတော်စိုက်ဝင်နေပြီ 😿😿အစလေး မိရ...
18/09/2025

ဂုဏ်ယူစွာဖြင့်ထုတ်သည်

အက်လယ် 🤣🤣

လည်ပင်းအရိုးစူးတာ ကို

အိမ်မှာမျိုးစုံကြိုးခုန်ထားတော့အသားထဲ အတော်စိုက်ဝင်နေပြီ 😿😿

အစလေး မိရုံကျန်တော့တယ်

အစလေးမိတာနဲ့ လာထားပဲ ဘယ်ရမလဲ ဟဲဟဲ ❤️❤️

“”အရိုးစူးရင် ဆေးခန်းပဲ သွားလိုက်ပါ

အိမ်မှာလျှောက်လုပ်ရင် ပိုဆိုးတတ်ပါတယ်””

17/09/2025
အနာ တွေ စစ ပေါက်ပြီ ဆိုတာနဲ့ဆေးခန်းလာ ဆေးသေချာသောက် ရေခဲကပ် ရင်မခွဲရ မညှစ်ရပဲ ပျောက်ကိုပျောက်ပါတယ်✅မွှေးကျွတ်နာလေးပါအပူက...
16/09/2025

အနာ တွေ စစ ပေါက်ပြီ ဆိုတာနဲ့

ဆေးခန်းလာ ဆေးသေချာသောက် ရေခဲကပ် ရင်

မခွဲရ မညှစ်ရပဲ ပျောက်ကိုပျောက်ပါတယ်✅

မွှေးကျွတ်နာလေးပါ

အပူကြိတ်လေးပါဆိုပြီး

အရွက်တွေအုပ်

ဆေးတွေလိမ်း

ပိုးတွေထပ်ဝင်ရင်

မလိုလားအပ်ပဲ …..နာတယ်

ဆေးကုရရက်ရှည်လို့ ပိုက်ဆံလဲ ပိုကုန်ပါတယ်

ဒီနေ့ ဒလဆေးခန်းက ပြည်တည်နာလေး

ရေတံခွန်အလား နို့ဆီတွေ ထွက်ကျ 😒

ที่อยู่

Nong Pa Krang Road
Chiang Mai
50000

เวลาทำการ

จันทร์ 10:00 - 16:00
อังคาร 10:00 - 16:00
พุธ 10:00 - 16:00
พฤหัสบดี 10:00 - 16:00
ศุกร์ 10:00 - 16:00
เสาร์ 10:00 - 16:00
อาทิตย์ 10:00 - 16:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Dr Myo Ko Koผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ การปฏิบัติ

ส่งข้อความของคุณถึง Dr Myo Ko Ko:

แชร์

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram