25/01/2026
မနက်က လူနာမိခင်က သူ့သားလေး နေမကောင်းလို့ဆေးခန်းလာပြရင်း
ကလေးက အစားလဲနည်းတယ်
လူကောင်လဲ ညှပ်တယ် ဘာအားဆေးတိုက်ရမလဲ မဆေးတွေလဲစုံနေပြီ
ကောင်းကောင်းလဲမစား ထွားလဲမထွားဘူးပေါ့😞
ဒါနဲ့ ကလေးကို Weight ချိန်✅
အရပ်တိုင်းတော့ ဟုတ်တယ်✅
ကလေးဟာ သူ့အသက်အရွယ်နဲ့ဆို Underweight ထဲလဲရောက်နေတယ်😑
အရပ်လဲ ပုနေတယ်
ဒီတော့ ဆရာမျိုးတို့ ချောင်းဟန့်ပြီး စရှင်းရပါတော့တယ်
🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈
ကလေးတွေ ကြီးထွားဖို့ဆိုရင် 💪
အားဆေးမတိုင်ခင်… အစားအသောက်က အဓိကပါ 🍚🥦🐟
အထူးသဖြင့် အသားဓါတ် (Protein) ကတော့
🧠 ခန္ဓာကိုယ်ကြီးထွားဖို့
🦴 အရိုး၊ အသားအဆစ် သန်မာဖို့
🏃♂️ ကိုယ်ခံအားကောင်းဖို့
အရမ်းကို အရေးကြီးပါတယ်။
🥚 ဥ
🐟 ငါး
🍗 အသား
🥛 နို့
🫘 ပဲမျိုးစုံ
တွေက ကလေးတွေအတွက် အကောင်းဆုံး သဘာဝ အားဆေးတွေပါပဲ။
ပုံမှန်နေ့စဉ်မှာတော့ အသားဓါတ်ပြည့်ဝတဲ့ အစားအစာတွေ စားပေးခြင်းကပဲ ကလေးကို တကယ်ကြီးထွားစေပါတယ် ❤️
👉 ကလေးကြီးထွားချင်ရင် အားဆေးမရှာနဲ့… အစားအစာကိုပဲ အလေးထားပါ 🍽️
အစားအစာကိုလဲ ကလေး ကြိုက်မဲ့ ခံတွင်းတွေ့မဲ့ပုံစံနဲ့သေချာချက်ပါ
ဆိုပါတော့
ကလေးက ထမင်း သိပ်မစားချင်ဘူး
ကြက်ဥကြော် နှစ်လုံး ကိုထိုင်စားချင်တယ်ဆိုရင်ကျွေးမလား
ဟုတ်ကဲ့ကျွေးလိုက်ပါအမရေ✅✅✅
ကလေး စားတဲ့ ကြက်ဥတလုံး ငါးရာကနေ ရတဲ့
အာဟာရရယ်✅
စားတယ်ဆိုတဲ့အလေ့အကျင့်ရယ်✅✅
က အမအားဆေးတွေထက် ပိုပြီးအကျိုးရှိ
ပိုပြီးတန်
ပိုပြီးထိရောက်ပါတယ် ✅✅
မေတ္တာဖြင့်
DRMKK