Su Lub Pharmacy & Smart Clinic

Su Lub Pharmacy & Smart Clinic Established in Yangon, Myanmar in 2022, Su Lub provides primary health care services & medicines accessible to everyone.

"အမျိုးသားနေ့ တို့မမေ့"✨ယ‌နေ့ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ ၁၁ လပိုင်း ၂၅ ရက်နေ့မှာ ကျ‌ရောက်တဲ့ ၁၀၄ ကြိမ်မြောက် အမျိုးသားန...
25/11/2024

"အမျိုးသားနေ့ တို့မမေ့"✨

ယ‌နေ့ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ ၁၁ လပိုင်း ၂၅ ရက်နေ့မှာ ကျ‌ရောက်တဲ့ ၁၀၄ ကြိမ်မြောက် အမျိုးသားနေ့ကို ဂုဏ်ပြုကြိုဆိုအပ်ပါတယ်။

အများသူပြည်များ ကိုယ်စိတ်နှစ်ဖျာ ရွှင်လန်းချမ်းမြေ့ကြပါစေ။ 😊✨


#ဆုလာဘ်မှာဆိုစိတ်ချရတယ်
#ဆုလာဘ်ဆေးဝါးနှင့်လူသုံးကုန်အမျိုးမျိုး

တစ်နှစ်ကို လူဦးရေငါးသန်းခန့် သေဆုံးစေတဲ့ လေဖြတ်ရောဂါကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲကတစ်ခုက ဘာလေးဖြစ်မလဲ ဖြေကြည့်ရအောင်.....
23/11/2024

တစ်နှစ်ကို လူဦးရေငါးသန်းခန့် သေဆုံးစေတဲ့ လေဖြတ်ရောဂါကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲကတစ်ခုက ဘာလေးဖြစ်မလဲ ဖြေကြည့်ရအောင်..? 💁🏻‍♀️

A) ဦးနှောက်သွေးကြောပိတ်ခြင်း၊
B) အအေးပတ်ခြင်း
C) ပိုးမှတစ်ဆင့်ကူးဆက်ခြင်း
D) မျိုးရိုးဗီဇအရဖြစ်ခြင်း

သိတဲ့သူတွေ ဖြေမှန်လေးကို comment မှာမန့်သွားကြနော်။ 🤗

TikTok channel >>> https://www.tiktok.com/
Viber channel >>> https://e.vg/sulubpharmacy
Telegram channel >>> https://t.me/sulubpharmacy
Instagram >>> https://e.vg/sulub-pharmacy
Facebook Group >>> https://www.facebook.com/groups/sulubmyanmar


#ဆုလာဘ်မှာဆိုစိတ်ချရတယ်
#ဆုလာဘ်ဆေးဝါးနှင့်လူသုံးကုန်အမျိုးမျိုး

သွေးတိုးဆိုတာ ခန္ဓာကိုယ်ထဲက သွေးကြောတွေထဲမှာ သွေးဖိအားများလာတဲ့ ဖြစ်စဥ်ပါ။ 🩸နှလုံးက သွေးညှစ်အား (cardiac output) များလို...
22/11/2024

သွေးတိုးဆိုတာ ခန္ဓာကိုယ်ထဲက သွေးကြောတွေထဲမှာ သွေးဖိအားများလာတဲ့ ဖြစ်စဥ်ပါ။ 🩸

နှလုံးက သွေးညှစ်အား (cardiac output) များလို့ဖြစ်ဖြစ်၊ သွေးကြောတွေရဲ့ ခုခံအား (peripheral vascular resistance) များလို့ဖြစ်ဖြစ် နှစ်ခုလုံးကြောင့် ဖြစ်ဖြစ် သွေးကြောတွေထဲမှာ ဖိအားများလာတာကို သွေးတိုးရောဂါလို့ ခေါ်ပါတယ်။

သွေးပေါင်တိုင်းတဲ့အခါ အရပ်အခေါ် အပေါ်သွေးနဲ့ အောက်သွေးလို့ ပြောလေ့ရှိပြီး မီလီမီတာမာကျူရီ (mmHg) နဲ့ ပြပါတယ်။ သွေးပေါင်ချိန် မတိုင်းခင် ကိုယ်လက်လှုပ်ရှားထားခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ စိတ်လှုပ်ရှားနေခြင်းများကလည်း သွေးပေါင်မြင့်တက်စေတာမို့ ၅-၁၀မိနစ်ခန့် ငြိမ်သက်စွာ နားနေပြီးမှ တိုင်းတာခြင်းက မှန်ကန်တဲ့ သွေးပေါင်ချိန်ကို ရရှိစေပါလိမ့်မယ်။ 🌡️

သွေးပေါင်ချိန်ရလဒ်ကို အဆင့် ၅ ဆင့် သတ်မှတ်ထားပါတယ်။

1️⃣ ပုံမှန်သွေးပေါင်ချိန် (Normal blood pressure)

သွေးပေါင်ချိန် 90/60 mmHg ကနေ 130/80 mmHg ကြားကို ပုံမှန်သွေးပေါင်ချိန် အဖြစ် သတ်မှတ်ပါတယ်။

2️⃣ အကြိုသွေးတိုးအဆင့် (Prehypertension)

130/80 mmHg ကနေ 139/89 mmHg ကြားကိုတော့ သွေးတိုးဖြစ်နိုင်ခြေ ရှိတဲ့ သတိထားရမယ့် အခြေအနေလို့ မှတ်ယူပါတယ်။

3️⃣ သွေးတိုး အဆင့် ၁ (Stage 1 hypertension)

သွေးပေါင်ချိန် 140/90 mmHg ကနေ 159/ 99 mmHg ကြားကို အဆင့် ၁ သွေးတိုးရောဂါ အဖြစ် သတ်မှတ်ပါတယ်။

အဲဒီလို သတ်မှတ်ရာမှာ တစ်ကြိမ်တည်း တိုင်းရုံနဲ့မဟုတ်ဘဲ နှစ်ကြိမ်ကို အနည်းဆုံး ၆နာရီခြားပြီး တိုင်းရာမှာ 140/90 mmHg နဲ့အထက် ရှိမှ သွေးတိုးလို့ သတ်မှတ်တာပါ။

4️⃣ သွေးတိုး အဆင့် ၂ (Stage 2 hypertension)

သွေးပေါင် 160/ 100 mmHg နဲ့အထက် ဆိုရင်တော့ အဆင့် ၂ သွေးတိုးအဖြစ် သတ်မှတ်ပါတယ်။ ဒီအဆင့်မှာ ခေါင်းကိုက်တာ၊ နှလုံးခုန်မမှန်တာ၊ ရင်ဘတ်အောင့်တာ၊ အမြင်ဝါးတာ၊ မောပန်းနွမ်းနယ်တာ၊ အာရုံထွေပြားတာ စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

5️⃣ အရေးပေါ် သွေးတိုးအဆင့် (Hypertensive crisis)

ဒီအဆင့်ကတော့ သေရေးရှင်ရေးတမျှ အရေးကြီးတဲ့ သွေးတိုးအဆင့် ဖြစ်ပြီး သွေးပေါင်ချိန် 180/120 mmHg အထက်ကို ရုတ်တရက် ဆောင့်တတ်သွားတဲ့ အခြေအနေ ဖြစ်ပါတယ်။ အလွန်အမင်း ခေါင်းကိုက်တာ၊ နှာခေါင်းသွေးလျှံတာ၊ ဂနာမငြိမ်ဖြစ်လာတာ၊ အသက်ရှူကြပ်လာတာ၊ သတိလစ်တာ စတဲ လက္ခဏာတွေ တွေ့ရနိုင်ပြီး နီးစပ်ရာ အရေးပေါ်ဆေးကုသမှုဌာနကို ချက်ချင်း သွားမှသာ လူနာရဲ့ အသက်ကို ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။

ဘယ်လိုလူတွေမှာ သွေးတိုးရောဂါ ဖြစ်နိုင်ခြေ ရှိလဲ❓

• အဝလွန်သူ
• ဆားနဲ့ တိရိစ္ဆာန်အဆီတွေ အလွန်အကျွံ စားသုံးပြီး သစ်သီးနဲ့ ဟင်းသီးဟင်းရွက် လုံလောက်အောင် မစားသုံးသူ
• ကိုက်လက်လှုပ်ရှား လေ့ကျင့်ခန်း မလုပ်တဲ့သူ
• အရက်နဲ့ ကော်ဖီ အလွန်အကျွံ သောက်သုံးသူ
• ဆေးလိပ်သောက်သူ
• အိပ်ချိန်မလုံလောက်၊ အိပ်ရေးဝအောင် မအိပ်တဲ့သူ
• စိတ်ဖိစီးမှုများတဲ့သူ
• အသက် ၆၅နှစ်အထက် လူကြီးများ
• ဆီးချိုနဲ့ ကျောက်ကပ်ရောဂါ အခံရှိသူ
• သွေးတိုးမျိုးရိုး ရှိသူတွေမှာ ဖြစ်နိုင်ခြေ ပိုများပါတယ်။

အထက်ပါ အချက်တွေနဲ့ ကိုက်ညီတဲ့သူတွေနဲ့ သွေးတိုးရောဂါ ရှိသူတွေဟာ သွေးပေါင် မှန်မှန် ချိန်သင့်ပါတယ်။ သွေးပေါင်ပုံမှန် မချိန်မိလို့ သွေးတိုးရှိမှန်း မသိရင်၊ သွေးတိုးရှိမှန်း သိလျှက်နဲ့ အနေအထိုင် မဆင်ခြင်၊ ဆေးမှန်မှန်မသောက်လို့ သွေးပေါင်ချိန် ပုံမှန်ဖြစ်အောင် မထိန်းနိုင်ခဲ့ရင်...

• ဦးနှောက်သွေးခဲ ပိတ်ဆို့၍ လေဖြတ်ခြင်း (thrombotic stroke)
• ဦးနှောက်သွေးကြော ပေါက်၍ လေဖြတ်ခြင်း ( haemorrhagic stroke)
• နှလုံးရောဂါ ( heart diseases)
• နှလုံးအမောဖောက်ခြင်း (heart attacks)
• နှလုံးပျက်စီးခြင်း (heart failure)
• သွေးကြောဆိုင်ရာ ရောဂါများ (peripheral arterial diseases)
• နှလုံးသွေးကြောမကြီး ကျယ်ခြင်း (aortic aneurysms)
• ကျောက်ကပ်ရောဂါများ (kidney diseases) စတဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

သွေးတိုးမဖြစ်အောင် ကာကွယ်လို့ရလား❓

အောက်ပါ အချက်တွေကို လိုက်နာရင် သွေးတိုးဖြစ်နိုင်ခြေများတဲ့သူတွေက သွေးတိုးမဖြစ်အောင် ကာကွယ်ခြင်း ဖြစ်ပြီး သွေးတိုးရှိသူတွေက နောက်ဆက်တွဲဆိုးကျိုးတွေ မဖြစ်ရအောင် ကာကွယ်ကုသခြင်းလည်း ဖြစ်ပါတယ်။

• ဆား၊ အငန်တွေ လျှော့စားပါ( တစ်နေ့ကို ဆား ၂ ဂရမ်ထက် ပိုမစားပါနဲ)
• အဆီအဆိမ့်၊ တိရိစ္ဆာန်အဆီ၊ ရယ်ဒီမိတ် အစားအစာတွေ၊ fasr food တွေ လျှော့စားပါ
• အသီးအရွက် များများစားပါ
• ဆေးလိပ်ဖြတ်ပါ
• အရက်လျှော့သောက်ပါ
• တစ်ပတ်ကို မိနစ် ၁၅၀ ခန့် ကိုယ်လက်လှုပ်ရှားပါ
• စိတ်ဖိစီးမှု လျှော့ချပါ
• အိပ်ရေးဝအောင် အိပ်ပါ
• သွေးပေါင်မှန်မှန်တိုင်းပါ
• ဆီးချို၊ ကျောက်ကပ်လို ရောဂါအခံတွေရှိရင် သေချာကုသမှုခံယူပါ
• သွေးတိုးရှိနေရင်လည်း ဆရာဝန်နဲ့ ပြသပြီး သွေးပေါင်ချိန် ပုံမှန်ဖြစ်နေအောင် ဂရုစိုက်ပါ။

သွေးတိုးရှိသူတွေက ဆရာဝန် ညွှန်ကြားထားတဲ့ ဆေးတွေကို ပုံမှန်သောက်ဖို့ လိုအပ်ပါတယ်။ ကိုယ့်သဘောနဲ့ကိုယ် ဆေးရပ်ခြင်း၊ ဆရာဝန်နဲ့ ပြသခြင်း မရှိဘဲ သူတပါးဆေးကို ယူသောက်ခြင်းမျိုးက အန္တရာယ်ကြီးလို့ မလုပ်သင့်ပါဘူး။ 🙅🏻‍♀️

သွေးပေါင်ချိန်ကို 140/90 mmHg အောက်မှာ အမြဲ ထိန်းထားနိုင်ဖို့ ဂရုစိုက်ရမှာ ဖြစ်ပြီး ဆီးချို၊ နှလုံးနဲ့ ကျောက်ကပ်ရောဂါ အခံရှိသူတွေက 130/80 mmHg အောက်မှာ ရှိနေဖို့ ဂရုစိုက်နိုင်ရင် ပုံမှန်လူတွေလို သက်တမ်းစေ့ နေသွားနိုင်မှာပါ။

သွေးတိုးရောဂါ ဆိုတာ ကုသပျောက်ကင်းနိုင်တဲ့ ရောဂါ မဟုတ်ပါဘူး။ ပျက်စီးသွားတဲ့ သွေးကြောနံရံတွေက ပုံမှန် ပြန်ဖြစ်မလာတော့ပါဘူး။ သွေးပေါင်ချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းနိုင်တာနဲ့ ရောဂါပျောက်သွားပြီ ထင်ပြီး မပေါ့ဆပါနဲ့။

အနေအထိုင် အစားအသောက် ဆင်ခြင်ကာ ကုသမှုမှန်မှန် ခံယူပြီး သွေးပေါင်ချိန်ကို ထိန်းထားတာက လေဖြတ်ခြင်းတို့လို နောက်ဆက်တွဲ ဆိုးကျိုးတွေကို ကာကွယ်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ 👩🏻‍⚕️

Author: Dr. Yee Mon

ဆုလာဘ်ဆေးဆိုင်‌တွေမှာ ဈေးသက်သာစွာ ရရှိနိုင်မယ့် "𝟮𝟮.𝟭𝟭.𝟮𝟬𝟮𝟰" အတွက် item လေးတွေကတော့...✨💰●  𝗙𝗶𝘁𝗻𝗲 𝗜𝗻𝘀𝘁𝗮𝗻𝘁 𝗖𝗼𝗳𝗳𝗲𝗲 𝗠𝗶𝘅 𝘄𝗶𝘁𝗵...
22/11/2024

ဆုလာဘ်ဆေးဆိုင်‌တွေမှာ ဈေးသက်သာစွာ ရရှိနိုင်မယ့် "𝟮𝟮.𝟭𝟭.𝟮𝟬𝟮𝟰" အတွက် item လေးတွေကတော့...✨💰

● 𝗙𝗶𝘁𝗻𝗲 𝗜𝗻𝘀𝘁𝗮𝗻𝘁 𝗖𝗼𝗳𝗳𝗲𝗲 𝗠𝗶𝘅 𝘄𝗶𝘁𝗵 𝗖𝗼𝗹𝗹𝗮𝗴𝗲𝗻 𝟭𝟬'𝘀 𝟭𝟱𝟬𝗴 - 𝟭𝟳,𝟴𝟬𝟬𝗞𝘀 (𝗣𝗞𝗧)
● 𝗙𝗶𝘁𝗻𝗲 𝗛𝗲𝗿𝗯𝗮𝗹 𝗜𝗻𝗳𝘂𝘀𝗶𝗼𝗻 𝗢𝗿𝗶𝗴𝗶𝗻𝗮𝗹 𝟮𝟬'𝘀 𝟰𝟬𝗴 - 𝟭𝟳,𝟮𝟱𝟬𝗞𝘀 (𝗣𝗞𝗧)
● 𝗙𝗶𝘁𝗻𝗲 𝗛𝗲𝗿𝗯𝗮𝗹 𝗜𝗻𝗳𝘂𝘀𝗶𝗼𝗻 𝗚𝗿𝗲𝗲𝗻 𝗧𝗲𝗮 𝟭𝟱'𝘀 𝟯𝟱.𝟮𝟱𝗴 - 𝟭𝟲,𝟬𝟱𝟬𝗞𝘀 (𝗣𝗞𝗧)
● 𝗙𝗶𝘁𝗻𝗲 𝗛𝗲𝗿𝗯𝗮𝗹 𝗜𝗻𝗳𝘂𝘀𝗶𝗼𝗻 𝗖𝗵𝗿𝘆𝘀𝗮𝗻𝘁𝗵𝗲𝗺𝘂𝗺 𝟭𝟱'𝘀 𝟯𝟳.𝟱𝗴 - 𝟭𝟲,𝟬𝟱𝟬𝗞𝘀 (𝗣𝗞𝗧)
● 𝗙𝗶𝘁𝗻𝗲 𝗛𝗲𝗿𝗯𝗮𝗹 𝗜𝗻𝗳𝘂𝘀𝗶𝗼𝗻 𝗕𝗹𝗮𝗰𝗸 𝗖𝘂𝗿𝗿𝗮𝗻𝘁 𝟭𝟱'𝘀 𝟯𝟯.𝟳𝟱𝗴 - 𝟭𝟲,𝟬𝟱𝟬𝗞𝘀 (𝗣𝗞𝗧)
● 𝗙𝗶𝘁𝗻𝗲 𝗖𝗼𝗳𝗳𝗲𝗲 𝗦𝗮𝘃𝗲 𝗜𝗻𝘀𝘁𝗮𝗻𝘁 𝗖𝗼𝗳𝗳𝗲𝗲 𝗠𝗶𝘅 𝟭𝟬'𝘀 𝟭𝟭𝟬𝗴 - 𝟭𝟳,𝟴𝟬𝟬𝗞𝘀 (𝗣𝗞𝗧)
● 𝗫𝗲𝗻𝗶𝗰𝗮𝗹 𝗢𝗿𝗹𝗶𝘀𝘁𝗮𝘁 𝟭𝟮𝟬𝗺𝗴 𝗖𝗮𝗽 𝟮𝟭'𝘀 - 𝟱𝟱,𝟳𝟬𝟬𝗞𝘀 (𝗖𝗔𝗥𝗗)
● 𝗭𝘆𝘁𝗿𝗶𝗺 𝗢𝗿𝗹𝗶𝘀𝘁𝗮𝘁 𝟭𝟮𝟬𝗺𝗴 𝗖𝗮𝗽 𝟮𝟭'𝘀 - 𝟮𝟴,𝟳𝟱𝟬𝗞𝘀 (𝗖𝗔𝗥𝗗)
● 𝗢𝗯𝗲𝘀𝘁𝗮𝘁 𝗢𝗿𝗹𝗶𝘀𝘁𝗮𝘁 𝟭𝟮𝟬𝗺𝗴 𝗖𝗮𝗽 𝟭𝟬'𝘀 - 𝟭𝟭,𝟴𝟬𝟬𝗞𝘀 (𝗖𝗔𝗥𝗗)

ဆုလာဘ်ရဲ့ သက်သာစွာရရှိနိုင်တဲ့ ဆေးဝါးနဲ့လူသုံးကုန်ပစ္စည်းတွေကို နေ့စဉ်မနက်တိုင်း update လုပ်ပေးနေတဲ့အတွက် ဆုလာဘ် page ကို follow လုပ်သွားဖို့မမေ့နဲ့နော်။ 🔔✨

ကိုယ်လိုအပ်နေတဲ့ item လေးတွေပါရင် ဖုန်း 09 944 144 770 (သို့) page messenger ကနေတဆင့် ဆက်သွယ်ပြီးအိမ်အရောက် မှာယူနိုင်ပါတယ်‌။ 🚚

☎️ ဆေးမှာယူရန် - 09 944 144 770


#ဆုလာဘ်မှာဆိုစိတ်ချရတယ်
#ဆုလာဘ်ဆေးဝါးနှင့်လူသုံးကုန်အမျိုးမျိုး

ဆုလာဘ်ဆေးဆိုင်‌တွေ ဘယ်နားမှာရှိလဲမေးမေးနေကြတဲ့ မိတ်ဆွေတို့အတွက်...✨အနားမှာရှိပြီးမသိရမဖြစ်အောင် မြို့နယ်အလိုက် ဆုလာဘ်ဆေး...
21/11/2024

ဆုလာဘ်ဆေးဆိုင်‌တွေ ဘယ်နားမှာရှိလဲမေးမေးနေကြတဲ့ မိတ်ဆွေတို့အတွက်...✨

အနားမှာရှိပြီးမသိရမဖြစ်အောင် မြို့နယ်အလိုက် ဆုလာဘ်ဆေးဆိုင်တွေကို Google Map လေးတွေနဲ့တကွ စုစည်းပေးလိုက်ပါတယ်ရှင့်။ 💁🏻‍♀️

📍 ဆိုင်ခွဲ(၁) မရမ်းကုန်းဆိုင်ခွဲ
အမှတ် (၉၂/ခ)၊ မြေညီထပ်၊ ကျိုက်ဝိုင်းဘုရားလမ်း၊ KBZ Bank ဘေး၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
09 - 949 200 661
Google Map - https://e.vg/slbh1

📍 ဆိုင်ခွဲ(၂) ဗဟန်းဆိုင်ခွဲ (SSC ဆေးရုံအနီး)
အမှတ်(၀၀၁)၊ ရွှေဂုံတိုင်လမ်းမကြီး၊ အရှေ့ရွှေဂုံတိုင်ရပ်ကွက်၊ ဗဟန်းမြို့နယ်။
09 - 949 200 662
Google Map - https://e.vg/slbh2

📍 ဆိုင်ခွဲ (၃) အင်းစိန် (ဖော့ကန်) ဆိုင်ခွဲ
အမှတ် (ည/၄)၊ အောက်မင်္ဂလာဒုံလမ်းမ၊ ဖော့ကန်City Mart ရှေ့၊ ဖော့ကန်မှတ်တိုင်အနီး၊ ဖော့ကန်ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
09 - 949 200 663
Google Map - https://e.vg/slbh3

📍 ဆိုင်ခွဲ (၄) တောင်ဒဂုံဆိုင်ခွဲ
အမှတ် (၁၁၄/၄၂)၊ စည်ပင်လမ်း၊ ၁၉ ရပ်ကွက်၊ မြေတိုင်းရပ်ကွက်၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ရန်ကုန်မြို့။
09 - 949 200 664
Google Map - https://e.vg/slbh4

📍 ဆိုင်ခွဲ (၅) ၈မိုင်ဆိုင်ခွဲ
အမှတ် ၁၀၇ (ခ)၊ ကျိုက်ဝိုင်းဘုရားလမ်းမကြီး၊ (၆) ရပ်ကွက်၊ Junction (😎 အရှေ့၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
09 - 949 200 665
Google Map - https://e.vg/slbh5

📍 ဆိုင်ခွဲ (၇) စမ်းချောင်းဆိုင်ခွဲ
အမှတ် (၄၇)၊ မြေညီထပ် (ဝဲ)၊ ရှမ်းကုန်းလမ်း၊ မြေနီကုန်းမြောက်ရပ်ကွက်၊ စမ်းချောင်းမြို့နယ်။
09 - 949 200 667
Google Map - https://e.vg/slbh7

📍 ဆိုင်ခွဲ (၈) တောင်ဥက္ကလာ ဆိုင်ခွဲ
အမှတ် (၂၆၃/ခ)၊ မေတ္တာလမ်းမ၊ ၁၀ ရက်ကွက်၊ ပဒေသာစျေးအနီး၊ တောင်ဥက္ကလာပမြို့နယ်။
09 - 949 200 668
Google Map - https://e.vg/slbh8

📍 ဆိုင်ခွဲ (၉) မြောက်ဥက္ကလာ ဆိုင်ခွဲ
အမှတ် (၅၇၁)၊ မေဓါဝီလမ်းမ၊ စျ-စျေးအရှေ့အနီး၊ စျ-ရပ်ကွက်၊ မြောက်ဥက္ကလာမြို့နယ်။
09 - 949 200 669
Google Map - https://e.vg/slbh9

📍 ဆိုင်ခွဲ (၁၀) ဗဟန်း ဆိုင်ခွဲ
အမှတ် ၈၃, ဦးချစ်မောင်လမ်းမ၊ မင်းလမ်းမှတ်တိုင်အနီး၊ ဆရာစံတောင်ရပ်ကွက်၊ ဗဟန်းမြို့နယ်။
09 - 949 200 670
Google Map - https://e.vg/slbh10

📍 ဆိုင်ခွဲ (၁၁) ချော်တွင်းကုန်း ဆိုင်ခွဲ
အမှတ် (၄/ခ)၊ ပါရမီလမ်းမ၊ ချော်တွင်းကုန်းမှတ်တိုင်အနီး၊ ရန်ကင်းမြို့နယ်။
09 - 949 200 671
Google Map - https://e.vg/slbh11

📍 ဆိုင်ခွဲ (၁၂) ရေကျော် ဆိုင်ခွဲ
အမှတ် (၆၁)၊ မြေညီထပ်၊ ရေကျော်လမ်းမ၊ ပုစွန်တောင်ဈေးမှတ်တိုင်အနီး၊ ပုစွန်တောင်မြို့နယ်။
09 - 949 200 672
Google Map - https://e.vg/slbh12

📍 ဆိုင်ခွဲ (၁၃) ဆင်ရေတွင်း ဆိုင်ခွဲ
တိုက်အမှတ်-၂၊ အခန်းအမှတ် - ၀၀၄၊ မြေညီထပ်၊ ရန်ကုန်အင်းစိန်လမ်းမကြီး၊ (၁)ရပ်ကွက်၊ အောင်မြေသာစည်အိမ်ယာ၊ ကမာရွတ်မြို့နယ်
Tel - 09 - 949 200 673
Google Map - https://e.vg/slbh13

📍 ဆိုင်ခွဲ (၁၄) မြန်မာ့ဂုဏ်ရည် ဆိုင်ခွဲ
အမှတ် - ၁၀၇ (အေ)၊ မြေညီထပ်၊ မြန်မာ့ဂုဏ်ရည်လမ်း၊ ကန်/တောင်ရပ်ကွက်၊ မင်္ဂလာတောင်ညွန့်ရပ်ကွက်၊ မင်္ဂလာတောင်ညွန့်မြို့နယ်
09 949 200 674
Google Map - https://e.vg/slbh14

📍 ဆိုင်ခွဲ (၁၅) ကြည့်မြင်တိုင်ဆိုင်ခွဲ
တိုက်အမှတ်(73/D)၊ မြေညီထပ်၊ ဗိုလ်သူရလမ်းနှင့်အုန်းပင်လမ်းထောင့်၊ ကြည်မြင်တိုင်ညဈေး၊ ကြည်မြင်တိုင်မြို့နယ်
09 - 949 200 675
Google Map - https://e.vg/slbh15

📍 ဆိုင်ခွဲ (၁၆) တောင်ဥက္ကလာပ (နန္ဒဝန်ဈေး) ဆိုင်ခွဲ
အမှတ်(၆၉၉)၊ သုမင်္ဂလာလမ်း၊ (၅)ရပ်ကွက်၊ နန္ဒဝန်ဈေးအနီး၊ တောင်ဥက္ကလာပမြို့နယ်။
09 - 949 200 676
Google Map - https://e.vg/slbh16

📍 ဆိုင်ခွဲ(၁၇) သင်္ဃန်းကျွန်း (စံပြဆေးရုံ ဆိုင်ခွဲ)
အမှတ် (၂၂၅)၊ ကျိုက္ကဆံဘုရားလမ်း၊ ဆ/က ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်။
09 - 949 200 677
Google Map - https://e.vg/slbh17

ဆေးဝါးနဲ့ လူသုံးကုန်အမျိုးမျိုးကို သက်သာပြီး စိတ်ချရတဲ့ဈေးနှုန်းတွေနဲ့ ဆုလာဘ်ဆိုင်ခွဲတိုင်းမှာ ၀ယ်ယူနိုင်ပါပြီ။ ✨


#ဆုလာဘ်မှာဆိုစိတ်ချရတယ်
#ဆုလာဘ်ဆေးဝါးနှင့်လူသုံးကုန်အမျိုးမျိုး

ဆုလာဘ်ဆေးဆိုင်တွေမှာပဲရနိုင်မယ့် "𝟮𝟭.𝟭𝟭.𝟮𝟬𝟮𝟰" ရဲ့ item ဈေးနှုန်းလေးတွေကတော့...💁🏻‍♀️✨●  𝗕𝗲𝗽𝗮𝗻𝘁𝗵𝗲𝗻 𝗢𝗶𝗻𝘁𝗺𝗲𝗻𝘁 𝟯𝟬𝗴 - 𝟮𝟭,𝟵𝟬𝟬𝗞𝘀...
21/11/2024

ဆုလာဘ်ဆေးဆိုင်တွေမှာပဲရနိုင်မယ့် "𝟮𝟭.𝟭𝟭.𝟮𝟬𝟮𝟰" ရဲ့ item ဈေးနှုန်းလေးတွေကတော့...💁🏻‍♀️✨

● 𝗕𝗲𝗽𝗮𝗻𝘁𝗵𝗲𝗻 𝗢𝗶𝗻𝘁𝗺𝗲𝗻𝘁 𝟯𝟬𝗴 - 𝟮𝟭,𝟵𝟬𝟬𝗞𝘀 (𝗧𝗨𝗕𝗘)
● 𝗗𝗶𝗰𝗹𝗼𝗺𝗼𝗹 𝗚𝗲𝗹 - 𝟯,𝟯𝟬𝟬𝗞𝘀 (𝗧𝗨𝗕𝗘)
● 𝗗𝗼𝗹𝗼-𝗗𝗲𝗻𝗸 𝗚𝗲𝗹 -𝟮𝟬𝗴 - 𝟮𝟬,𝟱𝟬𝟬𝗞𝘀 (𝗧𝗨𝗕𝗘)
● 𝗕𝗲𝘁-𝗡 𝟮𝟬𝗴 - 𝟰,𝟬𝟬𝟬𝗞𝘀 (𝗧𝗨𝗕𝗘)
● 𝗖𝗮𝗻𝗱𝗶𝗱 𝗽𝗼𝘄𝗱𝗲𝗿 𝟭𝟬𝟬𝗴 - 𝟭𝟭,𝟳𝟱𝟬𝗞𝘀 (𝗕𝗢𝗧)
● 𝗕𝗶𝗽𝗶𝗻𝗼𝗿 𝟱𝗺𝗴 - 𝟭𝟮,𝟯𝟬𝟬𝗞𝘀 (𝗖𝗔𝗥𝗗)
● 𝗕𝗶𝗽𝗿𝗼𝘀𝗮𝗻 𝟱𝗺𝗴 - 𝟭𝟳,𝟭𝟬𝟬𝗞𝘀 (𝗕𝗢𝗫)
● 𝗕𝘂𝘀𝗰𝗼𝗻 𝗧𝗮𝗯𝗹𝗲𝘁 - 𝟰,𝟳𝟬𝟬𝗞𝘀 (𝗖𝗔𝗥𝗗)
● 𝗖𝗶𝘁𝗶𝗰𝗼 𝟱𝟬𝟬𝗺𝗴 - 𝟮𝟱,𝟬𝟱𝟬𝗞𝘀 (𝗖𝗔𝗥𝗗)

ဆုလာဘ်ရဲ့ သက်သာတဲ့ ဆေးဝါးနဲ့လူသုံးကုန်ပစ္စည်းတွေကို နေ့စဉ်မနက်တိုင်း update လုပ်ပေးနေတဲ့အတွက် ဆုလာဘ် page ကို follow လုပ်သွားဖို့မမေ့နဲ့နော်။ 🔔✨

ကိုယ်ရှာနေတဲ့ item လေးတွေပါရင် ဖုန်း 09 944 144 770 (သို့) page messenger ကနေတဆင့် ဆက်သွယ်ပြီးအိမ်အရောက် မှာယူနိုင်ပါတယ်‌။ 🚚

☎️ ဆေးမှာယူရန် - 09 944 144 770


#ဆုလာဘ်မှာဆိုစိတ်ချရတယ်
#ဆုလာဘ်ဆေးဝါးနှင့်လူသုံးကုန်အမျိုးမျိုး

ဆောင်းတွင်းမှာ နှာစေး၊ ခေါင်းကိုက်၊ မူးမော်တာတွေ ခဏခဏဖြစ်တတ်တယ်ဆိုရင်တော့...🤕လူကြိုက်များတဲ့ ဘက်စုံသုံး ပုဆိန်တံဆိပ် လေဆ...
20/11/2024

ဆောင်းတွင်းမှာ နှာစေး၊ ခေါင်းကိုက်၊ မူးမော်တာတွေ ခဏခဏဖြစ်တတ်တယ်ဆိုရင်တော့...🤕

လူကြိုက်များတဲ့ ဘက်စုံသုံး ပုဆိန်တံဆိပ် လေဆေးဆီရှိနေပါပြီ။ ✨💁🏻‍♀️

ဘယ်လိုဝေဒနာတွေအတွက်သုံးလို့ရလဲဆိုတော့...

👉🏻 ခေါင်းကိုက်ခြင်း၊
👉🏻 အအေးမိနှာစေးခြင်း၊
👉🏻 အရိုးအကြောနှင့် ကြွက်သားနာကျင်ကိုက်ခဲခြင်း၊
👉🏻 ဗိုက်ရစ်ခြင်း၊
👉🏻 ခေါင်းမူးခြင်း၊
👉🏻 ခရီးပန်းမူးမော်ခြင်း၊
👉🏻 ပိုးမွှားကိုက်ခြင်းကြောင့်ယားနာခြင်း
👉🏻 သွေးကြောထုံးခြင်း

စတဲ့ဝေဒနာတွေကို အချိန်တိုအတွင်းမှာ သက်သာပျောက်ကင်းစေပါတယ်။

ဒီလိုဘက်စုံအသုံးပြုနိုင်တဲ့ Axe Brand Universal Oil ကို ဆုလာဘ်ဆေးဆိုင်တွေမှာ ဈေးသက်သက်သာသာ ဝယ်ယူနိုင်ပါပြီရှင့်။ 🥰

ဈေးနှုန်းလေးတွေကတော့...

● AXE Brand Universal Oil - 56ml = 𝟮𝟲,𝟬𝟱𝟬𝗞𝘀
● AXE Brand Universal Oil - 10ml = 𝟵,𝟲𝟬𝟬𝗞𝘀
● AXE Brand Universal Oil - 3ml = 𝟰,𝟲𝟱𝟬𝗞𝘀

မှာယူလိုပါက ဖုန်း 09 944 144 770 (သို့) ဆုလာဘ် page messenger မှတဆင့်အိမ်အရောက် မှာယူနိုင်ပါတယ်ရှင့်။

☎️ ဆေးမှာယူရန် - 09 944 144 770

TikTok channel ➤ https://www.tiktok.com/
Viber channel ➤ https://e.vg/sulubpharmacy
Telegram channel ➤ https://t.me/sulubpharmacy
Instagram ➤ https://e.vg/sulub-pharmacy
Facebook Group ➤ https://www.facebook.com/groups/sulubmyanmar


#ဆုလာဘ်မှာဆိုစိတ်ချရတယ်
#ဆုလာဘ်ဆေးဝါးနှင့်လူသုံးကုန်အမျိုးမျိုး
#ခေါင်းမူး #ခေါင်းကိုက် #ဗိုက်နာ #နာစေး

မင်္ဂလာနံနက်ခင်းလေးပါရှင့်။ ဆုလာဘ်ရဲ့ "𝟮𝟬.𝟭𝟭.𝟮𝟬𝟮𝟰" အတွက် လူကြိုက်များပြီး ဈေးတန်တန်နဲ့ ရနိုင်မယ့် item ‌လေးတွေကတော့...💁🏻...
20/11/2024

မင်္ဂလာနံနက်ခင်းလေးပါရှင့်။ ဆုလာဘ်ရဲ့ "𝟮𝟬.𝟭𝟭.𝟮𝟬𝟮𝟰" အတွက် လူကြိုက်များပြီး ဈေးတန်တန်နဲ့ ရနိုင်မယ့် item ‌လေးတွေကတော့...💁🏻‍♀️

● 𝗔𝘅𝗰𝗲𝗹 𝗖𝗹𝗼𝗯𝗲𝘁𝗮𝘀𝗼𝗹 𝗖𝗿𝗲𝗮𝗺 𝟭𝟱𝗴 - 𝟴,𝟵𝟱𝟬𝗞𝘀 (𝗧𝗨𝗕𝗘)
● 𝗔𝘅𝗰𝗲𝗹 𝗟𝗼𝗿𝗮𝘁𝗮𝗱𝗶𝗻𝗲 𝗦𝘆𝗿𝘂𝗽 𝟲𝟬𝗺𝗹 - 𝟵,𝟬𝟬𝟬𝗞𝘀 (𝗕𝗢𝗧)
● 𝗔𝘅𝗰𝗲𝗹 𝗦𝘂𝗹𝗯𝘂𝘁𝗮𝗺𝗼𝗹 𝟮 𝗦𝘆𝗿𝘂𝗽 𝟲𝟬𝗺𝗹 - 𝟰,𝟵𝟬𝟬𝗞𝘀 (𝗕𝗢𝗧)
● 𝗔𝘅𝗰𝗲𝗹 𝗨𝗿𝗲𝗮 𝗖𝗿𝗲𝗮𝗺 𝟮𝟬𝗴 - 𝟭𝟲,𝟲𝟱𝟬𝗞𝘀 (𝗧𝗨𝗕𝗘)
● 𝗔𝗫𝗘 𝗕𝘂𝗿𝗻 𝗕𝗶𝗴 - 𝟮𝟲,𝟬𝟱𝟬𝗞𝘀 (𝗕𝗢𝗧)
● 𝗔𝗫𝗘 𝗕𝘂𝗿𝗻 𝗠𝗲𝗱𝗶𝘂𝗺 - 𝟵,𝟲𝟬𝟬𝗞𝘀 (𝗕𝗢𝗧)
● 𝗔𝗫𝗘 𝗕𝘂𝗿𝗻 𝗦𝗺𝗮𝗹𝗹 - 𝟰,𝟲𝟱𝟬𝗞𝘀 (𝗕𝗢𝗧)
● 𝗔𝘇𝗶𝗳𝗮𝗺 𝟮𝟬𝟬𝗺𝗴 𝗦𝘂𝘀𝗽𝗲𝗻𝘀𝗶𝗼𝗻 𝟭𝟱𝗺𝗹 - 𝟳,𝟴𝟬𝟬𝗞𝘀 (𝗕𝗢𝗧)
● 𝗕𝗮𝗰𝘁𝗼𝗰𝗹𝗮𝘃 𝟯𝟳𝟱𝗺𝗴 𝗧𝗮𝗯𝗹𝗲𝘁 - 𝟮,𝟴𝟱𝟬𝗞𝘀 (𝗖𝗔𝗥𝗗)

သက်သာပြီးစိတ်ချရတဲ့ ဆေးဝါးနဲ့လူသုံးကုန်ပစ္စည်းတွေကို နေ့စဉ်မနက်တိုင်း update လုပ်ပေးနေတဲ့အတွက် ဆုလာဘ် page ကို follow လုပ်သွားဖို့မမေ့နဲ့နော်။ 🔔✨

ကိုယ်ရှာနေတဲ့ item လေးတွေပါရင် ဖုန်း 09 944 144 770 (သို့) page messenger ကနေတဆင့် ဆက်သွယ်ပြီးအိမ်အရောက် မှာယူနိုင်ပါတယ်‌။ 🚚

☎️ ဆေးမှာယူရန် - 09 944 144 770


#ဆုလာဘ်မှာဆိုစိတ်ချရတယ်
#ဆုလာဘ်ဆေးဝါးနှင့်လူသုံးကုန်အမျိုးမျိုး

"တင်းရင်းစိုပြည်ပြီး‌ ဖန်သားလေးလို ဝင်းလက်တဲ့အသားအရေအတွက် Shokubutsu Body Foam"✨✨Shokubutsu Radiance Body Foam မှာ အရည်ပ...
19/11/2024

"တင်းရင်းစိုပြည်ပြီး‌ ဖန်သားလေးလို ဝင်းလက်တဲ့အသားအရေအတွက် Shokubutsu Body Foam"✨✨

Shokubutsu Radiance Body Foam မှာ အရည်ပြားကိုအစိုဓာတ် ဖြည့်တင်းပေးပြီး Sakura Leaf နဲ့ Evening Primrose Extract တွေပါဝင်တဲ့အတွက် အသားအရည်ကို ဝင်းလက်တောက်ပ‌စေပါတယ်။ 🥰✨

Sakura ရနံ့မွှေးမွှေးလေးကိုမှ ကြိုက်နှစ်သက်သူတွေအတွက် တစ်နေ့တာလုံး ကိုယ်မှာစွဲကျန်‌ပြီးလန်းဆန်းပေါ့ပါးနေစေမယ့် Body Foam လေးပါနော်။ 🌸

ဆုလာဘ်ဆေးဆိုင်မှာ သက်သက်သာသာ ရရှိနိုင်မယ့် ‌ဈေးနှုန်းလေးတွေကတော့...

● Shokubutsu Radiance Body Foam Brightening & Whitening - 900ml = 𝟮𝟳,𝟭𝟬𝟬𝗞𝘀

● Shokubutsu Radiance Body Foam Brightening & Whitening - 600ml (refill)= 𝟭𝟱,𝟲𝟱𝟬𝗞𝘀

● Shokubutsu Ultimate White Shower Cream Whitening 3 Sakura Vitamins - 900ml = 𝟮𝟳,𝟭𝟬𝟬𝗞𝘀

သုံးမျိုးထဲက ကြိုက်နှစ်သက်ရာ ၁ ဘူးဝယ်ရင် Shokubutsu 40ml လက်ဆောင် ၁ ဘူးရရှိအုန်းမှာပါ။

သန့်ရှင်းကျန်းမာပြီး ဖန်သားလေလို ဖြူစင်ဝင်းလက်တဲ့အသားအရည်ကို ပိုင်ဆိုင်ချင်တယ် ဆိုရင်တော့...

Shoukubutsu Body Foam လေးကို ဆုလာဘ်ဆေးဆိုင်ဖုန်း 09 944 144 770 (သို့) page messenger မှတဆင့် ဆက်သွယ်မှာယူနိုင်ပါတယ်။ ✨😊

☎️ ဆေးမှာယူရန် - 09 944 144 770

TikTok channel ➤ https://www.tiktok.com/
Viber channel ➤ https://e.vg/sulubpharmacy
Telegram channel ➤ https://t.me/sulubpharmacy
Instagram ➤ https://e.vg/sulub-pharmacy
Facebook Group ➤ https://www.facebook.com/groups/sulubmyanmar


#ဆုလာဘ်မှာဆိုစိတ်ချရတယ်
#ဆုလာဘ်ဆေးဝါးနှင့်လူသုံးကုန်အမျိုးမျိုး

ဆုလာဘ်ရဲ့ ပုံမှန်ထက်သက်သာတဲ့ "𝟭𝟵.𝟭𝟭.𝟮𝟬𝟮𝟰" အတွက် item ဈေးနှုန်းလေးတွေကတော့...●  𝗦𝗲𝘁𝘁𝗞𝘆𝗮𝗿 𝗠𝗶𝗻 𝗔𝗻𝘁𝗶𝗵𝘆𝗽𝗲𝗿𝘁𝗲𝗻𝘀𝗶𝘃𝗲 𝗧𝗮𝗯𝗹𝗲𝘁 - 𝟭,...
19/11/2024

ဆုလာဘ်ရဲ့ ပုံမှန်ထက်သက်သာတဲ့ "𝟭𝟵.𝟭𝟭.𝟮𝟬𝟮𝟰" အတွက် item ဈေးနှုန်းလေးတွေကတော့...

● 𝗦𝗲𝘁𝘁𝗞𝘆𝗮𝗿 𝗠𝗶𝗻 𝗔𝗻𝘁𝗶𝗵𝘆𝗽𝗲𝗿𝘁𝗲𝗻𝘀𝗶𝘃𝗲 𝗧𝗮𝗯𝗹𝗲𝘁 - 𝟭,𝟱𝟬𝟬𝗞𝘀 (𝗕𝗢𝗧)
● 𝗨 𝗦𝗲𝗶𝗻 𝗞𝗵𝗼 𝗖𝗼𝘂𝗴𝗵 - 𝟯,𝟮𝟬𝟬𝗞𝘀 (𝗕𝗢𝗧)
● 𝗧𝗵𝗶𝗿𝗶 𝗠𝗮𝘆 - 𝟰,𝟲𝟬𝟬𝗞𝘀 (𝗕𝗢𝗧)
● 𝗗𝗮𝘄 𝗞𝘆𝗶𝗻 𝗧𝗵𝗮𝗹𝗮𝘁𝗲 - 𝟴𝟱𝟬𝗞𝘀 (𝗣𝗖𝗦)
● 𝗦𝗵𝘄𝗲 𝗧𝗵𝗮𝗺𝗶𝗻 𝘁𝗮𝗯 - 𝟳,𝟯𝟱𝟬𝗞𝘀 (𝗕𝗢𝗧)
● 𝗕𝗼 𝗚𝘆𝗶 𝗛𝗲𝗮𝗿𝘁 (𝗢𝗿𝗶𝗴𝗶𝗻𝗮𝗹) - 𝟭𝟭,𝟭𝟬𝟬𝗞𝘀 (𝗕𝗢𝗧)
● 𝗨 𝗦𝗲𝗶𝗻 𝗞𝗵𝗼 𝗔𝗶𝗿 - 𝟱,𝟯𝟬𝟬𝗞𝘀 (𝗕𝗢𝗧)
● 𝗣𝗵𝘆𝗮𝗻 𝗡𝗴𝗮𝗿 𝗞𝗮𝘂𝗻𝗴 𝗦𝗲𝗲 𝗖𝗵𝗼 - 𝟮,𝟱𝟱𝟬𝗞𝘀 (𝗕𝗢𝗧)
● 𝗣𝗵𝘆𝗮𝗻 𝗡𝗴𝗮𝗿 𝗞𝗮𝘂𝗻𝗴 𝗧𝗵𝘄𝗮𝘆 𝗧𝗼𝗲 - 𝟮,𝟱𝟱𝟬𝗞𝘀 (𝗕𝗢𝗧)

ပုံမှန်ထက်သက်သာတဲ့ ဆေးဝါးနဲ့လူသုံးကုန်ပစ္စည်းတွေကို နေ့စဉ်မနက်တိုင်း update လုပ်ပေးနေတဲ့အတွက် ဆုလာဘ် page ကို follow လုပ်သွားဖို့မမေ့နဲ့နော်။ 🔔✨

ကိုယ်ရှာနေတဲ့ item လေးတွေပါရင် ဖုန်း 09 944 144 770 (သို့) page messenger ကနေတဆင့် ဆက်သွယ်ပြီးအိမ်အရောက် မှာယူနိုင်ပါတယ်‌။ 🚚

☎️ ဆေးမှာယူရန် - 09 944 144 770


#ဆုလာဘ်မှာဆိုစိတ်ချရတယ်
#ဆုလာဘ်ဆေးဝါးနှင့်လူသုံးကုန်အမျိုးမျိုး

ဖုန်းလေးတစ်ချက်ဆက်လိုက်တာနဲ့ အိမ်ရှေ့အထိလာပို့ပေးမယ့်ဆေးဆိုင်ရှာနေတာလား...❓မြန်လည်းမြန်ရမယ်၊ တန်လည်းတန်ရမယ်ဆိုတဲ့ မိတ်ဆွ...
18/11/2024

ဖုန်းလေးတစ်ချက်ဆက်လိုက်တာနဲ့ အိမ်ရှေ့အထိလာပို့ပေးမယ့်ဆေးဆိုင်ရှာနေတာလား...❓

မြန်လည်းမြန်ရမယ်၊ တန်လည်းတန်ရမယ်ဆိုတဲ့ မိတ်ဆွေတွေအတွက် လိုအပ်တဲ့ဆေးဝါး လူသုံးကုန်တွေကို ဆုလာဘ်‌ဆေးဆိုင်မှာ စိတ်တိုင်းကျရွေးချယ်ပြီး အိမ်ကနေပဲ မှာယူနိုင်ပါပြီ။ 💁🏻‍♀️

ရန်ကုန်မြို့ ဆုလာဘ်ဆေးဆိုင်နဲ့ နီးစပ်တဲ့မြို့နယ်များရဲ့ မှာယူမှုများကို "၄၅ မိနစ်အတွင်း" ပို့ဆောင်ပေး‌နေပြီး 📦

၁သိန်းကျပ်နဲ့အထက် ဝယ်ယူမှုအားလုံးအတွက်လည်း "Free Delivery" ရရှိအုန်းမှာပါ‌။ 💯

ဒီလိုသက်သာတဲ့ဈေးနှုန်းတွေနဲ့ အိမ်အရောက်မှာယူချင်တယ်ဆိုရင်‌တော့ ဆုလာဘ်ဆေးဆိုင် ဖုန်း 09 944 144 770 ဒါမှမဟုတ် page messenger ကနေတဆင့် ဆက်သွယ်မှာယူနိုင်ပါတယ်။ 🚚

☎️ ဆေးမှာယူရန် - 09 944 144 770


#ဆုလာဘ်မှာဆိုစိတ်ချရတယ်
#ဆုလာဘ်ဆေးဝါးနှင့်လူသုံးကုန်အမျိုးမျိုး

ဆုလာဘ်ဆေးဆိုင်ရဲ့ သက်သာပြီး စိတ်ချရတဲ့ "𝟭𝟴.𝟭𝟭.𝟮𝟬𝟮𝟰" အတွက် item လေးတွေကတော့...💁🏻‍♀️✨●  𝗣𝗿𝗲𝗱𝗻𝗶𝘀𝗼𝗹𝗼𝗻𝗲 𝗕𝗣𝗜 - 𝟭𝟮,𝟰𝟱𝟬𝗞𝘀 (𝗕𝗢𝗧)●...
18/11/2024

ဆုလာဘ်ဆေးဆိုင်ရဲ့ သက်သာပြီး စိတ်ချရတဲ့ "𝟭𝟴.𝟭𝟭.𝟮𝟬𝟮𝟰" အတွက် item လေးတွေကတော့...💁🏻‍♀️✨

● 𝗣𝗿𝗲𝗱𝗻𝗶𝘀𝗼𝗹𝗼𝗻𝗲 𝗕𝗣𝗜 - 𝟭𝟮,𝟰𝟱𝟬𝗞𝘀 (𝗕𝗢𝗧)
● 𝗚𝗿𝗲𝗲𝗻 𝗭𝗼𝗻𝗲 𝗠𝗼𝗿𝗶𝗻𝗴𝗮 𝟲𝟬'𝘀 (𝗟𝗲𝗮𝗳) - 𝟲,𝟱𝟬𝟬𝗞𝘀 (𝗕𝗢𝗧)
● 𝗠𝗮𝗳𝗼𝗿𝗮𝗻 𝟰𝗺𝗴 - 𝟱,𝟮𝟬𝟬𝗞𝘀 (𝗖𝗔𝗥𝗗)
● 𝗠𝗮𝗳𝗼𝗿𝗮𝗻 𝟯𝗺𝗴 - 𝟰,𝟵𝟬𝟬𝗞𝘀 (𝗖𝗔𝗥𝗗)
● 𝗖𝗹𝗮𝘃𝗮𝗰 𝟯𝟳𝟱 𝗧𝗮𝗯𝗹𝗲𝘁 - 𝟴,𝟭𝟬𝟬𝗞𝘀 (𝗖𝗔𝗥𝗗)
● 𝗕𝗶𝗽𝗿𝗼𝘀𝗮𝗻 𝟱𝗺𝗴 - 𝟱,𝟳𝟱𝟬𝗞𝘀 (𝗖𝗔𝗥𝗗)
● 𝗟𝘆𝗿𝗶𝗰𝗮 𝟳𝟱𝗺𝗴 - 𝟴𝟵,𝟯𝟬𝟬𝗞𝘀 (𝗖𝗔𝗥𝗗)
● 𝗕𝗿𝗮𝗶𝗻𝗮𝗰𝘁 𝟭𝟬𝟬𝟬𝗺𝗴 𝗧𝗮𝗯𝗹𝗲𝘁 - 𝟱𝟱,𝟴𝟬𝟬𝗞𝘀 (𝗖𝗔𝗥𝗗)
● 𝗔𝗸𝘂𝗿𝗶𝘁 𝟰 - 𝟭𝟬,𝟴𝟱𝟬𝗞𝘀 (𝗖𝗔𝗥𝗗)

သက်သာတဲ့ ဆေးဝါးနဲ့လူသုံးကုန်ပစ္စည်းတွေကိုနေ့စဉ်မနက်တိုင်း update လုပ်ပေးနေတဲ့အတွက် ဆုလာဘ် page ကို follow လုပ်သွားဖို့မမေ့နဲ့နော်။ 🔔✨

ကိုယ်ရှာနေတဲ့ item လေးတွေပါရင် ဖုန်း 09 944 144 770 (သို့) page messenger ကနေတဆင့် ဆက်သွယ်ပြီးအိမ်အရောက် မှာယူနိုင်ပါတယ်‌နော်။ 🚚

☎️ ဆေးမှာယူရန် - 09 944 144 770


#ဆုလာဘ်မှာဆိုစိတ်ချရတယ်
#ဆုလာဘ်ဆေးဝါးနှင့်လူသုံးကုန်အမျိုးမျိုး

နေ့စဉ် ဘယ်အလေ့အကျင့်ကောင်း‌လေးက သွေးတိုးရောဂါကို သဘာဝအတိုင်း ပုံမှန်ပြန်ဖြစ်အောင် ထိန်းညှိပေးလဲ 💁🏻‍♀️A) ရေများများသောက်ပ...
16/11/2024

နေ့စဉ် ဘယ်အလေ့အကျင့်ကောင်း‌လေးက သွေးတိုးရောဂါကို သဘာဝအတိုင်း ပုံမှန်ပြန်ဖြစ်အောင် ထိန်းညှိပေးလဲ 💁🏻‍♀️

A) ရေများများသောက်ပေးခြင်း
B) အငန်လျှော့စားခြင်း
C) နေရောင်ခြည်ခံခြင်း
D) မနက်စာမစားခြင်း

လူအများစုဖြစ်တတ်တဲ့ သွေးတိုးရောဂါကို မဖြစ်ခင် သတိထားကာကွယ်ဖို့နဲ့ သွေးတိုးရောဂါ ခံစားနေရရင် အကောင်းဆုံးတုန့်ပြန်ဖို့ အတွက်အရေးကြီးပါတယ်နော်။ ✨💪🏻

TikTok channel >>> https://www.tiktok.com/
Viber channel >>> https://e.vg/sulubpharmacy
Telegram channel >>> https://t.me/sulubpharmacy
Instagram >>> https://e.vg/sulub-pharmacy
Facebook Group >>> https://www.facebook.com/groups/sulubmyanmar


#ဆုလာဘ်မှာဆိုစိတ်ချရတယ်
#ဆုလာဘ်ဆေးဝါးနှင့်လူသုံးကုန်အမျိုးမျိုး

ယခုလို ကြည်နူးသာယာဖွယ်ကောင်းသော တန်ဆောင်းမုန်းလပြည့်နေ့ အခါသမယလေးတွင်...🪔ဆုလာဘ်ဆေးဆိုင်များမှာ အစဉ်အမြဲ ဝယ်ယူအားပေးလာခဲ့...
15/11/2024

ယခုလို ကြည်နူးသာယာဖွယ်ကောင်းသော တန်ဆောင်းမုန်းလပြည့်နေ့ အခါသမယလေးတွင်...🪔

ဆုလာဘ်ဆေးဆိုင်များမှာ အစဉ်အမြဲ ဝယ်ယူအားပေးလာခဲ့ကြတဲ့ မိတ်ဆွေများအားလုံးနဲ့ မြန်မာပြည်တစ်ဝန်းလုံးရှိ မိဘပြည်သူအပေါင်း...

စိတ်လည်းချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့် ကိုယ်စီကိုယ်စီ ဖြတ်သန်းနိုင်ကြပါစေကြောင်း "ဆုလာဘ်ဆေးဆိုင် မိသားစု"မှ ဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်ရှင့်။ 🙏🏻🪔



ဆုလာဘ်ရဲ့မိတ်‌ဆွေတွေအတွက် "𝟭𝟰.𝟭𝟭.𝟮𝟬𝟮𝟰" ရဲ့အတန်ဆုံး item လေးတွေကတော့...✨●  𝗙𝗮𝗺𝗲 𝗡𝗮𝘁𝘂𝗿𝗲 𝗖 - 𝟵𝟮𝟬𝟬𝗞𝘀 (𝗕𝗢𝗧)●  𝗙𝗮𝗺𝗲 𝗛𝗲𝗿𝗯𝗮𝗹 𝗦𝗹𝗲...
14/11/2024

ဆုလာဘ်ရဲ့မိတ်‌ဆွေတွေအတွက် "𝟭𝟰.𝟭𝟭.𝟮𝟬𝟮𝟰" ရဲ့အတန်ဆုံး item လေးတွေကတော့...✨

● 𝗙𝗮𝗺𝗲 𝗡𝗮𝘁𝘂𝗿𝗲 𝗖 - 𝟵𝟮𝟬𝟬𝗞𝘀 (𝗕𝗢𝗧)
● 𝗙𝗮𝗺𝗲 𝗛𝗲𝗿𝗯𝗮𝗹 𝗦𝗹𝗲𝗲𝗽 - 𝟭𝟯𝟬𝟬𝟬𝗞𝘀 (𝗕𝗢𝗧)
● 𝗙𝗮𝗺𝗲 𝗠𝗶𝗹𝗸 𝗧𝗵𝗶𝘀𝘁𝗹𝗲 - 𝟭𝟰𝟵𝟱𝟬𝗞𝘀 (𝗕𝗢𝗧)
● 𝗙𝗮𝗺𝗲 𝗜𝗺𝗺𝘂𝗴𝗶𝗻 - 𝟭𝟰𝟵𝟱𝟬𝗞𝘀 (𝗕𝗢𝗧)
● 𝗙𝗮𝗺𝗲 𝗡𝗼𝗿𝗺𝗼𝘀𝗶𝗻 - 𝟵𝟬𝟬𝟬𝗞𝘀 (𝗕𝗢𝗧)
● 𝗙𝗮𝗺𝗲 𝗖𝗵𝗹𝗼𝗿𝗲𝗹𝗹𝗮 - 𝟭𝟰𝟵𝟱𝟬𝗞𝘀 (𝗕𝗢𝗧)
● 𝗙𝗮𝗺𝗲 𝗗𝗶𝗮𝗯𝗲 𝗛𝗲𝗿𝗯 - 𝟭𝟮𝟲𝟱𝟬𝗞𝘀 (𝗕𝗢𝗧)
● 𝗙𝗮𝗺𝗲 𝗖𝗼𝗿𝗱𝘆𝗰𝗲𝗽𝘀 - 𝟮𝟳𝟮𝟱𝟬𝗞𝘀 (𝗕𝗢𝗧)
● 𝗙𝗮𝗺𝗲 𝗥𝗼𝘆𝗮𝗹 𝗝𝗲𝗹𝗹𝘆 - 𝟭𝟮𝟲𝟱𝟬𝗞𝘀 (𝗕𝗢𝗧)

ဆေးဝါးနဲ့ လူသုံးကုန်အမျိုးမျိုးကို သက်သာပြီးစိတ်ချရတဲ့ ဈေးနှုန်းတွေနဲ့ ဆုလာဘ်ဆိုင်ခွဲတိုင်းမှာ ၀ယ်ယူနိုင်ပါပြီ။ ✨

ကိုယ်ရှာနေတဲ့ item လေးတွေပါရင် တစ်ခါထဲ ဖုန်း 09 944 144 770 ကို ဆက်သွယ်ပြီးအိမ်အရောက် မှာယူနိုင်ပါတယ်‌နော်။ 🚚

☎️ ဆေးမှာယူရန် - 09 944 144 770


#ဆုလာဘ်မှာဆိုစိတ်ချရတယ်
#ဆုလာဘ်ဆေးဝါးနှင့်လူသုံးကုန်အမျိုးမျိုး

📣 ဆုလာဘ်ရဲ့မိတ်ဆွေတွေအတွက် "နို၀င်ဘာလ အထူးပရိုမိုရှင်း - 2 " 📣တစ်လတစ်ခါပြုလုပ်ပေးနေတဲ့ ဆုလာဘ်ရဲ့ Monthly Promotion ကြီးမ...
13/11/2024

📣 ဆုလာဘ်ရဲ့မိတ်ဆွေတွေအတွက် "နို၀င်ဘာလ အထူးပရိုမိုရှင်း - 2 " 📣

တစ်လတစ်ခါပြုလုပ်ပေးနေတဲ့ ဆုလာဘ်ရဲ့ Monthly Promotion ကြီးမှာ...

ဆေးဝါးနဲ့ လူသုံးကုန်အမျိုးမျိုးကို "10% ကနေ 25% အထိ" discount တွေချပေးနေပြီး၊ "တစ်ခု၀ယ်တစ်ခုအပိုလက်ဆောင်" အစီအစဉ်တွေလည်းပါဝင်ပါတယ်။ 💯

ဆေးဝါးနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးပစ္စည်း‌တွေ၊ အလှကုန်ပစ္စည်း‌တွေကို budget လည်း save ဖြစ် ၊ အတန်ဆုံးဈေးတွေနဲ့ ဝယ်ယူချင်တယ်ဆိုရင်တော့ ဘာကိုမှစောင့်မနေပဲ နီးစပ်ရာ ဆုလာဘ်ဆေးဆိုင်‌တွေမှာ လာရောက်ဝယ်ယူနိုင်ပါပြီ။ 💁🏻‍♀️✨

နောက်လ‌တွေမှာလဲဘယ် product တွေကို အရမ်းတန်တဲ့ဈေးနှုန်းတွေနဲ့ promotion ချမလဲဆိုတာ စောင့်ကြည့်ဖို့ ဆုလာဘ် page ကို like and follow လုပ်သွားဖို့မမေ့နဲ့နော်။ 🔔

Promotion 1 --https://www.facebook.com/sulubmyanmar/posts/556250620341747

#ဆုလာဘ်မှာဆိုစိတ်ချရတယ်
#ဆုလာဘ်ဆေးဝါးနှင့်လူသုံးကုန်အမျိုးမျိုး

"𝟭𝟯.𝟭𝟭.𝟮𝟬𝟮𝟰" အတွက် ဆုလာဘ်ဆေးဆိုင်တွေမှာ စျေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်မယ့် item လေးတွေကတော့...●  𝗞𝘆𝗲𝘁 𝗟𝗲𝗹 𝗦𝗮𝗻 𝗕𝗶𝗴 - 𝟭𝟬𝟬𝟬𝗞𝘀...
13/11/2024

"𝟭𝟯.𝟭𝟭.𝟮𝟬𝟮𝟰" အတွက် ဆုလာဘ်ဆေးဆိုင်တွေမှာ စျေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်မယ့် item လေးတွေကတော့...

● 𝗞𝘆𝗲𝘁 𝗟𝗲𝗹 𝗦𝗮𝗻 𝗕𝗶𝗴 - 𝟭𝟬𝟬𝟬𝗞𝘀
● 𝗚𝗿𝗲𝗲𝗻 𝗭𝗼𝗻𝗲 𝗠𝗼𝗿𝗶𝗻𝗴𝗮 𝟲𝟬'𝘀 (𝗟𝗲𝗮𝗳) - 𝟲𝟱𝟬𝟬𝗞𝘀
● 𝗕𝗦𝗖 𝗧𝗮𝘄 𝗦𝗵𝗮𝘂𝗸 𝗠𝘆𝗶𝘁 𝗟𝗶𝗾𝘂𝗶𝗱 - 𝟮𝟱𝟬𝟬𝗞𝘀
● 𝗦𝗲𝘁𝘁𝗞𝘆𝗮𝗿 𝗠𝗶𝗻 𝗔𝗿𝗿 𝗧𝗼𝗲 𝗦𝗮𝘆(𝗯𝗹𝘂𝗲) - 𝟭𝟵𝟬𝟬𝗞𝘀
● 𝗞𝗮𝗺𝗮𝘇𝗮 - 𝟯𝟭𝟱𝟬𝗞𝘀
● 𝗠𝗮𝗵𝗲𝗶𝘁𝗱𝗶 𝗖𝗮𝘁𝗵𝗲𝗿𝘀𝗶𝘀 - 𝟰𝟲𝟬𝟬𝗞𝘀
● 𝗗𝗮𝘄 𝗞𝘆𝗶𝗻 𝗪𝗮𝗻 - 𝟴𝟱𝟬𝗞𝘀
● 𝗗𝗮𝘄 𝗞𝘆𝗶𝗻 𝗟𝗮𝘆 - 𝟴𝟱𝟬𝗞𝘀
● 𝗗𝗮𝘄 𝗞𝘆𝗶𝗻 𝗧𝗵𝗮𝗹𝗮𝘁𝗲 - 𝟴𝟱𝟬𝗞𝘀

ဆေးဝါးနဲ့ လူသုံးကုန်အမျိုးမျိုးကို သက်သာပြီးစိတ်ချရတဲ့ ဈေးနှုန်းတွေနဲ့ ဆုလာဘ်ဆိုင်ခွဲတိုင်းမှာ ၀ယ်ယူနိုင်ပါပြီ။ ✨

ကိုယ်ရှာနေတဲ့ item လေးတွေပါရင် တစ်ခါထဲ ဖုန်း 09 944 144 770 ကို ဆက်သွယ်ပြီးအိမ်အရောက် မှာယူနိုင်ပါတယ်‌ရှင့်။ 🚚

☎️ ဆေးမှာယူရန် - 09 944 144 770


#ဆုလာဘ်မှာဆိုစိတ်ချရတယ်
#ဆုလာဘ်ဆေးဝါးနှင့်လူသုံးကုန်အမျိုးမျိုး

တုပ်ကွေးကာလမှာ သားသားမီးမီးတို့ အပြင်းဖျားပြီး ကျောင်းမသွား၊ အစားမစားနိုင်မဖြစ်ရအောင်...🤒အခုလို မိုးအကုန်ဆောင်းအကူးကာလမှ...
12/11/2024

တုပ်ကွေးကာလမှာ သားသားမီးမီးတို့ အပြင်းဖျားပြီး ကျောင်းမသွား၊ အစားမစားနိုင်မဖြစ်ရအောင်...🤒

အခုလို မိုးအကုန်ဆောင်းအကူးကာလမှာ ဖြစ်တတ်တဲ့ ရာသီတုပ်ကွေးဖြစ်လာပြီဆို တော်တော်ခံရခက်ပါတယ်။ သားသားမီးမီးလေးတို့ ဒီလိုရာသီတုပ်ကွေးမျိုး မခံစားရအောင်...

Vaxigrip Tetra တုပ်ကွေးကာကွယ်ဆေးကို မူလ ဈေး 35,000 ကျပ် မှ ယခု 29,500 ကျပ်ထဲနဲ့ နီးစပ်ရာဆုလာဘ်ဆေးဆိုင်များမှာ တစ်ခါထဲ လာရောက်ထိုးနှံနိုင်အောင်စီစဉ်ပေးထားပါတယ်ရှင့်။ 💉

Vaxigrip Tetra ကို ကလေး ၆ လ သားအရွယ်ကနေစပြီး လူကြီးလူငယ်မရွေး ထိုးနှံနိုင်ပါတယ်။ အခုမှစထိုးမယ့် ၆ လက‌နေ ၉ နှစ်အရွယ် သားသားမီးမီးတို့အနေနဲ့ ပထမတစ်ခေါက်ထိုးပြီး "၁ လခြားအကြာ" နောက်တစ်ခေါက်ထိုးနှံပေးရပါတယ်ရှင့်။

Vaxigrip Tetra ကိုပြီး တစ်ခေါက်ထိုးနှံပြီးသွားရင် တုပ်ကွေးရာသီ ၁ နှစ်လုံးအတွက်ခံနိုင်ရည်ရှိတဲ့အတွက် နောက်ရာသီမစမခြင်းထိုးနှံဖို့မလိုပါဘူး‌နော်။ 💪🏻

သားသားမီးမီးလေးတို့ ရာသီတုပ်ကွေးဒဏ်ခံနိုင်အောင် Vaxigrip Tetra ကို ဆုလာဘ်ဆေးဆိုင်တွေမှာ promotion ချတုန်း လာ‌ရောက်ထိုးနှံနိုင်ပါပြီရှင့်။

ကာကွယ်ဆေးအကြောင်း အသေးစိတ် သိရှိလိုပါကဖုန်း 09 944 144 770 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။

☎️ ဆက်သွယ်ရန်ဖုန်း - 09 944 144 770


#တုပ်ကွေးကာကွယ်ဆေး
#ဆုလာဘ်
#ဆုလာဘ်မှာဆိုစိတ်ချရတယ်
#ဆုလာဘ်ဆေးဆိုင်နှင့်အဆင့်မြင့်ဆေးခန်း

Address

No. 102/4, Pyidaungsu Road, Ward. 38, North Dagon, Yangon
Dagon
11421

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Telephone

+959949200665

Alerts

Be the first to know and let us send you an email when Su Lub Pharmacy & Smart Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Su Lub Pharmacy & Smart Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Other Pharmacies / Drugstores in Dagon

Show All