Dr Saw Khaing

Dr Saw Khaing Contact no.095141783

-စိမ်းညို့နေတဲ့ တောင်တန်းရယ် ကြည်လဲ့နေတဲ့ ယန်ဇီမြစ်ရယ် အပြာရောင် ကောင်းကင်တို့က ပြည့်စုံတဲ့ပန်းချီကားတစ်ချပ်ပေါ့-မြစ်ရေက...
01/10/2020

-စိမ်းညို့နေတဲ့ တောင်တန်းရယ်
ကြည်လဲ့နေတဲ့ ယန်ဇီမြစ်ရယ်
အပြာရောင် ကောင်းကင်တို့က
ပြည့်စုံတဲ့ပန်းချီကားတစ်ချပ်ပေါ့

-မြစ်ရေကလဲ သွင်သွင်စီးတယ်
ပန်းတွေကလဲ ထပ်ထပ်ပွင့်မယ်
မြစ်ကြောင်းတွေကကွေ့က ာ
ကောက်တယ်
ကမ်းပါးတွေက ပြိုကာပျက်တယ်

-မြစ်ရေ​တွေက ရေစီးသန်တယ်
ဘဝတွေက မုန်တိုင်းထန်မယ်
ကမ်းပြိုတိုင်းသာသောင်ထွန်းရရင်
လဲပြိုတိုင်းမှာအတောင်ကျိုးရချီရဲ့

-တကယ်တော့
ပြီးပြည့်စုံတဲ့ဘဝဆိုတာ
၃၁ ဘုံမှာ ဘယ်ဘုံမှာမှမရှိပါ။
ဥာဏ်နှင့်ယှဉ်သောအသိကသာ
ဘဝတို့ချုပ်ငြိမ်းရာဆီပို့ပေးမှာ။
မေတ္တာများစွာဖြင့်
ဆရာစော။
၁.၁၀.၂၀၂၀

"ကိုယ်ရှာတာ......ကိုယ်တွေ့မယ်" #အပြစ်ရှာရင်အပြစ်တွေ့မယ် #အချစ်ရှာရင်အချစ်တွေ့မယ် #အသစ်ရှာရင်အသစ်တွေ့မယ် #အနှစ်ရှာရင်အနှစ...
30/09/2020

"ကိုယ်ရှာတာ......ကိုယ်တွေ့မယ်"

#အပြစ်ရှာရင်အပြစ်တွေ့မယ်
#အချစ်ရှာရင်အချစ်တွေ့မယ်

#အသစ်ရှာရင်အသစ်တွေ့မယ်
#အနှစ်ရှာရင်အနှစ်တွေ့မယ်

#ကိုယ်ဘာရှာမလဲဆိုတာကိုယ်ပဲရွေးချယ်ရမယ်

မှော်တွေ၊ ဒိုက်တွေဖုံးနေတဲ့
ရေပြင်ရဲ့အောက်မှာ
ရေကြည်ရေအေးလေးတွေ ရှိနေတတ်သလို
ပြစ်ချက်လေးတွေ ရှိနေတဲ့ လူတွေမှာလည်း ကောင်းကွက်လေးတွေ ရှိနေတတ်တာပါပဲ

ကောင်းတာလေးတွေကိုဘေးဖယ်ပြီး
မကောင်းတာတွေကိုပဲ လိုက်ကြည့်နေလို့ကတော့အညှီအဟောက်ကိုလိုက်ရှာပြီး အုံနေတတ်တဲ့ ယင်ကောင်လိုပဲ ဖြစ်နေမှာပေါ့

အပြစ်တင်ဖို့ အပြစ်မြင်နေရင်
အပြစ်ဖြစ်နေတာလည်း ကိုယ်ပဲဖြစ်နေမှာပဲလေအပြစ်ပြင်မှ အပြစ်မထင်မှာ မဟုတ်လား

အပြစ်ပြင်တယ်ဆိုတာ အပြင်ပစ်ရမှာပါ
အပြစ်တွေတွေ့ရင် ရင်ထဲမှာသိမ်းမထားဘဲ
အပြင်ကိုထုတ်ပစ်ရမှာပါ

သူများအပြစ်တွေကိုလိုက်ခံစားပြီး ကိုယ့်စိတ်မှာ လေးလံနေ၊ အပြစ်ဖြစ်နေတာတွေ မဖြစ်အောင် သိမ်းမထားဘဲ ထုတ်ပစ်ရမှာပါ

အဓိကကတော့ ကိုယ့်အမြင်နဲ့ ကိုယ့်အတွေးကအဓိကပါပဲ အမြင်မှန်ရင် အတွေးမှန်မယ်
အတွေးမှန်မှလည်း အမြင်မှန်မယ်

ဘယ်သူနဲ့ပဲဖြစ်ဖြစ်၊
ဘယ်နေရာမှာပဲဖြစ်ဖြစ်
ဘယ်အချိန်ပဲဖြစ်ဖြစ်
နှလုံးသွင်းမှန်တဲ့သူဟာ
အပြစ်အဖြစ် သက်သာနေမှာပါပဲ

အပြစ်တင်ဖို့ အပြစ်ရှာနေတတ်တဲ့ သူအတွက်တော့
အပြစ်တွေပဲ ဖြစ်နေမှာပဲပေါ့

ဒါကြောင့် အပြစ်ရှာဖို့ထက်
အနှစ်ပါအောင်ကြိုးစားရမယ်
အသစ်ရှာဖို့ထက်
အပြစ်မပါအောင် သတိပြုရမယ်
အချစ်ရှာဖို့ထက် မနစ်နာအောင်
နေထိုင်ရမယ်

#မေတ္တာဖြင့်
#မနာပဒါယီအရှင်ဝိစိတ္တ

 #ကောင်းကင်ထက်က   ကြယ်လေးတွေရဲ့တောက်ပမူက   လူတိုင်းအတွက်မဟုတ်ဘူး။   ငါ့အတွက်တောက်ပတယ်လို့   မင်းထင်နေရင်    မင်းပဲ ပင်ပန...
29/09/2020

#ကောင်းကင်ထက်က
ကြယ်လေးတွေရဲ့တောက်ပမူက
လူတိုင်းအတွက်မဟုတ်ဘူး။
ငါ့အတွက်တောက်ပတယ်လို့
မင်းထင်နေရင်
မင်းပဲ ပင်ပန်းရလိမ့်မယ်။
#တစ်ခါတစ်ရံ
အမှေးမှိန်ဆုံးကြယ်တစ်ပွင့်က
မင်းအတွက် တကယ့်ဘဝမှာ
အတောက်ပဆုံးဖြစ်နေတတ်တယ်
#ကြယ်လေးတွေရဲ့
ကောက်ကြောင်းနောက်လိုက်ရင်း
ငါတို့တွေ အိုစာခဲ့ ကြပြီ။
#တကယ်တော့
တစ်မိုးသောက်ရင်
အားလုံးပျောက်ပျက်သွားရမှာ
အသေအချာပါ။
ကဗျာစာဆို ဆရာစော။
၂၇.၉. ၂၀၂၀

 #အချစ်ဆိုတာ  မတူညီတဲ့စိတ်ခံစားမှုတွေနဲ့ စပြီး မြစ်ဖျားခံခဲ့တာ။ အတူတူပေါင်းစည်းသွားဖို့က လွယ်သလောက် အဆုံးသတ်က မြစ်ခွဲပေါ...
28/09/2020

#အချစ်ဆိုတာ
မတူညီတဲ့စိတ်ခံစားမှုတွေနဲ့
စပြီး မြစ်ဖျားခံခဲ့တာ။
အတူတူပေါင်းစည်းသွားဖို့က
လွယ်သလောက် အဆုံးသတ်က
မြစ်ခွဲပေါင်းမြောက်မြားစွာနဲ့ပေါ့ ။
#ယောက်ျားတွေရဲ့အချစ်က
ဝဲဂယက်လိုတဇွတ်ထိုးနိုင်တယ်ဆို
မိန်းမတွေရဲ့အချစ်က
အကွေ့အကောက်များလို့ဖြစ်မယ်
#မိဘတွေရဲ့ချစ်ခြင်းဟာ
ထာဝရအေးမြတဲ့လမင်းဆိုရင်
မိန်းမတွေရဲ့ချစ်ခြင်းဟာ
ထာဝရနေမင်းဖြစ်မယ်။
#အဆုံးသတ်အချစ်က
ဘယ်လောက်ပဲပူပူ
ဘယ်လိုပဲကွေ့ကောက်ကောက်
ဒီလူနှစ်ဦးရဲ့သံယောဇဥ်က
သာမာန်မှမဟုတ်တာနော်
ပါရမီမြောက်သံယောဇဥ်ပေါ့။

ကဗျာစာဆိုဆရာစော
၂၈.၉.၂၀၂၀

🙏🙏🙏အချစ်မှ တစ်ဆင့် နိဗ္ဗာန်သုိ့******************************အချစ်ဟာ ကောင်းသလားလို. မေးရင်တော့ မကောင်းဘူး ပြောရမှာပဲ။ ဒါ...
18/08/2020

🙏🙏🙏
အချစ်မှ တစ်ဆင့် နိဗ္ဗာန်သုိ့
******************************

အချစ်ဟာ ကောင်းသလားလို. မေးရင်တော့ မကောင်းဘူး ပြောရမှာပဲ။ ဒါပေမဲ့ အချစ်ကြောင့် အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ကို ရနိုင် ပါတယ်တဲ့။

ဒီလိုပြောတော့ စာဖတ်သူက ချက်ချင်း လက်ခံချင် နိုင်မှ လက်ခံနိုင်မှာပါ။ ပဋ္ဌန်း ဥပနိဿယ ပစ္စည်းကို အာရုံပြု ကြည့်လိုက်ပါ။

အကုသလော ဓမ္မော၊ ကုသလဿ ဓမ္မဿ ဥပနိဿယ ပစ္စယေန ပစ္စယော။ အကုသိုလ် တရားက ကုသိုလ် တရားကို ပြန် ကျေးဇူးပြုပါတယ်တဲ့။

အကုသိုလ်က ကုသိုလ်ကို ပြန်ကျေးဇူး ပြုတယ်ဆိုတော့ ဖတ်ရသူတွေ အဖို့ အံ့သြစရာ ဖြစ်နေ ပါလိမ့်မယ်။အဓိပ္ပါယ် ကတော့ အချစ်ဆိုတဲ့ ရာဂ ကို အမှီပြုပြီး၊ ဒါနတွေ ပြုမယ်။ သီလတွေ ဆောက်တည်မယ်။ ရှစ်ပါးသီလ၊ ကိုးပါး သီလ ကိုစောင့်ထိန်းမယ်။ ဈာန်ရကြောင်း သမထ ကမ္မဋ္ဌန်း တစ်ခုခုကို ပွားများမယ်။ ဝိပသနာ တရားကို ပွားများမယ်။

ဒါဆိုရင်တဲ့ မဂ်လည်း ရနိုင်ပါတယ်။ အဘိညာဉ်လည်း ရနိုင်ပါတယ်။ သမာတ်လည်း ရနိုင်ပါတယ်တဲ့။ ဒီအတိုင်း ပြောရင် ရှင်းမှာ မဟုတ်ဘူး၊ ပုံ ဝတ္ထုလေးနဲ့ တွဲပြောပြလိုက်ရင် ပိုရှင်း သွားပါလိမ့်မယ်။

ဒါကြောင့် အားလုံးကြားဖူးတဲ့ သုမေဓာ ရှင်ရသေ့ ဝတ္ထုလေးကို ပြန်အာရုံ ပြုကြည့်ရအောင်။

ဒီပင်္ကရာ မြတ်စွာဘုရား ကြွလာမဲ့ လမ်းမှာ ဝိုင်းပြီး လုပ်အားပေး ကြတော့ သုမေဓာ ရှင်ရသေ့လေး ကလည်း ဝင်ပြီး လုပ်အား ပေးပါတယ်။ နောက် ဒီပင်္ကရာ မြတ်စွာဘုရားရှင် ကြွလာတော့ သူမေဓာ ရှင်ရသေ့လေးက သူတာဝန်ယူ ထားတဲ့ မြေကွက်က မပြီးသေးတာနဲ့ ခန္ဓာကိုယ်ကို တံတား အဖြစ်ခင်းပြီး လှူ လိုက်ပါတယ်။

အဲဒီအချိန်မှာပဲ သုမိတ္တာ ဆိုတဲ့ အမျိုး သမီးလေးက ရသေ့လေးကို မြင်မြင်ခြင်း သံယောဇဉ် ဖြစ်ပြီး ချစ်သွားပါသတဲ့။ သုမိတ္တာ ဆိုတဲ့ အမျိုးသမီး လေးရဲ့ လက်ထဲ မှာ ဒီပင်္ကရာ မြတ်စွာ ဘုရားကို ကပ်လှူဘို. ကြာပန်း ရှစ်ခိုင်ကို ကိုင်ထားပါတယ်။

မြင်မြင်ချင်း ချစ်တဲ့စိတ် ဖြစ်သွားတာ ဆိုတော့ ကိုင်ထားတဲ့ ကြာပန်း ရှစ်ခိုင်ထဲက ငါးခိုင်ကို ခွဲထုတ်ပြီး သုမေဓာ ရှင်ရသေ့လေးကို “ဒီကြာပန်းလေး တွေနဲ့ မြတ်စွာ ဘုရားကို လှူပါနော်” လို. ပြောပြီး ပေးလိုက်ပါတယ်။ သူကတော့ သုံးခိုင်ပဲ ယူထားလိုက်ပါတယ်။ပြီးတော့ ရှင်ရသေ့ ပါရမီ ဖြည့်ကျင့် နေသမျှ ကာလ အတော အတွင်း “ကျွန်မသည် ရှင်ရသေ့နဲ့ အတူတကွ ပါရမီဖြည့်ဘက် ဖြစ်ရပါလို့၏”လို့ ဆုတောင်း လိုက်ပါတယ်။

ဒီဘ၀ အတွက် ဆုတောင်းတာ မဟုတ်ပါဘူး၊ နောင်ဘ၀ နောင်ဘ၀ တွေအတွက် ဆုတောင်းတာပါ။ ရသေ့ဖြစ် နေတာဆိုတော့ ဒီဘ၀ အတွက်တော့ မဖြစ်နိုင်တော့ပါဘူး ။

ဒီပင်္ကရာ မြတ်စွာဘုရားရှင်ကလည်း
“သုမေဓာ ရှင်ရသေ့…ဒီ သုမိတ္တာ အမျိုးသမီးလေးဟာ သင်ဘုရား ဖြစ်ဖို့ရန် စိတ်တူ ကံတူ ပါရမီ ဖြည့်ဘက် ဖြစ်လိမ့်မယ်” လို့ တစ်ခါတည်း ဗျာဒိတ် ပေးလိုက်ပါတယ်။ ဘာပဲပြောပြော ချစ်တဲ့ စိတ်ဖြစ်ပြီး ပါရမီ ဆုတောင်း လိုက်တော့ သုမိတ္တာ အတွက် မှန်ကန် အကျိုးရှိတဲ့ ဆုတောင်းတစ်ခု ဖြစ်သွားတာတော့ အမှန်ပါပဲ။

သုမိတ္တာဆိုတဲ့ အမျိုးသမီး လေးဟာ အချစ်ဆိုတဲ့ ရာဂ ကို အမှီပြုပြီး သံသရာမှာ ပါရမီ ဖြည့်ဘက် အဖြစ် ကျင်လည်ရင်း ၊ ဒါနတွေပြု၊ သီလတွေ ဆောက်တည်၊ သမထ တွေပွားများ၊ နောက်ဆုံး ဘဝမှာ ဝိပဿနာ တရားတွေ ပွားများ အားထုတ်ရင်း၊ အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ရသွား ပါတော့တယ်။

ဒါဟာ အချစ်ဆိုတဲ့ ရာဂကို အမှီပြုပြီး အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ရသွားတဲ့ ထင်ရှားတဲ့ သာဓက တစ်ခုပါ။ အချစ်က နိဗ္ဗာန်ရဖို့ ကျေးဇူး ပြုလိုက်တာပါ။

ဇနီး မောင်နှံ နှစ်ယောက် အိမ်ထောင်ပြု ကြတယ်ဆိုတာ ရာဂကို အမှီပြု ပြီးပြုကြ ရတာပါ။ ဒါပေမဲ့ ကိုယ်က ဒီရာဂ ကို အမှီပြု ပြီး ဒါနတွေ ပြုဖြစ်အောင်၊ သီလတွေ ဆောက်တည်ဖြစ်အောင်၊ ဝိပဿနာတွေ ပွားများဖြစ်အောင် သုမေဓာ ရှင် ရသေ့နဲ့ သုမိတ္တာ အမျိုးသမီး လေးတို့ကို အာရုံပြုပြီး ကြိုးစား ရပါမယ်။

ဥပမာ- ကိုယ့်ခင်ပွန်းက အပြင်ထွက်ပြီး စီးပွားရှာ နေမယ်၊ ရှာလို့ ရလာတဲ့ ငွေကြေးတွေကို ဒါနတွေ ပြုပေးမယ်။ ခင်ပွန်း မွေးနေ.မှာ ကုသိုလ် ကောင်းမှု. တစ်ခုခု ပြုပေးမယ်၊ မွေးနေ. မှာ နှစ်ယောက်အတူ ဘုရားသွားမယ်၊ တရားပွဲတွေ အတူတူ သွားမယ်၊ မင်္ဂလာ ဆယ်နှစ်မြောက်၊ ဆယ့်ငါးနှစ်မြောက်၊ အထိန်းအမှတ် အဖြစ် ဒါနတွေ ပြုမယ်။

အားတဲ့ ရက်တွေမှာ ရိပ်သာကို တလှည့်စီ ဒါမှမဟုတ် နှစ်ယောက် အတူတူ ရိပ်သာဝင် တရား အားထုတ်မယ် ၊ ဒါတွေဟာ အချစ်ကို အမှီပြု ပြီး ကုသိုလ်တွေ ဖြစ်နေတာပါ။

နောက်တစ်ခုက ကိုယ့်ခင်ပွန်း အပြင်သွားပြီး အလုပ်လုပ် နေတဲ့ အချိန်မှာ ကိုယ့်ခင်ပွန်း အတွက် ဘုရားမှာ ပန်းကပ်၊ ရေကပ်ပေးမယ်။ ပြီးတော့ ဤရေ အေးမြသလို ကိုကိုလည်း စိတ်ကော ရုပ်ကော အေးမြပါစေလို့ မေတ္တာပို့ ပေး နေမယ်ဆိုရင် အချစ်ဆိုတဲ့ ရာဂကို အမှီပြုပြီး ကုသိုလ်တွေ ဖြစ်နေတာပါ။

ပဋ္ဌန်း စကားနဲ့ ပြောရင် ဥပနဿယ ပစ္စည်းနဲ့ အပြန်အလှန် ကျေးဇူးပြု နေကြတာပါ။ ကုသိုလ် ကောင်းမှု. တွေကို အတူတူ ပြုနေတဲ့ အတွက် နောင်ဘ၀ နောင်ဘ၀ တွေအတွက်လည်း ရေစက်ဆုံ ကြရဦးမှာပါ။

တကယ်လို. အိမ်ထောင် မပြုရသေးတဲ့ သမီးရည်းစား ဘဝမှာပဲ ရှိနေသေးတယ် ထားဦး။ ချစ်သူတို့ သဘာ၀ အရ ရွှေတိဂုံ ဘုရားကို သွားမယ်၊ ဘုရားမှာ ပန်းကပ်မယ်၊ ရေကပ်မယ်၊ ရွှေသင်္ကန်း ကပ်မယ် ဘုရားရှိခိုး မယ်ဆိုကြပါစို.။

သွားတုံးက ရာဂ ကို အမှီပြု ပြီးသွားကြတာ ဒါပေမဲ့ ဘုရားပေါ် ရောက်တော့ ကုသိုလ်တွေ ပြုဖြစ်သွားပါတယ်။ ဒါဟာလည်း အချစ်ကို အမှီပြု ပြီး ကုသိုလ်တွေ ဖြစ်နေတာပါပဲ။သွားတုံးကတော့ ရာဂကို အမှီပြု ပြီးသွားပေမဲ့ ရာဂ အဆင့်မှာပဲ ရပ်မနေဘဲ တစ်ဆင့်တက်ပြီး ကုသိုလ်တွေ ပြုလိုက်တော့ အချစ်ကနေ ကုသိုလ်ကို ကျေးဇူးပြု သွားတာပါ။

ဟယ်..ရာဂ ဆိုတာ အကုသိုလ်ကြီး ဆိုပြီး နင်းကန် အပြစ်တင် နေရမှာ မဟုတ်ပါဘူး။ အဲဒီ အကုသိုလ် ဆိုတဲ့ ရာဂ ကို အမှီပြုပြီး အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ရနိုင်တယ် ဆိုတာ ကိုယ်က သဘောပေါက် ထားဖို့ပါပဲ။

တစ်ခုတော့ ရှိပါတယ်။ ရာဂကို အမှီပြုပြီး တစ်ဆင့် တက်ရမှာကို မတက်ဘဲ ရာဂနဲ့ပဲ ရပ်နေမယ်၊ အချစ်နဲ့ပဲ ရပ်နေမယ် ဆိုရင်တော့ ဘယ် အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ရနိုင်မှာလဲ။

ဒီတော့ ဇနီးမောင်နှံ နှစ်ယောက်ဟာ အချစ်ဆိုတဲ့ ရာဂကို အမှီပြုပြီး အကုသိုလ် ကနေ ကုသိုလ်ကို တစ်ဆင့်တက်တဲ့ ဥပနိဿယ ပစ္စည်းတွေ ဖြစ်နေဖို.ပဲ အရေးကြီးပါတယ်။

ပြီးတော့ ဒီ ဥပနိဿယ ပစ္စည်းတွေဟာ နောင်ဘ၀ နောင်ဘ၀ တွေထိလည်း လိုက်ပြီး ကျေးဇူးပြု နေဦးမှာပါ။ နောက်ဆုံး နိဗ္ဗာန် ရတဲ့ အထိ ကျေးဇူးပြု သွားမှာပါ။နှစ်ယောက်လုံး တရားအသိ ရှိထားတဲ့ သူတွေဆိုရင် အမှားပြုဖို့လည်း ခဲယဉ်း ကြသလို၊ နှစ်ယောက် စလုံးဟာ တရား ရိပ်သာ ဝင် ထားကြ၊ တရား အားထုတ်ဖူးတဲ့ သူတွေ ဆိုရင်တော့ တရား အသိ လေးတွေနဲ့ ဆိုရင် ဘဝကို အဓိပ္ပါယ် ရှိရှိ ငြိမ်းငြိမ်း ချမ်းချမ်းလေး တည်ဆောက် သွားလို့ ရပါတယ်။

ဘာပဲပြောပြော ဇနီးမောင်နှံ နှစ်ယောက် ပဋ္ဌန်း ဥပနိဿယ ပစ္စည်းတွေ နေ.စဉ် ဖြစ် ဖြစ်နေဖို့ပါပဲ။ ဒါဆိုရင် အမှားနည်းတဲ့ “ရာသက်ပန် ငြိမ်းချမ်းတဲ့ ဘဝလေး” ဖြစ်နေတော့မှာပါ။

ရေးသားသူ - အရှင် ရာဇိန္ဒ (ရဝေနွယ်-အင်းမ)

☸️ ဉာဏ်လမ်းပေါ်ရောက်ရှိနေသူတို့ရဲ ့... ရှုမှတ်ပုံများ ☸️••••••••••••••••••••••••••••••••••                      ဝိပဿနာ ဆ...
09/08/2020

☸️ ဉာဏ်လမ်းပေါ်ရောက်ရှိနေသူတို့ရဲ ့...
ရှုမှတ်ပုံများ ☸️
••••••••••••••••••••••••••••••••••

ဝိပဿနာ ဆိုတာ ဉာဏ်နဲ့လုပ်ရတဲ့ ဉာဏ်အလုပ်ဖြစ်ပါတယ်။
ဒါ့ကြောင့်မို့လည်း.....
ဝိပဿနာ အားထုတ်နေတဲ့ပုဂ္ဂိုလ်တွေ ကို " ဉာဏ်လမ်းပေါ်မှာ လျှောက်နေကြတဲ့သူတွေ " လို့....
စာအုပ်၊ စာပေတွေမှာ တင်စား၊ ရေးသားလို့ထားတာတွေ ရှိတဲ့အတွက်ကြောင့် တွေ့ဘူး၊မြင်ဘူးကြလိမ့်မယ်လို့ ထင်ပါတယ်။
အို၊ နာ၊ သေ ဘေး က လွတ်မြောက်ဖို့အတွက် ထွက်ရာလမ်း ဆိုတာ ဝိပဿနာ အကျင့် တစ်ခုထဲသာပဲ ရှိပါလားဆိုတဲ့ အသိ သံဝေဂ နဲ့ ကျင့်ကြံအားထုတ်နေကြတဲ့ ဓမ္မမိတ်ဆွေတို့ဟာ ဘယ်လို အကြောင်းကြောင့်ပဲ ဖြစ်ဖြစ်...
မိမိတို့လျှောက်နေကြတဲ့ အဲဒီ ဉာဏ်လမ်းပေါ်ကနေ အခြားလမ်းကို ချော်မသွားကြဘဲ၊ ပြီးတော့ ဉာဏ်လမ်းပေါ်ကလည်း ဆင်းမသွားကြဘဲ၊ ဒီလျှောက်နေတဲ့ ဉာဏ်လမ်းပေါ်မှာ ရပ်တန့်ပြီးတော့လည်း မနေကြဘဲ၊ ဉာဏ်နဲ့ယှဉ်ပြီး " စရဏ "ဆိုတဲ့ ကျင့်ကြံမှုကိုသာ အဓိကထားပြီး အားထုတ်ကြဖို့အထူး လိုအပ်ပါတယ်။
နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်ကို မရောက်နိုင်သေးတာတောင်မှ အရင်ဆုံး အပါယ်လေးဘုံ က ကင်းလွတ်သွားကြသူများဖြစ်မှသာလျှင် ဒီ ဉာဏ်လမ်းပေါ်မှာ တည်တံ့နေမှာ ဖြစ်တဲ့အတွက် ဓမ္မမိတ်ဆွေတို့အနေနဲ့ ကျင့်ကြံအားထုတ်ကြရာမှာ ဦးတည်ချက်မမှားတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ဖို့အရေးကြီးလှပါတယ်။
အဲဒီလို ဉာဏ်လမ်းပေါ်ရောက်ရှိသွားကြသူများ နဲ့၊ ဝိပဿနာကို အတော်အတန်အားထုတ်လာလို့ဉာဏ်စဉ်တွေတက်လာတာနဲ့အမျှ " ဘင်္ဂဉာဏ် " လောက် ရောက်နေပြီးတော့ ဉာဏ်လည်း အထူးထက်မြက်တဲ့ ယောဂီတို့ဆိုရင်...
အခုတင်ပြမဲ့ ရှုမှတ်ပုံ ကို လွယ်ကူစွာပိုင်းခြားသိနိုင်ပါလိမ့်မယ်။
ဒါပေမယ့်.,
ဓမ္မမိတ်ဆွေတို့အနေ နဲ့ဖတ်ရှုပြီး မိမိ နဲ့မကိုက်ညီတာတွေလည်း၊ ရှိကောင်းရှိကြမှာပါ။ တစ်ဦးနဲ့တစ်ဦး ရှုပုံ၊ ရှုနည်း၊ မြင်ပုံ၊မြင်နည်း ကွာခြားတာနဲ့အမျှ....
တွေ့ရှိပုံ၊ တွေ့ရှိနည်း လည်း ကွာခြားကြမှာဖြစ်ပါတယ်။
မည်သို့ပင်ဖြစ်စေ...
ဝိပဿနာ နဲ့သက်ဆိုင်တဲ့ စာစုတွေကို ဖေါ်ပြတဲ့နေရာမှာ ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်း အားလုံးအတွက် ဖြန့်ဝေဒါနပြု တာမို့ ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားထားတဲ့ အနတ္တလက္ခသုတ် တရားတော်ထဲက....
အတွင်း နဲ့အပြင် ရဲ ့သဘောကို ရှုပုံ၊ အကြမ်း နဲ့အနု ရဲ ့သဘောကို ရှုပုံ ၊ အကောင်း နဲ့အဆိုး သဘောကို ရှုပုံ၊ အဝေး နဲ့ အနီး သဘောကို ရှုပုံ ...စတဲ့
ရှုမှတ်ပုံ အမျိုးမျိုးကို ကောက်နှုတ်ဖေါ်ပြလိုက်ပါတယ်။

၁။ အတွင်း နဲ့အပြင် ရဲ ့သဘောကို ရှုပုံ
သာမာန်ပုထုဇဉ်တွေဟာ...
တံတွေးထွေးတဲ့အခါ မှာပဲ ဖြစ်ဖြစ်၊ ကျင်ကြီး၊ ကျင်ငယ်စွန့်ကြတဲ့ အခါမှာပဲ ဖြစ်ဖြစ်၊ မိမိတို့ရဲ ့ခန္ဓာကိုယ်တွင်းက ရုပ်က အပြင်ရောက်သွားတယ်..လို့ထင်နေကြပါတယ်။
နောက်ပြီး
စားသောက်တဲ့ အခါမှာပဲ ဖြစ်ဖြစ်၊ အသက်ရှုတဲ့ အခါမှာပဲ ဖြစ်ဖြစ်၊ အပြင်ဖက်က ရုပ် က ကိုယ်ထဲကို ရောက်လာတယ်လို့ ထင်နေကြပါတယ်။
အမှန်စင်စစ်ကတော့ ဒီလိုမဟုတ်ပါဘူး။
ရုပ်တွေဟာ..
သူ ဖြစ်ခိုက်ဖြစ်ခိုက် နေရာမှာသာ ကုန်ဆုံး ချုပ်ပျက် သွားကြတာပါပဲ။ နောက်ထပ်အသစ်ဖြစ်တဲ့ ရုပ်တွေကလည်း နေရာအသစ်တွေမှာ ထင်ရှားပေါ်နေကြပြီးတော့၊ အဲဒီနေရာမှာတင် ကုန်ဆုံးချုပ်ပျက်သွားပုံကို ရှုမှတ်နေတဲ့ ယောဂီက ထင်ထင်ရှားရှားတွေ့ရပါတယ်။
ဘယ်လို တွေ့နိုင်သလဲဆိုတော့...
အမှတ်သတိ၊ သမာဓိဉာဏ်ကောင်းနေတဲ့ အခါမှာ ဖောင်းတယ် ပိန်တယ်၊ ဝင်တယ် ထွက်တယ် စတဲ့ ကမ္မဋ္ဌာန်းတရားတွေ ရှုမှတ်နေရင်း နဲ့ထွက်လာတဲ့လေဟာ ရင်ထဲ၊လည်ချောင်းထဲ၊ နှာခေါင်းထဲက တစ်ပိုင်းချင်းပြတ်ပြတ်ထွက်သွားတာကို တွေ့ရမှာပါ။
အဲဒီလိုပဲ..ဝင်လာတယ်ဆိုတဲ့ လေ ဟာလည်း၊ တစ်ပိုင်းချင်း ပြတ်ပြတ်ပြီးဝင်လာတာ၊ တိုးဝှေးလာတာကို တွေ့ရမှာပါ။ ရေ သောက်တဲ့အခါမှာလည်း ပါးစပ်ထဲ၊ လည်ချောင်းထဲမှာ တစ်ပိုင်းစီ၊ တစ်ပိုင်းစီ တိုးတိုက်ပြီး ဝင်လာတာ ကို တွေ့ကြရမှာပါပဲ။
ဒါ့ကြောင့်မို့
ဓမ္မမိတ်ဆွေတို့ထင်နေသလို၊ အတွင်းရုပ်က အပြင်ကို မရောက်၊ အပြင်ရုပ်ကလည်း အတွင်းကို မရောက်ဘဲနဲ့၊ သူဖြစ်ရာနေရာ၊ ဖြစ်ရာခဏ မှာသာ ကုန်ဆုံးချုပ်ပျက်သွားတဲ့အတွက်ကြောင့် မမြဲဘူး၊ ဆင်းရဲဒုက္ခပဲ၊ အနတ္တပဲ လို့သိလိုက်ရတယ်။ အဲဒီလို ရှု လို့သိပြီး သုံးသပ်ဆင်ခြင်ကြပါတယ်။

၂။ အကြမ်း နဲ့အနု ရဲ ့သဘောကို ရှုပုံ
သာမာန်ပုထုဇဉ်တွေဟာ...
ကလေးငယ်ငယ် နုနယ်စဉ်ဘဝ ကနေ လူကြီးဘဝ ရုပ်ကြမ်းတွေ ဖြစ်လာကြတယ်လို့ထင်မြင်နေကြပါတယ်။ ကျန်းမာရေးကောင်းနေတဲ့ နုနယ်သန်စွမ်းတဲ့ရုပ်ကနေ မကျန်းမာပဲ လေးလံတဲ့ ရုပ်ကြမ်းတွေ ဖြစ်လာတယ်လို့ထင်နေကြပါတယ်။ ပြီးတော့.. ကျန်းမာရေးကြောင့် ဆေးဝါးမှီဝဲရင်း၊ မကျန်းမာဘဲ လေးလံနေတဲ့ ရုပ်ကြမ်းတွေကနေပြီး၊ ကျန်းမာ ဖြတ်လတ်တဲ့ နုနယ်သန်စွမ်းတဲ့ ရုပ်နုတွေ ဖြစ်လာတယ်လို့ထင်နေကြပါတယ်။
ကိုယ်ထဲက အတွေ့ထိရုပ်တွေကို မပြတ်ရှုမှတ်နေတဲ့ ယောဂီအဖို့ကတော့၊ ရှုမှတ်နေဆဲမှာပဲ၊ တစ်ပိုင်းစီ တစ်ပိုင်းစီ၊ ပြတ်ပြတ် ကုန်ကုန်သွားတာကို တွေ့ရပါတယ်။ အဲဒီလိုတွေ့ရတဲ့ ယောဂီဟာ...
ကြမ်းတဲ့အတွေ့ရှိတဲ့ ရုပ်က၊ နုနယ်တဲ့ အတွေ့ရုပ် မဖြစ်၊
နုနယ်တဲ့ အတွေ့ရုပ် ကလည်း၊ ကြမ်းတဲ့အတွေ့ရုပ်မဖြစ်၊
ကြမ်းတဲ့ အပူရုပ် အအေးရုပ်ကလည်း၊ နူးညံ့တဲ့ အနွေးရုပ် အအေးရုပ်မဖြစ်၊
နူးညံ့တဲ့ အနွေးရုပ် အအေးရုပ်ကလည်း၊ ကြမ်းတဲ့ အပူရုပ် အအေးရုပ်မဖြစ်၊
ကြမ်းတဲ့ တောင့်တင်းနေတဲ့ လှုပ်ရှားမှုရုပ်ကလည်း၊ နူးညံ့တည်ငြိမ်နေတဲ့ရုပ်မဖြစ်၊
နူးညံ့တည်ငြိမ်နေတဲ့ရုပ်ကလည်း၊ ကြမ်းတဲ့ တောင့်တင်းနေတဲ့ လှုပ်ရှားမှုရုပ် မဖြစ်၊
ဖြစ်လိုက်တဲ့ အခိုက်မှာတင်ပဲ၊ပျက်ပျက်သွားလို့မမြဲဘူးဆိုတာ မြင်တွေ့သွားလို့"အနတ္တ"ဘဲ ဆိုတာ သိသွားတဲ့အတွက် ကျေနပ်သဘောကျသွားပြီး သုံးသပ်ဆင်ခြင်ရှုမှတ်ကြပါတယ်။

၃။ အကောင်း နဲ့အဆိုး သဘောကို ရှုပုံ
သာမာန်ပုထုဇဉ်တွေဟာ...
ကျန်းမာရေးမကောင်းတဲ့ ရုပ်ညံ့တွေ ကနေပြီး ၊ ကျန်းမာတဲ့ ရုပ်ကောင်းတွေဖြစ်လာတယ်။ ကျန်းမာတဲ့ ရုပ်အကောင်းတွေ ကနေပြီး မကျန်းမာတဲ့ ရုပ်ညံ့တွေ ဖြစ်လာတယ်။ ပျိုပျိုရွယ်ရွယ်ရုပ်တွေကနေပြီး လူအိုရုပ်တွေဖြစ်လာတယ်လို့ထင်နေကြတယ်။
ဖြစ်ခိုက် ရုပ်နာမ်တွေကို မပြတ်ရှုမှတ်နေတဲ့ ယောဂီကတော့...
ထင်ရှားပေါ်လာတဲ့ ရုပ်တွေဟာ ရှုမှတ်နေဆဲမှာပင် ကုန်ဆုံးချုပ်ပျက်သွားတာကို တွေ့ရတဲ့အတွက်၊ ရုပ်ညံ့က နေပြီး ရုပ်ကောင်းမဖြစ်၊ ရုပ်အကောင်းကလည်း ရုပ်ညံ့မဖြစ်၊ သူ့အခိုက်အတန့်မှာပဲ ကုန်ဆုံးပျောက်ပျက်သွားတဲ့အတွက်ကြောင့် မမြဲဘူး၊ ဆင်းရဲလိုက်တာ ကို မြင်တွေ့သွားလို့အနတ္တဘဲ ဆိုတာ သိသွားတဲ့ သုံးသပ်ဆင်ခြင် မှုတွေနဲ့ရှုမှတ်ကြပါတယ်။

၄။ အဝေး နဲ့ အနီး သဘောကို ရှုပုံ
သာမာန်ပုထုဇဉ်တွေဟာ...
လူတစ်ယောက်အဝေးက ရောက်လာရင်၊ အဲဒီ လူရဲ ့ကိုယ်ရုပ်ဟာ အဝေးကနေပြီး အနီးကို ရောက်လာတယ်လို့ထင်တတ်ကြပါတယ်။ မိမိရဲ ့အနီးကလူ ထွက်သွားရင်လည်း ၊ အဲဒီလူရဲ ့ရုပ်ဟာ မိမိအနီးနားကနေ အဝေးကို ရောက်သွားတယ် လို့ ထင်တတ်ကြပါတယ်။
ဖြစ်တဲ့ ရုပ်နာမ်တွေကို မပြတ်ရှုမှတ်နေတဲ့ ယောဂီကတော့...
ခြေလက်ကို ဆန့်တဲ့အခါ ဆန့်တယ် ဆန့်တယ်လို့ ရှုမှတ်နေရင်း နဲ့တစ်နေရာကနေ တစ်ခြားတစ်နေရာကို မရောက်ဘဲ တရိပ်ရိပ်နဲ့ကုန်ဆုံး ကုန်ဆုံး သွားတာကို တွေ့နေရတယ်။ ခြေလက်ကွေးတဲ့ အခါမှာလည်း ကွေးတယ် ကွေးတယ် လို့မှတ်နေရင်းနဲ့တစ်နေရာကနေ တစ်ခြားတစ်နေရာကို မရောက်ဘဲ ၊ တရိပ်ရိပ်နဲ့ကုန်ဆုံး ကုန်ဆုံး သွားတာကို တွေ့နေရတယ်။
အဲဒီလို တွေ့နေရတဲ့အတွက်..
အနီးကရုပ်က အဝေးကို ရောက်သွားတာမဟုတ်၊ အဝေးရုပ်ကလည်း အနီးကို ရောက်လာတာမဟုတ်၊ အဲဒီ ခဏမှာပဲ ကုန်ဆုံး ကုန်ဆုံးသွားတဲ့ အတွက်ကြောင့်..
မမြဲဘူး၊ ဆင်းရဲတာဘဲ၊ "အနတ္တ"ပဲ လို သိမြင်သဘောကျသွားပါတယ်။
နောက်ပြီးတော့..
အဝေးက လာတဲ့လူကို... မြင်တယ်၊ မြင်တယ် လို့ရှုမှတ်နေရင်း နဲ့တစ်ပိုင်းစီ တစ်ပိုင်းစီ ပြတ်ပြတ် ကုန်ကုန်သွားတာကိုတွေရတယ်။ အနီးက ထွက်ခွာသွားတဲ့ လူကိုမြင်ရင်လည်း မြင်တယ်မြင်တယ် လို့ရှုမှတ်နေရင်း တစ်ပိုင်းစီ တစ်ပိုင်းစီ ပြတ်ပြတ် ကုန်ကုန်သွားတာကိုတွေ့ရတယ်။
အဲဒီလို တွေ့နေရတဲ့အတွက် အဝေးရုပ်က အနီးကိုရောက်လာတာမဟုတ်ဘူး၊ အနီးရုပ်ကလည်း အဝေးကို ရောက်သွားတာမဟုတ်ဘူး။ ရုပ် အဟောင်း အဟောင်းတွေက ပျောက်ပျောက်သွားပြီး အသစ်အသစ်တွေ ဖြစ်ဖြစ်လာတာကို အဝေးက လူက အနီးကို ရောက်လာတယ်။ အနီးကလူက အဝေးကို ရောက်သွားတယ် လို့ ပြောဆိုရတာပါလား ဆိုပြီး သဘောပေါက်သွားပါတယ်။
အဲဒီလိုအမြင်ကတော့ ဉာဏ်မထက်တဲ့ သူတွေကတော့ ဒီလောက်ရှင်းရှင်းလင်းလင်း သိနိုင်ဖို့မလွယ်လှပါဘူး။
ဒါပေမယ့်...
ဉာဏ်လမ်းပေါ်ရောက်သွားကြသူတွေ နဲ့ ဝိပဿနာကို အတော်အတန်အားထုတ်လာလို့" ဘင်္ဂဉာဏ် " လောက် ရောက်နေပြီးတော့ ဉာဏ်လည်း အထူးထက်မြက်တဲ့ ယောဂီတို့ဆိုရင်တော့ အဲဒီအမြင်ကို ပိုင်းခြားသိနိုင်ပါတယ်။
နောက်ပြီးတော့...
ကြွတယ်၊ လှမ်းတယ်။ ချတယ် လို့ ရှုမှတ်ပြီး စင်္ကြံ လျှောက်နေတဲ့အခါမှာလည်း ကြွတာက တစ်ပိုင်း၊ လှမ်းတာက တစ်ပိုင်း၊ ချတာက တစ်ပိုင်း၊ ပြတ်ပြတ်ပြီးတော့ကို ထင်နေတယ်။ တကယ့်ကို "ဉာဏ်"ရင့်သန်နေတဲ့ အခါမှာတော့ ခြေထောက်တွေက ရွေ ့တိုင်း၊ ရွေ ့တိုင်း တရိပ်ရိပ် နဲ့ကုန်ကုန်ပြတ်ပြတ်သွားတာကိုတွေ့ရတယ်။ အဲဒီလို တွေ့နေရတဲ့အတွက် ရုပ်တွေဟာ တစ်နေရာကနေ တစ်နေရာကို မရောက်ဘူး။ သူဖြစ်တဲ့နေရာမှာပဲ ပျက်ပျက်သွားတယ်ဆိုတာကို ကျေနပ်သဘောပေါက်သွားတယ်။
တကယ်တော့ အဲဒီလို သိလိုက်တာကတော့....
" ပရမတ္တတရားတွေဟာ တစ်ခြားဘယ်နေရာကို မှ ပြောင်းရွေခြင်းမရှိဘူး၊ သူဖြစ်ရာနေရာမှာပဲ ချုပ်ပျက်သွားကြတယ် " လို့ ပြဆိုထားတဲ့ ဋီကာကျမ်းဂန် စကားနဲ့အညီ သိနေတာပါပဲ၊ တစ်ကယ် သဘာဝကျတဲ့ အသိတွေပဲ ဖြစ်ပါတယ်။ စာအသိနဲ့လက်တွေ့အသိက အင်မတန်မှ ကွာခြားပါတယ်။ လက်တွေ့မြင်လိုက်ရတဲ့ ဓမ္မမိတ်ဆွေတို့ကတော့ ပိုပြီး ထင်းလင်း မြင်သာ တာပေါ့နော်။

အကျဉ်းချုံးရရင်တော့..
" နေတံမမ နေသောဟ မသ္မိ၊ နမေသော အတ္တာ"
ဤအရာသည် ငါ့ဥစ္စာမဟုတ်၊ ငါမဟုတ်၊ ငါ၏ကိုယ် “အတ္တ” မဟုတ်။ ရှူဆဲ ထုတ်ဆဲ အမူအယာနဲ့အတူ ပေါ်လာသမျှ အရာတွေကို ခံစားကြည့်ပါ။ ပေါ်လာတဲ့ အမူအယာ ဟာ ငါ့ဥစ္စာ ဟုတ်ရဲ့လား၊
သူဖြစ်ရာနေရာမှာသာ ကုန်ဆုံးချုပ်ပျောက်သွားတဲ့အတွက်ကြောင့်...
အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ သဘောတရားတွေသာပဲ ဖြစ်ပါတယ်။
ဓမ္မမိတ်တွေတို့အနေဖြင့်..
အတိတ်ဖြစ်စေ၊ အနာဂါတ်ဖြစ်စေ၊ ပစ္စုပ္ပန်ဖြစ်စေ၊ ကိုယ်တွင်းက ဖြစ်စေ၊ ကိုယ်ခန္ဓာပြင်ပကပဲ ဖြစ်စေ၊ အကောင်းဖြစ်စေ၊ အဆိုးပဲဖြစ်စေ၊ အကြမ်းဖြစ်စေ၊ အနုပဲ ဖြစ်စေ၊ အဝေး ဖြစ်စေ၊ အနီး ဖြစ်စေ၊ ရုပ်ဟူသမျှကို " ဒါဟာ.. ငါ့ဟာမဟုတ်၊ ငါမဟုတ်၊ ငါ့အတ္တမဟုတ် " လို့ ကိုယ်ပိုင်ဉာဏ် နဲ့အမှန်တိုင်းသိအောင်ရှုမှတ်အားထုတ်ကြဖို့လိုအပ်ကြောင်း အသိပေးရင်း ဓမ္မဒါနပြုလိုက်ပါတယ်။

( ခန္ဓာ-၅ပါးတစ်ဦး )
•••••••••••••••••••••••••••••••••
လက်ကိုင်ဖုန်း ဖြင့် စာစီရခြင်းဖြစ်သည့်အတွက် သတ်ပုံမှားယွင်းမှုများ တွေ့ရှိပါက သည်းခံခွင့်လွှတ်ပြီး ပြင်ဆင်ဖတ်ရှုပါရန် မေတ္တာရပ်ခံပါသည်။

လူဖြစ်လာရတဲ့ရည်ရွယ်ချက်ကဘာလဲ???လူဖြစ်လာပြီးအိပ် စား ကာမဂုဏ်ဤသုံးမျိုးနှင့်အချိန်ဖြုန်းနေမယ်ဆိုရင်လူ့ဘဝကို အရမတော်ဘူးဖြစ်...
04/08/2020

လူဖြစ်လာရတဲ့
ရည်ရွယ်ချက်ကဘာလဲ???

လူဖြစ်လာပြီး
အိပ် စား ကာမဂုဏ်
ဤသုံးမျိုးနှင့်
အချိန်ဖြုန်းနေမယ်ဆိုရင်
လူ့ဘဝကို အရမတော်ဘူး
ဖြစ်ပါလိမ့်မယ်

တိရစ္ဆာန်တွေဆိုတာ
အိမ်မှု စားမှု ကာမဂုဏ်မှီဝဲမှု
ဤအချက်တွေဘဲ ရှိပါတယ်

ကိုယ့်က မြင့်မြတ်တဲ့
လူ့ဘဝကိုရလာပြီးမှ
အိပ်မှု စားမှု ကာမဂုဏ်မှုတွေနှင့်
အချိန်ကုန်နေမယ်ဆိုရင်
တိရစ္ဆာန်နှင့် အလားတူနေမှာပေါ့

တကယ်တော့
လူ့ဘဝရလာတယ်ဆိုတာ
ဒါနမှု သီလမှု ဘာဝနာမှု
စသော ကုသိုလ်ကောင်းမှုတွေကို
ပြုလုပ်ဖို့ပါဘဲ

ဘာကြောင့်လဲ...?
ဘဝသံသရာနောင်ရေးဆိုတာ
ရှိသေးတယ်လေ
ဒီဘဝ ဒီခန္ဓာနဲ့ မပြီးသေးဘူး

ရှေ့ဆက်ရမယ့်
ဘဝခရီးအတွက်
ဘဝကောင်းတွေဖြစ်ဖို့
လိုအပ်ပါတယ်

ဒါကြောင့်...လူဖြစ်လာရတဲ့
ရည်ရွယ်ချက်ကဘာလဲ...?ဆိုရင်...
""ဒါန သီလ ဘာဝနာစတာတွေ
ပြုလုပ်ကြဖို့အတွက်ဆို ပိုမှန်ပါတယ်""

"စီးပွားလည်း ရှာ"
"ဥစ္စာကိုလည်း စု"
"ကုသိုလ်လည်း ပြု"
ဒါမှ ဘဝနောင်သံသရာ
စိတ်အေးရမှာပါ။

မေတ္တာဖြင့်သာ...
ကိုယ်စိတ်နှစ်ပါး ချမ်းမြေ့ကြပါစေ။

ကမ်း နား သစ် ပင်

လူတစ်ယောက်ဟာ ဘယ်လိုနေနေ ကြည့်ကောင်းနေတယ်ဆိုရင် သူ့မှာ အကြည်ဓာတ်ရှိ‌နေလို့ပါ။အကြည်ဓာတ်ဆိုတာ ဘာလဲ သိလား ?လွယ်လွယ်ပြောရရင်တ...
28/07/2020

လူတစ်ယောက်ဟာ ဘယ်လိုနေနေ
ကြည့်ကောင်းနေတယ်ဆိုရင်
သူ့မှာ အကြည်ဓာတ်ရှိ‌နေလို့ပါ။

အကြည်ဓာတ်ဆိုတာ ဘာလဲ သိလား ?
လွယ်လွယ်ပြောရရင်တော့
ကိုယ့်ရဲ့အတွင်းစိတ်အမှန်က
ဖော်ကြူးနေတဲ့အရာတစ်ခု။
လူတစ်ယောက်ရဲ့ပင်ကိုယ်စိတ်ဓာတ်က
လာတဲ့ အာနိသင်တစ်ခု...
အဲ့ဒီအာနိသင်က ဘယ်လောက်ထိစွမ်းသလဲပြောပြချင်ပါတယ်....။
_________________________________________

🌞လူချစ်လူခင် အရမ်းများတယ်
လိုမှလာခင်တဲ့သူ‌‌တွေမဟုတ်ဘဲ
စိတ်တူ၊ ကိုယ်တူဖြစ်ပြီး တန်ဖိုးရှိတဲ့လူတွေ အနားမှာ အမြဲရှိနေတတ်တယ်။

🌞ဩဇာညောင်းတယ်
သူ့စကားဆို ယုံကြည်တာမျိုး၊ သူပြောရင် နားထောင်ချင်တာမျိုး၊ သူဦးဆောင်တာဆို အမြဲတမ်း လိုက်နာချင်တာမျိုးပေါ့။

🌞အမုန်းတွေ မလာဘူး
လူတိုင်းဟာ ချစ်တဲ့သူရော၊ မုန်းတဲ့သူရော ဘဝထဲမှာ မျှတစွာနေရာယူကြပေမယ့် အကြည်ဓာတ်ရှိတဲ့သူကတော့ ချစ်တဲ့သူတွေ ပိုများပြီး မုန်းတဲ့သူ မရှိသလောက်
နည်းပါတယ်။

🌞အချစ်ရေးသာယာတယ်
လူတွေဟာ အကြည်ဓာတ်ရှိတဲ့သူကို
ဖြူစင်စွာပဲချစ်ကြတဲ့အတွက်
ရည်းစားမပေါများပါဘူး။
ဒါပေမယ့် တစ်ဘဝစာလုံလောက်တဲ့
အချစ်တွေပေးနိုင်မယ့်သူမျိုးကို အကြည်ဓာတ်ရှိတဲ့သူဟာ
ကျိန်းသေ ပိုင်ဆိုင်ရပါတယ်။

🌞မျက်နှာမြင် ချစ်ခင်ပါစေဆိုတဲ့
ဆုကိုရထားတယ်...
ရုပ်ချောတာ၊ ရုပ်ဆိုးတာနဲ့ လုံးဝမဆိုင်ဘဲ မျက်နှာလေးမြင်တဲ့သူတိုင်း
ချစ်ခင်နေကြပြီဆိုရင် ဒီလူဟာ အကြည်ဓာတ်တွေပြည့်နေလို့ပါ။

🌞အသားအရေဝင်းပတယ်...
အကြည်ဓာတ်ရှိတဲ့သူဟာ ပပဝတီတောင်
ရှုံးနိုင်ပါတယ်တဲ့။ အသားဖြူတာ၊ မည်းတာနဲ့မဆိုင်ဘဲ အသားအရေဟာ
ကြည်လင်ဝင်းပနေတတ်ပါတယ်။

🌞အမြဲ တက်ကြွလန်းဆန်းနေတယ်
အကြည်ဓာတ်ရှိတဲ့သူဟာ ဘယ်လောက်အလုပ်များများ အမြဲတက်ကြွနေနိုင်တယ်။ ပင်ပန်းတယ်လို့မရှိဘူး။ ကြည့်လိုက်ရင် သာသာယာယာပဲ။

🌞ကျန်းမာတယ်
အကြည်ဓာတ်ရှိတဲ့သူဟာ
ကျန်းမာရေးလည်းကောင်းတယ်။
ဖျားနာတာမျိုးဖြစ်ခဲတယ်။
ရောဂါကြီးကြီးမားမားလည်း မဝင်နိုင်ပါဘူး။
_________________________________________

အကြည်ဓာတ် ဘယ်လိုယူရမလဲ...??

သိပ်တော့မလွယ်လှပါဘူး။
အကြည်ဓာတ်က ပင်ကိုဗီဇအနေနဲ့
သဘာဝက ရရှိတဲ့အာနိသင်တစ်ခု
ဖြစ်တာ‌ကြောင့်ပါ...။
ဒါပေမယ့် အကြည်ဓာတ်သမားတွေမှာ
လုံးဝမရှိတဲ့အရာတွေ ရှိပါတယ်။

❎ မနာလို ဝန်တို စိတ်ပုပ်တတ်တာ
❎ ဒေါသကြီးတာ
❎ စိတ်ဆိုး စိတ်ကောက်တတ်တာ
❎ ညည်းငြူတတ်တာနဲ့
❎ အတင်းတုပ်တတ်တာတွေပါ

ဒီစိတ်ဓာတ်တွေရှိနေရင်တော့
အကြည်ဓာတ်ရှိနိုင်မှာ
မဟုတ်တာတော့ သေချာပါတယ်။
ဗီဇသဘာဝဟာ ပြင်ဆင်လို့ မရပေမယ့် စိတ်ထားကိုလှအောင်ထားနိုင်မယ်ဆိုရင် အနည်းငယ်သောအကြည်ဓာတ်ကို
ရရှိနိုင်မှာပါ။

ကျွန်တော်လည်း အမြဲကြိုးစားပြီး..... စိတ်ထားကို တတ်နိုင်သမျှ အကောင်းဆုံးထားပါတယ်။ အမုန်းတွေလည်း မရှိတော့တဲ့အတွက် အပူတွေလည်း နည်းသွားပြီဗျာ့.... အားလုံးကိုလည်း တတ်နိုင်သမျှ စိတ်ထားလေးလှအောင် နေကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

Credit to original writer

သိဖို့လူမှာ အရှိန်ဓါတ်ဆိုတာ ရှိကြပါတယ်။တနည်းအားဖြင့်ဘုန်းရှိန် ကံရှိန်ပေါ့…သူတစ်ပါးကိုသွားပုပ်လေလွင့်ပြောတတ်တဲ့သူဟာ ကိုယ...
22/07/2020

သိဖို့

လူမှာ အရှိန်ဓါတ်ဆိုတာ ရှိကြပါတယ်။
တနည်းအားဖြင့်
ဘုန်းရှိန် ကံရှိန်ပေါ့…

သူတစ်ပါးကို
သွားပုပ်လေလွင့်ပြောတတ်တဲ့သူဟာ
ကိုယ်ရောင်ကိုယ်ဝါတွေ မှေးမှိန်သွားတယ်။

သူတစ်ပါးကို ဂုဏ်သတင်းမှေးမှိန်အောင်
သိက္ခာကျသွားအောင်
လုပ်ချင်တဲ့ စေတနာဇောတွေကြောင့်
ကိုယ့်မှာလည်း
ကံရှိန်တွေ သေးသိမ်မှေးမှိန်စေခြင်းပါ။

သူများမကောင်းကြောင်း ပြောလွန်းသူဟာ
ကိုယ်အရှိန်တွေ ဆုတ်ယုတ်နေပါတယ်။

သူများမကောင်းကြောင်းပြောတတ်သူတွေရဲ့
မျက်နှာ
ကိုယ်အမူအရာတွေကို
သတိထားပြီး ကြည့်ကြည့်ရင်
သိပ်သိသာပါတယ်။

ချမ်းသာမှန်သမျှ လိုချင်ရင်
သူများအတင်း မပြောနဲ့ တဲ့။

ဘုရားရှင်က ဒီလို ဆုံးမထားတာနော်။

သူများအတင်း သူများအကြောင်းထက်
အကုသိုလ် ကင်းလား မကင်းလားဆိုတာ
ကိုယ့်ကိုယ်ကိုကြည့်ပြီး
ကိုယ့်ကိုယ်ကိုပဲ ပြန်ပြီး ဝေဖန်နေတာ
အကောင်းဆုံးပဲ။

သူတစ်ပါးတို့ရဲ့ မလျော်သော အပြစ်
အနာအဆာတို့ကို ကြည့်မနေပါနဲ့။
သူ ကောင်းတာ လုပ်သလား
မကောင်းတာတွေ လုပ်နေတာလားဆိုတာ
လိုက်လံ ကြည့်ရှုမနေပါနဲ့။
ကိုယ် ကောင်းတာလုပ် မလုပ်ကိုပဲ
အမြဲမပြတ် ကြည့်ပါ၊
ကိုယ့်စိတ်ကိုသာ အမြဲ စစ်ဆေးနေပါ တဲ့။

ပြီးရင်
အတင်းပြောဝါသနာပါသူကိုလည်း ရှောင်ပါ။

အတင်းအဖျင်းပြောတတ်တဲ့
အသိုင်းအဝန်းမှလည်း
တတ်နိုင်သမျှ ဝေးဝေးက ရှောင်ပါ။

ဒီ gossip
အတင်းအဖျင်း ပြောနေတဲ့အချိန်
ဒီ အဆင့်အတန်းနိမ့်တဲ့စိတ်ကို
ပြန်ကြည့်ကြည့်ပါ။

အေးချမ်း ကြည်လင်နေသလားလို့

ကိုယ်အတင်းပြောချိန်ဟာ
တစ်ဖက်လူ ဂုဏ်တော်ပွားနေချိန်တို့
မေတ္တာပွားနေချိန်တို့
တရားနာချိန်တို့
ပရိတ် ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်နေချိန်တို့
ကောင်းမှုကုသိုလ်လုပ်နေချိန်နဲ့ တိုးတယ်ဆိုရင်
ကိုယ့်မှာ ပို ကြောက်စရာကောင်းပါတယ်။

အရှင်ပုည( ဝကုန်း )

24/06/2020

''ကုဋေရှစ်ဆယ်သူဌေးသားက
သိပ်သနားဖို့ကောင်းတယ်နော်ဆရာမ''

မျက်ထောက်နီနဲ့ကြည့်တဲ့အကြည့် ကျွန်တော်သိတယ်...

''နင်ကဘာသနားတာလဲ''

''နင်သာလူမိုက် ဒုစရိုက်တဲ့လားဆရာမရယ်
သူက ဘာမဟုတ်တာလုပ်လို့လဲ''

ဆရာမ မျက်လုံးပြူးပြီးကြည့်တယ်
ဘာမှမပြောသေးဘူး

''သူ့ရှိတဲ့ ပိုက်ဆံလည်းအခိုးခံရတယ်
လူတွေကကျေးဇူးတရားနားမလည်ကြဘူးနော်''

''သူကပညာမှမတတ်တာ''

''ပညာမတတ်ရင် နှလုံးသားမဲ့ရောလားဆရာမ
သူ့ပစ္စည်းတွေ အခိုးခံရတာတောင် ပြန်ပြီး မခိုးရကောင်းမှန်းသိလို့ မလုရကောင်းမှန်း
သိလို့တောင်းစားတာလေ ဘာလို့ဝိုင်းရိုက်တာလဲ''

''အဲ့ဒါ''

''သားကတော့ အဲ့ဒိလူ့ပါတ်ဝန်းကျင်ကိုပဲ အမြင်ကတ်တာ...
သူတို့လည်းပညာမဲ့လောက်တယ် . .ပညာတင်မကဘူး နှလုံးသားလည်းမဲ့လောက်တယ်''

'ဘာ''

''သားမေးပါရစေ အဲ့ဒီကဗျာကသူဋ္ဌေးသားကို အကောင်းပြောတာလား မကောင်းပြောတာလား''

''ဟို...မကောင်းပြောတာလေသားရဲ့''

''ဒါဆို သူ့ဝိုင်းရိုက်တဲ့သူတွေကကောင်းတယ်ပေါ့''

''ကဗျာက ပညာမဲ့တာကို မကောင်းပြောတာလေ''

''နှလုံးသားမဲ့တာကျတော့ရော...
စာနာစိတ်မဲ့တာကျတော့ရော...
မြေနိမ့်ရာလှံစိုက်တာကျတော့ရော...
ကူညီရကောင်းမှန်းမသိတာကျတော့ရော....''

''ကဗျာရဲ့ဆိုလိုရင်းကို သားသိအောင်ကြိုးစား''

''ဆရာမ ဒီမှာကြည့်''

''နင် နင် ရိုင်းလှချည်လား''

''သားဘာရိုင်းလို့လဲ''

''နင်ငါ့ကို ဘာလို့လက်ခလယ်ထောင်ပြတာလဲ''

''လက်ခလယ်က ဘာဖြစ်လို့လဲ''

'နင့်ကို ကျောင်းအုပ်ကြီးရုံးခန်းပို့မယ်''

''သားပေးချင်တဲ့ ဥပမာက အဲ့ဒါ . .!
သားဘယ်လိုရှင်းပြရှင်းပြဆရာမ လက်ခံမှာ
မဟုတ်တော့ဘူး
သားလက်ခလယ်မှာမှဲ့ပါတယ်...
ပြသူနဲ့ကြည့်သူမှာ ကိုယ်ပိုင်ယူဆချက်တွေရှိတယ်
တူတဲ့အခါတူမယ်ကွဲတဲ့အခါကွဲမယ်...
ဒါပေမယ့်ပြသူမှာပိုတာဝန်ရှိတယ်...
ဒီကဗျာလည်းဒီလိုပဲ''

''ဘာဆိုင်လို့လဲ''

''ဆားတုံဆရာတော်က ပညာမဲ့တာကို အဆိုးရေး ထားတယ် နှလုံးသားမဲ့တာကို အပြစ်တောင် တင်မထားဘူး... ဆရာမဘယ်လိုမြင်လဲမသိဘူး...
သားကတော့ ဒီလိုပဲမြင်တယ်''

''သားထပ်မေးမယ်
ပညာမဲ့တာနဲ့
စာနာစိတ်မဲ့တာ
ဘယ်ဟာပိုဆိုးလဲ''

Credit -
Copied from Nway Oo via Zar Ni Htet Aung

@@@@@@@@@@@@@@@
ကိုယ်တွေ အဲ့ဒီလို မတွေးခဲ့မိဘူး၊
တွေးရကောင်းမှန်းကို မသိခဲ့ဘူး
ပေးသမျှ ယူလိုက်တာဘဲ၊ဆရာ သင်ရင် အမှန်လို့ ထင်လိုက်တာဘဲ၊
ဘုန်းကြီးပြောတာ စောဒက မတက်ဝံ့ခဲ့ဘူး🤐 အဲ့ဒီလို ကြီးပြင်းခဲ့တာ နှစ်၅၀ ကျော်သွားခဲ့ပြီ😪၊

ကျေးဇူးပါ
အမှန် ဟာ တစ်ခုထက် ပိုရှိမှန်း အခုသိပြီ၊ ဦးနှောက်ကို သုံးဘို့လိုမှန်းသိပြီ၊ နှလုံးသားနဲ့ စာနာတက်ဘို့ လိုမှန်းသိပြီ၊
လူငယ်တွေ ကံကောင်းကြတယ်၊
ပေးသူက ပေးခဲ့ပြီ၊ယူနိုင်ကြပါစေ။👍👍
Credit: Kyaw Naing Oo

❤️🧡💛💚💙💜🖤🤍
ဦးနှောက်ဖြင့် သင်ပေးပါ
နှလုံသားဖြင့်လည်း သင်ပေးပါ
ဆင်ခြင်တုံတရားရှိစွာဖြင့် သင်ပေးကြပါ
🔴🟠🟡🟢🔵🟣⚫️⚪️

လှေက ကမ်းမှာကပ်ထားရင် အန္တရာယ်အကင်းဆုံးပဲ၊ဒါပေမယ့် အဲဒါက လှေတည်ဆောက်ခဲ့တဲ့ရည်ရွယ်ချက် မဟုတ်ဘူး။လူက အိမ်မှာနေရင် အသက်သာဆု...
21/06/2020

လှေက ကမ်းမှာကပ်ထားရင် အန္တရာယ်အကင်းဆုံးပဲ၊
ဒါပေမယ့် အဲဒါက လှေတည်ဆောက်ခဲ့တဲ့ရည်ရွယ်ချက် မဟုတ်ဘူး။

လူက အိမ်မှာနေရင် အသက်သာဆုံးပဲ၊
ဒါပေမယ့် အဲဒါက လူဖြစ်လာရတဲ့ရည်ရွယ်ချက်
မဟုတ်ဘူး။

တစ်နေ့ကို မိုင်တစ်ထောင်သွားနိုင်တဲ့ အာဇာနည်မြင်းပျိုလေးတစ်ကောင်ရှိတယ်၊
သူ့ရဲ့အရည်အချင်းကိုဖော်ထုတ်ပြသဖို့ အခွင့်အရေးကိုစောင့်နေတယ်။

ကုန်သည်လာတယ်၊ပြောတယ်၊
` မင်းငါနဲ့လိုက်နိုင်မလား´

မြင်းကခေါင်းခါပြီးပြောတယ်၊

`ငါက တစ်နေ့မိုင်တစ်ထောင်သွားနိုင်တဲ့ အာဇာနည်မြင်းကွ... ဘယ်လိုဖြစ်လို့ ကုန်သည်နောက်လိုက်ပြီး ကုန်ထမ်းရမှာလဲ ? ´

စစ်သားလာတယ်၊ ပြောတယ်၊ ` မင်းငါနဲ့လိုက်နိုင်မလား´

မြင်းကခေါင်းခါပြီးပြောတယ်၊

`ငါက တစ်နေ့မိုင်တစ်ထောင်သွားနိုင်တဲ့ အာဇာနည်မြင်းကွ... ဘယ်လိုဖြစ်လို သာမာန်စစ်သားတစ်ယောက်နောက်လိုက်ပြီး တိုက်ပွဲဝင်ရမှာလဲကွ? ´

မုဆိုးလာတယ်၊ ပြောတယ်၊ ` မင်းငါနဲ့လိုက်နိုင်မလား´

မြင်းကခေါင်းခါပြီးပြောတယ်၊

`ငါက တစ်နေ့မိုင်တစ်ထောင်သွားနိုင်တဲ့ အာဇာနည်မြင်းကွ... ဘယ်လိုဖြစ်လို မုဆိုးနဲ့အတူတူ ပင်ပန်းဆင်းရဲမှုဒဏ် ခံရမှာလဲကွ? ´

  ဒီလိုနဲ့ တစ်နေ့ပြီးတစ်နေ့ကုန်ဆုံးသွားသည်၊
ဒီမြင်းတစ်ကောင် သူနဲ့တန်သည့်အလုပ်ရှာမတွေ့သေးချေ။

  တစ်နေ့ ဘုရင်မင်းမြတ်အမိန့်ဖြင့် စစ်သူကြီးတစ်ယောက် အာဇာနည်မြင်းကိုလိုအပ်ကြောင်း နေရာအနှံ့ကြော်ငြာစာများကပ်ကာ လိုက်ရှာလေသည်၊

အာဇာနည်မြင်းက စစ်သူကြီးဆီသွားတွေ့ပြီး ပြောတယ်၊

` ကျနော်က ခင်ဗျားတို့ရှာနေတဲ့ အာဇာနည်မြင်းပါ´

  စစ်သူကြီးကမေးတယ်၊

` ဒါဆို မင်းငါတို့တိုင်းပြည်ရဲ့ တောတောင်ရေမြေနဲ့
လမ်းတွေကို နှံ့စပ်လား ´

  မြင်းက ခေါင်းခါတယ်၊

  စစ်သူကြီးက ထပ်မေးတယ်၊

` ဒါဆို မင်းစစ်ပွဲဝင်ဖူးသလား.. စစ်ပွဲအတွေ့အကြုံရှိသလား ´

  မြင်းက ခေါင်းထပ်ခါတယ်၊

  စစ်သူကြီးကထပ်မေးတယ်၊

` ဒါဆို မင်းတောထဲတောင်ထဲမှာ သားကောင်တွေနဲ့တွေ့တဲ့အခါ သခင့်အတွက် ရင်ဆိုင်တိုက်ခိုက်ပြီး
ရုန်းထွက်ရဲသလား ´

  မြင်းက ခေါင်းထပ်ခါတယ်၊

  စစ်သူကြီးကပြောတယ် ` ဒါဆို မင်းဘာအသုံးကျသေးသလဲ´

  မြင်းကပြောတယ် ` ကျနော်နေ့ဘက်ဆို မိုင်တစ်ထောင်သွားနိင်ပြီး ညဘက်ဆို မိုင် ၈ရာသွားနိုင်တယ်၊ လေအဆန်မှာ အစုန်ထက်တောင်မှ အပြေးမြန်သေးတယ်´

  စစ်သူကြီးက မြင်းပေါ်ခွတက်စီးလိုက်တယ်၊

  မြင်းကအားစိုက်ပြီး တစ်ဟုန်ထိုးပြေးလိုက်တယ်၊ ဒါပေမယ့် ၁၀လှမ်းလောက်ပဲပြေးရသေးတယ်၊ အမောဟိုက်ပြီး ကျောမှာချွေးတွေပျံလာတယ်၊

  `မင်းအိုသွားပြီ... မပြေးနိုင်တော့ဘူး´ ဟုဆိုကာ စစ်သူကြီးပြန်လှည့်ထွက်သွားသည်၊

  ဒီနေ့သင်လုပ်တဲ့ကိစ္စတစ်ခုဆီတိုင်းဟာ သာမာန်ကြိုးစားနေတယ်ထင်ရပေမယ့် နောင်တစ်ချိန်အတွက် အင်အားလေးတစ်ခုဆိုတာ သိထားပါ၊ ဒီနေ့သင်ဖြတ်ကျော်ရတဲ့ စိတ်ဆင်းရဲတဲ့ အတွေ့အကြုံတိုင်း၊ ငြင်းပယ်မှုတိုင်းဟာ အနာဂတ်အတွက်အုတ်မြစ်ချပ်လေးတွေပါ၊ အိုသွားတဲ့အချိန် မပြေးနိုင်တော့မှ မပြေးခဲ့ရလားလို့ နောင်တမရပါနဲ့၊

လှေက ကမ်းမှာကပ်ထားရင် အန္တာရယ်အကင်းဆုံးပဲ၊
ဒါပေမယ့် အဲဒါက လှေတည်ဆောက်ခဲ့တဲ့ရည်ရွယ်ချက် မဟုတ်ဘူး။

လူက အိမ်မှာနေရင် အသက်သာဆုံးပဲ၊
ဒါပေမယ့် အဲဒါက လူဖြစ်လာရတဲ့ရည်ရွယ်ချက် မဟုတ်ဘူး။

  ပညာက အရည်အချင်းကို ကိုယ်စားမပြုဘူး၊ စာပေက ယဉ်ကျေးမှုကို ကိုယ်စားမပြုဘူး၊ မနေ့ကကျော်ဇောခဲ့တဲ့အရာဟာ ဒီနေ့မှာ အတိတ်နဲ့ မှတ်ဥာဏ်အချို့ဖြစ်သွားပြီ၊

ဒါ့ကြောင့် အရေးကြီးတာ မနေ့ကသင်ဘယ်သူလဲမဟုတ်ပါဘူး၊ ဒီနေ့သင်ဘယ်သူလဲဆိုတာပါ၊

ပိုပြီးအရေးကြီးတာ ဒီနေ့သင်ဘာလုပ်သလဲ..
မနက်ဖြန် သင်ဘာဖြစ်မလဲဆိုတာပါ၊

Have a good day all .
Credit to Original Writer

Copy လေးပါမိတ်ဆွေများတွက် နောင်တ မရ​စေဖို့ ခုပဲဖတ်ကြည့်လိုက်ပါ 🥰🥰-----------------------------------------------------ထူ...
21/06/2020

Copy လေးပါ
မိတ်ဆွေများတွက် နောင်တ မရ​စေဖို့ ခုပဲဖတ်ကြည့်လိုက်ပါ 🥰🥰
-----------------------------------------------------
ထူးဆန်းတယ်ဗျ
#မိတ်ဆွေတို့..သိန်းတစ်ထောင်လောက်ကုန်ခံပြီး အိမ်ဆောက်တယ်
> ဒါကပုံမှန်ကိစ္စလေးပါပဲ
#မိတ်ဆွေတို့ သိန်းတစ်ရာလောက်ကုန်ခံပြီး ကားတွေဝယ်ကြတယ်
> ဒါလေးပဲ ပုံမှန်ကိစ္စလေးပါပဲ
#မိတ်ဆွေတို့ သိန်း 20 လောက်ကုန်ခံပြီး ဖုန်းဝယ်တာလဲ ပုံမှန်လေးပါပဲ
#မိတ်ဆွေတို့ သိန်းချီလောက်ကုန်ခံပြီး အဝတ်အစားတွေဝယ်ရင်လဲ
> ပုံမှန်ကိစ္စဖြစ်နေတုန်းပါ
#မိတ်ဆွေတို့ပိုက်ဆံဘယ်လောက်ထိတောင်ကုန်သွားခဲ့ပြီလဲ
> အစားအသောက်အပျော်အပါးတွေနဲ့ အရက် ဘီယာ/ဆေးလိပ်/ထီ/
> အလောင်းကစားတွေနဲ့ ဒါတွေအားလုံးက ပုံမှန်ကိစ္စလေးပါ .................
ဒါပယ်မဲ့ ထူးဆန်းတာကတော့ #သင့်ကျန်းမာရေးအတွက်
> သိန်းချီလောက်ကုန်ရမယ်ဆိုရင် #စျေးများလိုက်တာ?
> ငွေကုန်ကျများတယ်? နောက်မှလဲအဆင်ပြေပါတယ်?
> အချိန်မတန်သေးပါဘူး ? လို့ဆိုပြီး ကျန်းမာရေးကို
> လစ်လျူရှု တတ်ကြတယ်ဗျ
#တခုပြောချင်တာကတော့ သင်တို့ ယုံကြလားမသိဘူးဗျ
> သင် အသုဘသင်္ဂျိုိလ် သွားတဲ့ချိန်
> နားရေးလာတဲ့လူတွေက သင်ဘယ်လိုဘယ်ဝါ(ရောဂါ/........)
> ကြောင့်သေတာလဲ
> ဘယ်လိုတန်ဖိုးကြီးတဲ့ အရာနဲ့ သယ်သွားပြီးမီးရှို့တာလဲ?
> အခေါင်းစျေးဘယ်လောက်လဲ?
> မသာ ဘာbrand အင်္ကျီ၀တ်ထားတာတုန်း ?
> ဖုန်းဘယ်လောက်တန်သုံးတာလဲ ?
- လို့ဘယ်သူ ဘယ်ဝါကမှ မမေးပါဘူး
#မိတ်ဆွေ သိလိုက်ပါ (အာရောဂျံပရံမံလာဘံ) ကျန်းမာခြင်းသည်
> လာဘ်ကြီးတပါးဆိုသကဲ့သို့ သင့်ဘ၀ရဲ့ကျန်းမာရေးတန်ဖိုးက
> ကား/အိမ်/ဖုန်း/အဝတ်အစား တို့ထက်တန်ဖိုးနည်းနေပြီလား?
> ဒါမှမဟုတ် "ကျန်းမာရေး" ကပိုပြီးအရာရာအားလုံးထက်
> အရေးကြီးတာလား?
#ဘယ်လိုထင်ကြလဲဗျ #နောက်ဆုံး (STEVE JOBS) ရဲ့စကားတစ်ခွန်း
> "ပိုက်ဆံကအရာရာအားလုံးနီးပါးကိုဝယ်နိုင်ပေမဲ့လည်း
> ကိုယ့်ရဲ့ကျန်းမာရေးကိုတော့မဝယ်နိုင်ပါ
> ကိုယ့်ကျန်းမာရေးကို ဘ၀တလျောက်လုံး ဂရုမစိုက်
> လျစ်လျူရှုနေခဲ့ပေမဲ့ သင့် ဘ၀တွက် နောက်ဆုံး
> အချိန်လေးတခုမှာ နောင်တဆိုတဲ့ အသိတရားလေးတခုပဲ
> စွဲထင် ကျန်ရစ်နေမှာပဲ ဖြစ်ပါတယ်
> ကဲ ချစ်ခင် လေးစားအပ်ပါသော မိတ်ဆွေပေါင်းသင်းရောင်းရင်းတို့
#ကိုယ်ရဲ့ "ချစ်ခြင်းမေတ္တာ" ကို ကိုယ့်မိသားစု ကိုယ်ချစ်တဲ့သူ/
> သူငယ်ချင်းများကို များများပေးဆပ်ပါ
အထူးသဖြင့် ကိုယ့်ကျန်းမာရေးကိုလဲ အထူးဂရုစိုက်ဖို့မမေ့ကြပါနဲ့

Crd:

နှစ်ဖက်မျှတွေးပါ ချစ် friends တို့ရေ...........................................တခါတုန်းက လူတစ်ယောက်ဟာ မျက်မမြင် သူငယ်ချင...
31/05/2020

နှစ်ဖက်မျှတွေးပါ ချစ် friends တို့ရေ...........................................
တခါတုန်းက လူတစ်ယောက်ဟာ မျက်မမြင် သူငယ်ချင်းတစ်ယောက်ကို ထမင်းဖိတ်ကျွေးတယ်...ထမင်းစားရင်း အချိန်က တော်တော်လေးနောက်ကျသွားပြီး မိုးချုပ်သွားတယ်... မျက်မမြင်သူငယ်ချင်းက မိုးအရမ်းချုပ်နေပြီ ပြန်တော့မယ်လို့ပြောတယ်... ဒါနဲ့အ်ိမ်ရှင်က သူ့ကို မီးအိမ်တစ်ခုပေးလိုက်တယ်... မျက်မမြင် သူငယ်ချင်းက ဒေါသအရမ်းထွက်သွားပြီးပြောတယ်... "ကျနော်ဟာ မျက်မမြင်တစ်ယောက်လို့သိနေပါရဲ့ ကျနော့ကို မီးအိမ်တစ်ခုပေးတာ ကျနော့ကို လှောင်နေတာလား?"

အိမ်ရှင်က ပြန်ပြောတယ်... "ကျနော် သင့်ကို အလေးထားလို့ မီးအိမ်ပေးတာပါ... သင်ကမမြင်ရပေမဲ့ တခြားသူက မြင်ရတယ်လေ... ဒါကြောင့် ညအမှောင်ထဲမှာ တခြားလူက သင့်ကို မတိုက်မိနိုင်တော့ဘူးပေါ့..." မျက်မမြင်သူငယ်ချင်း သဘောပေါက်နားလည်သွားပါတယ်

နားလည်သဘောပေါက်တာချင်းမတူရင် နောက်ဆုံးရလဒ်က မတူကြပါဘူးသူငယ်ချင်း ကျွန်ုပ်တို့ နေရာချင်းလဲပြီး စဉ်းစားပေးဖို့ လိုပါတယ် ဘယ်ကိစ္စမဆို မတူတဲ့ရှုထောင့်ကနေကြည့်ရင် မတူတဲ့အမြင်ရှိကြပါတယ်

သင့်မှာ သမီးတစ်ယောက်ရှိရင် သားရှင်ဘက်က များများတင်တောင်းဖို့ သင်မျှော်လင့်လိမ့်မယ် သင့်မှာ သားတစ်ယောက်ရှိရင် သမီးရှင်ဘက်က များများမတောင်းဖို့ မျှော်လင့်လိမ့်မယ် ဒါမှန်လား

သင့်မှာ ချွေးမတစ်ယောက်ရှိရင် သူအိမ်မှုကိစ္စတွေများတယ်၊ နားလည်မှုမရှိဘူးလို့ ပြစ်တင်မိလိမ့်မယ် သင့်မှာ သမီးတစ်ယောက်ရှိရင် သူ့ယောက္ခမအိမ်ကို လွှမ်းမိုးနိုင်သူ ဖြစ်စေချင်တယ် အဲဒါရောမှန်လား

သင်လမ်းလျှောက်တဲ့အချိန်ကားမောင်းသူတွေကို အမြင်ကပ်တယ် သင်ကားမောင်းချိန် လမ်းလျှောက်သူတွေကို ကြည့်မရဘူး

သင်အလုပ်သမားဖြစ်နေရင် သင်ရဲ့သူဌေးက ကပ်စေးနည်း အာဏာပြလွန်းတယ်လို့ယူဆတယ် သင်သူဌေးဖြစ်တဲ့အချိန် သင့်အလုပ်သမားတွေက ခိုကပ်တယ် တာဝန်ယူချင်စိတ်မရှိဘူးလို့ ယူဆတယ်

သင်ဝယ်ယူသူဖြစ်တဲ့အချိန် စျေးရောင်းသူက အမြတ်ကြီးစားလွန်းတယ်လို့သတ်မှတ်တယ်။ သင်စျေးရောင်းသူဖြစ်တဲ့အချိန် ဝယ်ယူသူက စျေးဆစ်တတ်လွန်းတယ်လို့ သတ်မှတ်တယ်

အမြဲတမ်းကိုယ့်နေရာကနေဘဲမကြည့်ဘဲ တခြားသူဘက်ကနေလဲ ကြည့်ပေးပါ နေရာလဲပြီး တစ်ပါးသူအတွက်လဲ စဉ်းစားပေးဖို့လိုပါတယ်

တခြားသူရဲ့ ဒုက္ခကို နားလည်ပေးနိုင်တာ ဂရုစိုက်မှုတစ်မျိုးပါ တခြားသူရဲ့အခက်အခဲကိုနားလည်ပေးနိုင်တာ ကြင်နာခြင်းတစ်မျိုးပါ တခြားသူရဲ့ အမှားကို ခွင့်လွတ်ပေးတတ်တာဟာ သဘာထားကြီးခြင်း တစ်မျိုးပါ

မျှတွေးပေးပါသူငယ်ချင်း

KKZ
Credit to original writer.

Address

Thiri Street, Sanchaung
Yangon

Telephone

+9595141783

Website

Alerts

Be the first to know and let us send you an email when Dr Saw Khaing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr Saw Khaing:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Other Medical & Health in Yangon

Show All